မဂၤလာမေဆာင္ခင္ ဒီစာေလးေတြဖတ္ပါေနာ္…”လူေလး”

ေမတၱာစကား လက္ေဆာင္

“လူေလး” အိပ္ေတာ့မို႔လား………? အခန္းတံခါးေလး ခဏဖြင့္ပါအုံးကြာ……

အေဖေလ လူေလးတို႔ မဂၤလာဦး ညမွာ အမွတ္တရျဖစ္ေအာင္ စကားနည္းနည္းေလာက္ေျပာခ်င္လို႔ပါ။ဒါနဲ႕ က်ေနာ္ အခန္းထဲက ထြက္လာလိုက္တယ္။

” ဒီမယ္လူေလး အေဖေျပာမဲ႕စကားေလးေတြကို ေသခ်ာနားေထာင္ထားေနာ္….လူေလးတို႔ ဘဝေလွ်ာက္လုံးအတြက္အေရးျကီးမယ္ထင္လို႔ပါ။”

“ဒီမယ္ လူေလး…………”ေလာကမွာ လူေတြကိုသာမန္အားျဖင့္ျကည့္ရင္ ဘယ္လိုပုထုဇဥ္ပဲျဖစ္ပါေစ….

လူမႈေရးတာဝန္| ဘာသာေရးတာဝန္|စီးပြွားေရးတာဝန္| နိုင္ငံေရးတာဝန္|က်န္းမာေရးတာဝန္ စသည့္ တာဝန္ အသီးသီးကို သူ႔တာဝန္နဲ႕သူ ထမ္းေဆာင္ေနျကရတယ္။

ဒါေပမဲ႕ အိပ္ေထာင္သည္ရယ္လို႔ျဖစ္လာျပီဆိုတဲ႕ ေန႔ကစျပီး ဒီပုဂိၢဳလ္မွာအိမ္ေထာင္ေရး တာဝန္တစ္ခုကို ထပ္ျပီးထမ္းေဆာင္ရမယ္။

၁။ တာဝန္ေတြ| ဝတ္တရားေတြနဲ႕ဘဝရဲ႔ စိန္ေခၚမႈေတြက မ်ားလိုက္တာဆိုျပီး လူေလးတို႔ စိတ္ေတာ့ ညစ္မသြားပါနဲ႕…လူ႔ဘဝဆိုတာ မေမြးဖြွားခင္ကတည္းကစိန္ေခၚမႈေတြနဲ႕စခဲ႕ရတာပါ။

လူေလးပဲစဥ္းစားျကည့္ေလ အေဖဟာ လူ႔ဘဝကို မေရာက္ခင္ကတည္းက မိခင္ဝမ္းထဲမွာေနရခ်ိန္မွာ အေဖ့ေခါင္းေပၚမွာ အစာသစ္အထုပ္ကို ရြက္ထားရတယ္။

ဖင္ေအာက္မွာက အစာေဟာင္း အထုပ္ျကီးကို ခုထိုင္ထားရတယ္။ ၉လမက ၁၀လ နည္းပါးေနထိုင္ေနရတယ္။

ဒီလိုနဲ႕ ေမြးဖြွားလာေတာ့လည္း လူဟာ ၁၀ လုံးလုံး မိခင္ရဲ႕ ဝမ္းတြင္း အေမွာင္ ထဲမွာေနရျပီး အျပင္က အလင္းနဲ႕ေတြ႔ေတာ့(အူဝဲ)ဆိုျပီးစ ေအာ္ငိုတယ္။

( အမွန္ေတာ့ကေလးက အလင္းနဲ႕ေတြ႔ေတာ့ အယ္မေလး ……အယ္မေလးဆိုျပီး ေျကာက္တဲ႕သေဘာပါ။)ဒီလိုနဲ႕ လူ႔ဘဝကိုေရာက္တယ္။

ေနာက္ဆုံးေတာ့ အသက္ေတြျကီးျပီး အိုျခင္း| နာျခင္းေတြနဲ႕ ညည္းညဴရင္း ဒုကၡနဲ႕ အခက္ခဲ႕ေတြကို ရင္ဆိုင္ျပီး ဘဝတစ္ခုကို ကုန္ဆုံးျကရတဲ႕ ပုထုဇဥ္ေတြျကည့္ပါပဲ။

