“အခ်စ္ကို ဥေပကၡာ မျပဳပါနဲ႔”

ဟိုတုန္းက သူ႔ခ်စ္သူကို သိပ္ခ်စ္ၿပီး သိပ္ ဂ႐ုစိုက္တတ္တ့ဲ ေကာင္မေလး တစ္ေယာက္ ရိွတယ္…

ေကာင္မေလး ဂ႐ုစိုက္သေလာက္ ေကာင္ေလးကေတာ့ အဖက္ မလုပ္ခ့ဲပါဘူး….

ေကာင္ေလး ဘာေတြလုပ္လုပ္ ဘယ္လိုဘဲသူ႔ကို ဆက္ဆံပါေစ ခြင့္လႊတ္ၿပီး ေဘးနားမွာ ရိွေနခ့ဲတယ္….

ေကာင္မေလး message ပို႔တိုင္း ေကာင္ေလးကဘယ္ေတာ့မွ အေရးတစ္ယူ ျပန္ပို႔တယ္ မရိွခ့ဲဘူး….

ေကာင္မေလး ph ဆက္တိုင္း ဘယ္ေတာ့မွ အေလးထား ၿပီး ျပန္မေျပာခ့ဲဘူး….

ေကာင္မေလး တစ္ခုခုလိုက္ပို႔ဖို႔ ပူဆာတိုင္း ဘယ္ေတာ့မွ ၾကည္ၾကည္ျဖဴျဖဴ မရိွခ့ဲဘူး…..

ေကာင္မေလးနဲ႔ ပတ္သက္တာေတြ ေမြးေန႔ ခ်စ္သူမ်ားေန႔ ႏွစ္ပတ္လည္ေန႔ သူ႔အတြက္ ဘယ္ေတာ့မွ ဆုေတာင္း မေပးခ့ဲဘူး…..

ေကာင္မေလး online မွာ စာပို႔တိုင္း ဘယ္ေတာ့မွ reply မျပန္ခ့ဲဘူး…..

ေကာင္မေလးရဲ႕ Fb စာမ်က္ႏွာမွာ သူ႔အတြက္ ေနရာရိွခ့ဲ ေပမယ့္ သူ႔စာမ်က္ႏွာေတြမွာေတာ့ ေကာင္မေလးအတြက္ ေနရာ မရိွခ့ဲဘူး……

ေကာင္မေလးနဲ႔ အေပါင္းအသင္းေတြ ယွဥ္လာတိုင္း ဘယ္ေတာ့မွ သူ႔ေကာင္မေလးကို မ်က္ႏွာသာမေပးခ့ဲဘူး….

တစ္ျဖည္းျဖည္း ရက္ကိုလစား လကိုႏွစ္စား အခ်ိန္ေတြ ကုန္လာခ့ဲၿပီ….ေကာင္မေလး စိတ္ထဲ ဒဏ္ရာ ေသးေသးေလးေတြကေန တစ္ျဖည္းျဖည္း ႀကီးမားလာခ့ဲတယ္…

သူ႔အေတြးထဲ ေကာင္ေလး သူ႔ကို ခ်စ္တယ္ ဆိုတာ ေဝဝါးလာခ့ဲတယ္… သူ႔ရင္ဖတ္ထဲ ေမးခြန္းေတြ ထုတ္လာခ့ဲတယ္..

သူ အေျဖတစ္ခု ရခ့ဲတယ္… ေကာင္ေလး သူ႔ကို မခ်စ္ဘူး.. ဟုတ္တယ္… သူ အရမ္း ငိုခ့ဲတယ္….

ၿပီးေတာ့ ဆုံးျဖတ္ခ်က္ တစ္ခုကို ျပတ္သားစြာ ခ်လိုက္တယ္။ သူ့အတြက္ဆို အခ်ိန္ မေပးႏိုင္တ့ဲ ေကာင္ေလး….

