သင့္ရဲ႕ေရြးခ်ယ္မႈကေျပာျပတဲ့ သင့္ရဲ႕အတြင္းစိတ္

အေပၚမွာ ေဖာ္ျပေပးထားတဲ့ မိန္းကေလး (၄) ထုိင္ေနတဲ့ပံုကို ေသခ်ာၾကည့္ပါ။ ၿပီးရင္ သင့္အေနနဲ႔ အဲ့ဒီမိန္းကေလး (၄) ေယာက္ထဲမွာ ဘယ္တစ္ေယာက္က တျခားသူေတြထက္ ပိုမိုေအာင္ျမင္ေနၿပီး ေတာ္တဲ့မိန္းကေလးျဖစ္ေနမလဲ၊ သင့္အျမင္မွာ ဆြဲေဆာင္မႈ ပိုရွိေနမလဲ ဆိုတာကို ေရြးခ်ယ္လိုက္ပါ။ သင္ေရြးခ်ယ္လိုက္တဲ့ မိန္းကေလးပံုစံက သင့္ရဲ႕ ေအာင္ျမင္လိုခ်င္စိတ္ ဘယ္ေလာက္ရွိတယ္ ဆုိတာကို ခန္႔မွန္းေပးပါလိမ့္မယ္။ ဒီေတာ့… သင္ေရြးခ်ယ္လိုက္တာ ဘယ္သူျဖစ္မလဲ? တစ္ခုခ်င္းစီရဲ႕ အေျဖကို ေအာက္မွာ ဖတ္ရႈလိုက္ပါေနာ္။

သင့္အေနနဲ႔ နံပါတ္ (၁) မိန္းကေလးက ပိုမိုစမတ္က်ၿပီး တျခားသူေတြထက္ပိုေတာ္ေနတယ္လို႔ သင့္စိတ္ထဲက ထင္မွတ္ထားရင္ သင္ဟာ မိမိကိုယ္ကိုယံုၾကည္မႈ ရွိလြန္းသူတစ္ေယာက္ပါပဲ။ သင့္အနားေရာက္လာတဲ့ အခြင့္အေရးကို ဘယ္ေတာ့မွ လက္လႊတ္မခံဘဲ တြန္ဆုတ္မေနဘဲ အရာရာ တုိင္းကို ယံုၾကည္မႈရွိရွိျပဳလုပ္တတ္သူ တစ္ဦးပါ။ ေနာက္ၿပီး အေကာင္းျမင္စိတ္နဲ႔ စိတ္အား ထက္သန္မႈက သင့္ဆီမွာ ကိန္းေအာင္းေနပါတယ္။ တျခားသူေတြက ကိုယ့္ထက္ပိုေတာ္ သြားမွာ၊ ပိုတတ္သြားမွာကိုလည္း မလိုလားတဲ့ မနာလိုစိတ္ေလး နည္းနည္းရွိေနပါတယ္။ ဒါေပမယ့္လည္း ဒီစိတ္ကပဲ သင့္ကို ေအာင္ျမင္လိုစိတ္ျပင္းျပလာေစတာပါ။

နံပါတ္ (၂) မိန္းကေလးပံုကို ေရြးခ်ယ္တဲ့သူေတြက်ေတာ့ ဦးေႏွာက္ထက္ ႏွလံုးသားကို ပိုမိုဦးစားေပးတတ္ၾကပါတယ္။ ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွာ ဦးေႏွာက္က ေစခုိင္းတဲ့အရာေတြထက္ ကိုယ့္ရဲ႕ ႏွလံုးသားက ေစညႊန္းရာကို သြားတတ္ၾကသူေတြပါ။ ႏွလံုးသားႏုသူေတြျဖစ္ၿပီး စိတ္အရမ္း ထိခိုက္လြယ္ၾကေပမယ့္ တီထြင္ဉာဏ္စြမ္းအားကို ပိုင္ဆိုင္ထားၾကသူေတြပါ။ ေနာက္ၿပီး သင္ဟာ ေစ့စပ္ေသခ်ာသူတစ္ေယာက္ျဖစ္တဲ့အတြက္ သင့္ကို လြယ္လြယ္နဲ႔ လွည့္စားလို႔ မရႏုိင္ပါဘူး။

နံပါတ္ (၃) မိန္းကေလးက သင့္အျမင္မွာ ေအာင္ျမင္တဲ့သူအသြင္ ျဖစ္ေနတယ္ဆိုရင္ေတာ့ သင္ဟာ ယံုၾကည္လြယ္တတ္တဲ့ လူစားမ်ိဳးမဟုတ္ပါဘူး။ ကိစၥရပ္တုိင္းကို မျပဳလုပ္ခင္ က်ိဳးေၾကာင္း ဆီေလ်ာ္ေအာင္ ေသခ်ာစဥ္းစားေတြးေခၚတတ္တဲ့အတြက္ လြယ္လြယ္နဲ႔ ဆံုးျဖတ္ခ်က္ မခ်တတ္ၾက ပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ ဆံုးျဖတ္ခ်က္တုိင္းက မွန္ကန္တာမ်ားပါတယ္။

