မှားတဲ့သူသာ တရားခံ
နေပြည်တော်
unicode
ကားမောင်းတဲ့ လူတိုင်းသိထားသင့်တယ်။ယနေ့အချိန်မှာ ယာဉ်ကြီးယာဉ်ငယ်မရှိတော့ပါ။(မှားတဲ့သူသာ တရားခံ)
ဟုတ်တယ်။ဒါက အတော်အသိနည်းတယ်ဗျ။ဒီလိုနေရာမှာယာဉ်တိုက်လို့ကတော့ ငြင်းခုန်ပီသားမှတ်ငါအရင်ရောက်တယ် သူကဝင်တိုက်တာစသဖြင့်ပေါ့…
တချို့ဆိုသိကိုမသိတာနားလည်သယောင်ယောင်လူကဝင်ပြောလိုက်ရင်ပြာယာတွေခတ်လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတော့တာကောင်းပီ ဒီလိုလေးရှင်းရအောင် ပုံလေးကိုကြည့်…
တူညီလမ်းဆုံလို့ခေါ်တယ်။တောင်ဘက်ကလာလာ မြောက်ဘက်ကလာလာလမ်းဧရိယာ အကျယ်ကလဲအတူတူလေလမ်းမကြီးနဲ့ လမ်းသွယ်လို အကြီး အငယ်မဟုတ်ဘူး။
အဲ့ နေအုံး ကျုပ်တို့စီမှာက အဲ့လိုအကွက်ကျကျတော့ ရှိဘူးဗျဆိုတဲ့သူအတွက် ဥပမာပေးအုံးမယ်။
A မြို့ကလာတဲ့လမ်းနဲ့ B မြို့ကလာတဲ့လမ်း ဆုံတဲ့နေရာသာာကုန်းရွာကလာတဲ့လမ်းနဲ့ ညောင်ပင်သာရွာကလာတဲ့လမ်း ဆုံတဲ့နေရာကလေးတွေအမြဲ ဆော့ဆော့နေကြတဲ့ ရွာလယ်ခေါင်းတောင် မြောက်လမ်းနှစ်ခု ဆုံတဲ့နေရာ စသည်ဖြင့်ပေါ့။
အဲ့ဒီလိုနေရာမှာ ယာဉ်တိုက်မှုဖြစ်ရင်မိမိယာဘက်ကယာဉ်မရှင်းဘဲ မောင်းဝင်လာတဲ့ယာဉ်အမှားပါ။တူညီလမ်းဆုံလို့ထင်ရတဲ့နေရာမှာ မောင်းလာခဲ့ပီဆိုကထဲကယာဘက်မှာကား/ဆိုင်ကယ်ရှိမရှိ အရင်ကြည့်ပါ။
မကြည့်ပဲမောင်းလို့တိုက်ရင် ကိုအမှား ကိုတရားခံပါ။ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ်နော်။ကောင်းပါပီငါ့တူမင်းပုံထဲကလိုမဟုတ်ဘဲ လမ်းလယ်ခေါင်းမှာတိုက်ကြတယ်ဆိုရင်ရောကွာလို့ဟုတ်တယ်ဒါကတမျိုးပါ။
အဲ့ဒီတူညီလမ်းဆုံမှာ လမ်းလယ်ခေါင်တိုက်ကြရင်တော့ နှစ်ယောက်လုံးအမှားပါ။ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့အရေးယူရင် နှစ်ယောက်လုံးအရေးယူခံရပါ့မယ်။
မင်းကတော့ပြောတာပဲ ငါတို့စီမှာ ငါ့နယ်မှာ ငါ့သူငယ်ချင်းမှာဒီလိုတိုက််တယ် ။ဒါပေမဲ့ ဒီလိုခံရတာပဲလို့ ပြောကြပါလိမ့်မယ်။မနေ့ကတင်ခဲ့တဲ့ လူသေသွားသော်လည်း ထောင်မကျဆိုတဲ့post ထဲက comတွေလိုပေါ့။
