အစြယ္​လိုသူမိဖုရားတဲ့လား?..က်မတကယ္​လိုခ်င္​ခဲ့တာက မင္း​ဆဒၵန္​ရဲ႕အခ်စ္​တစ္​ခုတည္​းရယ္​ပါ…

စူဠသုဘဒၵါ မုန္​းခဲ့တာမဟုတ္​ပါဘူး

ေျပာရက္​ၾကတယ္​…အစြယ္​လိုသူမိဖုရားတဲ့လား….က်မတကယ္​လိုခ်င္​ခဲ့တာက မင္း​ဆဒၵန္​ရဲ႕အခ်စ္​တစ္​ခုတည္​းရယ္​ပါ…

အင္​ၾကင္​းပန္​းမွာ ခါခ်ဥ္​​ေလးကပ္​ရံုနဲ႔ ကမၻာအဆက္​ဆက္​ သုဘဒၵါမုန္​းရက္​ခဲ့တာ မဟုတ္​ပါဘူး…

ၿပိဳင္​ဘက္​နဲ႔ ယွဥ္​ရင္​ အခ်စ္​​ေတြအကုန္​အစင္ ​မရခဲ့လို႔သုဘဒၵါရင္​မွာ နာက်င္​​ေၾကကြဲခဲ့ရတာပါ…. ဒါ​ေတ​ြကို ႐ွင္​နားလည္​ရဲ႕လား မင္း​ဆဒၵန္​

ဟိမဝႏၱာ ​ေတာင္​စဥ္​ခုနစ္​ထပ္​မွာက်မဟာ ႐ွင္​့အတြက္​ဆို အသက္​​ေပးဖို႔လည္​း အဆင္​သင္​့ျဖစ္​ခဲ့ပါရက္​နဲ႔ ဘဝတစ္​ခုလံုး​ေပးဆပ္​ ခ်စ္​ခဲ့တာ​ေတာင္​ ႐ွင္​ျပန္​​ေပးခဲ့တဲ့ ခ်စ္​ျခင္​း​ေမတၱာက ဒုတိယ တဲ့လား….ဟင္​့အင္​း…

ပထမခ်စ္​ျခင္​း မဟုတ္​ရင္​ ဒုတိယအျဖည္​့ခံ​ေတာ့ ဘယ္​မိန္​းမသားကမွ မျဖစ္​ခ်င္​ဘူး….

မျဖစ္​ႏိုင္​ဘူး မင္း​ဆဒၵန္​… မျဖစ္​ႏိုင္​​ေတာ့ပါဘူး

ဒုတိယ ဆိုတာ ဘယ္​လိုနည္​းနဲ႔မွ မျဖစ္​ႏိုင္​ခဲ့ပါဘူး မင္း​ဆဒၵန္​ရယ္​…က်မ ႐ွင္​့ကို စိတ္​နာတယ္​….

ဟိမဝႏၱာ လြမ္​းရိပ္​ၿမိဳင္​မွာ အမုန္​း​ေတြ တစ္​သီတစ္​တန္​းနဲ႔ က်မ က်ဆံုးခဲ့တာမဟုတ္​ဘူး….

အပယ္​ခံတစ္​​ေယာက္​လို နာက်င္​မႈမ်ိဳးနဲ႔ ကိုယ္​့အခ်စ္​ကို အဆိပ္​ခတ္​ၿပီး ယိုင္​နဲ႔နဲ႔ႏွလံုးသားတစ္​စံုကို ဖက္​တြယ္​ရင္​း ႐ွင္​ပ​ေစၥကဗုဒၶါထံမွာ က်မဆုပန္​ခဲ့မိတာပါ…