ဒီေတာ့ လူေလးကို ေျပာခ်င္တာကျပႆ နာနဲ႕| ဒုကၡဆိုတာ ေတြးျပီး ေျကာက္စရာမလိုဘူး။ ဘယ္လိုပုံစံနဲ႕ ရင္ဆိုင္ေျဖရွင္းမလဲ ေတြးထားပါ။ ဒါဆို အားလုံး (OK)သြားပါလိမ့္မယ္။

၂။ “ဒီမယ္ လူေလး……” ေလာကမွာ ဘယ္လို အိမ္ေထာင္ေရးမ်ိဳးမဆို ရည္ရြယ္ခ်က္ ဆိုတာရွိရမယ္။

ငါသည္ ဒီေန႔ မဂၤလာဦး ညမွစ၍ ေနာက္ဘယ္နွစ္ရက္| ဘယ္နွစ္လ| ဘယ္နွွစ္နွစ္အတြင္းမွာ ကိုယ့္အိုး| ကိုယ့္အိမ္နဲ႕ ေနနိုင္ ထိုင္နိုင္ေအာင္ ျကိဳးစားမယ္ဆိုတဲ႕ အသိမ်ိဳး| အေတြးမ်ိဳး ေခါင္းထဲမွာ အျမဲေတြးထားပါ။

ဆုံးျဖတ္ထားပါ။ ဒါဟာ အိမ္ေထာင္ရွင္ တစ္ေယာက္ရဲ႕ပထမဆုံး အေရးျကီးတဲ႕ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္သလိုအိမ္ေထာင္ေရးရဲ႕ လြတ္လပ္မႈတစ္ခုသာမကအိမ္ေထာင္ေရးရဲ႕ ေပ်ာ္ရြွင္ျခင္းအားလုံးတို႔၏။ အဓိက အေျကာင္းရင္းတစ္ခုပါ။

၃။ “ဒီမယ္လူေလး………”အိမ္ေထာင္သည္ရယ္လို႔ ျဖစ္လာရင္လင္က မယားနိုင္။ မယားက လင္ကို နိုင္ရမယ္ဆိုတဲ႕ မာန္| မာနမ်ိဳး မထားမိေစနဲ႕ေနာ္။ဥပမာေလးနဲ႕ ေျပာပါရေစ…..

လင္နဲ႕ မယားဆိုတာ တကယ္ေတာ့ လက္နဲ႕ |မ်က္လုံးေလးလိုပါပဲ။ နွလုံးသားကေန ရိုက္ခက္လာတဲ႕ ခံစားမႈေတြေျကာင့္ …..

မ်က္လုံးမွ ျကာလာတဲ႕ မ်က္ရည္ေတြကို လက္ကေလးက သုပ္ေပးရသလို ဒီလက္ေလး မခိုင္းမိေအာင္ | မတိုက္မိေအာင္ သူဘာလုပ္လုပ္ မ်က္လုံးေလးက အျမဲေစာင့္ျကည့္ေပးေနရမယ္။

အေဖေျပာခ်င္တာက မိမိအတြက္နဲ႕ တပါးသူ မ်က္ရည္ေပါက္ ျကီးငယ္ မျကမိေအာင္ သတိထားပါ။မိမိရဲ႕ အတြက္နဲ႕ တပါးသူကို မထိခိုက္ မနစ္နာမိေစဘို သတိထားျပီး ေျပာပါ။လုပ္ပါ။ေနပါ။ထိုင္ပါ ။လူေလး…………

၄။ ” ဒီမယ္ လူေလး…………” အိမ္ေထာင္ေရးမွာ အဓိက အေရးျကီးဆုံးက စည္းကမ္းပဲ။ လူတစ္ေယာက္ရဲ႕ အက်င့္ စာရိတၱ ေကာင္းျခင္း| ဆိုးျခင္းကိုသိခ်င္ရင္ ဒီလူဟာ စည္းကမ္း ဘယ္ေလာက္ေကာင္းလဲ…?