သူ႔အတြက္ဆို မၾကည္ျဖဴႏိူင္တ့ဲ ေကာင္ေလး… သူ႔အတြက္ဆို အေရး မေပးႏိုင္တ့ဲ ေကာင္ေလး…

ေကာင္ေလး သူ႔ေၾကာင့္ မေပ်ာ္ရႊင္ႏိုင္ရတာေတြ… ေကာင္ေလး သူ႔ေၾကာင့္ စိတ္ရႈပ္ေနရတာေတြ အတြက္….

သူ ေကာင္ေလး ေဘးနားက ထာဝရ ေပ်ာက္ ကြယ္သြားဖို႔…..

တစ္ေန႔မွာ…. ေကာင္ေလးဆီကို ေန႔တိုင္း ပို႔ေနတ့ဲ message ေတြ ေရာက္မလာခ့ဲေတာ့ဘူး…..

ေကာင္ေလးဆီကို ေန႔တိုင္း ဆက္ေနတ့ဲ ph no ေလး မဝင္လာခ့ဲေတာ့ဘူး…..

ေကာင္ေလးလည္း တစ္ရက္ႏွစ္ရက္ ေအးေဆးပါဘဲ… တစ္ပတ္ေလာက္လည္း ၾကာလာေရာ သူတစ္ခုခု လိုအပ္ေနသလို ခံစားလာရတယ္…

သူစဥ္းစားလာတယ္ ေကာင္မေလး ဘာလို႔ ဖုန္းမဆက္တာလဲ… ေနာက္ေတာ့ သူဖုန္းဆက္ဖို႔ ဆုံးျဖတ္ၿပီး ေကာင္မေလးဖုန္းကို သူဆက္လိုက္တ့ဲ အခ်ိန္မွာ သူ႔ကိုျပန္ေျပာတယ္…

ေကာင္မေလးေတာ့ မဟုတ္ခ့ဲဘူး…

“လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ တပ္ဆင္ထားျခင္း မရိွေသးပါ႐ွင္”…. တ့ဲ..

အ့ဲဒီကတည္းက ေကာင္ေလးကို သိပ္ခ်စ္ခ့ဲတ့ဲ ေကာင္မေလးဟာ ေကာင္ေလး ေဘးနားက ထာဝရ ေပ်ာက္ကြယ္ သြားခ့ဲတယ္….

တစ္ကယ္ေတာ့ ေကာင္ေလးက ေကာင္မေလးကို သိပ္ခ်စ္ပါတယ္… ဒါေပမယ့္ ေကာင္မေလးက သူ႔ကိုသိပ္ခ်စ္ေတာ့ သူ႔အနားက မထြက္သြားဘူး ဆိုၿပီး ဂ႐ုမစိုက္ခ့ဲတာပါ…

ေကာင္ေလးဟာ ေနာင္တေတြ တစ္ေလွႀကီးနဲ႔ ေကာင္မေလး ျပန္လာမယ့္ေန႔ကို ေစာင့္ေနခ့ဲပါေတာ့တယ္….

တစ္ကယ္ေတာ့ အခ်စ္ဆိုတာ အသြားအျပန္ရိွဖို႔ လိုအပ္ပါတယ္… သူက ငါ့ကိုခ်စ္တာဘဲ… ငါဆိုးလို႔ရတယ္… ငါ သူ႔ကို ဂ႐ုမစိုက္လို႔ရတယ္.. ဆိုၿပီး မေတြးလိုက္ပါနဲ႔..

အတိုင္းအတာ ဆိုတာရိွပါတယ္….

လူဆိုတာ ခံႏိုင္ရည္ ကုန္ဆုံးတ့ဲအခါမွာ ဘယ္ေလာက္ဘဲ ခ်စ္ခ်စ္ လြတ္ခ်ထားခ်င္ ခ့ဲၾကတယ္….

ဒါေၾကာင့္ ကိုယ္ေရြးခ်ယ္ထားတ့ဲ လက္တဲြေဖာ္ကို ကိုယ့္ေဘးနားက ထာဝရ ရိွေနေစဖို႔ အျပန္အလွန္ ဂ႐ုစိုက္ပါ.. ၾကင္နာပါ… ေဖးမပါ… ဥေပကၡာ မျပဳပါနဲ႔…

မိန္းကေလး ဆိုတာ ကိုယ့္လက္တဲြေဖာ္က ကိုယ့္ကို အေလးထားတာကို လိုခ်င္တယ္.. ကိုယ့္ကို ဦးစားေပးတာကို လိုခ်င္တယ္..

