ခ်မ္းသာတဲ့မိသားစုက ေမြးလာတာမဟုတ္လည္း လူခ်မ္းသာျဖစ္ေစမယ့္ နည္းလမ္း(၇)ခု

လူခ်မ္းသာတစ္ေယာက္ ျဖစ္လာဖုိ႔ဆုိတာ တကယ္ေတာ့ ခ်မ္းသာတဲ့မိသားစုက ေမြးဖြားလာဖုိ႔မလုိပါဘူး။ ခ်မ္းသာတဲ့ ပုဂၢိဳလ္ေတြအားလုံးက လူခ်မ္းသာမိသားစုက ဆင္းသက္လာၾကတာ မဟုတ္သလုိ ကုိယ့္ဒူးကုိယ္ခၽြန္ၿပီး ႀကိဳးစားခဲ့ၾကရတဲ့လူေတြပါ။ ဒီေတာ့ သူတုိ႔အေနနဲ႔ ဒီလုိခ်မ္းသာေအာင္ ဘယ္လုိမ်ိဳးေတြ စြမ္းေဆာင္ခဲ့ၾကသလဲ။ သူတို႔ရဲ႕ လ်ိဳ႕၀ွက္ခ်က္ေတြက ဘာေတြလဲ စသျဖင့္ သိခ်င္ၾကမွာပါပဲ။ သင့္အေနနဲ႔ ခ်မ္းသာတဲ့မိသားစုက ေမြးဖြားလာတာမဟုတ္ပဲ လူခ်မ္းသာတစ္ေယာက္ျဖစ္လာႏုိင္ဖုိ႔ ဘယ္လုိအခ်က္ေတြကုိ သိထားရမလဲဆိုတာ ဖတ္ၾကည့္လုိက္ပါေနာ္…။

(၁)။ သင္ ဘာျဖစ္ခ်င္လဲဆုိတာ သင္ေသခ်ာသိရမယ္

shutterstock

သင္ ဘယ္ေလာက္ပဲ အလုပ္ကုိႀကိဳးစားလုပ္လုပ္ ဒီအလုပ္ကုိ ဘာအတြက္ လုပ္ေနရသလဲဆုိတဲ့ ကိစၥက သင့္ေခါင္းထဲမွာ ရွင္းရွင္းလင္းလင္း ျဖစ္ေနဖုိ႔ လုိပါတယ္။ ဒီလုိမွပဲ ေနာက္တစ္ဆင့္ကုိ တက္လွမ္းဖုိ႔အတြက္ သင္ အဆင္သင့္ျဖစ္ေနမွာျဖစ္ၿပီး သင့္ရဲ႕ရည္မွန္းခ်က္ကုိလည္း ျမန္ျမန္ဆန္ဆန္နဲ႔ ေရာက္ရွိေစမွာပါ။ အလုပ္ကရတဲ့ ပုိက္ဆံေတြကုိ ဘယ္လုိသုံးမလဲ၊ ဘယ္လုိ စီမံခန္႔ခြဲမလဲ၊ ဘယ္လုိနည္းနဲ႔ တျခားေနရာေတြမွာ ျမွပ္ႏွံမလဲ စတဲ့အခ်က္ေတြကလည္း သင္အၿမဲတမ္း ေတြးေနရမယ့္ အခ်က္ေတြျဖစ္ၿပီး သင့္ရဲ႕အလုပ္အကုိင္နဲ႔၀င္ေငြကုိ မွန္မွန္ကန္ကန္ စီမံခန္႔ခြဲႏုိင္ျခင္းက သင့္ကုိ ခ်မ္းသာတဲ့လမ္းေၾကာင္းေပၚ ေရာက္ရွိသြားေစမွာပါ။

