တကယ္ခ်စ္တဲ႔သူဆိုတာ…

တစ္ခါတုန္းက ေကာင္မေလးတစ္ေယာက္ ရွိတယ္

သူမက အျမဲတမ္း သူ႕ခ်စ္သူ သူေဌးေလး အေႀကာင္း သူငယ္ခ်င္းေတြကို ဂုဏ္ယူစြာ ေျပာတတ္တာေပါ့

နင္သိလား ငါ့ကိုကို ရဲ႕ ကုမၸဏီ က တစ္ရက္ အျမတ္အစြန္း သိန္း၂၀၀, ၃၀၀ အထက္မွာပဲ ငါတို႕တြဲလာတာ ခုဆို ၁နွစ္ေက်ာ္ျပီ။

သူက ငါ့ကို ခ်စ္တယ္လို႕ အျမဲေျပာတာ အဲ႕စကားနဲ႕တင္ ငါက တေန႕တေန႕ အေမာ ေျပေနတာေပါ့

သိပ္မႀကာပါဘူး ေကာင္မေလးက ရုတ္တရက္ရံုး၀န္ထမ္း ေကာင္ေလးနဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လက္ထပ္သြားတယ္။

သူေဌးေလး ျဖစ္သူက အရမ္းကို ေဒါသေတြထြက္ေနခဲ႕တာေပါ့။

သူ႕လို အဆင့္နဲ႕ ရည္းစားျဖစ္ျပီးမွ ဘာမွမဟုတ္တဲ႕ေကာင္နဲ႕ ယူသြားလို႕ဆိုျပီး။

တစ္ေန႔မွာေတာ့ ေကာင္မေလး နဲ႕ ေကာင္မေလး သူငယ္ခ်င္း တို႕ျပန္ဆံုၾကတာေပါ့

ျပန္ဆံုတဲ႕အခ်ိန္ သူငယ္ခ်င္းေတြက နားမလည္တဲ႕ ပံုစံ နဲ႕ေကာင္မေလးကို ေမးခြန္းထုတ္ၾကတယ္ ေမးခြန္းေတြကလဲ စံုေနတာေပါ့။

ေကာင္မေလးက ရီရီေမာေမာ နဲ႕ငါနင္တို႕ကို ေျပာျပမယ္ေနာ္

ငါ သူေဌးေလးနဲ႕ ခ်စ္သူ ျဖစ္တဲ႕အခ်ိန္မွာ ရံုး၀န္ထမ္း ေကာင္ေလးက လာႀကိဳက္ေတာ့ ငါက အရမ္းေဒါသထြက္ခဲ႕တာ အမွန္ပါ။

ဒါေပမယ့္ေလ

Valentine day ေရာက္လာတဲ႕ ေန႕မွာ

ထံုးစံအတိုင္း တစ္ရက္ ၀င္ေငြ သိန္း၂၀၀ အထက္မွာ ရွိတဲ႕သူေဌးေလးဆီက သူ႕တစ္ရက္၀င္ေငြရဲ႕ ၁၀ပံုတပံု ၂သိန္းတန္ ပစၥည္းတခု မေရာက္လာခဲ႕ဘူး

အရင္တစ္နွစ္ကလိုပဲ message တေစာင္ပဲ ပို႕ခဲ႕တယ္

ရံုး၀န္ထမ္း ေကာင္ေလးက သူ႕တလ၀င္ေငြ ၁သိန္းခြဲမွာ ငါလိုခ်င္တဲ႕ cosmetic ေလးနဲ႕ ပန္းစည္းေလးအိမ္ထိလာပို႕ေပးတယ္

သူ႕လစာ ၃ ပုံ ၁ပံု နဲ႕ ငါ့ကို အသိအမွတ္ျပဳတယ္ဟ

ဒါေတြပဲ မဟုတ္ပါဘူး

ငါ သင္တန္းက အျပန္ အေကာင္းစားကား စီးျပီး ေနပူပူ မိုးရြာရြာ ကားထဲမွာ ေဆာင္းရာသီအျမဲေရာက္ေနတဲ႕သူက ငါ့ကို တစ္ပတ္တစ္ခါေတာင္သင္တန္းလာမႀကိဳခဲ႕ဘူး။