သင့္ ရင္ထဲမွာ ခ်စ္ေနတာကို ထုတ္မျပဘဲ ျမင္ေနရေအာင္ နားလည္ေနရေအာင္ မိန္းမဆိုတာ အၾကားအျမင္ ရေနတ့ဲ သူေတြမဟုတ္ပါဘူး….

credit

ဟိုတုန်းက သူ့ချစ်သူကို သိပ်ချစ်ပြီး သိပ် ဂရုစိုက်တတ်တဲ့ ကောင်မလေး တစ်ယောက် ရှိတယ်…

ကောင်မလေး ဂရုစိုက်သလောက် ကောင်လေးကတော့ အဖက် မလုပ်ခဲ့ပါဘူး….

ကောင်လေး ဘာတွေလုပ်လုပ် ဘယ်လိုဘဲသူ့ကို ဆက်ဆံပါစေ ခွင့်လွှတ်ပြီး ဘေးနားမှာ ရှိနေခဲ့တယ်….

ကောင်မလေး message ပို့တိုင်း ကောင်လေးကဘယ်တော့မှ အရေးတစ်ယူ ပြန်ပို့တယ် မရှိခဲ့ဘူး….

ကောင်မလေး ph ဆက်တိုင်း ဘယ်တော့မှ အလေးထား ပြီး ပြန်မပြောခဲ့ဘူး….

ကောင်မလေး တစ်ခုခုလိုက်ပို့ဖို့ ပူဆာတိုင်း ဘယ်တော့မှ ကြည်ကြည်ဖြူဖြူ မရှိခဲ့ဘူး…..

ကောင်မလေးနဲ့ ပတ်သက်တာတွေ မွေးနေ့ ချစ်သူများနေ့ နှစ်ပတ်လည်နေ့ သူ့အတွက် ဘယ်တော့မှ ဆုတောင်း မပေးခဲ့ဘူး…..

ကောင်မလေး online မှာ စာပို့တိုင်း ဘယ်တော့မှ reply မပြန်ခဲ့ဘူး…..

ကောင်မလေးရဲ့ Fb စာမျက်နှာမှာ သူ့အတွက် နေရာရှိခဲ့ ပေမယ့် သူ့စာမျက်နှာတွေမှာတော့ ကောင်မလေးအတွက် နေရာ မရှိခဲ့ဘူး……

ကောင်မလေးနဲ့ အပေါင်းအသင်းတွေ ယှဉ်လာတိုင်း ဘယ်တော့မှ သူ့ကောင်မလေးကို မျက်နှာသာမပေးခဲ့ဘူး….

တစ်ဖြည်းဖြည်း ရက်ကိုလစား လကိုနှစ်စား အချိန်တွေ ကုန်လာခဲ့ပြီ….ကောင်မလေး စိတ်ထဲ ဒဏ်ရာ သေးသေးလေးတွေကနေ တစ်ဖြည်းဖြည်း ကြီးမားလာခဲ့တယ်…

သူ့အတွေးထဲ ကောင်လေး သူ့ကို ချစ်တယ် ဆိုတာ ဝေဝါးလာခဲ့တယ်… သူ့ရင်ဖတ်ထဲ မေးခွန်းတွေ ထုတ်လာခဲ့တယ်..

သူ အဖြေတစ်ခု ရခဲ့တယ်… ကောင်လေး သူ့ကို မချစ်ဘူး.. ဟုတ်တယ်… သူ အရမ်း ငိုခဲ့တယ်….

ပြီးတော့ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်တယ်။ သူ့အတွက်ဆို အချိန် မပေးနိုင်တဲ့ ကောင်လေး….

