ၿမန္မာ Idol Winner ျဖစ္ၿပီး ၇ လ အတြင္း ၿဖိဳးျမတ္ေအာင္ နဲ႔ သူ႔ပရိသတ္မ်ားက အလွဴေငြေပါင္း 15,752,500 က်ပ္တိတိ လွဴဒါန္းၿပီး…!

အလွဴေငြေပါင္း 15,752,500 က်ပ္တိတိ

Myanmar Idol သီခ်င္းဆို ျပိဳင္ပြဲမွာ ထူးျခားလွတဲ့ အဆိုေတာ္ ၁ ဦးပါ။ အံမခန္းတဲ့ ပရိတ္သတ္ကို ပိုင္ဆိုင္ထားၿပီး season 3 winner ျဖစ္ၿပီးကတည္းက ပရဟိတဘက္မွာေရာ ေၾကာ္ျငာ႐ိုက္ကူးျခင္း လုပ္ငန္း ႐ွိဳးပြဲေတြ လိုက္လံေျဖေဖ်ာ္မႈမ်ား နဲ႔ မနားတမ္း အလုပ္လုပ္ေနတဲ့ ဂီတလူငယ္တဦးပါ။

သူ႔မွာ ထူးျခားတာက ေထာင္လႊားမႈ မရွိတာပါပဲ။ ပရိတ္သတ္နဲ႔ေရာ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ ခ်စ္ခ်စ္ခင္ခင္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနသူပါ။

ဒါ့အျပင္ ေက်းဇူးရွင္ ဆရာသမားမ်ားကိုလည္း မေမ့မေလ်ာ့ ေက်းဇူးသိတတ္သူျဖစ္ပါတယ္။

မၾကားေသးခင္ကလည္း ျဖိဳးျမတ္ေအာင္ဟာ သာသနေဘာင္မွာ ရွင္သာမေဏ အျဖစ္ဝင္ခဲ့ပါတယ္။

ဒီတစ္ခါမွာေတာ့ ၿဖိဳးျမတ္ေအာင္ ရဲ႕ we love မိသားစုမ်ား စုေပါင္း လွဴဒါန္း တဲ့ အလွဴေငြစုစုေပါင္းကို ခ်စ္ပရိသတ္ေတြအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

ၿဖိဳးျမတ္ေအာင္ ရဲ႕ we loveမိသားစု အဖြဲ႕သားမ်ားက ၿဖိဳးျမတ္ေအာင္ winner ဆုရၿပီး ၇လ အၾကာမွာ သိန္း 15,752,500က်ပ္တိတိကို လွဴဒါန္းႏိုင္ၿပီ ျဖစ္ေၾကာင္း ေျပာထားတာပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ လူမႈကြန္ယက္မွာေတာ့ စရင္းဇယားနဲ႔ တိက်စြာ အခုလို ေဖာ္ျပထားပါတယ္။

Winner ျဖစ္ၿပီးေတာ့ (၇) လတာ ကာလအတြင္းမွာ ၿဖိဳးေလးနဲ႔ပရိသတ္မိသားစုေတြရဲ႕ စုေပါင္းလွဴဒါန္းခဲ့မႈဟာ (15,752,500) က်ပ္ ျဖစ္ပါတယ္။

(11.3.19) ရက္ေန႔အထိ မတည္ေငြစာရင္း လက္က်န္ကေတာ့ (2,792,570) က်ပ္တိတိပါ။

ေလာေလာဆယ္ကေတာ့ ကိုးနဝင္းဘုရား ထီးတင္ပြဲအလွဴရွိလို႔ က်န္တဲ့အလွဴေတြကို ခဏ နားထားပါတယ္။

မိသားစုေတြအေနနဲ႔ ေနာင္လုပ္မယ့္ ပရဟိတ အလွဴအတန္းေတြအတြက္ မတည္ေငြအျဖစ္လည္း ထည့္ဝင္ေပးခ်င္ရင္ေတာ့ AYA bank account တခုတည္းကေနသာ လက္ခံေပးမွာပါ။ လွဴတဲ့အခါက်ရင္လည္း စာရင္း အတိအက် ခ်ျပၿပီး လွဴဒါန္းေပးသြားမွာပါ။

AYA bank account – 0021222013457408, Account name – U Zaw Zaw + 2,

#ဆက္သြယ္ရန္ – ေဒါက္တာၿဖိဳးပိုင္စိုး (09960955450) #ေငြလႊဲၿပီးတိုင္း ဆက္သြယ္ေပးဖို႔မေမ့ပါနဲ႔ ေနာ္ဆိုၿပီး ေဖာ္ျပထားပါတယ္။