႐ွင္​့စိတ္​ထဲထင္​ခဲ့ခ်င္​ ထင္​ခဲ့မယ္​…သုဘဒၵါဟာ အၿငိဳးႀကီးတဲ့… အမ်က္​ႀကီးတဲ့… ​ေဒါသႀကီးတဲ့ မိန္​းမရယ္​လို႔…. ႐ွင္​ထင္​ခ်င္​သလိုသာ ထင္​ပါ​ေတာ့ မင္း​ဆဒၵန္​ရယ္​…

ဒီ​ေလာကႀကီးတစ္​ခုလံုးကို ေျမလွန္​​ျပီး ​ေမးၾကည္​့စမ္​းလွည္​့ပါ.. ကိုယ္​့ခ်စ္​သူထံက ဦးစား​ေပးအခ်စ္​ခံခ်င္​တဲ့ မိန္​းမဆိုလို႔ က်မတစ္​​ေယာက္​တည္​း ႐ွိခဲ့တာမ်ားလားလို႔….

႐ွင္​့အတြက္​​ေတာ့ ခါခ်ဥ္​​ေလးတစ္​​ေကာင္​… ဆို​ေပမယ္​့… က်မအတြက္​​ေတာ့ နာက်င္​ျခင္​း ျမင္​့မိုရ္​​ေတာင္​ႀကီးပါ​ပဲေလ…ဆင္​႐ွစ္​​ေသာင္​းစု​ေပါင္​း​ေနတဲ့ မင္​းရင္​ျပင္​ထက္ ႐ွင္​​ေပးတဲ့ပန္​းတစ္​ခက္​က အမ်ားအလယ္​မွာ အ႐ွက္​ရ​ေစခဲ့တယ္ ​ဆိုတာ ႐ွင္​ကမွ သတိမထားမိခဲ့ပဲ…

မ်က္​ရည္​ဝဲဝဲနဲ႔ အံႀကိတ္​ၿပီး ခံရခက္​ခဲ့တယ္​ဆိုတာ႐ွင္​ထင္​သလို ခါခ်ဥ္ေလးပါတဲ့ အင္​ၾကင္​းပန္​းတစ္​ခက္​ ​ေၾကာင္​့မဟုတ္​ပါဘူး…

မဟာသုဘဒၵါအ​ေပၚ ႐ွင္​့ရဲ႕အ​ေရး​ေပးမႈ​ေအာက္​မွာက်မ ကမၻာႀကီး မူး​ေနာက္​ျပာက်ခဲ့ရတာပါ​ေလ..

႐ွင္​သိ​ေအာင္​ ထပ္​​ေျပာခဲ့မယ္​မင္း​ဆဒၵန္​…. ပထမ စူဠသုဘဒၵါ မဟုတ္​ခဲ့ဖူးဆိုရင္​ ဒုတိယ မဟာသုဘဒၵါ​ေတာ့ ဘယ္​မိန္​းမက မျဖစ္​ခ်င္​ခဲ့ဘူးဆိုတာ တစ္​​ေန႔​ေန႔​ေတာ့ ႐ွင္​နားလည္​လာမွာပါ….

စူဠသုဘဒၵါ 1

ဟင္​့အင္​း…. ႐ွင္​အထင္​မလြဲပါနဲ႔…အစြယ္​လိုသူမိဖုရား မဟုတ္​ခဲ့ပါဘူး…႐ွင္​့အခ်စ္​တစ္​ခုတည္​းကိုပဲ လိုခ်င္​ခဲ့တာပါ….

ဘဝခ်င္​းမတူ​ေအာင္​ သံသရာျခားနားခဲ့​ေပမယ္​့က်မ ႏွလံုးသားက ႐ွင္​့ကိုပဲစူးစူးနစ္​နစ္​ ခ်စ္​ခဲ့မိတာပါ မင္​းဆဒၵန္​ရယ္..​

႐ွင္​့အစြယ္​ကို နား​ေဋာင္းပန္​ဆင္​ လိုတယ္​ဆိုတာလည္​း က်မမွာ အ​ေၾကာင္​းအရင္​း​ေတြ႐ွိပါတယ္​.