ရံုး၀န္ထမ္း ေကာင္ေလးက ေနပူပူ မိုးရြာရြာ ထီးေလးတေခ်ာင္နဲ႕ အံတုျပီး သူ႕ရံုးကေန ငါ့သင္တန္းကို လူတန္းစားမေရြးတဲ႕ဘတ္(စ္) ကားစီးျပီး အျမဲလာႀကိဳ အိမ္ပို႕ေပးတယ္။

တစ္ေယာက္ထဲ အိမ္ျပန္ရမွာထက္ စာရင္ ေဘးနားမွာ လူတစ္ေယာက္ ရွိေတာ့ အားကိုးစရာ တစ္ခုလို႕ခံစားရတာေတာ့ အမွန္ပဲ။

မိန္းမေတြရဲ႕ အိပ္မက္က ပိုက္ဆံရွိတဲ႕ သူနဲ႕ယူျပီး ဘ၀ကို ပူပင္မူ မရွိ ျဖတ္သန္းခ်င္ၾကတာပါ။

ရံုး၀န္ထမ္း ေကာင္ေလးအေပၚမွာ ခံစားခ်က္ တခု ရွိလာေတာ့ ငါ သူေဌးေလးကို ဆံုးရႈံးရမွာေႀကာက္လာတယ္။

အဲ႕ဒါနဲ႕ ငါ သူေဌးေလးကို စကားတခု ေမးႀကည့္မိတယ္။

“”ငါတို႕ဘယ္ခ်ိန္ေလာက္ လက္ထပ္ၾကမလဲလို႕”

အဲ႕ခ်ိန္မွာ ငါ့ကို ျပန္ေျဖတဲ႕ အေျဖက

ေစာပါေသးတယ္တဲ႕

ပိုက္ဆံရွိတဲ႕သူနဲ႕ ႀကိဳက္ရတာ နာမည္သာ ရွိတာဘာမ်ား အက်ိဳးအျမတ္ ရခဲ႕လဲ အခါအခါ ေတြးမိတာ အမွန္ပဲ

အလြန္ဆံုး ဆိုင္ေကာင္းေကာင္းမွာ ၂ေယာက္တူတူအစားအေသာက္ ထိုင္စား ရတဲ႕ အစားတစ္လုပ္ေလာက္ကိုေတာ့ ငါ မက္ေမာေနစရာ အေႀကာင္း မရွိဘူး

ငါ ရံုး၀န္ထမ္း ေကာင္ေလးကိုလဲ ထပ္တူေမးခြန္းေမးခဲ႕တယ္။

တကယ္လို႕ ကြ်န္မကသာ ရွင့္အခ်စ္ကို လက္ခံရင္ ဘယ္ေတာ့ေလာက္ မိသားဖသားပီပီ ေတာင္းရမ္းယူမွာလဲ

အဲ႕ေတာ့ သူေျဖတာက

သူ႕ကို အခ်ိန္တနွစ္ပဲ ေပးပါတဲ႕ မဂၤလာေဆာင္တဲ႕ အခ်ိန္ ခမ္းခမ္းနားနားမဟုတ္ေတာင္ တင့္တင့္တယ္တယ္ေလး သူေဆာင္ေပးခ်င္တယ္တဲ႕”

ငါက ၆လပဲေစာင့္ေပးခဲ႕တယ္ ငါ ကုမၸဏီ တခုမွာ ၆လ အလုပ္၀င္လုပ္ျပီး ပိုက္ဆံတူတူ စုၾကတယ္

သူနဲ႕တူတူ ရွိတဲ႕ အခ်ိန္ေတြတိုင္း ငါက နတ္သမီး တစ္ပါးလိုပဲခံစားရတယ္။

သူေဌးေလးနဲ႕တြဲတုန္းက ကိုယ့္ဘာသာကြ်န္တစ္ေယာက္လိုပဲ။

ပိုက္ဆံဆိုတာ ေနရာတကာတိုင္း အေရးမပါ ဘူး ဆိုတာငါနားလည္လာတယ္။

အနီေရာင္ ေကာ္ေဇာ္ အထပ္ ထပ္နဲ႔လူအမ်ားေရွ႕မွာခမ္းခမ္းနားနား မဂၤလာေဆာင္ဖို႕ အိမ္မက္အႀကီးႀကီး မက္ခဲ႕ဖူးတယ္။

