လှပတဲ့ မိန်းကလေး တော်တော်များများ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာကြောင့် ကံဆိုးနေတာလဲ …။
“ပြန် ပိတ်လိုက်”
Junction City & Myanmar Plaza လိုနေရာမျိုးမှာရွှေတိဂုံဘုရားပေါ်လို လူထူထပ်တဲ့နေရာမှာရုပ်ရှင်ရုံထဲ ဝင်တာက အစဆူရှီဆိုင် ကြေးအိုးဆိုင် ထဲ ဝင်သွားတာက အဆုံးအလကားနေ ကုန်းပိုးပိုးခိုင်းတာဗျာ
ဝမ်းလျားမှောက် ရိုက်ပေးရတာကတစ်မျိုးဇောက်ထိုး ရိုက်ပေးရတာကတစ်မျိုးလူကကြာတော့ ဖုန်အလိမ်းလိမ်းတက်ပြီးသူတောင်းစားလေးနဲ့ တူမှန်းမသိတူလာတယ်အိမ်ကထွက်လာတော့ အကောင်းပြန်ရောက်ရင် စုတ်ပျက်သတ်နေလို့အိမ်ကတောင် မေးတယ်ငါ့သား ပန်းရံများ ဝင်ရွက်လာတာလားတဲ့။
Credit-soe moe naimg
ဒီကောင်မလေးနဲ့Facebook မှာ Fri ဖြစ်နေတာ အတော်လေးတော့ ကြာခဲ့ပါပြီ မှတ်မှတ်ရရ 2.နှစ် လောက် ရှိမလားပဲ။
သူမကြည့်ရတာ…အချစ်ရေးနဲ့ပတ်သက်လာရင် ဇာတာကျနေပုံရတယ်တစ်ယောက်နဲ့မှ Anniversary အထိ မရောက်လိုက်ဘူးအချိန်တန်ရင် ပျက်သွားတာချည်းပဲရယ်။
လှတယ် တော်တော့်ကိုလှပါတယ်မျက်လုံးလေးတွေဆို ဝိုင်းစက်ပြီးBrown Colour လေးနဲ့…အသားအရေက နေပူထဲထွက်လေ ပိုလှလေ ဥမ္မာဓါနီ ပပဝတီ ဝင်စားသလားထင်မှတ်ရတယ် ဝင်းနေတာပဲရယ်…
အရပ်က မနိမ့်မမြင့် မြန်မာ မိန်းခလေးပီသတဲ့ Normal Size…ဆံပင်က အမြဲတမ်း Update ဖြစ်တယ်ဖြောင့်လိုက်ကောက်လိုက်နဲ့ Style ကကျပါ့…တစ်ခါတစ်လေ Live လွှင့်လို့ ကြည့်မိတယ်အသံလေးက မွေးကာစခလေးအတိုင်း
အသဲယားစရာ မပီကလာပီကလာနဲ့…
လူပုံစံလေးက ကိုင်ပေါက် လွှင့်ပစ်ချင်စရာကျစ်ကျစ်လျစ်လျစ်နဲ့ ချစ်စရာလေး…စိတ်ထားလည်း ကောင်းပုံရတယ်ပရဟိတလုပ်တဲ့ Post ခဏခဏတွေ့ရတယ်…အနေအထိုင်လည်း အေးဆေးပါပဲသိမ်သိမ်မွေ့မွေ့နဲ့ တည်ငြိမ်သူလေး…
ဘာသာတရားလည်း ကိုင်းရှိုင်းတယ်သူ့ Wall ထဲမှာဆို ဘုရားသွားကျောင်းတက်အမှတ်တရ Save ထားတဲ့ ပုံလေးတွေချည်း…။
ခက်တာက ဘယ်တစ်ယောက်ကမှ သူ့အနားရက်ကြာကြာမနေကြဘူး မတွဲကြဘူးစွန့်ခွာထွက်ပြေးသွားကြတာချည်းပဲ။
သိရသလောက် သူမက Silent မထားဘူးတွဲလိုက်ရင် Official ပဲအေး ဒါပေမယ့် မြဲလည်း မမြဲဘူး။
အခု Relationships တက်တယ်နော်နောက် 1.လ 2.လဆို Single ပြန်ဖြစ်ရောအဲ့တော့ သတိထားမိလာတော့တာပေါ့။
ဘာလားပေါ့..ဒီလောက်လှတဲ့ ကောင်မလေးPerfect ဖြစ်တဲ့ ကောင်မလေးကိုများရာရာစစ ထားသွား ပစ်သွားတဲ့သူကရှိသေးသူ့ Ex တွေ တော်တော်တုံးတယ်နောက်မှ နောင်တရနေလိမ့်မယ် ဆိုပြီးစိတ်ထဲက သူမအစား ပြောမိသေးတယ်။
တစ်ရက် သူမတင်တဲ့ ပုံကိုComment ဝင်ပေးမိတယ်အဲ့ကစ ဘဝပျက်တော့မယ်မှန်း ဘယ်သိခဲ့မလဲ?သူမဆီက Reply ပြန်လာတယ်နောက်ပိုင်း Chat box မှာပြောဖြစ်ကြတယ်ပြောရရင် ခင်မင်ရင်းနှီးတဲ့အဆင့်ရောက်လာတယ်
Video call ပြောဖြစ်တယ် အပြင်မှာ Dating လုပ်ဖြစ်တယ်သိပ်မကြာဘူး ရည်းစားတွေ ဖြစ်သွားတယ်ပေါ့။
သူမ ဘာကြောင့် ရည်းစားနဲ့မမြဲလဲ?အဖြေကို တစ်ဖြည်းဖြည်းနဲ့ သိလာရပြီလေဘယ့်နှယ့် သူမက ကျပ်မှ မပြည့်တာကိုးဘယ်လိုလုပ် သူ့ဒဏ်ခံနိုင်မလဲ?