ေလ့လာျကည့္ရင္ သူ႔ရဲ႕စိတ္ထားကို ခန္႔မွန္နိုင္မယ္။” စည္းကမ္း”တဲ႕ စကားေလးက နွစ္လုံး ထဲပါ။ ဒါေပမဲ႕ အရမ္းေလးနက္တယ္။

“စည္း” ဆိုတာ………တစ္အိမ္နဲ႕ တစ္အိမ္| တစ္ရြာနဲ႕ တစ္ရြာ|တစ္ျမိဳ႕နဲ႕ တစ္ျမိဳ႕| တစ္နိုင္ငံနဲ႕ တစ္နိုင္ငံ|စသျဖင့္ စည္းျခားထားတဲ႕ သေဘာပါ။

” ကမ္း “ဆိုတာ…………ေခ်ာင္းေရ (သို႔မဟုတ္) ျမစ္ေရေတြကို အျပင္သို႔ လ်ွံမတတ္ေအာင္ ေရအေနထားကိုျကည့္ျပီး ေဘးတစ္ဖက္ တစ္ခ်က္ကေန႔ ေဘာင္အျဖစ္ တားစီးျပီး ကမ္းခက္ထားတဲ႕သေဘာကို ကမ္း လို႔ေခၚတယ္။

“ထိုအတူပါပဲ အိမ္ေထာင္ေရးမွာလည္း စည္းကမ္းေတြထားရွိရမယ္ လူေလး………”အိမ္ေထာင္ေရးမွာ စည္းကမ္းမရွိရင္ မလိုလားအပ္တဲ႕ လူမႈေရး ျပႆ နာေတြမ်ားစြာ ျဖစ္ပြွားနိုင္တယ္ေနာ္ သတိထားပါ။

ဒီလို ျပႆ နာေတြ ျဖစ္ျပီဆိုရင္ ေလာကျကီးကေပးတဲ႕ အျပစ္ဒဏ္ေတြခံရမယ္။ မင္း ဥပေဒက ေပးေသာ အျပစ္ဒဏ္ေတြခံရမယ္။ ဓမၼက ေပးတဲ႕ အျပစ္ဒဏ္ေတြ ခံရမယ္ေနာ္။

ဒါေျကာင့္ ဒီေန႔ညကစျပီး အိမ္ေထာင္ေရးမွာ စည္းကမ္းရွိပါ။ တစ္ဦးေပၚတစ္ဦး သစၥာရွိပါလို႔ သတိေပးပါရေစ။ လူေလး……”

၅။ “ဒီမယ္ လူေလး…………”ေနာက္ဆုံးအေနနဲ႕ အေရးျကီးဆုံး စကားတစ္ခြန္းေျပာမယ္ေနာ္……လူေလး။ ေလာကမွာလူေတြဟာ ဘဝရဲ႕ တိုးတတ္ရာ တိုးတတ္ေျကာင္းေတြ ရွာေဖြေနျကတယ္။

လူေလးတို႔လည္း ရွာေဖြေနတာပဲမဟုတ္လား….ေအး ဒီလိုရွာေဖြတဲ႕ အခါမွာ အေဖအထက္မွာ ေျပာခဲ႕သလိုပါပဲ ဘယ္လို ေလာကထဲမွာပဲ ရွာရွာ ေအာင္ျမင္လာ ရင္လည္း စိတ္ဓာတ္ကို မျကြေစနဲ႕။

အရွံႈးေတြနဲ႕ ရင္ဆိုင္ခဲ႕ရျပီဆိုလည္း စိတ္ဓာတ္ကို ျကမသြားမိေစနဲ႕။ ဘဝဆိုတာ ေတာင္တန္းေတြလိုပဲနိမ့္လိုက္ ျမင့္လိုက္နဲ႕။

ဘဝမွာ ရင္ခုန္တတ္တဲ႕ လူသားအားလုံးအလိမ္ခံရတတ္တယ္။ အရွံႈးနဲ႕ ရင္ဆိုင္ရတတ္တယ္။ ရင္ခုန္ေတာ့ စိတ္က မျငိမ္ေတာ့ဘူး။

