ကေလးထိန္းအစ္မႀကီးက အိမ္ျပန္မယ္ဆုိေတာ့ ဝမ္းနည္းစြာငုိခဲ့တဲ့ ကေလးမေလး…!

ယခင္က သတင္းမီဒီယာေတြထက္မွာ ကေလးထိန္းေတြ၊ အိမ္အကူေတြနဲ႔ အလုပ္ရွင္ေတြၾကားက ျပႆနာအမ်ိဳးမ်ိဳးကုိ ကၽြန္ေတာ္တုိ႔ မၾကားခ်င္မွအဆုံး ျဖစ္ခဲ့ပါတယ္။ အိမ္အကူတုိင္း၊ ကေလးထိန္းတုိင္း ေကာင္းတယ္လုိ႔ မေထာက္ခံရဲသလုိ၊ အလုပ္ရွင္တုိင္းကလည္း အိမ္အကူေတြကို ၾကင္နာစြာ ဆက္ဆံပါ့မယ္လုိ႔ ဘယ္သူမွ အာမခံခ်က္ ေပးႏုိင္မွာ မဟုတ္ပါဘူး။

ယခင္က အေမရိကန္ႏုိ္င္ငံမွာ ကေလးထိန္းတစ္ဦးဟာ ကေလးမိဘေတြမရွိခုိက္၊ အားရပါးရ ႐ုိက္ႏွက္ႏွိပ္စက္ခဲ့လုိ႔၊ ကေလးေသဆုံးခဲ့ရဖူးသလုိ၊ စကၤာပူႏုိင္ငံမွာေတာ့ ျမန္မာအိမ္အကူမိန္းကေလးတစ္ေယာက္ကုိ အမ်ိဳးမ်ိဳး ႏွိပ္စက္တဲ့ အိမ္ရွင္လင္မယားႏွစ္ေယာက္ကိုေတာ့ ေထာင္ဒဏ္ေတြ ခ်မွတ္လုိက္ၿပီလုိ႔ သိရပါတယ္။ ဒါဟာ လူတုိင္းရဲ႕မတူညီတဲ့ အက်င့္စာရိတၱေတြက ျဖစ္ေပၚလာတဲ့ ရာဇဝတ္မႈေတြပါ။

အခုလည္း ကေလးထိန္းအမ်ိဳးသမီးတစ္ေယာက္ သူမရဲ႕ဇာတိကုိ ျပန္စရာရွိလုိ႔၊ အိမ္ရွင္ေတြနဲ႔ သူမ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ရတဲ့ သမီးေလးတုိ႔က ေလဆိပ္အထိ လုိက္ပို႔ခဲ့ပါတယ္။ အဆုိပါ ကေလးထိန္းအမ်ိဳးသမီးဟာ aရွာင္တခင္ ျပန္စရာရွိတာေၾကာင့္ ေလယာဥ္နဲ႔ခရီးထြက္ရမွာ ျဖစ္ပါတယ္။ ဒါကို သမီးေလး ကေလးထိန္းအမ်ိဳးသမီးကို ငုိယုိၿပီး ႏႈတ္ဆက္ေနတာပါ။

ကေလးမေလးဟာ ေနာက္တစ္ႀကိမ္ သူမခ်စ္တဲ့ ကေလးထိန္း အမ်ိဳးသမီးကို မေတြ႕ရမွာ စုိးေနပုံရပါတယ္။ အၿပီးအတုိင္ ျပန္တာမ်ိဳးေတာ့ မဟုတ္ေလာက္ပါဘူး။ သူတုိ႔တစ္ေတြ ေနာက္ဆုံးႏႈတ္ဆက္စကားေျပာေတာ့ ကေလးမေလး အားရပါးရ ငုိေၾကြးႏႈတ္ဆက္တဲ့အတြက္၊ အိမ္အကူအမ်ိဳးသမီးခမ်ာ မ်က္ရည္မဆည္ႏုိင္ျဖစ္ၿပီး၊ သမီးေလးကို ခ်စ္ခင္ၾကင္နာစြာ ေပြ႕ဖက္ႏႈတ္ဆက္ေနတာ၊ ျမင္ရသူကို မ်က္ရည္မဆည္ႏုိင္ ျဖစ္ေစပါတယ္။