နံပါတ္ (၄) ပံုကို ေရြးခ်ယ္တယ္ဆိုရင္ေတာ့ သင္ဟာ ရည္မွန္းခ်က္ပန္းတိုင္ကိုေရာက္ဖို႔ စိတ္အားထက္သန္လြန္းတဲ့ သူထဲမွာ မပါဝင္ပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းအားကို ကိုယ္တိုင္သိထားတဲ့အတြက္ ဘယ္လိုအခြင့္အေရးကို အရယူရမလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ ေနတတ္သူတစ္ဦးပါပဲ။ စိန္ေခၚမႈအသစ္ေတြနဲဲ႔ လံုးပန္းရတာကို မႀကိဳက္ႏွစ္သက္ေပမယ့္ သင့္ထံေရာက္လာမယ့္ အခြင့္အေရးကိုေတာ့ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ႏုိင္တဲ့ စြမ္းရည္ပိုင္ဆိုင္ ထားပါတယ္။

ေရႊေရာင္ (ေရႊအင္းေလး)

အပေါ်မှာ ဖော်ပြပေးထားတဲ့ မိန်းကလေး (၄) ထိုင်နေတဲ့ပုံကို သေချာကြည့်ပါ။ ပြီးရင် သင့်အနေနဲ့ အဲ့ဒီမိန်းကလေး (၄) ယောက်ထဲမှာ ဘယ်တစ်ယောက်က တခြားသူတွေထက် ပိုမိုအောင်မြင်နေပြီး တော်တဲ့မိန်းကလေးဖြစ်နေမလဲ၊ သင့်အမြင်မှာ ဆွဲဆောင်မှု ပိုရှိနေမလဲ ဆိုတာကို ရွေးချယ်လိုက်ပါ။ သင်ရွေးချယ်လိုက်တဲ့ မိန်းကလေးပုံစံက သင့်ရဲ့ အောင်မြင်လိုချင်စိတ် ဘယ်လောက်ရှိတယ် ဆိုတာကို ခန့်မှန်းပေးပါလိမ့်မယ်။ ဒီတော့… သင်ရွေးချယ်လိုက်တာ ဘယ်သူဖြစ်မလဲ? တစ်ခုချင်းစီရဲ့ အဖြေကို အောက်မှာ ဖတ်ရှုလိုက်ပါနော်။

သင့်အနေနဲ့ နံပါတ် (၁) မိန်းကလေးက ပိုမိုစမတ်ကျပြီး တခြားသူတွေထက်ပိုတော်နေတယ်လို့ သင့်စိတ်ထဲက ထင်မှတ်ထားရင် သင်ဟာ မိမိကိုယ်ကိုယုံကြည်မှု ရှိလွန်းသူတစ်ယောက်ပါပဲ။ သင့်အနားရောက်လာတဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်မခံဘဲ တွန်ဆုတ်မနေဘဲ အရာရာ တိုင်းကို ယုံကြည်မှုရှိရှိပြုလုပ်တတ်သူ တစ်ဦးပါ။ နောက်ပြီး အကောင်းမြင်စိတ်နဲ့ စိတ်အား ထက်သန်မှုက သင့်ဆီမှာ ကိန်းအောင်းနေပါတယ်။ တခြားသူတွေက ကိုယ့်ထက်ပိုတော် သွားမှာ၊ ပိုတတ်သွားမှာကိုလည်း မလိုလားတဲ့ မနာလိုစိတ်လေး နည်းနည်းရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီစိတ်ကပဲ သင့်ကို အောင်မြင်လိုစိတ်ပြင်းပြလာစေတာပါ။

နံပါတ် (၂) မိန်းကလေးပုံကို ရွေးချယ်တဲ့သူတွေကျတော့ ဦးနှောက်ထက် နှလုံးသားကို ပိုမိုဦးစားပေးတတ်ကြပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဦးနှောက်က စေခိုင်းတဲ့အရာတွေထက် ကိုယ့်ရဲ့ နှလုံးသားက စေညွှန်းရာကို သွားတတ်ကြသူတွေပါ။ နှလုံးသားနုသူတွေဖြစ်ပြီး စိတ်အရမ်း ထိခိုက်လွယ်ကြပေမယ့် တီထွင်ဉာဏ်စွမ်းအားကို ပိုင်ဆိုင်ထားကြသူတွေပါ။ နောက်ပြီး သင်ဟာ စေ့စပ်သေချာသူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ကို လွယ်လွယ်နဲ့ လှည့်စားလို့ မရနိုင်ပါဘူး။

နံပါတ် (၃) မိန်းကလေးက သင့်အမြင်မှာ အောင်မြင်တဲ့သူအသွင် ဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ ယုံကြည်လွယ်တတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ ကိစ္စရပ်တိုင်းကို မပြုလုပ်ခင် ကျိုးကြောင်း ဆီလျော်အောင် သေချာစဉ်းစားတွေးခေါ်တတ်တဲ့အတွက် လွယ်လွယ်နဲ့ ဆုံးဖြတ်ချက် မချတတ်ကြ ပါဘူး။ ဒါပေမယ့် သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက မှန်ကန်တာများပါတယ်။

နံပါတ် (၄) ပုံကို ရွေးချယ်တယ်ဆိုရင်တော့ သင်ဟာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ စိတ်အားထက်သန်လွန်းတဲ့ သူထဲမှာ မပါဝင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းအားကို ကိုယ်တိုင်သိထားတဲ့အတွက် ဘယ်လိုအခွင့်အရေးကို အရယူရမလဲ ဆိုတာကိုတော့ စောင့်ကြည့် နေတတ်သူတစ်ဦးပါပဲ။ စိန်ခေါ်မှုအသစ်တွေနဲ့ လုံးပန်းရတာကို မကြိုက်နှစ်သက်ပေမယ့် သင့်ထံရောက်လာမယ့် အခွင့်အရေးကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင် ထားပါတယ်။

ရွှေရောင် (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*