(၂)ျဖတ္လမ္းနည္းမသုံးပါနဲ႔

shutterstock

သင့္ရဲ႕၀င္ေငြဟာ ဘယ္ေလာက္ပဲ နည္းေနတယ္ဆုိဦး သင့္အေနနဲ႔ ၀င္ေငြေတြပုိမ်ားလာဖုိ႔ ျဖတ္လမ္းနည္းမသုံးသင့္ပါဘူး။ အဲဒါက အႏၱရာယ္မ်ားၿပီး အခ်ိန္မေရြး သင့္ကုိ ေခ်ာက္ထဲ က်သြားႏုိင္တာမ်ိဳးပါ။ သင့္ရဲ႕လက္ရွိအလုပ္ကုိ ႀကိဳးစားလုပ္ရင္း ၀င္ေငြတုိးေအာင္ လုပ္သင့္သလုိ၊ ကုိယ္ကၽြမ္းက်င္တဲ့ တခ်ိဳ႕အလုပ္ေလးေတြကုိ အစပ်ိဳးၿပီး လုပ္ၾကည့္တာမ်ိဳးက ပုိၿပီး ေကာင္းပါတယ္။

(၃)။ စြန္႔စားရမယ့္ အေျခအေနေတြကုိ သတိထားပါ

shutterstock

သင့္အေနနဲ႔ ဘ၀တစ္ခုလုံးေျပာင္းလဲဖုိ႔ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ခ်ဖုိ႔ လုိလာၿပီဆုိပါေတာ့။ သင့္အေနနဲ႔ ေအာင္ျမင္ရင္ ခ်မ္းသာသြားႏုိင္ၿပီး မေအာင္ျမင္ခဲ့ရင္ေတာ့ သင္စုေဆာင္းထားသမွ် အားလုံး ကုန္သြားႏုိင္တဲ့ အေနအထားပါ။ ဒီလုိအေျခအေနက စြန္႔စားရမယ့္ အေျခအေနျဖစ္ၿပီး သင့္အေနန႔ဲ သတိထားဖုိ႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ဒီလုိအေျခအေနမ်ိဳးကုိ ေရြးခ်ယ္မယ့္အစား ကုိယ့္အတြက္ အႏၱရာယ္ကင္းၿပီး ၀င္ေငြတုိးႏုိင္မယ့္ တျခားနည္းလမ္းတစ္ခုကုိ ရွာေဖြၾကည့္တာက ပုိလုိ႔ေတာင္ေကာင္းပါေသးတယ္။

(၄)။ မတူညီတဲ့အျမင္ေတြကေန စဥ္းစားပါ

shatterstock

သင့္အေနနဲ႔ သူမ်ားေတြထက္ပုိၿပီး ေအာင္ျမင္ခ်င္တယ္ဆုိရင္ သူမ်ားေတြနဲ႔ မတူတဲ့အျမင္မ်ိဳးရွိရမွာပါ။ တျခားလူေတြနဲ႔မတူတဲ့ အျမင္မ်ိဳး၊ အေတြးအေခၚမ်ိဳး ေတြးႏုိင္ဖုိ႔ ႀကိဳးစားရမွာျဖစ္ၿပီး လူေတြရဲ႕စိတ္ကုိ နားလည္ႏုိင္ဖုိ႔လည္း လုိပါတယ္။ဒါမွသာ တျခားသူေတြနဲ႔ ကြဲျပားတဲ့အလုပ္အကုိင္ေတြကုိ တီထြင္လုပ္ကုိင္ႏုိင္မွာျဖစ္ၿပီး သင့္ဘ၀တက္လမ္းအတြက္ အက်ိဳးရွိပါလိမ့္မယ္။