ဒီအျဖစ္အပ်က္ေလးကို ၾကည့္ခ်င္းအားျဖင့္ ဒီအိမ္အကူအမ်ိဳးသမီးကုိ ကေလးမေလးက ဘယ္ေလာက္အထိ သံေယာဇဥ္ရွိတယ္၊ သူမရဲ႕ အလုပ္ရွင္ ဇနီးေမာင္ႏွံကလည္း သူမကို ဝန္ထမ္းတစ္ေယာက္ဆုိတာထက္၊ မိသားစုဝင္တစ္ေယာက္နဲ႔မျခား ျပဳစုေစာင့္ေရွာက္တယ္ဆုိတာကို ျမင္သာေစမွာပါ။ မူလသတင္း Web မွာေတာ့ ဒီသတင္းေလးကို မဖတ္ခင္၊ မ်က္ရည္သုတ္ဖုိ႔ တစ္႐ွဴးရွာထားၾကဆုိၿပီးေတာ့ေတာင္ ညႊန္းဆုိထားပါတယ္။

source : Myanmarnote

ယခင်က သတင်းမီဒီယာတွေထက်မှာ ကလေးထိန်းတွေ၊ အိမ်အကူတွေနဲ့ အလုပ်ရှင်တွေကြားက ပြဿနာအမျိုးမျိုးကို ကျွန်တော်တို့ မကြားချင်မှအဆုံး ဖြစ်ခဲ့ပါတယ်။ အိမ်အကူတိုင်း၊ ကလေးထိန်းတိုင်း ကောင်းတယ်လို့ မထောက်ခံရဲသလို၊ အလုပ်ရှင်တိုင်းကလည်း အိမ်အကူတွေကို ကြင်နာစွာ ဆက်ဆံပါ့မယ်လို့ ဘယ်သူမှ အာမခံချက် ပေးနိုင်မှာ မဟုတ်ပါဘူး။

ယခင်က အမေရိကန်နိုင်ငံမှာ ကလေးထိန်းတစ်ဦးဟာ ကလေးမိဘတွေမရှိခိုက်၊ အားရပါးရ ရိုက်နှက်နှိပ်စက်ခဲ့လို့၊ ကလေးသေဆုံးခဲ့ရဖူးသလို၊ စင်္ကာပူနိုင်ငံမှာတော့ မြန်မာအိမ်အကူမိန်းကလေးတစ်ယောက်ကို အမျိုးမျိုး နှိပ်စက်တဲ့ အိမ်ရှင်လင်မယားနှစ်ယောက်ကိုတော့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီလို့ သိရပါတယ်။ ဒါဟာ လူတိုင်းရဲ့မတူညီတဲ့ အကျင့်စာရိတ္တတွေက ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေပါ။

အခုလည်း ကလေးထိန်းအမျိုးသမီးတစ်ယောက် သူမရဲ့ဇာတိကို ပြန်စရာရှိလို့၊ အိမ်ရှင်တွေနဲ့ သူမ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတဲ့ သမီးလေးတို့က လေဆိပ်အထိ လိုက်ပို့ခဲ့ပါတယ်။ အဆိုပါ ကလေးထိန်းအမျိုးသမီးဟာ aရှာင်တခင် ပြန်စရာရှိတာကြောင့် လေယာဉ်နဲ့ခရီးထွက်ရမှာ ဖြစ်ပါတယ်။ ဒါကို သမီးလေး ကလေးထိန်းအမျိုးသမီးကို ငိုယိုပြီး နှုတ်ဆက်နေတာပါ။

ကလေးမလေးဟာ နောက်တစ်ကြိမ် သူမချစ်တဲ့ ကလေးထိန်း အမျိုးသမီးကို မတွေ့ရမှာ စိုးနေပုံရပါတယ်။ အပြီးအတိုင် ပြန်တာမျိုးတော့ မဟုတ်လောက်ပါဘူး။ သူတို့တစ်တွေ နောက်ဆုံးနှုတ်ဆက်စကားပြောတော့ ကလေးမလေး အားရပါးရ ငိုကြွေးနှုတ်ဆက်တဲ့အတွက်၊ အိမ်အကူအမျိုးသမီးခမျာ မျက်ရည်မဆည်နိုင်ဖြစ်ပြီး၊ သမီးလေးကို ချစ်ခင်ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်နေတာ၊ မြင်ရသူကို မျက်ရည်မဆည်နိုင် ဖြစ်စေပါတယ်။

ဒီအဖြစ်အပျက်လေးကို ကြည့်ချင်းအားဖြင့် ဒီအိမ်အကူအမျိုးသမီးကို ကလေးမလေးက ဘယ်လောက်အထိ သံယောဇဉ်ရှိတယ်၊ သူမရဲ့ အလုပ်ရှင် ဇနီးမောင်နှံကလည်း သူမကို ဝန်ထမ်းတစ်ယောက်ဆိုတာထက်၊ မိသားစုဝင်တစ်ယောက်နဲ့မခြား ပြုစုစောင့်ရှောက်တယ်ဆိုတာကို မြင်သာစေမှာပါ။ မူလသတင်း Web မှာတော့ ဒီသတင်းလေးကို မဖတ်ခင်၊ မျက်ရည်သုတ်ဖို့ တစ်ရှူးရှာထားကြဆိုပြီးတော့တောင် ညွှန်းဆိုထားပါတယ်။

source : Myanmarnote