မူဆယ္တြင္ ဆိုက္ကယ္ရပ္သည့္ေနရာ နယ္နိမိတ္ေက်ာ္သည့္ ကိစၥ တ႐ုတ္နယ္ျခားေစာင့္ရဲမွ လာေရာက္ေျပာဆို

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ရိွ ျမန္မာ-တရုတ္ ႏွစ္ႏိုင္ငံ၀င္/ထြက္ ဂိတ္(ဆင္ျဖဴဂိတ္)အနီး ဆိုင္ကယ္ထားရိွမႈမ်ားႏွင့္ ပတ္သတ္၍ တ႐ုတ္ႏိုင္ငံနယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ မတ္လ ၁၄ ရက္ေန႔ (ယေန႔) ေန႔လည္ပိုင္းက လာေရာက္ေျပာဆိုခဲ့ေၾကာင္း သတင္းရရိွသည္။

တရုတ္ႏိုင္ငံနယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိ ၀မ္အားဖာ ဦးေဆာင္သည့္လက္နက္ကိုင္(၅)ဦးႏွင့္ လက္နက္မပါရဲ (၁၀)ဦး တို႔ ေန႔လည္ ၂ နာရီ အခ်ိန္ခန္႔တြင္ေရာက္ရိွလာၿပီ ဆိုင္ကယ္မ်ား ေနာက္ဆုတ္ေပးရန္ေျပာဆိုခဲ့ေၾကာင္း ဂိတ္တာ၀န္က်သူမ်ားထံမွ သိရသည္။

“ ၂ နာရီေလာက္က ျမန္မာဖက္ကို ၀င္လာတယ္ ဆိုင္ကယ္ အပ္ႏွံတ့ဲေနရာမွာရွိတ့ဲ ဆိုင္ကယ္တစ္ခ်ိဳ႔က သူတို႔နယ္နိမိတ္ထဲ ေရာက္ေနတယ္ေျပာတယ္ ဒီဆိုင္ကယ္ေတြကို တားျမစ္ေပးၿပီး ဖယ္ရွားဖို႔ေျပာတယ္ နယ္ေျမေက်ာ္ၿပီး ဆုိင္ကယ္ရပ္နားထား တာရယ္ ေရေျမာင္ထဲကို အမႈိက္မပစ္ဖို႔လာေျပာၿပီး သူတို႔ျပန္သြား ပါတယ္”ဟု ဆင္ျဖဴဂိတ္တြင္ အလွည့္က်တာ၀န္က်သည့္ ၀န္ထမ္း တစ္ဦးကေျပာသည္။

တ႐ုတ္နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွလာေရာက္ေျပာဆိုသည့္အတြက္ နယ္နိမိတ္ေက်ာ္ရပ္ထားသည့္ ဆိုင္ကယ္မ်ားကို ေနာက္ဆုတ္ ေပးခဲ့ၿပီး အမိႈက္မ်ားေရေျမာင္းအတြင္းသို႔မပစ္ရန္ ေဒသခံမ်ားကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္တာ၀န္ရိွသူမ်ားကမွာၾကားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလကလည္း တ႐ုတ္ – ျမန္မာ နယ္စပ္ ၿမိဳ႕ျဖစ္တဲ့ ရွမ္းျပည္နယ္၊ ပန္းဆိုင္(ၾကဴကုတ္)ၿမိဳ႕နယ္၊ ဖိုးေကာင္း ေက်းရြာအုပ္စုအတြင္းမွာ နယ္ေျမအျငင္းပြားမႈေတြျဖစ္ခဲ့သည္။ဓာတ္ပံု – ဗီအာတီ (ဧရာ၀တီတိုင္းမ္)

Unicode

ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက် ဂိတ်(ဆင်ဖြူဂိတ်)အနီး ဆိုင်ကယ်ထားရှိမှုများနှင့် ပတ်သတ်၍ တရုတ်နိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မတ်လ ၁၄ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက လာရောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဝမ်အားဖာ ဦးဆောင်သည့်လက်နက်ကိုင်(၅)ဦးနှင့် လက်နက်မပါရဲ (၁၀)ဦး တို့ နေ့လည် ၂ နာရီ အချိန်ခန့်တွင်ရောက်ရှိလာပြီ ဆိုင်ကယ်များ နောက်ဆုတ်ပေးရန်ပြောဆိုခဲ့ကြောင်း ဂိတ်တာဝန်ကျသူများထံမှ သိရသည်။

“ ၂ နာရီလောက်က မြန်မာဖက်ကို ဝင်လာတယ် ဆိုင်ကယ် အပ်နှံတဲ့နေရာမှာရှိတဲ့ ဆိုင်ကယ်တစ်ချို့က သူတို့နယ်နိမိတ်ထဲ ရောက်နေတယ်ပြောတယ် ဒီဆိုင်ကယ်တွေကို တားမြစ်ပေးပြီး ဖယ်ရှားဖို့ပြောတယ် နယ်မြေကျော်ပြီး ဆိုင်ကယ်ရပ်နားထား တာရယ် ရေမြောင်ထဲကို အမှိုက်မပစ်ဖို့လာပြောပြီး သူတို့ပြန်သွား ပါတယ်”ဟု ဆင်ဖြူဂိတ်တွင် အလှည့်ကျတာဝန်ကျသည့် ဝန်ထမ်း တစ်ဦးကပြောသည်။

တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှလာရောက်ပြောဆိုသည့်အတွက် နယ်နိမိတ်ကျော်ရပ်ထားသည့် ဆိုင်ကယ်များကို နောက်ဆုတ် ပေးခဲ့ပြီး အမှိုက်များရေမြောင်းအတွင်းသို့မပစ်ရန် ဒေသခံများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကမှာကြားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကလည်း တရုတ် – မြန်မာ နယ်စပ် မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်၊ ပန်းဆိုင်(ကြူကုတ်)မြို့နယ်၊ ဖိုးကောင်း ကျေးရွာအုပ်စုအတွင်းမှာ နယ်မြေအငြင်းပွားမှုတွေဖြစ်ခဲ့သည်။ဓာတ်ပုံ – ဗီအာတီ (ဧရာဝတီတိုင်းမ်)