ယာဉ်ကြီးယာဉ်ငယ်မရှိတော့ဘူး။မှားတဲ့သူတရားခံဆိုတာ တရားဝင်ပြောတာပါ။အမှန်လဲအဲ့ဒီလို အရေးယူနေပါပီ။မနေ့က post ရဲ့ com လေးထောင်ကျော်မှာ ၃၅၀၀ လောက်ကမိမိဒေသမှာ ဒီလိုမဟုတ်ဘူးလို့ဆိုတဲ့သဘောတရားတွေ ရေးကြတာတွေ့ရပါတယ်။
နောက်ပီ ဒါတကယ်လား ပုံပြင်လားတဲ့။အဲ့ဒီလိုတကယ်အသက်ဝင်ပီလားတဲ့။ဟုတ်ကဲ့ ဒါအမှန်ပါ ပုံပြင်လဲမဟုတ် ယုံတမ်းစကားလဲမဟုတ်ပါဘူး။ဒီလိုအမှန်တရားနဲ့ပဲ အရေးယူနေပါပီ။
ဒါဆို ဟိုတလောက ငါတို့စီမှာဖြစ်ခဲ့တာ မင်းပြောသလိုမဟုတ်ဘူးကွလို့။ထားတော့ အဲ့ဒါကိုဇစ်မြစ်မလိုက်ချင်တော့ပါဘူး။အခုကပဲစမှတ်လိုက်ပါ။နောက်များ မိမိရှေ့မှာ ပတ်ဝန်းကျင်မှာ ကြုံဆုံခဲ့ရင်ဘာမှလာမပြောမခံနဲ့။ မှားတဲ့သူတရားခံပါပဲ။
မနေ့က post မှာ share တဲ့သူ လေးသောင်းကျော်လို့ အမှန်တရားတွေကို ပြည်သူတွေသိပီလို့ ဝမ်းသာမိပေမဲ့com တွေဖတ်ကြည့်တော့ ထင်သလောက်မသိကြသေးဘူးဆိုတာ သိလာခဲ့တယ်။
ဘာလုပ်ရမလဲ ငါ သည်ထက်နှစ်ဆ ကြိုးစားတင်ပြရမယ်။အားလုံးသိအောင်လုပ်ရမယ်လို့ ဆုံးဖြတ်မိတယ်။FM တွေ TV တွေ သတင်းသမားတွေနဲ့ချိတ်ဆက်မိတယ်။မကြာပါဘူး ဆရာသမား အထက်လူကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ အားလုံးသိအောင် ကြိုးစားတင်ပြပါ့မယ်။
အခုဆိုရင် ယာဉ်တိုက်မှုအဖြစ်များတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပတ်ပတ်လည်ကကျေးရွာတွေကို ကျွန်တော်ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ဆက်တိုက် ပညာပေးဟောပြောနေပါပီ။
ယာဉ်ကြီး ယာဉ်ငယ်ကိစ္စအများသိအောင် ဂျာနယ်တွေ သတင်းတွေထဲမှာလဲ ပါစေချင်ပါပီ။ ဒါကြောင့် သတင်းဆရာတွေ ဟောပြောပွဲနဲ့ကြုံရင် လာခဲ့ပါ ဖိတ်ခေါ်ပါရစေ။
မှတ်ထားပါနော်။ယာဉ်ကြီးယာဉ်ငယ် No။မှားတဲ့သ ူတရားခံ။ဘယ်သူဘာပြောပြော အအမခံနဲ့။ဖြစ်လာရင် သူများအလိမ်မခံရအောင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လေ့လာထားပါ။
အသိတစ်ခုက ဘဝတစ်ခုက ိုကယ်နိုင်ပါတယ်။ ( 13.1.2017 နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ဓမ္မာရုံ ရှမ်းစုကျေးရွာ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးဟောပြောစဉ်)
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
နေပြည်တော်