အဲ႕အိမ္မက္တစ္ခုအတြက္နဲ႕ လက္ေတြ႕ကို င္လဲလွယ္ဖို႕ေလာက္ထိ ငါ မမိုက္မဲပါဘူး

အခုလဲ ဘုန္းေတာ္ႀကီး ၅ပါးေရွ႕မွာ လက္အုပ္ခ်ီျပီး ကိုယ့္ကို တကယ္ခ်စ္တဲ႕သူနဲ႕ မဂၤလာေဆာင္ရတာအရမ္းေပ်ာ္ရႊင္ခဲ႕ရတာ အမွန္ပဲ။

သူေဌးေလးက ငါသူနဲ႕ လမ္းခြဲတဲ႕အခ်ိန္မွာ သူ႕လိုလူတစ္ေယာက္ဆီ ငါ မျဖစ္မေန ျပန္လာမယ္ထင္ေနတာ။

လူေတာ့ ျပန္မေရာက္ဘူး မဂၤလာဖိတ္စာေတာ့ေရာက္ေအာင္ပို႕လိုက္တယ္။

အဲ႕ဖိတ္စာအတြက္ အံ႕အားသင့္တာ ငါလက္ခံနိုင္ပါတယ္ ငါ့မဂၤလာေဆာင္ မလာတာလဲ ပိုေကာင္းတယ္ဆိုေပမယ့္။

၂နွစ္ နီးပါး တြဲလာတဲ႕ သူနဲ႕ခ်စ္လာတဲ႕ ေကာင္မေလးတေယာက္ မဂၤလာေဆာင္ကို အသိအမွတ္ျပဳတာတစ္ခုေတာင္မေရာက္လာဘူး

၅ေထာင္တန္ တရြက္ ေတာင္ အသိအမွတ္ မျပဳနိုင္တဲ႕သူေဌးက ငါ့အတြက္ေတာ့ ဆင္းရဲတဲ႕ သူတေယာက္နဲ႕ဘာမွ မကြာဘူးေလ

လူတေယာက္က ခ်မ္းသာတာ ကိုယ့္အတြက္ ဘာတခုမွ အက်ိဳးမျပဳရင္ သူဟာ ကိုယ့္အတြက္ ဆင္းရဲသူပါပဲ

လူတေယာက္က ထမင္း တပန္းကန္ စာ ခ်မ္းသာလို႕ ကိုယ့္ကို တ၀တ္ခြဲေကြ်းရင္ သူက ကိုယ့္အတြက္ အရမ္းခ်မ္းသာတဲ႔သူ ဆိုတာ

ငါ နားလည္လိုက္လို႕ ငါအခုလို ဆံုးျဖတ္လိုက္တာပါ

Credit : Original

Unicode >>>

တကယ်ချစ်တဲ့သူဆိုတာ

တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ရှိတယ်

သူမက အမြဲတမ်း သူ့ချစ်သူ သူဌေးလေး အကြောင်း သူငယ်ချင်းတွေကို ဂုဏ်ယူစွာ ပြောတတ်တာပေါ့

နင်သိလား ငါ့ကိုကို ရဲ့ ကုမ္ပဏီ က တစ်ရက် အမြတ်အစွန်း သိန်း၂၀၀, ၃၀၀ အထက်မှာပဲ ငါတို့တွဲလာတာ ခုဆို ၁နှစ်ကျော်ပြီ။

သူက ငါ့ကို ချစ်တယ်လို့ အမြဲပြောတာ အဲ့စကားနဲ့တင် ငါက တနေ့တနေ့ အမော ပြေနေတာပေါ့

သိပ်မကြာပါဘူး ကောင်မလေးက ရုတ်တရက်ရုံးဝန်ထမ်း ကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ထပ်သွားတယ်။

သူဌေးလေး ဖြစ်သူက အရမ်းကို ဒေါသတွေထွက်နေခဲ့တာပေါ့။

သူ့လို အဆင့်နဲ့ ရည်းစားဖြစ်ပြီးမှ ဘာမှမဟုတ်တဲ့ကောင်နဲ့ ယူသွားလို့ဆိုပြီး။

တစ်နေ့မှာတော့ ကောင်မလေး နဲ့ ကောင်မလေး သူငယ်ချင်း တို့ပြန်ဆုံကြတာပေါ့

ပြန်ဆုံတဲ့အချိန် သူငယ်ချင်းတွေက နားမလည်တဲ့ ပုံစံ နဲ့ကောင်မလေးကို မေးခွန်းထုတ်ကြတယ် မေးခွန်းတွေကလဲ စုံနေတာပေါ့။