ဟိမဝႏၱာ အင္​ၾကင္​း​ေတာၿမိဳင္​ယံမွာ႐ွင္​့ရဲ႕ သက္​ဆိုင္​သူျဖစ္​ခဲ့တဲ့ က်မကို ႐ွင္​ခုခ်ိန္​ထိ သတိတရ႐ွိ​ေသးရဲ႕လားဆိုတာ က်မသိခ်င္​တယ္​…သတိတရနဲ႔ လြမ္​းဆြတ္​ တမ္​းတမႈမ်ိဳးကိုလည္​း က်မလိုခ်င္​မိတယ္​….

ဘဝခ်င္​းျခားခဲ့တာ​ေတာင္​ ခ်စ္​အားမ​ေလ်ာ့ခဲ့တဲ့ က်မႏွလံုးသားကို ႐ွင္​ ​ေလ်ွာ့မတြက္​ပါနဲ႔ မင္း​ဆဒၵန္​…

တစ္​ဖတ္​သတ္​ဆိုရင္​​ေတာင္​ က်မက ​ေက်​ေက်နပ္​နပ္​ႀကီး သံသရာအဆက္​ဆက္​ ယူသြားအံုးမွာမို႔လို႔ပါ…

ဟုတ္​တယ္​… က်မ႐ွင္​့ကို အဲ့​ေလာက္​ထိခ်စ္​တယ္​….
ဒါ​ေပမယ္​့…. နားလည္​မႈလြဲမွားျခင္​းရဲ႕ ဆုလဒ္​​ေတြ​ေၾကာင္​့က်မဟာ မိန္​းမ႐ိုင္​းႀကီး သုဘဒၵါျဖစ္​ခဲ့ရတာပါ မင္​းဆဒၵန္​ရယ္​…..

႐ွင္​့အစြယ္​ကို နားေဋာင္း ပန္​ဆင္​လိုတယ္​လို႔ ​ေသာႏုတၳဳိရ္​ကို က်မမွာၾကားလိုက္​တယ္​ဆို​ေပမယ္​့….

အစြယ္​ကို အာ​ေခါင္​ရင္​းက ျဖတ္​ခဲ့ရမယ္​လို႔ က်မမမွာခဲ့မိဘူး… အမိန္​႔လည္​းမ​ေပးခဲ့ပါဘူး….

နား​ေဋာင္​းလုပ္​ဝတ္​လို႔ရမယ္​့ ႐ွင္​့ရဲ႕အစြယ္​အဖ်ား​ေလး​ေလာက္​ပဲ က်မကလိုခ်င္​ခဲ့မိတာပါ…

႐ွင္​အနားမွာ ႐ွိ​ေနမ​ေပးရင္​​ေတာင္​ ႐ွင္​့ရဲ႕အ​ေသြးအသား​ေလးတစ္​ခု က်မအနားမွာ အ​ေဖာ္​ျပဳ​ေနရံုနဲ႔ က်မႏွလံုးသားကို ႏွစ္​သိမ္​႔ခ်င္​လို႔ပါ….

႐ွင္​သာ က်မကိုတကယ္​ခ်စ္​ရင္​ နား​ေဋာင္​းတစ္​ဆင္​စာ အစြယ္​အဖ်ား​ေလး​ေတာ့ ႐ွင္​က်မကို ​ေပးႏိုင္​မွာပဲမဟုတ္​လား….

