ရုတ္တရက္ ေသဆံုးသြားတဲ႔ ႏြားေလးကို တရားနာပီး ဂူသြင္းသၿဂိဳလ္ခဲ႔တဲ႔ ေက်ာက္ဆည္က ႏြားပိုင္ရွင္( ရုပ္သံ)

ဒီေန႔ ေက်ာက္ဆည္က ႏြားပိုင္ရွင္တစ္ေယာက္က သူ႔ရဲ႕ႏြားေလး ဖိုးလံုး ေသဆံုးတာကို ထူးထူးျခားျခား ဂူသြင္းျမဳပ္ႏွံခဲ႔တာကို Facebook မွာ တင္ထားတာေလး ေတြ႕လို႔ တစ္ဆင့္ ျပန္လည္ တင္ျပလိုက္ပါတယ္… ႏြားပိုင္ရွင္ကေတာ့ သူ႔ႏြားေလး ေသဆံုးရတာနဲ႔ ပတ္သတ္ျပီး ၀မ္းနည္းစြာနဲ႔ ခုလို Post တင္ထားပါတယ္….

“ ငါ့သား ဖုိးလုံးေရ မင္းဒီဘဝမွာ အျဖစ္ဆုိးနဲ႕ ေသကံမကုန္ဘဲ ေသခဲ့ ရေပမဲ႕လည္း မင္းေနာက္ဘဝကူးေျပာင္းေအာင္ ေကာင္းရာမြန္ရာဘုံဘဝကုိ ေရာက္ေအာင္ ငါအေကာင္းမြန္ဆုံး ဆုေတာင္းေမတၱာပုိ႔ေပးပါမယ္ကြာ ေနာင္ဘဝဆုိတာ ရွိခဲ့ရင္လည္း ျပန္လည္ဆုံေတြ႕ခ်င္ပါေသးတယ္ ဖုိးလုံးေရ မင္းသာဆုံးသြားေပမယ့္ ဖုိးလုံးဆုိတဲ့ မင္းနာမည္ေတာ့ ဘယ္ေတာ့မွမေသပါဘူးကြာ. . .

အခုျဖစ္ပ်က္သြားတဲ႕ မင္းျဖစ္ရပ္ကုိလည္း ေက်ာက္ဆည္ (ဒုန္းႏြား)ေလာကသားေတြရဲ႕ စံနမူနာ တစ္ခုအျဖစ္ မွတ္ယူထားေနျကမွာပါကြာ”ဆိုျပီး ၀မ္းနည္းစြာနဲ႔ Post တင္ထားတာကို ေတြ႔ရပါတယ္…

ႏြားပိုင္ရွင္က သူ႔ႏြား ဘာေၾကာင့္ ေသတယ္ဆိုတာကို အတိအက် မေျပာေပမယ့္ အမ်ားစုကေတာ့ ျပိဳင္ပြဲမွာ ျပိဳင္ရင္း အေမာဆို႔ေသသြားတာျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္… သူေရးသားထားတဲ႔ (ဒုန္းႏြား)ဆိုတာ ႏြားကို လွည္းမွာ တပ္ျပီး အေျပးေမာင္းႏွင္ ယွဥ္ျပိဳင္ရတာ ျဖစ္ပါတယ္. . . .

ဒုန္းႏြား ျပိဳင္ပြဲ နမူနာ Video

ႏြားေလးဖိုးလံုးကို ဂူသြင္းခဲ႔တဲ႔ Video မွတ္တမ္း

ဘုန္းေတာ္ၾကီးပင့္ျပီး တရာနာခဲ႔

ႏြားေလး ဖိုးလံုး မေသခင္ကပံု

ေကာင္းရာ မြန္ရာ ေရာက္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ႏြားေလး ဖိုးလံုးေ၇

REST-IN-PEACE (PHOE LONE)

Source : Lincolm Billuzz

မဟာေခတ္သစ္မီဒီယာ

( For Unicode )

ရုတ်တရက် သေဆုံးသွားတဲ့ နွားလေးကို တရားနာပီး ဂူသွင်းသဂြိုလ်ခဲ့တဲ့ ကျောက်ဆည်က နွားပိုင်ရှင်( ရုပ်သံ)

ဒီနေ့ ကျောက်ဆည်က နွားပိုင်ရှင်တစ်ယောက်က သူ့ရဲ့နွားလေး ဖိုးလုံး သေဆုံးတာကို ထူးထူးခြားခြား ဂူသွင်းမြုပ်နှံခဲ့တာကို Facebook မှာ တင်ထားတာလေး တွေ့လို့ တစ်ဆင့် ပြန်လည် တင်ပြလိုက်ပါတယ်… နွားပိုင်ရှင်ကတော့ သူ့နွားလေး သေဆုံးရတာနဲ့ ပတ်သတ်ပြီး ဝမ်းနည်းစွာနဲ့ ခုလို Post တင်ထားပါတယ်….

“ ငါ့သား ဖိုးလုံးရေ မင်းဒီဘဝမှာ အဖြစ်ဆိုးနဲ့ သေကံမကုန်ဘဲ သေခဲ့ ရပေမဲ့လည်း မင်းနောက်ဘဝကူးပြောင်းအောင် ကောင်းရာမွန်ရာဘုံဘဝကို ရောက်အောင် ငါအကောင်းမွန်ဆုံး ဆုတောင်းမေတ္တာပို့ပေးပါမယ်ကွာ နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ် ဖိုးလုံးရေ မင်းသာဆုံးသွားပေမယ့် ဖိုးလုံးဆိုတဲ့ မင်းနာမည်တော့ ဘယ်တော့မှမသေပါဘူးကွာ. . .

အခုဖြစ်ပျက်သွားတဲ့ မင်းဖြစ်ရပ်ကိုလည်း ကျောက်ဆည် (ဒုန်းနွား)လောကသားတွေရဲ့ စံနမူနာ တစ်ခုအဖြစ် မှတ်ယူထားနေကြမှာပါကွာ”ဆိုပြီး ဝမ်းနည်းစွာနဲ့ Post တင်ထားတာကို တွေ့ရပါတယ်…

နွားပိုင်ရှင်က သူ့နွား ဘာကြောင့် သေတယ်ဆိုတာကို အတိအကျ မပြောပေမယ့် အများစုကတော့ ပြိုင်ပွဲမှာ ပြိုင်ရင်း အမောဆို့သေသွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်… သူရေးသားထားတဲ့ (ဒုန်းနွား)ဆိုတာ နွားကို လှည်းမှာ တပ်ပြီး အပြေးမောင်းနှင် ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်. . .

ဒုန်းနွား ပြိုင်ပွဲ နမူနာ Video

နွားလေးဖိုးလုံးကို ဂူသွင်းခဲ့တဲ့ Video မှတ်တမ်း

ဘုန်းတော်ကြီးပင့်ပြီး တရာနာခဲ့

နွားလေး ဖိုးလုံး မသေခင်ကပုံ

ကောင်းရာ မွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် နွားလေး ဖိုးလုံးရေ

REST-IN-PEACE (PHOE LONE)

Source : Lincolm Billuzz

မဟာခေတ်သစ်မီဒီယာ