မှတ်မှတ်ရရ ချစ်သူဖြစ်ပြီး 10.ရက်ကျော်လောက်ကပေါ့အဲ့နေ့က မိုးတွေ သည်းကြီးမည်းကြီးရွာတယ်Aww ကိုယ်က ထီးလေးဖွင့်ဆောင်းမယ်လုပ်တော့…သူမက
“ပြန် ပိတ်လိုက်”
“ဟင် ဘာလို့လဲ မိုးရွာနေတယ်လေစိုကုန်မှာပေါ့”
“မရှည်နဲ့ ပိတ်ဆိုပိတ်လာ မိုးရေထဲလမ်းလျှောက်ရအောင်Romantic ဆန်တာပေါ့” တဲ့။
ကိုယ်လည်း အတိုက်အခံ လုပ်မနေတော့ဘူးချစ်သူဖြစ်ကာစဆိုတော့ အလျှော့ပေးလိုက်ပါတယ်အင်းဟာ ဆိုပြီး..ထီးကိုလမ်းဘေးပစ်ချ သူမနဲ့အတူမိုးရေထဲ လျှောက်ရတော့တာပေါ့။
ကဲ နာရီဝက်လောက်လျှောက် ကျနော် မပြောဘူးအလွန်ဆုံး တစ်နာရီလား ရသေးတယ်ခုဟာက သုံးနာရီ လေးနာရီလောက်ကိုမိုးရေထဲမနားတမ်း Run တာဗျာ သေရချည်ရဲ့လူလည်း သေမလို ရှင်မလိုပဲနှာတွေလည်း ချေ…
ချမ်းလို့ ဂတ်ဂတ်ဂတ်ဂတ်တုန် တိုတက်နေရော…အံမယ် သူမကိုကြည့်တော့ အေးဆေးပဲကိုရီးယားကားထဲက မျက်နှာပေးနဲ့လက်ကိုဆန့် မိုးစက်တွေ ဆော့ကစားနေသေးကိုယ့်မှာသာ တစ်ပတ်ကျော် အပြင်းဖျားတာမနည်း ဆေးပြန်ကုလိုက်ရတယ်လေအဲ့လိုတွေပါဆို။
ရှိသေးတယ်…ကုန်းပိုးပိုးခိုင်းတဲ့ကိစ္စ။ရတယ် မလုပ်ဘူး မပြောဘူးချစ်သူပဲ အနွံတာခံရမှာ အလိုလိုက်ရမှာပေါ့လူရှင်းတဲ့ပန်းခြံ ဒါမှမဟုတ် တံတားပေါ်တို့ လမ်းကြားထဲတို့ပေါ့ ဟုတ်ဘူးလား? ခုဟာကလူကြပ်ပါတယ်ဆိုတဲ့ Bus ကားပေါ်မှာစတိုင်ကျကျလိမ့်ရမယ့်
Junction City & Myanmar Plaza လိုနေရာမျူ ိးမှာရွှေတိဂုံဘုရားပေါ်လို လူထူထပ်တဲ့နေရာမှာရုပ်ရှင်ရုံထဲ ဝင်တာက အစဆူရှီဆိုင် ကြေးအိုးဆိုင် ထဲ ဝင်သွားတာက အဆုံးအလကားနေ ကုန်းပိုးပိုးခိုင်းတာဗျာ
စဉ်းစားကြည့်…ရည်းစားထားတာလေမင်္ဂလာဈေးက အထုပ်ထမ်းတဲ့ ကူလီမှမဟုတ်ဘဲကြာတော့ ကျောကုန်းမှာ ပွေးလိုလို ညှင်းလိုလို အကွက်အကွက်လေးတွေပါ ပေါက်လာတဲ့အထိ။
နောက်တစ်ခုကရောက်လေရာ ဓာတ်ပုံရိုက်ခိုင်းတာ။ရိုက်ပါ မရိုက်နဲ့မပြောဘူး ကျနော်က Camera Menသူမက Photo Model စတွဲကတည်းက ဒီလိုဖြစ်မယ် သိပြီးသား။ဒါပေမယ့်ဗျာ သူမက Over ကိုလုပ်လွန်းတယ်သူ့ပုံတွေကို သူများနဲ့မတူချင်တာရယ်နေရာကအစ အဆန်း ဖြစ်ချင်တာရယ်အဲ့အချက်တွေက ရှော့သိပ်တက်ခဲ့တာ။