(၅)။ ပုိက္ဆံတန္ဖုိးကုိနားလည္ပါ

shatterstock

သင့္အေနနဲ႔ ပုိက္ဆံမ်ားမ်ား ရွာႏုိင္တဲ့အခ်ိန္မွာ ပုိက္ဆံတန္ဖုိးကုိ နားလည္ဖုိ႔လုိအပ္ပါတယ္။ ဒီလုိမွမဟုတ္ပဲ ကုိယ္ရေနတဲ့၀င္ေငြေတြ အားလုံးက ကုိယ္ျပန္သုံးပစ္တာနဲ႔ ကုန္သြားမယ္ဆုိရင္ သင့္အတြက္ ဘာအခြင့္အေရးမွ ရွိမွာမဟုတ္ေတာ့ပါဘူး။ ဒီေတာ့ သင့္ရဲ႕၀င္ေငြထဲက ပမာဏတစ္ခ်ိဳ႕ကုိ စုေဆာင္းထားသင့္ၿပီး ဒါက သင့္ရဲ႕အေရးေပၚအေျခအေန၊ ဒါမွမဟုတ္ အနာဂတ္ရင္းႏွီးျမွပ္ႏွံမႈေတြအတြက္ အသုံး၀င္ပါလိမ့္မယ္။

(၆)။ သင့္ကုိယ္သင္ဆင္ေျခမေပးပါနဲ႔

shatterstock

သင့္အေနနဲ႔ ပုံမွန္၀င္ေငြေတြကုိ စုေဆာင္းေနတာကေန အေၾကာင္းျပခ်က္တစ္ခုနဲ႔ အဲဒါကုိ ရပ္လုိက္တာမ်ဳိး မလုပ္မိပါေစနဲ႔။ “ဒီလေတာ့ ပင္ပန္းလုိ႔ပုိသုံးလိုက္မယ္” “ဒီလေတာ့ အ၀တ္အစားနည္းနည္းပုိ၀ယ္လုိက္မယ္” စတာမ်ိဳးက သင့္ကုိ အက်င့္ျဖစ္သြားေစမွာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္ရဲ႕ စုေဆာင္းလုိစိတ္ကုိ ေပ်ာက္သြားေစပါလိမ့္မယ္။ အလားတူပဲ သင့္အေနနဲ႔ အလုပ္ႀကိဳးစား လုပ္ေနရာကေန သင့္ကုိယ္သင္ ဆင္ေျခေတြေပးၿပီး အလုပ္ကုိ ပုံမွန္ထက္ေလ်ာ့လုပ္တာမ်ိဳး မလုပ္မိပါေစနဲ႔။ အဲဒါက သင့္ရဲ႕ ရည္မွန္းခ်က္ေတြကုိ ေပ်ာက္သြားေစပါလိမ့္မယ္။

(၇) အမွားလုပ္မိမွာ မေၾကာက္ပါနဲ႔

shatterstock

သင့္အေနနဲ႔ အေျပာင္းအလဲတစ္ခုခု လုပ္ဖုိ႔ ႀကိဳးစားတုိင္း မွားသြားမလားဆုိတဲ့ ခံစားမႈမ်ိဳး ခံစားေနရတယ္ဆုိရင္ အဲဒါကုိ ေျပာင္းလဲပစ္ဖုိ႔ အျမန္ဆုံးႀကိဳးစားပါ။ သင့္အေနန႔ဲ အလုပ္လုပ္ေနသေရြ႕ အမွားအယြင္းေတြကုိ ရင္ဆုိင္ရမွာျဖစ္ၿပီးအဲဒါေတြကေန သင္ခန္းစာယူဖုိ႔ ႀကိဳးစားတာအေကာင္းဆုံးပါပဲ။ ကုိယ့္ရဲ႕အမွားေတြကေနတစ္ဆင့္ ျပန္ၿပီး သင္ခန္းစာယူႏုိင္သလုိ ကုိယ့္ပတ္၀န္းက်င္က လူေတြ ႀကဳံေတြ႕ေနရတဲ့ အမွားေတြကေနတစ္ဆင့္လည္း သင္ခန္းစာယူႏုိင္ဖုိ႔ ႀကိဳးစားပါ။