ခု​ေတာ့…. မုဆိုး​ေလ်ွာက္​တင္​သမ်ွကို မစဥ္​းစားမဆင္​ျခင္​ပဲ ႐ွင္​က အာ​ေခါင္​ရင္​းကိုလႊနဲ႔ထိုး ဆိုးရြားတဲ့​ေဝဒနာကို အံတုလို႔ မိန္​းမဆိုးအမုန္​း ဒီဘဝဒီမ်ွနဲ႔ တံုး​ေစ​ေတာ့ဆိုၿပီး လက္​လြတ္​စပယ္​ က်မ​ေၾကာင္​့ ႐ွင္​​ေသပြဲဝင္ ​ရတယ္​တဲ့​ေလ…

က်မက မွားခဲ့တယ္​ဆို​ေပမယ္​့… ႐ွင္​က မိုက္​ခဲ့တယ္​ မင္း​ဆဒၵန္​…. နား​ေဋာင္​းတစ္​ဆင္​စာ ပမာဏဟာ အာ​ေခါင္​ရင္​းက​​ေနျဖတ္​ခ်မွ ရမွာမို႔လို႔လား…

မုဆိုးတင္​သမ်ွကို ၾကားရၿပီးစိတ္​နာတဲ့ ​ေလသံနဲ႔မိန္​းမဆိုးအမုန္​း ဒီဘဝဒီမ်ွနဲ႔ တံုး​ေစ​ေတာ့လို႔ ​ေျပာရင္​း ႐ွိ႐ွိသမ်ွအျပစ္​​ေတြကို က်မအ​ေပၚပဲစုပံုရက္​ခဲ့တယ္​….

က်မ မွာ​ေတာ့ မုဆိုးထမ္​းလာတဲ့ ႐ွင္​့အစြယ္​​ေဖြး​ေဖြးကို ခပ္​​ေဝး​ေဝးက လွမ္​းျမင္​ရတည္​းက အရာရာဟာ လြဲမွားစြာ မွားယြင္​းခဲ့ၿပီလို႔ သိလိုက္​ၿပီး ေသာကအ​ေပါင္​းဟာ ဖိစီးထိုးႏွက္​ခဲ့ပါတယ္​….

​ေနာက္​ဆံုး ထြက္​သက္​​ေတြအထိ နာက်င္​ခံခက္​တဲ့ ​ေလသံနဲ႔ ႐ွင္​ က်မကို ​ေျပာရက္​ခဲ့တဲ့ မိန္​းမဆိုးအမုန္​း ဒီဘဝဒီမ်ွနဲ႔တံုး​ေစ​ေတာ့… ဆိုတဲ့စကားဟာ က်မက ႐ွင္​့ကို တမင္​မုန္​းလို႔ပဲ သတ္​​ေစခဲ့သလိုပါပဲလား….

မဟုတ္​ရပါဘူးမင္း​ဆဒၵန္​ရယ္​…. အစြယ္​​ေလး နား​ေဋာင္​းတစ္​ဆင္​စာ ပဲလိုခ်င္​ခဲ့တာပါ…

အာ​ေခါင္​ရင္​းက​ေန ​ေသြး​ေျမက် ျဖတ္​​ေပးဖို႔ က်မက ဘယ္​လိုႏွလံုးသားမ်ိဳးနဲ႔ ႐ွင္​့ကိုရက္​စက္​ႏိုင္​မွာတဲ့လဲ…

မိုက္​လိုက္​တာ မင္း​ဆဒၵန္​ရယ္​….

နာက်ည္​းခ်က္​​ေတြနဲ႔ ႐ွင္​က က်မကို နႈတ္​ဆက္​ခဲ့တယ္​​ေပါ့….

မ်က္​ႏွာ​ေငြလ ရႊင္​ပ်ပ်ႏွင္​့ သခင္​မ…ဝမ္​း​ေျမာက္​ပါ​ေလ​ေတာ့တဲ့လား….

​ေျပာရက္​လိုက္​တာ ​ေမာင္​​ေတာ္​မင္း​မင္း​ဆဒၵန္​ရယ္​….