စိတ္မျငိမ္ေတာ့ ဆုံးျဖတ္ခ်က္ေတြ မမွန္ေတာ့ဘူး။ ဆုံးျဖတ္ခ်က္ မမွန္ေတာ့ စစ္မွန္တဲ႕ဘဝ| ျကည္နူးစရာေကာင္းတဲ႕ ဘဝေတြနဲ႕ ေဝးကြာသြားတတ္တယ္။

ဒါေျကာင့္ ဘယ္အရာကိုပဲေတြးေတြး တည္ျငိမ္စြာေတြးျပီး တည္တည္ျငိမ္ျငိမ္ဆုံးျဖတ္ပါ။

ဒါဆို လူေလးတို႔ဟာ ေသခ်ာေပါက္ စစ္မွန္ေသာ ေပ်ာ္ရြွင္ ျကည္နူးစရာေကာင္းေသာ အိမ္ေထာင္သည္ ဘဝကိုပိုင္ဆိုင္ျကမယ္လို႔ အေဖ အျကြင္းမဲ႕ယုံျကည္ပါတယ္။

” ကဲကဲ………အေဖလည္း စကားေတြ ေျပာေကာင္းတာနဲ႕ ေျပာေနတာ ည ၁၁ နာရီေတာင္ ထိုးေတာ့မယ္ေနာ္။လူေလးလည္း ဒီေန႔ပင္ပန္းေနေလာက္ပါျပီ….

ဒါေျကာင့္ အေဖလည္း ျပန္လိုက္ဦးမယ္ လူေလးေရ…………အကယ္၍မ်ား အေဖ လူ႔ဘဝျကီးမွာ မရွိေတာ့တဲ႕ အခ်ိန္မွာ လူ႔ေလးရဲ႕ ညီအငယ္ဆုံးေလးအိမ္ေထာင္ျကရင္ အေဖ့ကိုယ္စား ေျပာေပးပါလို႔ အေဖေတာင္းဆိုပါေစရ လူေလး………”

စိတ္ခ်ပါ အေဖ သားေလ အေဖကိုယ္စားညီေလးကိုေျပာျဖစ္ေအာင္ ေျပာေပးလိုက္ပါျပီ။ ျကားရာအရပ္မွ အေဖတစ္ေယာက္ သာဓုေခၚနိုင္ပါေစ….။

“သာဓု……သာဓု……သာဓုပါ အေဖ………” ။ ခုလို အခ်ိန္ေပးျပီး ဖတ္ေပးတဲ႕အတြက္ ေက်းဇူးတင္ပါတယ္….။

ေမတၱာျဖင့္ Z.C ( ေရြွကုန္းရြာ)

mmlivenews.com

unicode

မင်္ဂလာဦးညမှာ အတူမအိပ်ခင် ဒီစာလေးတွေဖတ်ပြီးမှအိပ်ပါနော်…”လူလေး”

မေတ္တာစကား လက်ဆောင်

“လူလေး” အိပ်တော့မို့လား………? အခန်းတံခါးလေး ခဏဖွင့်ပါအုံးကွာ……

အဖေလေ လူလေးတို့ မင်္ဂလာဦး ညမှာ အမှတ်တရဖြစ်အောင် စကားနည်းနည်းလောက်ပြောချင်လို့ပါ။ဒါနဲ့ ကျနော် အခန်းထဲက ထွက်လာလိုက်တယ်။

” ဒီမယ်လူလေး အဖေပြောမဲ့စကားလေးတွေကို သေချာနားထောင်ထားနော်….လူလေးတို့ ဘဝလျှောက်လုံးအတွက်အရေးကြီးမယ်ထင်လို့ပါ။”

“ဒီမယ် လူလေး…………”လောကမှာ လူတွေကိုသာမန်အားဖြင့်ကြည့်ရင် ဘယ်လိုပုထုဇဉ်ပဲဖြစ်ပါစေ….

