ရင္ထဲထိရွေစမယ့္ လူတစ္ဦးနဲ႔ ေခြးတစ္ေကာင္တို႔ရဲ႕ ၾကည္ႏူးဖြယ္ ျမင္ကြင္းေလး

လူသူရွင္းလင္းေနတဲ့ လမ္းမတစ္ခုေပၚမွာ လူနဲ႔တိရစာၦန္ၾကားထဲမွာ ဖြဲ႔ေႏွာင္ထားတဲ့ သံေယာဇဥ္ကို ေဖာ္ျပေနတဲ့ အျဖစ္အပ်က္ေလးအေၾကာင္း အခုလိုသိရပါတယ္။ အီတလီႏုိင္ငံ ဗီဘိုဗလန္ရွာၿမိဳ႕မွာ အဖုိးတစ္ေယာက္ဟာ ေခြးတစ္ေကာင္ကို တြန္းလွည္းေလးတစ္ခုေပၚမွာတင္ၿပီး လမ္းေလွ်ာက္ထြက္လာပါတယ္။ ထူးျခားတာက ေခြးေလးဟာ ဒုကိၡတေလးပါ။

ဗီဒီယိုထဲမွာေတာ့ အဖိုးဟာ ေခြးတင္လာတဲ့ တြန္းလွည္းေလးကို တြန္းလာရင္း အိမ္တစ္အိမ္ ေရွ႕အေရာက္မွာေတာ့ တြန္းလွည္းကို ရပ္လိုက္ပါတယ္။ ၿပီးေနာက္ ေခြးကေလးကုိ မဆြဲၿပီး အိမ္ထဲေခၚသြင္းခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အျဖစ္အပ်က္ကို ဆာဘရီနာဆိုသူ အမ်ိဳးသမီးက ဗီဒီယိုရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

ဆာဘရီနာက လမ္းေလွ်ာက္ ထြက္လာရင္း ၄င္းအျဖစ္ကို ျမင္ရတဲ့အခါ ရင္ထဲတသိမ့္သိမ့္ ၾကည္ႏူးမိတာေၾကာင့္ အြန္လိုင္းေပၚမွာ မွ်ေ၀ျဖစ္ခဲ့တာပါ။ ဆာဘရီရဲ႕ ဗီဒီယိုဟာ အီတလီႏိုင္ငံတစ္ခုလံုး ျပန္႔ႏွံ႔သြားခဲ့ၿပီး သတင္းေခါင္းၾကီးေတြမွာပါ ေဖာ္ျပခံခဲ့ရပါတယ္။ ၾကားရတာက ထိုအဖိုးအိုဟာ တိုနီႏိုဗီတယ္လ္ အမည္ရၿပီး ေခြးေလးကေတာ့ ဒိုင္လန္ျဖစ္ကာ (၁၃)ႏွစ္သား ရွိၿပီလို႔သိရပါတယ္။ ဒိုင္လန္ဟာ အရိုးအဆစ္ေယာင္ယမ္းနာေၾကာင့္ ေနာက္ေျခေထာက္ေတြ ခ်ိနဲ႔ၿပီး လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့တာျဖစ္ပါတယ္။

ေဒသခံေတြကေတာ့ အဖိုးအိုတိုနီႏိုဗီတယ္လ္ဟာ ေန႔တိုင္းနီးပါးလိုလို ေခြးေလးကို အျပင္လမ္းေလွ်ာက္ထြက္ရင္းနဲ႔ ခုလိုေခၚထုတ္လာတတ္ေၾကာင္း ေျပာျပပါတယ္။ ဒုကိၡတေခြးေလးကို မစြန္႔ပစ္ရက္ပဲ ေန႔တိုင္း ပတ္၀န္းက်င္ကိုၾကည့္ဖို႔ အျပင္ေခၚထုတ္လာတဲ့ အဖိုးရဲ႕ အျပဳအမူကိုၾကည့္ရင္ ေခြးေလးအေပၚမွာထားတဲ့ နက္ရိႈင္းတဲ့သံေယာဇဥ္ကို ျမင္ရပါတယ္။ ၄င္းဗီဒီယိုေလးက တိုေတာင္းေပမယ့္ စိတ္ၾကည္ႏူးဖြယ္ျဖစ္တာေၾကာင့္ စာဖတ္သူေတြအတြက္ ေအာက္မွာမွ်ေ၀ေပးလိုက္ပါတယ္။

