ညီမေလး အိမ္ေထာင္ျပဳဖို ့ ဆံုးျဖတ္ေတာ့မယ္ ဆိုရင္ …

1) စာတတ္တဲ့ေယာက္်ားထက္ စာနာစိတ္႐ွိတဲ့ေယာက်္ားကိုသာေရြးခ်ယ္ပါ တစ္မိုးေအာက္ထဲ အတူေနထိုင္မဲ့သူဆိုတာကိုယ့္ခံစားခ်က္ကို စာနာစိတ္နဲ ့ၾကည့္ျမင္တတ္သူ ျဖစ္ေနဖို ့သိပ္လိုအပ္တယ္ ။

2) ပညာတတ္သူထက္ ၾကင္နာစိတ္႐ွိသူကိုသာေရြးခ်ယ္ပါ ကိုယ့္ဘဝတစ္သက္တာလံုးအနီးဆံုးမွာ႐ွိေနမဲ့သူဟာကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကိုၾကင္နာတတ္တဲ့စိတ္နဲ ့ေဖးမႏိုင္သူျဖစ္ဖို ့ သိပ္လိုအပ္ပါတယ္ ။

3) ေငြခ်မ္းသာသူထက္ စိတ္ထား႐ိုးေျဖာင့္သူကိုသာေရြးခ်ယ္ပါ ။ ဘဝတစ္ေလွ်ာက္လံုး ေအးအတူပူအမွ် လက္တြဲထားရမဲ့သူဟာ ကိုယ့္လိုအပ္ခ်က္ေတြကိုေငြနဲ ့ျဖည့္ ဆည္းေပးႏိုင္ရံုနဲ ့ မရဘူး ဘယ္အရာမွာမဆို ပြင့္လင္း႐ိုးသားစြာနဲ ့ ဆက္ဆံေရးက သာႏွစ္ဦးႏွစ္ဖက္ အငိဳးကင္းေစတဲ့ လက္နက္ျဖစ္တယ္ ။

4) ဂုဏ္႐ွိသူထက္ ျပံဳးရယ္ႏိုင္ေစသူကိုသာေရြးခ်ယ္ပါ ။ လူ ့ဘဝဆိုတာ ေရလိႈင္းလိုပဲ အနိမ့္အျမင့္႐ွိတယ္ကိုယ့္အရိပ္အျဖစ္ ခိုလႈံေနရသူဟာ ဘယ္လိုအခက္ခဲေတြနဲ ့ၾကံဳလာပါေစမားမားမတ္မတ္ရပ္တည္ေပးၿပီး ျပံဳးရယ္ႏိုင္ေစသူျဖစ္ဖို ့အဓိက က်တယ္ ။

5) ႐ုပ္ေခ်ာသူထက္ အသိုင္းဝိုင္းသန္ ့႐ွင္းသူကိုသာေရြးခ်ယ္ပါ ။ မတူညီတဲ့အသိုင္းဝိုင္းႏွစ္ခု ေပါက္ဖြားလာသူေတြတစ္ဘဝအတူလက္တြဲၿပီး တစ္မိုးေအာက္ထဲေနဖိုဆိုတာ ပတ္ဝန္းက်င္ပါလာသလိုႏွစ္ဖက္အသိုင္းဝိုင္းဆိုတာလည္း အိမ္ေထာင္စုတစ္ခုရဲ႕ တစ္စိပ္ တစ္ေဒမွာပါဝင္ပါတ္သက္ေစပါတယ္ ။

ကိုယ့္ဘဝကို တစ္သက္တာေပးအပ္ထားရမဲ့သူဟာက္ုိယ္ႏႈတ္အမူအယာ ယဥ္ေက်းၿပီး မိမိသိကၡာကို တန္ဖိုးထားတတ္သူျဖစ္ဖို ့ အေရးႀကီးဆံုးပဲ ။