လူမှုရေးတာဝန်| ဘာသာရေးတာဝန်|စီးပွှားရေးတာဝန်| နိုင်ငံရေးတာဝန်|ကျန်းမာရေးတာဝန် စသည့် တာဝန် အသီးသီးကို သူ့တာဝန်နဲ့သူ ထမ်းဆောင်နေကြရတယ်။

ဒါပေမဲ့ အိပ်ထောင်သည်ရယ်လို့ဖြစ်လာပြီဆိုတဲ့ နေ့ကစပြီး ဒီပုဂ္ဂိုလ်မှာအိမ်ထောင်ရေး တာဝန်တစ်ခုကို ထပ်ပြီးထမ်းဆောင်ရမယ်။

၁။ တာဝန်တွေ| ဝတ်တရားတွေနဲ့ဘဝရဲ့ စိန်ခေါ်မှုတွေက များလိုက်တာဆိုပြီး လူလေးတို့ စိတ်တော့ ညစ်မသွားပါနဲ့…လူ့ဘဝဆိုတာ မမွေးဖွှားခင်ကတည်းကစိန်ခေါ်မှုတွေနဲ့စခဲ့ရတာပါ။

လူလေးပဲစဉ်းစားကြည့်လေ အဖေဟာ လူ့ဘဝကို မရောက်ခင်ကတည်းက မိခင်ဝမ်းထဲမှာနေရချိန်မှာ အဖေ့ခေါင်းပေါ်မှာ အစာသစ်အထုပ်ကို ရွက်ထားရတယ်။

ဖင်အောက်မှာက အစာဟောင်း အထုပ်ကြီးကို ခုထိုင်ထားရတယ်။ ၉လမက ၁ဝလ နည်းပါးနေထိုင်နေရတယ်။

ဒီလိုနဲ့ မွေးဖွှားလာတော့လည်း လူဟာ ၁၀ လုံးလုံး မိခင်ရဲ့ ဝမ်းတွင်း အမှောင် ထဲမှာနေရပြီး အပြင်က အလင်းနဲ့တွေ့တော့(အူဝဲ)ဆိုပြီးစ အော်ငိုတယ်။

( အမှန်တော့ကလေးက အလင်းနဲ့တွေ့တော့ အယ်မလေး ……အယ်မလေးဆိုပြီး ကြောက်တဲ့သဘောပါ။)ဒီလိုနဲ့ လူ့ဘဝကိုရောက်တယ်။

နောက်ဆုံးတော့ အသက်တွေကြီးပြီး အိုခြင်း| နာခြင်းတွေနဲ့ ညည်းညူရင်း ဒုက္ခနဲ့ အခက်ခဲ့တွေကို ရင်ဆိုင်ပြီး ဘဝတစ်ခုကို ကုန်ဆုံးကြရတဲ့ ပုထုဇဉ်တွေကြည့်ပါပဲ။

ဒီတော့ လူလေးကို ပြောချင်တာကပြဿ နာနဲ့| ဒုက္ခဆိုတာ တွေးပြီး ကြောက်စရာမလိုဘူး။ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖြေရှင်းမလဲ တွေးထားပါ။ ဒါဆို အားလုံး (OK)သွားပါလိမ့်မယ်။

၂။ “ဒီမယ် လူလေး……” လောကမှာ ဘယ်လို အိမ်ထောင်ရေးမျိုးမဆို ရည်ရွယ်ချက် ဆိုတာရှိရမယ်။

ငါသည် ဒီနေ့ မင်္ဂလာဦး ညမှစ၍ နောက်ဘယ်နှစ်ရက်| ဘယ်နှစ်လ| ဘယ်နှှစ်နှစ်အတွင်းမှာ ကိုယ့်အိုး| ကိုယ့်အိမ်နဲ့ နေနိုင် ထိုင်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အသိမျိုး| အတွေးမျိုး ခေါင်းထဲမှာ အမြဲတွေးထားပါ။

