ဆႏၵျပသူမ်ားအား ရာဘာက်ည္ဆံျဖင့္ ပစ္ခတ္ျဖိဳခြဲမႈ ရုပ္သံ ထြက္ေပၚ

ဗိုလ္ခ်ဴပ္ေၾကးရုပ္ ဖ်က္သိမ္းေရး ဆႏၵျပသူမ်ား ရာဘာက်ည္ဆံျဖင့္ ပစ္ခတ္ျဖိဳခြဲမႈ ခ်င္းလူငယ္မ်ားကန္႔ကြက္ ။ ခိုႏူမ္းသုန္သတင္း၊ ၁၂ ေဖေဖာ္၀ါရီ ၂၀၁၉ ။ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တု ျပန္လည္ဖ်က္သိမ္းေရးအတြက္ ဆႏၵျပေတာင္းဆိုသူမ်ားအား ရဲတပ္ဖြဲ႔မွ ရာဘာက်ည္ဆံျဖင့္ ပစ္ခတ္ၿဖိဳခြဲမႈအေပၚ ကန္႔ကြက္ရႈံ႕ခ်သည္ဟု ခ်င္းလူငယ္မ်ားကြန္ယက္က ယေန႔ေၾကညာခ်က္တစ္ေဆာင္ထုတ္ျပန္လိုက္သည္။

ဗိုလ္ခ်ဴပ္ေအာင္ဆန္းေၾကးရုပ္တု တည္ေဆာင္ျခင္းႏွင့္စပ္လ်ဥ္း၍ သပတ္ေမွာက္ဆႏၵျပေနသည့္ လူငယ္မ်ားအား ေစ့စပ္ညိွႏႈိင္းအေျဖရွာသည့္နည္းလမ္း မလုပ္ေဆာင္ဘဲ အင္အားသံုးၿဖိဳခြဲသည့္ ကယားျပည္နယ္အစိုးရ၏ လုပ္ရပ္သည္ ဒီမိုကေရစီလမ္းေၾကာင္းႏွင့္

တိုင္းရင္းသားအခ်င္းခ်င္းအၾကား ရင္ၾကားေစ့ေရးကို ပိုမိုထိခိုက္ေစႏုိင္သည့္အျပင္ လူငယ္မ်ားအေနျဖင့္ ျပည္ေထာင္စုအေပၚ အယံုအၾကည္မဲ့ေစလာႏုိင္သည့္အတြက္ ခ်င္းလူငယ္မ်ားကြန္ယက္အေနျဖင့္ အထူးပင္ ကန္႔ကြက္ရႈံ႔ခ်သည္ဟု ၎တို႔ေၾကညာခ်က္ တြင္ေဖာ္ျပထားသည္။

ေထာင္ႏွင့္ခ်ီေသာ ဗိုလ္ခ်ဴပ္ေၾကးရုပ္ ဖ်က္သိမ္းေရးဆႏၵျပသူမ်ားသည္ ေၾကးရုပ္ထားရွိသည့္ ကႏၱာေဟ၀န္ ပန္းျခံဆီကို စစ္ေက်ာင္း ၄ ေက်ာင္းျဖင့္ ခ်ီတက္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႔က ရာဘာက်ည္မ်ားျဖင့္ ပစ္ခတ္ျဖိဳခြဲမႈေၾကာင့္ လူ (၁၀) ေယာက္ခန္႔ ဒဏ္ရာရရွိၾကသည္။

ယေန႔လြိဳင္ေကာ္ၿမိဳ႕ ခ်ီတက္ဆႏၵျပမႈတြင္ ခ်င္းလူငယ္မ်ားကြန္ယက္မွ ခ်င္းလူငယ္ (၄) ဦးလည္း သြားေရာက္ ပါ၀င္ၾကသည္ဟု ခ်င္းလူငယ္မ်ားကြန္ယက္မွ ဗဟိုေကာ္မတီ၀င္ ဆလိုင္းမြန္ေဘြးကေျပာသည္။

“က်ေနာ္တို႔ေတြ တုိင္းရင္းသားညီအကိုေမာင္ႏွမေတြျဖစ္တယ္ တစ္ေယာက္နဲ႔တစ္ေယာက္ေဖးမကူညီၿပီး ဖက္ဒရယ္ဒီမိုကေရစီကိုသြားေနတာျဖစ္တယ္ အဲဒီအေရြ႕မွာ အခ်င္းခ်င္း၀န္းရံေဖးမတယ္ ရဲေဘာ္စိတ္ဓာတ္နဲ႔ က်ေနာ္တို႔က လာၿပီး၀န္းရံတာျဖစ္တယ္” ဟု ဆလိုင္းမြန္ေဘြးကေျပာသည္။