နား​ေဋာင္​းတစ္​ဆင္​စာ​ေလးအတြက္​ အာ​ေခါင္​းရင္​းက​ေန ျဖတ္​ယူခဲ့တဲ့ မုဆိုးမိုက္​​ေၾကာင္​့ လြဲမွားတဲ့ သံသယ​ေတြနဲ႔ သုဘဒၵါ ႏွလံုးသားဟာ ​ေသြး​ေျမက်ခဲ့ရပါၿပီ​ေလ….

မ်က္​ႏွာ​ေငြလ မဟုတ္​ခဲ့ပါဘူးမင္း​ဆဒၵန္​…

သုဘဒၵါ မ်က္​ႏွာတစ္​ခုလံုး တိမ္​ဖံုးၿပီး လမိုက္​ခဲ့ရပါၿပီ…

သခင္​မ…ဝမ္​း​ေျမာက္​​ေစခ်င္​တဲ့ ႐ွင္​့ဆု​ေတာင္​း​ေတြလည္​း မျပည္႔ႏိုင္​​ေတာ့ပါဘူး…

ႏွမ​ေတာ္​ရဲ႕ ႏွလံုးသည္​းပြတ္​ျဖစ္​တဲ့ ႐ွင္​့ကို ​ေသ​ေအာင္​သတ္​မိခဲ့သလို ျဖစ္​သြားခဲ့တဲ့အတြက္​ က်မ ဘယ္​လိုနည္​းနဲ႔မွ ရႊင္​ရႊင္​ပ်ပ် ​​ေပ်ာ္​မ​ေနရ​ေတာ့ပါဘူး..

အခု….. ႏွွမ​ေတာ္​ အသည္​းစိုင္​တစ္​ခုလံုး ကြဲအက္​ ပ်က္​စီးၿပီး ကံ​ေတာ္​ကုန္​လု​ေနပါၿပီ….မင္း​ဆဒၵန္​…

မနက္​ျဖန္​​ေတြအဆက္​ဆက္​ ​ေနာက္​ထပ္​ ႐ွိခဲ့အံုးမယ္​ဆိုရင္​​ေတာ့…

႐ွင္​့ရဲ႕ သံသယ​ေတြအတြက္​ ႐ွင္​းျပခြင္​့ရလိုက္​ခ်င္​ပါတယ္​​ေလ…

တကယ္​ဆို က်မရင္​ထဲက ခ်စ္​ျခင္​း​ေမတၱာကို ႐ွင္​မျမင္​ပဲ မိန္​းမိ႐ိုင္​းႀကီးရဲ႕ အမုန္​းလို႔ပဲ ႐ွင္​က ထင္​ခဲ့တာကိုး….

႐ွိပါ​ေစ​ေတာ့ မင္း​ဆဒၵန္​ရယ္​…

႐ွိပါ​ေစ​ေတာ့… ဒီဘဝ ဒီမ်ွနဲ႔ပဲ ႐ွိပါ​ေစ​ေတာ့​ေလ…

တကယ္​ဆိုရင္​….. က်မက….မွားခဲ့တယ္​ဆို​ေပမယ္​႔ ႐ွင္​က……မိုက္​ခဲ့ပါတယ္​မင္း​ဆဒၵန္​…..

ဘာလို႔လဲဆို​ေတာ့… မိန္​းမသားဆိုတာ…. ကိုယ္​့ခ်စ္​သူရဲ

ပထမ……. စူဠသုဘဒၵါ မဟုတ္​ခဲ့ရဘူးဆိုရင္​

ဒုတိယ…..မဟာသုဘဒၵါ ​ေတာ့ ဘယ္​​ေတာ့မွ အျဖစ္​မခံခ်င္​ၾကဘူးဆိုတာ

ဟိမဝႏၱာ ​ေတာၿမိဳင္​ယံမွာ ဆင္​အ​ ​ေပါင္းျ​ခံရံၿပီး စိုးစံခဲ့တဲ့

မင္း​ဆဒၵန္​ဧကရာဇ္​ ႀကီးမွ မသိခဲ့တာကိုး…

တကယ္​​ေတာ့ သုဘဒၵါ​ဆိုတဲ့ ႏွမ​ေတာ္​က ​ေမာင္​ႀကီးမင္​းဆဒၵန္​ကုိ မုန္​းခဲ့တာ မဟုတ္​ပါဘူး