ကောင်မလေးက ရီရီမောမော နဲ့ငါနင်တို့ကို ပြောပြမယ်နော်

ငါ သူဌေးလေးနဲ့ ချစ်သူ ဖြစ်တဲ့အချိန်မှာ ရုံးဝန်ထမ်း ကောင်လေးက လာကြိုက်တော့ ငါက အရမ်းဒေါသထွက်ခဲ့တာ အမှန်ပါ။

ဒါပေမယ့်လေ

Valentine day ရောက်လာတဲ့ နေ့မှာ

ထုံးစံအတိုင်း တစ်ရက် ဝင်ငွေ သိန်း၂၀၀ အထက်မှာ ရှိတဲ့သူဌေးလေးဆီက သူ့တစ်ရက်ဝင်ငွေရဲ့ ၁၀ပုံတပုံ ၂သိန်းတန် ပစ္စည်းတခု မရောက်လာခဲ့ဘူး

အရင်တစ်နှစ်ကလိုပဲ message တစောင်ပဲ ပို့ခဲ့တယ်

ရုံးဝန်ထမ်း ကောင်လေးက သူ့တလဝင်ငွေ ၁သိန်းခွဲမှာ ငါလိုချင်တဲ့ cosmetic လေးနဲ့ ပန်းစည်းလေးအိမ်ထိလာပို့ပေးတယ်

သူ့လစာ ၃ ပုံ ၁ပုံ နဲ့ ငါ့ကို အသိအမှတ်ပြုတယ်ဟ

ဒါတွေပဲ မဟုတ်ပါဘူး

ငါ သင်တန်းက အပြန် အကောင်းစားကား စီးပြီး နေပူပူ မိုးရွာရွာ ကားထဲမှာ ဆောင်းရာသီအမြဲရောက်နေတဲ့သူက ငါ့ကို တစ်ပတ်တစ်ခါတောင်သင်တန်းလာမကြိုခဲ့ဘူး။

ရုံးဝန်ထမ်း ကောင်လေးက နေပူပူ မိုးရွာရွာ ထီးလေးတချောင်နဲ့ အံတုပြီး သူ့ရုံးကနေ ငါ့သင်တန်းကို လူတန်းစားမရွေးတဲ့ဘတ်(စ်) ကားစီးပြီး အမြဲလာကြို အိမ်ပို့ပေးတယ်။

တစ်ယောက်ထဲ အိမ်ပြန်ရမှာထက် စာရင် ဘေးနားမှာ လူတစ်ယောက် ရှိတော့ အားကိုးစရာ တစ်ခုလို့ခံစားရတာတော့ အမှန်ပဲ။

မိန်းမတွေရဲ့ အိပ်မက်က ပိုက်ဆံရှိတဲ့ သူနဲ့ယူပြီး ဘဝကို ပူပင်မူ မရှိ ဖြတ်သန်းချင်ကြတာပါ။

ရုံးဝန်ထမ်း ကောင်လေးအပေါ်မှာ ခံစားချက် တခု ရှိလာတော့ ငါ သူဌေးလေးကို ဆုံးရှုံးရမှာကြောက်လာတယ်။

အဲ့ဒါနဲ့ ငါ သူဌေးလေးကို စကားတခု မေးကြည့်မိတယ်။

“”ငါတို့ဘယ်ချိန်လောက် လက်ထပ်ကြမလဲလို့”

အဲ့ချိန်မှာ ငါ့ကို ပြန်ဖြေတဲ့ အဖြေက

စောပါသေးတယ်တဲ့

ပိုက်ဆံရှိတဲ့သူနဲ့ ကြိုက်ရတာ နာမည်သာ ရှိတာဘာများ အကျိုးအမြတ် ရခဲ့လဲ အခါအခါ တွေးမိတာ အမှန်ပဲ