ယခုလက္ရွိတြင္ ဆႏၵျပေခါင္းေဆာင္အခ်ဴိ႕ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔တို႔ ေတြ႔ဆံုညိွႏိႈင္းေနသည္ဟု သူကဆက္ေျပာသည္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကို ေဒသခံမ်ား၏ ကန္႔ကြက္မႈၾကားထဲက ယခုလ ၂ ရက္ေန႔က ျပည္နယ္အစိုးရက ေၾကးရုပ္တုဖြင့္ပြဲျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ထို႔ေၾကာင့္ ဗိုလ္ခ်ဴပ္ေၾကးရုပ္ျပန္လည္ဖ်က္သိမ္းေပးေရးအတြက္ ယေန႔ ျပည္ေထာင္စုေန႔တြင္ ေဒသခံျပည္သူမ်ားက ခ်ီတက္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။ (ဓာတ္ပံု -Kantarawaddy

Unicode

ဗိုလ်ချူပ်ကြေးရုပ် ဖျက်သိမ်းရေး ဆန္ဒပြသူများ ရာဘာကျည်ဆံဖြင့် ပစ်ခတ်ဖြိုခွဲမှု ချင်းလူငယ်များကန့်ကွက် ။ ခိုနူမ်းသုန်သတင်း၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၉ ။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြန်လည်ဖျက်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့မှ ရာဘာကျည်ဆံဖြင့် ပစ်ခတ်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချသည်ဟု ချင်းလူငယ်များကွန်ယက်က ယနေ့ကြေညာချက်တစ်ဆောင်ထုတ်ပြန်လိုက်သည်။

ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တု တည်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ သပတ်မှောက်ဆန္ဒပြနေသည့် လူငယ်များအား စေ့စပ်ညှိနှိုင်းအဖြေရှာသည့်နည်းလမ်း မလုပ်ဆောင်ဘဲ အင်အားသုံးဖြိုခွဲသည့် ကယားပြည်နယ်အစိုးရ၏ လုပ်ရပ်သည် ဒီမိုကရေစီလမ်းကြောင်းနှင့်

တိုင်းရင်းသားအချင်းချင်းအကြား ရင်ကြားစေ့ရေးကို ပိုမိုထိခိုက်စေနိုင်သည့်အပြင် လူငယ်များအနေဖြင့် ပြည်ထောင်စုအပေါ် အယုံအကြည်မဲ့စေလာနိုင်သည့်အတွက် ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် ကန့်ကွက်ရှုံ့ချသည်ဟု ၎င်းတို့ကြေညာချက် တွင်ဖော်ပြထားသည်။

ထောင်နှင့်ချီသော ဗိုလ်ချူပ်ကြေးရုပ် ဖျက်သိမ်းရေးဆန္ဒပြသူများသည် ကြေးရုပ်ထားရှိသည့် ကန္တာဟေဝန် ပန်းခြံဆီကို စစ်ကျောင်း ၄ ကျောင်းဖြင့် ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ (၁၀) ယောက်ခန့် ဒဏ်ရာရရှိကြသည်။

ယနေ့လွိုင်ကော်မြို့ ချီတက်ဆန္ဒပြမှုတွင် ချင်းလူငယ်များကွန်ယက်မှ ချင်းလူငယ် (၄) ဦးလည်း သွားရောက် ပါဝင်ကြသည်ဟု ချင်းလူငယ်များကွန်ယက်မှ ဗဟိုကော်မတီဝင် ဆလိုင်းမွန်ဘွေးကပြောသည်။

“ကျနော်တို့တွေ တိုင်းရင်းသားညီအကိုမောင်နှမတွေဖြစ်တယ် တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီပြီး ဖက်ဒရယ်ဒီမိုကရေစီကိုသွားနေတာဖြစ်တယ် အဲဒီအရွေ့မှာ အချင်းချင်းဝန်းရံဖေးမတယ် ရဲဘော်စိတ်ဓာတ်နဲ့ ကျနော်တို့က လာပြီးဝန်းရံတာဖြစ်တယ်” ဟု ဆလိုင်းမွန်ဘွေးကပြောသည်။

ယခုလက်ရှိတွင် ဆန္ဒပြခေါင်းဆောင်အချိူ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းနေသည်ဟု သူကဆက်ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ ၂ ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ်ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ယနေ့ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ (ဓာတ်ပုံ -Kantarawaddy