အခ်စ္​ႀကီးခ်စ္​ခဲ့မိတာပါ မင္​းဆဒၵန္​ရယ္​…

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး

ပြောရက်ကြတယ်…အစွယ်လိုသူမိဖုရားတဲ့လား….ကျမတကယ်လိုချင်ခဲ့တာက မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ…

အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့ ကမ္ဘာအဆက်ဆက် သုဘဒ္ဒါမုန်းရက်ခဲ့တာ မဟုတ်ပါဘူး…

ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင် မရခဲ့လို့သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ…. ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်

ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့ ဘဝတစ်ခုလုံးပေးဆပ် ချစ်ခဲ့တာတောင် ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား….ဟင့်အင်း…

ပထမချစ်ခြင်း မဟုတ်ရင် ဒုတိယအဖြည့်ခံတော့ ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး….

မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်… မဖြစ်နိုင်တော့ပါဘူး

ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်…ကျမ ရှင့်ကို စိတ်နာတယ်….

ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ တစ်သီတစ်တန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဘူး….

အပယ်ခံတစ်ယောက်လို နာကျင်မှုမျိုးနဲ့ ကိုယ့်အချစ်ကို အဆိပ်ခတ်ပြီး ယိုင်နဲ့နဲ့နှလုံးသားတစ်စုံကို ဖက်တွယ်ရင်း ရှင်ပစ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်ခဲ့မိတာပါ…

ရှင့်စိတ်ထဲထင်ခဲ့ချင် ထင်ခဲ့မယ်…သုဘဒ္ဒါဟာ အငြိုးကြီးတဲ့… အမျက်ကြီးတဲ့… ဒေါသကြီးတဲ့ မိန်းမရယ်လို့…. ရှင်ထင်ချင်သလိုသာ ထင်ပါတော့ မင်းဆဒ္ဒန်ရယ်…

ဒီလောကကြီးတစ်ခုလုံးကို မြေလှန်ပြီး မေးကြည့်စမ်းလှည့်ပါ.. ကိုယ့်ချစ်သူထံက ဦးစားပေးအချစ်ခံချင်တဲ့ မိန်းမဆိုလို့ ကျမတစ်ယောက်တည်း ရှိခဲ့တာများလားလို့….

ရှင့်အတွက်တော့ ခါချဉ်လေးတစ်ကောင်… ဆိုပေမယ့်… ကျမအတွက်တော့ နာကျင်ခြင်း မြင့်မိုရ်တောင်ကြီးပါပဲလေ…ဆင်ရှစ်သောင်းစုပေါင်းနေတဲ့ မင်းရင်ပြင်ထက် ရှင်ပေးတဲ့ပန်းတစ်ခက်က အများအလယ်မှာ အရှက်ရစေခဲ့တယ် ဆိုတာ ရှင်ကမှ သတိမထားမိခဲ့ပဲ…

မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ပြီး ခံရခက်ခဲ့တယ်ဆိုတာရှင်ထင်သလို ခါချဉ်လေးပါတဲ့ အင်ကြင်းပန်းတစ်ခက် ကြောင့်မဟုတ်ပါဘူး…

မဟာသုဘဒ္ဒါအပေါ် ရှင့်ရဲ့အရေးပေးမှုအောက်မှာကျမ ကမ္ဘာကြီး မူးနောက်ပြာကျခဲ့ရတာပါလေ..

ရှင်သိအောင် ထပ်ပြောခဲ့မယ်မင်းဆဒ္ဒန်…. ပထမ စူဠသုဘဒ္ဒါ မဟုတ်ခဲ့ဖူးဆိုရင် ဒုတိယ မဟာသုဘဒ္ဒါတော့ ဘယ်မိန်းမက မဖြစ်ချင်ခဲ့ဘူးဆိုတာ တစ်နေ့နေ့တော့ ရှင်နားလည်လာမှာပါ….