Linn

လူချမ်းသာတစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်တော့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာဖို့မလိုပါဘူး။ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လူချမ်းသာမိသားစုက ဆင်းသက်လာကြတာ မဟုတ်သလို ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ကြရတဲ့လူတွေပါ။ ဒီတော့ သူတို့အနေနဲ့ ဒီလိုချမ်းသာအောင် ဘယ်လိုမျိုးတွေ စွမ်းဆောင်ခဲ့ကြသလဲ။ သူတို့ရဲ့ လျို့ဝှက်ချက်တွေက ဘာတွေလဲ စသဖြင့် သိချင်ကြမှာပါပဲ။ သင့်အနေနဲ့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတာမဟုတ်ပဲ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ဖို့ ဘယ်လိုအချက်တွေကို သိထားရမလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်…။

(၁)။ သင် ဘာဖြစ်ချင်လဲဆိုတာ သင်သေချာသိရမယ်

shutterstock
သင် ဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လုပ် ဒီအလုပ်ကို ဘာအတွက် လုပ်နေရသလဲဆိုတဲ့ ကိစ္စက သင့်ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။ ဒီလိုမှပဲ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် သင် အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိစေမှာပါ။ အလုပ်ကရတဲ့ ပိုက်ဆံတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လိုနည်းနဲ့ တခြားနေရာတွေမှာ မြှပ်နှံမလဲ စတဲ့အချက်တွေကလည်း သင်အမြဲတမ်း တွေးနေရမယ့် အချက်တွေဖြစ်ပြီး သင့်ရဲ့အလုပ်အကိုင်နဲ့ဝင်ငွေကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ခြင်းက သင့်ကို ချမ်းသာတဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားစေမှာပါ။

(၂)ဖြတ်လမ်းနည်းမသုံးပါနဲ့

shutterstock
သင့်ရဲ့ဝင်ငွေဟာ ဘယ်လောက်ပဲ နည်းနေတယ်ဆိုဦး သင့်အနေနဲ့ ဝင်ငွေတွေပိုများလာဖို့ ဖြတ်လမ်းနည်းမသုံးသင့်ပါဘူး။ အဲဒါက အန္တရာယ်များပြီး အချိန်မရွေး သင့်ကို ချောက်ထဲ ကျသွားနိုင်တာမျိုးပါ။ သင့်ရဲ့လက်ရှိအလုပ်ကို ကြိုးစားလုပ်ရင်း ဝင်ငွေတိုးအောင် လုပ်သင့်သလို၊ ကိုယ်ကျွမ်းကျင်တဲ့ တချို့အလုပ်လေးတွေကို အစပျိုးပြီး လုပ်ကြည့်တာမျိုးက ပိုပြီး ကောင်းပါတယ်။

(၃)။ စွန့်စားရမယ့် အခြေအနေတွေကို သတိထားပါ

shutterstock
သင့်အနေနဲ့ ဘဝတစ်ခုလုံးပြောင်းလဲဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုလာပြီဆိုပါတော့။ သင့်အနေနဲ့ အောင်မြင်ရင် ချမ်းသာသွားနိုင်ပြီး မအောင်မြင်ခဲ့ရင်တော့ သင်စုဆောင်းထားသမျှ အားလုံး ကုန်သွားနိုင်တဲ့ အနေအထားပါ။ ဒီလိုအခြေအနေက စွန့်စားရမယ့် အခြေအနေဖြစ်ပြီး သင့်အနေနဲ့ သတိထားဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလိုအခြေအနေမျိုးကို ရွေးချယ်မယ့်အစား ကိုယ့်အတွက် အန္တရာယ်ကင်းပြီး ဝင်ငွေတိုးနိုင်မယ့် တခြားနည်းလမ်းတစ်ခုကို ရှာဖွေကြည့်တာက ပိုလို့တောင်ကောင်းပါသေးတယ်။