ဂုဏ္ယူပါတယ္ အဂၢနီေရ။ ထာဝရ ေအာင္ျမင္ပါေစ။ ဘာပဲလုပ္လုပ္ အခုလို စရင္းအတိအက်နဲ႔ ပရိတ္သတ္ကို ခ်ျပတာ သူမတူတဲ့ ေကာင္းေသာ လုပ္လုပ္ပါ။

Myanmar Live – လတ္တေလာ ျမန္မာ့သတင္းမ်ား

Unicode version

မြန်မာ Idol Winner ဖြစ်ပြီး ရ လ အတွင်း ဖြိုးမြတ်အောင် နဲ့ သူ့ပရိသတ်မိသားစုများက သိန်း 15,752,500 ကျပ်တိတိ လှူဒါန်းပြီး

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာ ထူးခြားလှတဲ့ အဆိုတော် ၁ ဦးပါ။ အံမခန်းတဲ့ ပရိတ်သတ်ကို ပိုင်ဆိုင်ထားပြီး season 3 winner ဖြစ်ပြီးကတည်းက ပရဟိတဘက်မှာရော ကြော်ငြာရိုက်ကူးခြင်း လုပ်ငန်း ရှိုးပွဲတွေ လိုက်လံဖြေဖျော်မှုများ နဲ့ မနားတမ်း အလုပ်လုပ်နေတဲ့ ဂီတလူငယ်တဦးပါ။

သူ့မှာ ထူးခြားတာက ထောင်လွှားမှု မရှိတာပါပဲ။ ပရိတ်သတ်နဲ့ရော မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။

ဒါ့အပြင် ကျေးဇူးရှင် ဆရာသမားများကိုလည်း မမေ့မလျော့ ကျေးဇူးသိတတ်သူဖြစ်ပါတယ်။

မကြားသေးခင်ကလည်း ဖြိုးမြတ်အောင်ဟာ သာသနဘောင်မှာ ရှင်သာမဏေ အဖြစ်ဝင်ခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် ရဲ့ we love မိသားစုများ စုပေါင်း လှူဒါန်း တဲ့ အလှူငွေစုစုပေါင်းကို ချစ်ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဖြိုးမြတ်အောင် ရဲ့ we loveမိသားစု အဖွဲ့သားများက ဖြိုးမြတ်အောင် winner ဆုရပြီး ရလ အကြာမှာ သိန်း 15,752,500ကျပ်တိတိကို လှူဒါန်းနိုင်ပြီ ဖြစ်ကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်မှာတော့ စရင်းဇယားနဲ့ တိကျစွာ အခုလို ဖော်ပြထားပါတယ်။

Winner ဖြစ်ပြီးတော့ (၇) လတာ ကာလအတွင်းမှာ ဖြိုးလေးနဲ့ပရိသတ်မိသားစုတွေရဲ့ စုပေါင်းလှူဒါန်းခဲ့မှုဟာ (15,752,500) ကျပ် ဖြစ်ပါတယ်။

(11.3.19) ရက်နေ့အထိ မတည်ငွေစာရင်း လက်ကျန်ကတော့ (2,792,570) ကျပ်တိတိပါ။

လောလောဆယ်ကတော့ ကိုးနဝင်းဘုရား ထီးတင်ပွဲအလှူရှိလို့ ကျန်တဲ့အလှူတွေကို ခဏ နားထားပါတယ်။

မိသားစုတွေအနေနဲ့ နောင်လုပ်မယ့် ပရဟိတ အလှူအတန်းတွေအတွက် မတည်ငွေအဖြစ်လည်း ထည့်ဝင်ပေးချင်ရင်တော့ AYA bank account တခုတည်းကနေသာ လက်ခံပေးမှာပါ။ လှူတဲ့အခါကျရင်လည်း စာရင်း အတိအကျ ချပြပြီး လှူဒါန်းပေးသွားမှာပါ။

AYA bank account – 0021222013457408, Account name – U Zaw Zaw + 2,

#ဆက်သွယ်ရန် – ဒေါက်တာဖြိုးပိုင်စိုး (09960955450) #ငွေလွှဲပြီးတိုင်း ဆက်သွယ်ပေးဖို့မမေ့ပါနဲ့ နော်ဆိုပြီး ဖော်ပြထားပါတယ်။

ဂုဏ်ယူပါတယ် အဂ္ဂနီရေ။ ထာဝရ အောင်မြင်ပါစေ။ ဘာပဲလုပ်လုပ် အခုလို စရင်းအတိအကျနဲ့ ပရိတ်သတ်ကို ချပြတာ သူမတူတဲ့ ကောင်းသော လုပ်လုပ်ပါ။

Myanmar Live – လတ္တေလာ ျမန္မာ့သတင္းမ်ား