စူဠသုဘဒ္ဒါ 1

ဟင့်အင်း…. ရှင်အထင်မလွဲပါနဲ့…အစွယ်လိုသူမိဖုရား မဟုတ်ခဲ့ပါဘူး…ရှင့်အချစ်တစ်ခုတည်းကိုပဲ လိုချင်ခဲ့တာပါ….

ဘဝချင်းမတူအောင် သံသရာခြားနားခဲ့ပေမယ့်ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်နစ် ချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်..

ရှင့်အစွယ်ကို နားဋောင်းပန်ဆင် လိုတယ်ဆိုတာလည်း ကျမမှာ အကြောင်းအရင်းတွေရှိပါတယ်.

ဟိမဝန္တာ အင်ကြင်းတောမြိုင်ယံမှာရှင့်ရဲ့ သက်ဆိုင်သူဖြစ်ခဲ့တဲ့ ကျမကို ရှင်ခုချိန်ထိ သတိတရရှိသေးရဲ့လားဆိုတာ ကျမသိချင်တယ်…သတိတရနဲ့ လွမ်းဆွတ် တမ်းတမှုမျိုးကိုလည်း ကျမလိုချင်မိတယ်….

ဘဝချင်းခြားခဲ့တာတောင် ချစ်အားမလျော့ခဲ့တဲ့ ကျမနှလုံးသားကို ရှင် လျှော့မတွက်ပါနဲ့ မင်းဆဒ္ဒန်…

တစ်ဖတ်သတ်ဆိုရင်တောင် ကျမက ကျေကျေနပ်နပ်ကြီး သံသရာအဆက်ဆက် ယူသွားအုံးမှာမို့လို့ပါ…

ဟုတ်တယ်… ကျမရှင့်ကို အဲ့လောက်ထိချစ်တယ်….
ဒါပေမယ့်…. နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ မင်းဆဒ္ဒန်ရယ်…..

ရှင့်အစွယ်ကို နားဋောင်း ပန်ဆင်လိုတယ်လို့ သောနုတ္ထိုရ်ကို ကျမမှာကြားလိုက်တယ်ဆိုပေမယ့်….

အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့ ကျမမမှာခဲ့မိဘူး… အမိန့်လည်းမပေးခဲ့ပါဘူး….

နားဋောင်းလုပ်ဝတ်လို့ရမယ့် ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ ကျမကလိုချင်ခဲ့မိတာပါ…

ရှင်အနားမှာ ရှိနေမပေးရင်တောင် ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ….

ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတစ်ဆင်စာ အစွယ်အဖျားလေးတော့ ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား….

ခုတော့…. မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကို အံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင် ရတယ်တဲ့လေ…

ကျမက မှားခဲ့တယ်ဆိုပေမယ့်… ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်…. နားဋောင်းတစ်ဆင်စာ ပမာဏဟာ အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား…

မုဆိုးတင်သမျှကို ကြားရပြီးစိတ်နာတဲ့ လေသံနဲ့မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့လို့ ပြောရင်း ရှိရှိသမျှအပြစ်တွေကို ကျမအပေါ်ပဲစုပုံရက်ခဲ့တယ်….

ကျမ မှာတော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်ဖွေးဖွေးကို ခပ်ဝေးဝေးက လှမ်းမြင်ရတည်းက အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်ပြီး သောကအပေါင်းဟာ ဖိစီးထိုးနှက်ခဲ့ပါတယ်….

နောက်ဆုံး ထွက်သက်တွေအထိ နာကျင်ခံခက်တဲ့ လေသံနဲ့ ရှင် ကျမကို ပြောရက်ခဲ့တဲ့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့… ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်မုန်းလို့ပဲ သတ်စေခဲ့သလိုပါပဲလား….