ဥပမာ- ရေမြောင်းထဲဆင်းရိုက်ရတယ်အံမယ် သူမကကျ ပလက်ဖောင်းပေါ်မှာထီးလေးဆောင်း အခန့်သားနဲ့လေ။ပေ 30 လောက်အမြင့်ကို လှေကားနဲ့တက်အသဲတယားယား ရင်တလှပ်လှပ်နဲ့ရိုက်ရတယ်ဒင်းက အောက်မှာ ပန်းလေးတွေကျဲထားတဲ့အလယ်မှာ ပက်လက်လေးလှန် အိပ်လို့အံမယ် အသည်းပုံလေးပါ လုပ်ထားသေး…Post က အသေမိုက် အလန်းဇယားကိုယ့်မှာသာ ပြုတ်ကျရင် ကွိကနဲ မျူ ိးတုန်းမှာ။
ဝမ်းလျားမှောက် ရိုက်ပေးရတာကတစ်မျူ ိးဇောက်ထိုး ရိုက်ပေးရတာကတစ်မျူ ိးလူကကြာတော့ ဖုန်အလိမ်းလိမ်းတက်ပြီးသူတောင်းစားလေးနဲ့ တူမှန်းမသိတူလာတယ်အိမ်ကထွက်လာတော့ အကောင်းပြန်ရောက်ရင် စုတ်ပျက်သတ်နေလို့အိမ်ကတောင် မေးတယ်ငါ့သား ပန်းရံများ ဝင်ရွက်လာတာလားတဲ့။
ညဘက် အိပ်ကောင်းတဲ့အချိန်2.နာရီ 3.နာရီ လောက် ဖုန်းဆက်ပြီဘာလို့လဲ မေးကြည့်တော့ရှုးထပေါက်တာ သရဲကြောက်လို့တဲ့သေရော ကိုယ့်မှာ နေ့တိုင်း အိပ်ရေးကိုပျက်လို့မနက်ဆိုအလုပ်နောက်ကျလို့ Fine တပ်ခံရတယ်ကြာတော့ မျက်တွင်းဟောက်ပက်နဲ့မှန်တောင်မကြည့်ရဲဘူးကိုယ့်ရုပ်ကိုယ် ပြန်ပြန်လန့်မိလို့လေ။
ကျန်သေးတယ်ရောက်တဲ့အရပ်ကနေ Video Call ဖွင့်ခိုင်းတဲ့ ကိစ္စ။စဉ်းစားကြည့်လေ တစ်ချူ ိ့ နေရာတွေဆိုဘယ်လိုလုပ် Video Call ပြောလို့ အဆင်ပြေပါ့မလဲ?သူမက မရဘူး ချက်ချင်းဆို ချက်ချင်းမှ။ကိုယ့်မှာ ရေချူ ိးရင်းတန်းလန်း VC ဖွင့်ပြောရတာဆောင်းတွင်းအေးရတဲ့အထဲ နာရီပေါင်းများစွာVC ပြောရတာ ရေစိုလက်စနဲ့လူက အဆုတ်အအေးမိရောဂါပါ ဖြစ်ရော။
ခုတော့လည်း သူမနဲ့ပြတ်သွားပါပြီလေဒီတစ်ခါ သူမဘက်က အရင်စဖြတ်တာအကြောင်းရင်းက တွဲရတာ ပျင်းလာလို့တဲ့လေကျေးဇူးများတောင် Double တင်သေးအဲ့နေ့က အပျော်လွန်ပြီး တွေ့သမျှ အလှုခံ အကုန်ထည့်ပစ်တာ…တွေ့ကရာလူ Fly kiss တွေချည်းပေးပစ်တာ…။
ခင်ဗျားတို့လည်း သတိထားပါမိန်းခလေးတစ်ယောက် သိပ်လှလွန်းနေပါလျက် Single ဖြစ်နေတယ်Perfect ဖြစ်ပါလျက်နဲ့ ရည်းစားနဲ့မမြဲဘဲမကြာခဏဆိုသလို FA ဖြစ်နေတယ်ဆိုPropose လုပ်ရင် ကြည့်လုပ်ကျပ်မပြည့် ပြား 90. တွေအဲ့ဒါမှ Danger အစစ်တွေ ဖြစ်နေတတ်တယ်လေရွာသာကြီးရောက်ဖို့က 100% သေချာပြီသာမှတ် ..။ ။
Credit-soe moe naimg