ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ရွှေမှုံရတီရဲ့ အချစ်ရေး….

ရွှေမှုံရတီကတော့ အနုပညာလောကထဲမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှု ရနေတဲ့ မင်းသမီးလေးပါ။ အသက် ငယ်သေးပေမယ့် သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာဘက်မှာ ပါရမီရှင်တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြုခြင်းကို ခံထားရသူပါ။ သရုပ်ဆောင်ပိုင်းတင် မဟုတ်ပဲ ဖက်ရှင်ပိုင်းမှာပါ နားလည်သူဖြစ်ပြီး တမူထူးခြားတဲ့ အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေရှေ့ကို ထွက်ပေါ်လာတတ်သူပါ။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရထားတဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေကို သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး  မဖုံးကွယ်ပဲ ပေါ်တင်အသိပေးခဲ့သူပါ။ ချစ်သူရှိတုန်းကလဲ ချစ်သူနဲ့ အတူ fb မှာ Live လွှင့်တာ၊ ပုံတင်တာမျိုးတွေ လုပ်ခဲ့သူပါ။ လမ်းခွဲချိန်မှာလဲ အချစ်ရေးပြတ်စဲသွားပြီ ဆိုပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ လက်တလောမှာတော့ ရွှေမှုံ ရတီရဲ့ အချစ်ရေးကတော့ ထူးခြားမှုရှိလာပါပြီ။ အချစ်ရေး ပြတ်စဲချိန်တုန်းက အလွမ်းအဆွေးPost တွေ တင်ခဲ့ဖူးတဲ့ သူမရဲ့ fb မှာ အခုဆိုရင်တော့ အချစ်နဲ့ ပတ်သက်တဲ့ Post တွေကို တွေ့နေရပါတယ်။

အမြဲခံစားချက်တွေ အပြည့်နဲ့လှောင်ပိတ်နေတဲ့ကျွန်မအတွက်တော့သူ့မျက်လုံးလေးတွေက ပြတင်းပေါက်တစ်ခုပဲ
Cc..” ဆိုပြီး ဇူလိုင်(၂၃)ရက်နေ့က fb မှာ တင်ခဲ့ပါတယ်။

အခုဆိုရင်တော့ သူမရဲ့ my day မှာ အချစ်နဲ့ ညနေစာ ဆိုပြီး တင်ခဲ့ပါတယ်။လက်နှစ်ဖက် ကိုင်ထားတဲ့ ပုံကိုလဲ တင်ထားပြီး အားလုံးက လက်ပိုင်ရှင်ကို သိချင်နေကြပါပြီ။

အချစ်ရေးအကြောင်း ဖုံးကွယ်မထားတဲ့ ရွှေမှုံတစ်ယောက် ဒီတစ်ခါ ထူးခြားလာတဲ့ အချစ်ရေးကိုရော ပရိသတ် တွေကို အသိပေး ပြောပြအုံးမှာလားဆိုတာကို အားလုံးက သိချင်နေကြပါတယ်။

from ရွှေမှုံရတီ

Be the first to comment

Leave a Reply

Your email address will not be published.


*