6) ဥစၥာျပည့္စံုသူထက္ နားလည္မႈ႐ွိသူကိုသာေရြးခ်ယ္ပါ။ ကိုယ့္ရဲ႕အနီးဆံုးမွာေနတဲ့သူဆို တာ မေတာ္တဆအမွားေတြအေပၚ ဒါမွမဟုတ္ မိမိအသိုင္းဝိုင္းနဲ ့ဆက္ဆံေရးမွာ သေဘာထားႀကီးၿပီး နားလည္မႈ႐ွိသူျဖစ္ဖို ့လည္း လိုအပ္ပါတယ္ ။ တကယ္ေတာ့ အိမ္ေထာင္ျပဳျင္းဆိုတဲ့အရာကိုက်ဴးလြန္ၿပီးသြားရင္ ေယာက်္ားေလးျဖစ္ေစ မိန္း ကေလးျဖစ္ေစ လက္႐ွိတန္ဖိုးထက္ေတာ့က်ဆင္းသြားရတာပါပဲ ။

အိမ္ေထာင္သည္ဘဝေရာက္သြားၿပီးရင္မိန္းမသားေတြက ေယာက်္ားသားေတြထက္ မိမိကိုယ္ပိုင္အခြင့္အေရးေတြ ၊ ထိန္းခ်ဳပ္ခံရတာေတြပိုလာသလို ၊ မိမိျဖစ္ျခင္တဲ့ အခြင့္အေရးေတြမ်ားစြာ ေပးဆပ္လိုက္ရပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္လို ့ ဆံုးျဖတ္လိုက္ရင္လူတစ္ေယာက္ကို အေပၚယံတင္ ဆံုးျဖတ္တာမ်ိဳးေ႐ွာင္က်ဥ္ပါ ။

အခ်ိန္ေပးၿပီးေလ့လာပါ ။လူတစ္ေယာက္ရဲ႕စိတ္ဓာတ္ကို သိဖို ့ အခ်ိန္ၾကာၾကာေစာင့္ၾကည့္ဖို ့ မလိုအပ္ပါဘူး ။ သတိႀကီးႀကီးနဲ ့ ေစာင့္ၾကည့္ၾကည့္လိုက္ပါ လူ တစ္ေယာက္ရဲ႕ မေနာ ဆိုတာ မထင္မွတ္တဲ့အရာေတြကေန အေျဖေတြေပၚလာတတ္ပါတယ္။ တစ္သက္ တာစိတ္ခ်မ္းသာခ်င္ရင္ လူေရြးမမွားဖို ့အတြက္တခါတရံေတာ့ မ်က္ရည္ေတြလည္းရင္းႏွီး လိုက္ပါ ညီမေလး

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia

# Unicode Version # ျဖင့္ ဖတ္ပါ #

1) စာတတ်တဲ့ယောက်ျားထက် စာနာစိတ်ရှိတဲ့ယောကျ်ားကိုသာရွေးချယ်ပါ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။

2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ကိုယ့်ဘဝတစ်သက်တာလုံးအနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကိုကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့် ဆည်းပေးနိုင်ရုံနဲ့ မရဘူး ဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးက သာနှစ်ဦးနှစ်ဖက် အငြိုကင်းစေတဲ့ လက်နက်ဖြစ်တယ် ။

4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိက ကျတယ် ။

5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။ မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး တစ်မိုးအောက်ထဲနေဖိုဆိုတာ ပတ်ဝန်းကျင်ပါလာသလိုနှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ် တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။

ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီး မိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။

6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ။ ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆို တာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောကျ်ားလေးဖြစ်စေ မိန်း ကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။

အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောကျ်ားသားတွေထက် မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ ထိန်းချုပ်ခံရတာတွေပိုလာသလို ၊ မိမိဖြစ်ခြင်တဲ့ အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။

အချိန်ပေးပြီးလေ့လာပါ ။လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး ။ သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့်လိုက်ပါ လူ တစ်ယောက်ရဲ့ မနော ဆိုတာ မထင်မှတ်တဲ့အရာတွေကနေ အဖြေတွေပေါ်လာတတ်ပါတယ်။ တစ်သက် တာစိတ်ချမ်းသာချင်ရင် လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီး လိုက်ပါ ညီမလေး

ဖိုးသူတော် (www.phothutaw.com)

Credit:mmcelesmedia