ဆုံးဖြတ်ထားပါ။ ဒါဟာ အိမ်ထောင်ရှင် တစ်ယောက်ရဲ့ပထမဆုံး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သလိုအိမ်ထောင်ရေးရဲ့ လွတ်လပ်မှုတစ်ခုသာမကအိမ်ထောင်ရေးရဲ့ ပျော်ရွှင်ခြင်းအားလုံးတို့၏။ အဓိက အကြောင်းရင်းတစ်ခုပါ။

၃။ “ဒီမယ်လူလေး………”အိမ်ထောင်သည်ရယ်လို့ ဖြစ်လာရင်လင်က မယားနိုင်။ မယားက လင်ကို နိုင်ရမယ်ဆိုတဲ့ မာန်| မာနမျိုး မထားမိစေနဲ့နော်။ဥပမာလေးနဲ့ ပြောပါရစေ…..

လင်နဲ့ မယားဆိုတာ တကယ်တော့ လက်နဲ့ |မျက်လုံးလေးလိုပါပဲ။ နှလုံးသားကနေ ရိုက်ခက်လာတဲ့ ခံစားမှုတွေကြောင့် …..

မျက်လုံးမှ ကြာလာတဲ့ မျက်ရည်တွေကို လက်ကလေးက သုပ်ပေးရသလို ဒီလက်လေး မခိုင်းမိအောင် | မတိုက်မိအောင် သူဘာလုပ်လုပ် မျက်လုံးလေးက အမြဲစောင့်ကြည့်ပေးနေရမယ်။

အဖေပြောချင်တာက မိမိအတွက်နဲ့ တပါးသူ မျက်ရည်ပေါက် ကြီးငယ် မကြမိအောင် သတိထားပါ။မိမိရဲ့ အတွက်နဲ့ တပါးသူကို မထိခိုက် မနစ်နာမိစေဘို သတိထားပြီး ပြောပါ။လုပ်ပါ။နေပါ။ထိုင်ပါ ။လူလေး…………

၄။ ” ဒီမယ် လူလေး…………” အိမ်ထောင်ရေးမှာ အဓိက အရေးကြီးဆုံးက စည်းကမ်းပဲ။ လူတစ်ယောက်ရဲ့ အကျင့် စာရိတ္တ ကောင်းခြင်း| ဆိုးခြင်းကိုသိချင်ရင် ဒီလူဟာ စည်းကမ်း ဘယ်လောက်ကောင်းလဲ…?

လေ့လာကြည့်ရင် သူ့ရဲ့စိတ်ထားကို ခန့်မှန်နိုင်မယ်။” စည်းကမ်း”တဲ့ စကားလေးက နှစ်လုံး ထဲပါ။ ဒါပေမဲ့ အရမ်းလေးနက်တယ်။

“စည်း” ဆိုတာ………တစ်အိမ်နဲ့ တစ်အိမ်| တစ်ရွာနဲ့ တစ်ရွာ|တစ်မြို့နဲ့ တစ်မြို့| တစ်နိုင်ငံနဲ့ တစ်နိုင်ငံ|စသဖြင့် စည်းခြားထားတဲ့ သဘောပါ။

” ကမ်း “ဆိုတာ…………ချောင်းရေ (သို့မဟုတ်) မြစ်ရေတွေကို အပြင်သို့ လျှံမတတ်အောင် ရေအနေထားကိုကြည့်ပြီး ဘေးတစ်ဖက် တစ်ချက်ကနေ့ ဘောင်အဖြစ် တားစီးပြီး ကမ်းခက်ထားတဲ့သဘောကို ကမ်း လို့ခေါ်တယ်။

“ထိုအတူပါပဲ အိမ်ထောင်ရေးမှာလည်း စည်းကမ်းတွေထားရှိရမယ် လူလေး………”အိမ်ထောင်ရေးမှာ စည်းကမ်းမရှိရင် မလိုလားအပ်တဲ့ လူမှုရေး ပြဿ နာတွေများစွာ ဖြစ်ပွှားနိုင်တယ်နော် သတိထားပါ။

ဒီလို ပြဿ နာတွေ ဖြစ်ပြီဆိုရင် လောကကြီးကပေးတဲ့ အပြစ်ဒဏ်တွေခံရမယ်။ မင်း ဥပဒေက ပေးသော အပြစ်ဒဏ်တွေခံရမယ်။ ဓမ္မက ပေးတဲ့ အပြစ်ဒဏ်တွေ ခံရမယ်နော်။

