ကားတိုက်ခံရပြီး ခွဲစိတ်ကုသမှု ခံယူနေရလို့ ပရိသတ်တွေ စိုးရိမ်နေကြတဲ့ မင်းသမီးလေး ဖွေးဖွေး

မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံး မင်းသမီးတွေထဲကတစ်ဦးဖြစ်တဲ့ ဖွေးဖွေးကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်တာကြောင့်ရော နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်းတာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိုကျူဆာ တင်ထွန်းဝင်းက ဖွေးဖွေးကားတိုက်ခံရမှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ လူမှုကွန်ယက်မှာ တင်လိုက်တာကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ကြတာပါ။

ချစ်ပရိသတ်တွေအတွက် ကားတိုက်ခံရလို့ ခွဲစိတ်မှုခံယူခဲ့ရတယ်လို့ သတင်းထွက်နေတဲ့ ဖွေးစိန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိုကျူဆာ တင်ထွန်းဝင်းကတော့ “ဖွေးဖွေးကားတိုက်ခံရ မနေ့ညကခါးခွဲစိတ်ပြီး” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ေ်နကြပါတယ်။

Source : Momolay