မဟုတ်ရပါဘူးမင်းဆဒ္ဒန်ရယ်…. အစွယ်လေး နားဋောင်းတစ်ဆင်စာ ပဲလိုချင်ခဲ့တာပါ…

အာခေါင်ရင်းကနေ သွေးမြေကျ ဖြတ်ပေးဖို့ ကျမက ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်စက်နိုင်မှာတဲ့လဲ…

မိုက်လိုက်တာ မင်းဆဒ္ဒန်ရယ်….

နာကျည်းချက်တွေနဲ့ ရှင်က ကျမကို နှုတ်ဆက်ခဲ့တယ်ပေါ့….

မျက်နှာငွေလ ရွှင်ပျပျနှင့် သခင်မ…ဝမ်းမြောက်ပါလေတော့တဲ့လား….

ပြောရက်လိုက်တာ မောင်တော်မင်းမင်းဆဒ္ဒန်ရယ်….

နားဋောင်းတစ်ဆင်စာလေးအတွက် အာခေါင်းရင်းကနေ ဖြတ်ယူခဲ့တဲ့ မုဆိုးမိုက်ကြောင့် လွဲမှားတဲ့ သံသယတွေနဲ့ သုဘဒ္ဒါ နှလုံးသားဟာ သွေးမြေကျခဲ့ရပါပြီလေ….

မျက်နှာငွေလ မဟုတ်ခဲ့ပါဘူးမင်းဆဒ္ဒန်…

သုဘဒ္ဒါ မျက်နှာတစ်ခုလုံး တိမ်ဖုံးပြီး လမိုက်ခဲ့ရပါပြီ…

သခင်မ…ဝမ်းမြောက်စေချင်တဲ့ ရှင့်ဆုတောင်းတွေလည်း မပြည့်နိုင်တော့ပါဘူး…

နှမတော်ရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ရှင့်ကို သေအောင်သတ်မိခဲ့သလို ဖြစ်သွားခဲ့တဲ့အတွက် ကျမ ဘယ်လိုနည်းနဲ့မှ ရွှင်ရွှင်ပျပျ ပျော်မနေရတော့ပါဘူး..

အခု….. နှမတော် အသည်းစိုင်တစ်ခုလုံး ကွဲအက် ပျက်စီးပြီး ကံတော်ကုန်လုနေပါပြီ….မင်းဆဒ္ဒန်…

မနက်ဖြန်တွေအဆက်ဆက် နောက်ထပ် ရှိခဲ့အုံးမယ်ဆိုရင်တော့…

ရှင့်ရဲ့ သံသယတွေအတွက် ရှင်းပြခွင့်ရလိုက်ချင်ပါတယ်လေ…

တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ မိန်းမိရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး….

ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်…

ရှိပါစေတော့… ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ…

တကယ်ဆိုရင်….. ကျမက….မှားခဲ့တယ်ဆိုပေမယ့် ရှင်က……မိုက်ခဲ့ပါတယ်မင်းဆဒ္ဒန်…..

ဘာလို့လဲဆိုတော့… မိန်းမသားဆိုတာ…. ကိုယ့်ချစ်သူရဲ

ပထမ……. စူဠသုဘဒ္ဒါ မဟုတ်ခဲ့ရဘူးဆိုရင်

ဒုတိယ…..မဟာသုဘဒ္ဒါ တော့ ဘယ်တော့မှ အဖြစ်မခံချင်ကြဘူးဆိုတာ

ဟိမဝန္တာ တောမြိုင်ယံမှာ ဆင်အ ပေါင်းခြံရံပြီး စိုးစံခဲ့တဲ့

မင်းဆဒ္ဒန်ဧကရာဇ် ကြီးမှ မသိခဲ့တာကိုး…

တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး

အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်…