ဒါကြောင့် ဒီနေ့ညကစပြီး အိမ်ထောင်ရေးမှာ စည်းကမ်းရှိပါ။ တစ်ဦးပေါ်တစ်ဦး သစ္စာရှိပါလို့ သတိပေးပါရစေ။ လူလေး……”

၅။ “ဒီမယ် လူလေး…………”နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး စကားတစ်ခွန်းပြောမယ်နော်……လူလေး။ လောကမှာလူတွေဟာ ဘဝရဲ့ တိုးတတ်ရာ တိုးတတ်ကြောင်းတွေ ရှာဖွေနေကြတယ်။

လူလေးတို့လည်း ရှာဖွေနေတာပဲမဟုတ်လား….အေး ဒီလိုရှာဖွေတဲ့ အခါမှာ အဖေအထက်မှာ ပြောခဲ့သလိုပါပဲ ဘယ်လို လောကထဲမှာပဲ ရှာရှာ အောင်မြင်လာ ရင်လည်း စိတ်ဓာတ်ကို မကြွစေနဲ့။

အရှံှုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီဆိုလည်း စိတ်ဓာတ်ကို ကြမသွားမိစေနဲ့။ ဘဝဆိုတာ တောင်တန်းတွေလိုပဲနိမ့်လိုက် မြင့်လိုက်နဲ့။

ဘဝမှာ ရင်ခုန်တတ်တဲ့ လူသားအားလုံးအလိမ်ခံရတတ်တယ်။ အရှံှုးနဲ့ ရင်ဆိုင်ရတတ်တယ်။ ရင်ခုန်တော့ စိတ်က မငြိမ်တော့ဘူး။

စိတ်မငြိမ်တော့ ဆုံးဖြတ်ချက်တွေ မမှန်တော့ဘူး။ ဆုံးဖြတ်ချက် မမှန်တော့ စစ်မှန်တဲ့ဘဝ| ကြည်နူးစရာကောင်းတဲ့ ဘဝတွေနဲ့ ဝေးကွာသွားတတ်တယ်။

ဒါကြောင့် ဘယ်အရာကိုပဲတွေးတွေး တည်ငြိမ်စွာတွေးပြီး တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်ပါ။

ဒါဆို လူလေးတို့ဟာ သေချာပေါက် စစ်မှန်သော ပျော်ရွှင် ကြည်နူးစရာကောင်းသော အိမ်ထောင်သည် ဘဝကိုပိုင်ဆိုင်ကြမယ်လို့ အဖေ အကြွင်းမဲ့ယုံကြည်ပါတယ်။

” ကဲကဲ………အဖေလည်း စကားတွေ ပြောကောင်းတာနဲ့ ပြောနေတာ ည ၁၁ နာရီတောင် ထိုးတော့မယ်နော်။လူလေးလည်း ဒီနေ့ပင်ပန်းနေလောက်ပါပြီ….

ဒါကြောင့် အဖေလည်း ပြန်လိုက်ဦးမယ် လူလေးရေ…………အကယ်၍များ အဖေ လူ့ဘဝကြီးမှာ မရှိတော့တဲ့ အချိန်မှာ လူ့လေးရဲ့ ညီအငယ်ဆုံးလေးအိမ်ထောင်ကြရင် အဖေ့ကိုယ်စား ပြောပေးပါလို့ အဖေတောင်းဆိုပါစေရ လူလေး………”

စိတ်ချပါ အဖေ သားလေ အဖေကိုယ်စားညီလေးကိုပြောဖြစ်အောင် ပြောပေးလိုက်ပါပြီ။ ကြားရာအရပ်မှ အဖေတစ်ယောက် သာဓုခေါ်နိုင်ပါစေ….။

“သာဓု……သာဓု……သာဓုပါ အဖေ………” ။ ခုလို အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့် Z.C ( ရွှေကုန်းရွာ)

mmlivenews.com