ငါတို႔ႏွစ္ေယာက္ ျပန္ဆံုေတြ႕ၾကတဲ့အခါ…..

နင့္ရဲ့ေဘးမွာ နင့္အခ်စ္ဆုံး ရွိေနၿပီးျဖစ္သလို

ငါ့ရဲ့ေဘးမွာလဲ ငါနဲ႔အသင့္ေတာ္ဆုံးသူ ရွိေနၿပီ…။

နင့္အခ်စ္ေတြ သူ႔အတြက္ ပုံေအာၿပီးသေလာက္

ငါ့အခ်စ္ေတြကို (တစ္ခ်ိန္ကခ်စ္သူကို ပုံေအာၿပီးခ်စ္ခဲ့သလိုမ်ိဳး) သူ႔အေပၚ ပုံေအာနိုင္ဖို႔ ႀကိဳးစားေနတုန္း

နင္ကေတာ့ သူ႔ဆီက နားလည္မႈေတြယူေနခ်ိန္မွာ

ငါကေတာ့ သူ႔ဆီက နားလည္မႈေကာ ေႏြးေထြးမႈေတြပါ ရယူၿပီးေနၿပီ ။

ဒါေပမယ့္ ငါမေပ်ာ္သလိုပဲ

နင္က နင့္အတြက္ ခ်စ္သူကိုရွာေဖြေတြ႕ရွိခ်ိန္မွာ

ငါ့မွာလဲ ငါ့ရဲ့ ဖူးစာဘက္ရွိေနၿပီ

နင့္အခ်ိန္ေတြကို သူ႔အတြက္ေပးၿပီး ေပ်ာ္ရႊင္ေနသေလာက္

သူ႔အခ်ိန္ေတြကို ငါ့အတြက္ေပးလာတာေတြ႕တိုင္း နင္သာဆိုတဲ့အေတြးနဲ႔ ဒဏ္ရာေဟာင္းက ရိုက္ခတ္ေနတုန္း…

နင္ကအျဖစ္ခ်င္ဆုံးေတြနဲ႔ ဘဝကိုျဖတ္သန္းေနခ်ိန္

ငါကေတာ့ အျဖစ္သင့္ဆုံးဆိုတဲ့အေတြးေတြနဲ႔ ဘဝကို ျဖတ္သန္းေနခဲ့ၿပီ…။

ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုဦးစားေပးတဲ့သူက

ေအာင္ျမင္နိုင္သလို ျဖစ္သင့္တာထက္ ျဖစ္ခ်င္ရာကိုဦးစားေပးရင္ ေပ်ာ္ရႊင္ေစသတဲ့

ငါကေတာ့ ျဖစ္သင့္တာကိုဦးစားေပးၿပီး ေအာင္ျမင္ေအာင္ ေနတယ္ဆိုတာထက္ ျဖစ္ခ်င္တာေတြအတြက္

(ငါ့ေဘးမွာ နင္ရွိေစခ်င္တဲ့ဆႏၵေတြအတြက္) ျဖစ္ခြင့္မရွိပဲ ႏွလုံးသားတစ္ခုကို စေတးရၿပီး ေအာင္ျမင္ေနတယ္ပဲဆိုပါေတာ့

နင္ကေတာ့ ျဖစ္သင့္တဲ့အခ်စ္ဆုံးကိုစြန႔္လႊတ္ၿပီး

ျဖစ္ခ်င္တဲ့ခ်စ္သူနဲ႔အတူ ေပ်ာ္ရႊင္ေနတယ္

ငါ့အတြက္က ငါ့ကိုမခ်စ္တဲ့သူကို ဆုံးရႈံးထားရသလို နင့္မွာေတာ့ နင့္ကိုအခ်စ္ဆုံးသူကို ဆုံးရႈံးထားရတယ္…

ဆုံးရႈံးပုံျခင္းမတူညီေပမယ့္ ဆုံးရႈံးမႈတန္ဖိုးကို သိတဲ့သူအတြက္ကေတာ့ ေမ့ေဖ်ာက္ဖို႔ခက္တဲ့ အႀကီးမားဆုံး ဆုံးရႈံးမႈေတြပါပဲ…

ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ နင္လဲနင့္အတြက္ အျဖစ္ခ်င္ဆုံးလူနဲ႔အတူ

ငါ့မွာလဲ ငါ့ဘဝအတြက္အသင့္ေတာ္ဆုံး ျဖစ္သင့္တဲ့သူနဲ႔အတူ

နင့္မွာ ခ်စ္သူ ၊ ငါ့မွာ ဖူးစာ ။ နင့္အတြက္ ေပ်ာ္ရႊင္မႈ ၊ ငါ့အတြက္ ေအာင္ျမင္မႈ။ နင္က နင့္အခ်စ္၊ ငါက သူ႔အခ်စ္။ နင့္မွာက ျဖစ္ခ်င္သူနဲ႔၊
ငါ့မွာေတာ့ ျဖစ္သင့္သူနဲ႔။ နင့္လူဟာ ငါမဟုတ္သလို၊ ငါ့လူကလဲ နင္မဟုတ္ေတာ့ဘူး