သူ့အတွက်ဆို မကြည်ဖြူနိူင်တဲ့ ကောင်လေး… သူ့အတွက်ဆို အရေး မပေးနိုင်တဲ့ ကောင်လေး…

ကောင်လေး သူ့ကြောင့် မပျော်ရွှင်နိုင်ရတာတွေ… ကောင်လေး သူ့ကြောင့် စိတ်ရှုပ်နေရတာတွေ အတွက်….

သူ ကောင်လေး ဘေးနားက ထာဝရ ပျောက် ကွယ်သွားဖို့…..

တစ်နေ့မှာ…. ကောင်လေးဆီကို နေ့တိုင်း ပို့နေတဲ့ message တွေ ရောက်မလာခဲ့တော့ဘူး…..

ကောင်လေးဆီကို နေ့တိုင်း ဆက်နေတဲ့ ph no လေး မဝင်လာခဲ့တော့ဘူး…..

ကောင်လေးလည်း တစ်ရက်နှစ်ရက် အေးဆေးပါဘဲ… တစ်ပတ်လောက်လည်း ကြာလာရော သူတစ်ခုခု လိုအပ်နေသလို ခံစားလာရတယ်…

သူစဉ်းစားလာတယ် ကောင်မလေး ဘာလို့ ဖုန်းမဆက်တာလဲ… နောက်တော့ သူဖုန်းဆက်ဖို့ ဆုံးဖြတ်ပြီး ကောင်မလေးဖုန်းကို သူဆက်လိုက်တဲ့ အချိန်မှာ သူ့ကိုပြန်ပြောတယ်…

ကောင်မလေးတော့ မဟုတ်ခဲ့ဘူး…

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်း မရှိသေးပါရှင်”…. တဲ့..

အဲ့ဒီကတည်းက ကောင်လေးကို သိပ်ချစ်ခဲ့တဲ့ ကောင်မလေးဟာ ကောင်လေး ဘေးနားက ထာဝရ ပျောက်ကွယ် သွားခဲ့တယ်….

တစ်ကယ်တော့ ကောင်လေးက ကောင်မလေးကို သိပ်ချစ်ပါတယ်… ဒါပေမယ့် ကောင်မလေးက သူ့ကိုသိပ်ချစ်တော့ သူ့အနားက မထွက်သွားဘူး ဆိုပြီး ဂရုမစိုက်ခဲ့တာပါ…

ကောင်လေးဟာ နောင်တတွေ တစ်လှေကြီးနဲ့ ကောင်မလေး ပြန်လာမယ့်နေ့ကို စောင့်နေခဲ့ပါတော့တယ်….

တစ်ကယ်တော့ အချစ်ဆိုတာ အသွားအပြန်ရှိဖို့ လိုအပ်ပါတယ်… သူက ငါ့ကိုချစ်တာဘဲ… ငါဆိုးလို့ရတယ်… ငါ သူ့ကို ဂရုမစိုက်လို့ရတယ်.. ဆိုပြီး မတွေးလိုက်ပါနဲ့..

အတိုင်းအတာ ဆိုတာရှိပါတယ်….

လူဆိုတာ ခံနိုင်ရည် ကုန်ဆုံးတဲ့အခါမှာ ဘယ်လောက်ဘဲ ချစ်ချစ် လွတ်ချထားချင် ခဲ့ကြတယ်….

ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ လက်တွဲဖော်ကို ကိုယ့်ဘေးနားက ထာဝရ ရှိနေစေဖို့ အပြန်အလှန် ဂရုစိုက်ပါ.. ကြင်နာပါ… ဖေးမပါ… ဥပေက္ခာ မပြုပါနဲ့…

မိန်းကလေး ဆိုတာ ကိုယ့်လက်တွဲဖော်က ကိုယ့်ကို အလေးထားတာကို လိုချင်တယ်.. ကိုယ့်ကို ဦးစားပေးတာကို လိုချင်တယ်..

သင့် ရင်ထဲမှာ ချစ်နေတာကို ထုတ်မပြဘဲ မြင်နေရအောင် နားလည်နေရအောင် မိန်းမဆိုတာ အကြားအမြင် ရနေတဲ့ သူတွေမဟုတ်ပါဘူး….

credit