အလွန်ဆုံး ဆိုင်ကောင်းကောင်းမှာ ၂ယောက်တူတူအစားအသောက် ထိုင်စား ရတဲ့ အစားတစ်လုပ်လောက်ကိုတော့ ငါ မက်မောနေစရာ အကြောင်း မရှိဘူး

ငါ ရုံးဝန်ထမ်း ကောင်လေးကိုလဲ ထပ်တူမေးခွန်းမေးခဲ့တယ်။

တကယ်လို့ ကျွန်မကသာ ရှင့်အချစ်ကို လက်ခံရင် ဘယ်တော့လောက် မိသားဖသားပီပီ တောင်းရမ်းယူမှာလဲ

အဲ့တော့ သူဖြေတာက

သူ့ကို အချိန်တနှစ်ပဲ ပေးပါတဲ့ မင်္ဂလာဆောင်တဲ့ အချိန် ခမ်းခမ်းနားနားမဟုတ်တောင် တင့်တင့်တယ်တယ်လေး သူဆောင်ပေးချင်တယ်တဲ့”

ငါက ၆လပဲစောင့်ပေးခဲ့တယ် ငါ ကုမ္ပဏီ တခုမှာ ၆လ အလုပ်ဝင်လုပ်ပြီး ပိုက်ဆံတူတူ စုကြတယ်

သူနဲ့တူတူ ရှိတဲ့ အချိန်တွေတိုင်း ငါက နတ်သမီး တစ်ပါးလိုပဲခံစားရတယ်။

သူဌေးလေးနဲ့တွဲတုန်းက ကိုယ့်ဘာသာကျွန်တစ်ယောက်လိုပဲ။

ပိုက်ဆံဆိုတာ နေရာတကာတိုင်း အရေးမပါ ဘူး ဆိုတာငါနားလည်လာတယ်။

အနီရောင် ကော်ဇော် အထပ် ထပ်နဲ့လူအများရှေ့မှာခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ အိမ်မက်အကြီးကြီး မက်ခဲ့ဖူးတယ်။

အဲ့အိမ်မက်တစ်ခုအတွက်နဲ့ လက်တွေ့ကို င်လဲလှယ်ဖို့လောက်ထိ ငါ မမိုက်မဲပါဘူး

အခုလဲ ဘုန်းတော်ကြီး ၅ပါးရှေ့မှာ လက်အုပ်ချီပြီး ကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ရတာအရမ်းပျော်ရွှင်ခဲ့ရတာ အမှန်ပဲ။

သူဌေးလေးက ငါသူနဲ့ လမ်းခွဲတဲ့အချိန်မှာ သူ့လိုလူတစ်ယောက်ဆီ ငါ မဖြစ်မနေ ပြန်လာမယ်ထင်နေတာ။

လူတော့ ပြန်မရောက်ဘူး မင်္ဂလာဖိတ်စာတော့ရောက်အောင်ပို့လိုက်တယ်။

အဲ့ဖိတ်စာအတွက် အံ့အားသင့်တာ ငါလက်ခံနိုင်ပါတယ် ငါ့မင်္ဂလာဆောင် မလာတာလဲ ပိုကောင်းတယ်ဆိုပေမယ့်။

၂နှစ် နီးပါး တွဲလာတဲ့ သူနဲ့ချစ်လာတဲ့ ကောင်မလေးတယောက် မင်္ဂလာဆောင်ကို အသိအမှတ်ပြုတာတစ်ခုတောင်မရောက်လာဘူး

၅ထောင်တန် တရွက် တောင် အသိအမှတ် မပြုနိုင်တဲ့သူဌေးက ငါ့အတွက်တော့ ဆင်းရဲတဲ့ သူတယောက်နဲ့ဘာမှ မကွာဘူးလေ

လူတယောက်က ချမ်းသာတာ ကိုယ့်အတွက် ဘာတခုမှ အကျိုးမပြုရင် သူဟာ ကိုယ့်အတွက် ဆင်းရဲသူပါပဲ

လူတယောက်က ထမင်း တပန်းကန် စာ ချမ်းသာလို့ ကိုယ့်ကို တဝတ်ခွဲကျွေးရင် သူက ကိုယ့်အတွက် အရမ်းချမ်းသာတဲ့သူ ဆိုတာ

ငါ နားလည်လိုက်လို့ ငါအခုလို ဆုံးဖြတ်လိုက်တာပါ

Credit : Original