ဥပမာဆိုပါေတာ့

နင့္လူဆိုတာ တစ္ခ်ိန္က နင့္လိုပဲ

ငါ့လူကလဲ တစ္ခ်ိန္က ငါ့အတိုင္းပဲ

ငါ့မွာ ေမ့ေဖ်ာက္နိုင္စြမ္းရွိရင္ ဆုံးရႈံးျဖစ္တာတစ္ခုမွမရွိဘူး

နင့္မွာေတာ့ ေမ့ေဖ်ာက္နိုင္စြမ္းဘယ္ေလာက္ပဲရွိရွိ ဆုံးရႈံးမႈကို နားလည္လာတဲ့တစ္ေန႔ ယူၾကဳံးမရျဖစ္လိမ့္မယ္

ဘာပဲျဖစ္ျဖစ္ အရင္လိုမဟုတ္ေတာ့တဲ့ ငါတို႔ႏွစ္ေယာက္ ျပန္ဆုံေတြ႕ၾကတဲ့အခါ ျခားနားခ်က္ေတြ ၊ ကြဲျပားျခင္းေတြ မတူညီတဲ့ပုံစံေတြနဲ႔ပဲ ဆ္ုိပါေတာ့

#Credit

#အခ်စ္ပုံျပင္

————–

ါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ. . .

နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလို

ငါ့ရဲ့ဘေးမှာလဲ ငါနဲ့အသင့်တော်ဆုံးသူ ရှိနေပြီ…။

နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက်

ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း

နင်ကတော့ သူ့ဆီက နားလည်မှုတွေယူနေချိန်မှာ

ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီ ။

ဒါပေမယ့် ငါမပျော်သလိုပဲ

နင်က နင့်အတွက် ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာ

ငါ့မှာလဲ ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ

နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက်

သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်း နင်သာဆိုတဲ့အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း…

နင်ကအဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်

ငါကတော့ အဖြစ်သင့်ဆုံးဆိုတဲ့အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ…။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတဲ့သူက

အောင်မြင်နိုင်သလို ဖြစ်သင့်တာထက် ဖြစ်ချင်ရာကိုဦးစားပေးရင် ပျော်ရွှင်စေသတဲ့

ငါကတော့ ဖြစ်သင့်တာကိုဦးစားပေးပြီး အောင်မြင်အောင် နေတယ်ဆိုတာထက် ဖြစ်ချင်တာတွေအတွက်

(ငါ့ဘေးမှာ နင်ရှိစေချင်တဲ့ဆန္ဒတွေအတွက်) ဖြစ်ခွင့်မရှိပဲ နှလုံးသားတစ်ခုကို စတေးရပြီး အောင်မြင်နေတယ်ပဲဆိုပါတော့

နင်ကတော့ ဖြစ်သင့်တဲ့အချစ်ဆုံးကိုစွန့်လွှတ်ပြီး

ဖြစ်ချင်တဲ့ချစ်သူနဲ့အတူ ပျော်ရွှင်နေတယ်

ငါ့အတွက်က ငါ့ကိုမချစ်တဲ့သူကို ဆုံးရှုံးထားရသလို နင့်မှာတော့ နင့်ကိုအချစ်ဆုံးသူကို ဆုံးရှုံးထားရတယ်…

ဆုံးရှုံးပုံခြင်းမတူညီပေမယ့် ဆုံးရှုံးမှုတန်ဖိုးကို သိတဲ့သူအတွက်ကတော့ မေ့ဖျောက်ဖို့ခက်တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေပါပဲ…

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နင်လဲနင့်အတွက် အဖြစ်ချင်ဆုံးလူနဲ့အတူ

ငါ့မှာလဲ ငါ့ဘဝအတွက်အသင့်တော်ဆုံး ဖြစ်သင့်တဲ့သူနဲ့အတူ

နင့်မှာ ချစ်သူ ၊ ငါ့မှာ ဖူးစာ ။ နင့်အတွက် ပျော်ရွှင်မှု ၊ ငါ့အတွက် အောင်မြင်မှု။ နင်က နင့်အချစ်၊ ငါက သူ့အချစ်။ နင့်မှာက ဖြစ်ချင်သူနဲ့၊
ငါ့မှာတော့ ဖြစ်သင့်သူနဲ့။ နင့်လူဟာ ငါမဟုတ်သလို၊ ငါ့လူကလဲ နင်မဟုတ်တော့ဘူး

ဥပမာဆိုပါတော့

နင့်လူဆိုတာ တစ်ချိန်က နင့်လိုပဲ

ငါ့လူကလဲ တစ်ချိန်က ငါ့အတိုင်းပဲ

ငါ့မှာ မေ့ဖျောက်နိုင်စွမ်းရှိရင် ဆုံးရှုံးဖြစ်တာတစ်ခုမှမရှိဘူး

နင့်မှာတော့ မေ့ဖျောက်နိုင်စွမ်းဘယ်လောက်ပဲရှိရှိ ဆုံးရှုံးမှုကို နားလည်လာတဲ့တစ်နေ့ ယူကြုံးမရဖြစ်လိမ့်မယ်

ဘာပဲဖြစ်ဖြစ် အရင်လိုမဟုတ်တော့တဲ့ ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ၊ ကွဲပြားခြင်းတွေ မတူညီတဲ့ပုံစံတွေနဲ့ပဲ ဆ်ုိပါတော့

#Credit

#အချစ်ပုံပြင်