လင္းလင္း (ShweMom)

လူသူရှင်းလင်းနေတဲ့ လမ်းမတစ်ခုပေါ်မှာ လူနဲ့တိရစ္ဆာန်ကြားထဲမှာ ဖွဲ့နှောင်ထားတဲ့ သံယောဇဉ်ကို ဖော်ပြနေတဲ့ အဖြစ်အပျက်လေးအကြောင်း အခုလိုသိရပါတယ်။ အီတလီနိုင်ငံ ဗီဘိုဗလန်ရှာမြို့မှာ အဖိုးတစ်ယောက်ဟာ ခွေးတစ်ကောင်ကို တွန်းလှည်းလေးတစ်ခုပေါ်မှာတင်ပြီး လမ်းလျှောက်ထွက်လာပါတယ်။ ထူးခြားတာက ခွေးလေးဟာ ဒုက္ခိတလေးပါ။

ဗီဒီယိုထဲမှာတော့ အဖိုးဟာ ခွေးတင်လာတဲ့ တွန်းလှည်းလေးကို တွန်းလာရင်း အိမ်တစ်အိမ် ရှေ့အရောက်မှာတော့ တွန်းလှည်းကို ရပ်လိုက်ပါတယ်။ ပြီးနောက် ခွေးကလေးကို မဆွဲပြီး အိမ်ထဲခေါ်သွင်းခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်ကို ဆာဘရီနာဆိုသူ အမျိုးသမီးက ဗီဒီယိုရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဆာဘရီနာက လမ်းလျှောက် ထွက်လာရင်း ၎င်းအဖြစ်ကို မြင်ရတဲ့အခါ ရင်ထဲတသိမ့်သိမ့် ကြည်နူးမိတာကြောင့် အွန်လိုင်းပေါ်မှာ မျှဝေဖြစ်ခဲ့တာပါ။ ဆာဘရီရဲ့ ဗီဒီယိုဟာ အီတလီနိုင်ငံတစ်ခုလုံး ပြန့်နှံ့သွားခဲ့ပြီး သတင်းခေါင်းကြီးတွေမှာပါ ဖော်ပြခံခဲ့ရပါတယ်။ ကြားရတာက ထိုအဖိုးအိုဟာ တိုနီနိုဗီတယ်လ် အမည်ရပြီး ခွေးလေးကတော့ ဒိုင်လန်ဖြစ်ကာ (၁၃)နှစ်သား ရှိပြီလို့သိရပါတယ်။ ဒိုင်လန်ဟာ အရိုးအဆစ်ယောင်ယမ်းနာကြောင့် နောက်ခြေထောက်တွေ ချိနဲ့ပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာဖြစ်ပါတယ်။

ဒေသခံတွေကတော့ အဖိုးအိုတိုနီနိုဗီတယ်လ်ဟာ နေ့တိုင်းနီးပါးလိုလို ခွေးလေးကို အပြင်လမ်းလျှောက်ထွက်ရင်းနဲ့ ခုလိုခေါ်ထုတ်လာတတ်ကြောင်း ပြောပြပါတယ်။ ဒုက္ခိတခွေးလေးကို မစွန့်ပစ်ရက်ပဲ နေ့တိုင်း ပတ်ဝန်းကျင်ကိုကြည့်ဖို့ အပြင်ခေါ်ထုတ်လာတဲ့ အဖိုးရဲ့ အပြုအမူကိုကြည့်ရင် ခွေးလေးအပေါ်မှာထားတဲ့ နက်ရှိုင်းတဲ့သံယောဇဉ်ကို မြင်ရပါတယ်။ ၎င်းဗီဒီယိုလေးက တိုတောင်းပေမယ့် စိတ်ကြည်နူးဖွယ်ဖြစ်တာကြောင့် စာဖတ်သူတွေအတွက် အောက်မှာမျှဝေပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Be the first to comment

Leave a Reply

Your email address will not be published.


*