(၄)။ မတူညီတဲ့အမြင်တွေကနေ စဉ်းစားပါ

shatterstock
သင့်အနေနဲ့ သူများတွေထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုရင် သူများတွေနဲ့ မတူတဲ့အမြင်မျိုးရှိရမှာပါ။ တခြားလူတွေနဲ့မတူတဲ့ အမြင်မျိုး၊ အတွေးအခေါ်မျိုး တွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့စိတ်ကို နားလည်နိုင်ဖို့လည်း လိုပါတယ်။ဒါမှသာ တခြားသူတွေနဲ့ ကွဲပြားတဲ့အလုပ်အကိုင်တွေကို တီထွင်လုပ်ကိုင်နိုင်မှာဖြစ်ပြီး သင့်ဘဝတက်လမ်းအတွက် အကျိုးရှိပါလိမ့်မယ်။

(၅)။ ပိုက်ဆံတန်ဖိုးကိုနားလည်ပါ

shatterstock
သင့်အနေနဲ့ ပိုက်ဆံများများ ရှာနိုင်တဲ့အချိန်မှာ ပိုက်ဆံတန်ဖိုးကို နားလည်ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ရနေတဲ့ဝင်ငွေတွေ အားလုံးက ကိုယ်ပြန်သုံးပစ်တာနဲ့ ကုန်သွားမယ်ဆိုရင် သင့်အတွက် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်တော့ပါဘူး။ ဒီတော့ သင့်ရဲ့ဝင်ငွေထဲက ပမာဏတစ်ချို့ကို စုဆောင်းထားသင့်ပြီး ဒါက သင့်ရဲ့အရေးပေါ်အခြေအနေ၊ ဒါမှမဟုတ် အနာဂတ်ရင်းနှီးမြှပ်နှံမှုတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၆)။ သင့်ကိုယ်သင်ဆင်ခြေမပေးပါနဲ့

shatterstock
သင့်အနေနဲ့ ပုံမှန်ဝင်ငွေတွေကို စုဆောင်းနေတာကနေ အကြောင်းပြချက်တစ်ခုနဲ့ အဲဒါကို ရပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။ “ဒီလတော့ ပင်ပန်းလို့ပိုသုံးလိုက်မယ်” “ဒီလတော့ အဝတ်အစားနည်းနည်းပိုဝယ်လိုက်မယ်” စတာမျိုးက သင့်ကို အကျင့်ဖြစ်သွားစေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ စုဆောင်းလိုစိတ်ကို ပျောက်သွားစေပါလိမ့်မယ်။ အလားတူပဲ သင့်အနေနဲ့ အလုပ်ကြိုးစား လုပ်နေရာကနေ သင့်ကိုယ်သင် ဆင်ခြေတွေပေးပြီး အလုပ်ကို ပုံမှန်ထက်လျော့လုပ်တာမျိုး မလုပ်မိပါစေနဲ့။ အဲဒါက သင့်ရဲ့ ရည်မှန်းချက်တွေကို ပျောက်သွားစေပါလိမ့်မယ်။

(၇) အမှားလုပ်မိမှာ မကြောက်ပါနဲ့

shatterstock

သင့်အနေနဲ့ အပြောင်းအလဲတစ်ခုခု လုပ်ဖို့ ကြိုးစားတိုင်း မှားသွားမလားဆိုတဲ့ ခံစားမှုမျိုး ခံစားနေရတယ်ဆိုရင် အဲဒါကို ပြောင်းလဲပစ်ဖို့ အမြန်ဆုံးကြိုးစားပါ။ သင့်အနေနဲ့ အလုပ်လုပ်နေသရွေ့ အမှားအယွင်းတွေကို ရင်ဆိုင်ရမှာဖြစ်ပြီးအဲဒါတွေကနေ သင်ခန်းစာယူဖို့ ကြိုးစားတာအကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့အမှားတွေကနေတစ်ဆင့် ပြန်ပြီး သင်ခန်းစာယူနိုင်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကြုံတွေ့နေရတဲ့ အမှားတွေကနေတစ်ဆင့်လည်း သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။

Linn

Be the first to comment

Leave a Reply

Your email address will not be published.


*