ရဲစခန္းက အမႈဖြင့္မေပးရင္ ဘာလုပ္ၾကမလဲ ???

ကြ်န္ေတာ္ေျပာခ်င္(ေရးခ်င္)ေနတာၾကာပါၿပီ။မီဒီယာမ်ား (အထူးသျဖင့္ Facebook)မွာ မၾကာခဏေတြ႔ေနရသည့္ ရဲစခန္းသို႔ ရာဇဝတ္မႈမ်ား သြားေရာက္တိုင္တန္းသည္ကို (သတင္းေပးသည္ကို)အမႈဖြင့္ျခင္းမျပဳသည့္ ကိစၥျဖစ္ပါတယ္။

တကယ္ေတာ့ ရဲစခန္းမွာ အမႈတိုင္လွ်င္ အမႈဖြင့္ေပးရမည္မွာရဲမ်ား၏မျဖစ္မေန(မလြဲမေသြ) လုပ္ရမည့္ အလုပ္ဆိုသည္ကိုရဲတိုင္းသိၾကပါတယ္။ အခ်ဳိ႕ေသာနားလည္ႏွံ႔စပ္သည့္ ျပည္သူမ်ားႏွင့္ ဥပေဒပညာရပ္ တတ္က်ြမ္းသူမ်ားလည္းသိၾကပါတယ္။

မသိၾကေသးေသာ ျပည္သူမ်ားသိႏိုင္ေအာင္ ေရးျပရလွ်င္ျဖင့္ရာဇဝတ္မႈ (ရဲအေရးပိုင္ေသာအမႈ)ျဖစ္ပြားေၾကာင္း ရဲစခန္းသို႔ လာေရာက္တိုင္ၾကားလ်ွင္ ရဲေတြေခၚေနၾကတဲ႔ FIR ဆိုတာFirst In formation Report ျဖစ္ပါတယ္။ ျမန္မာလိုေတာ့ ပထမသတင္းေပးတိုင္ခ်က္ပါ။ ဒီလိုမႈခင္း ျဖစ္ပြားေၾကာင္း ရဲထံပထမဆုံးေပးတဲ႔သတင္းလို႔ ဆိုတာျဖစ္ပါတယ္။

တိုင္ခ်က္လို႔ အတိုေခၚၾကပါတယ္။ဒီလိုရာဇဝတ္မႈ ရဲအေရးပိုင္တဲ႔အမႈ ျဖစ္ပြားခဲ႔ရင္ ကာယကံရွင္ကိုယ္တိုင္လာေရာက္ တိုင္ၾကားမွသာအမႈဖြင့္ေပးရမွာ မဟုတ္ပါဘူး။ နစ္နာသူကာယကံရွင္ကိုယ္တိုင္ တိုင္ၾကားႏိုင္သလိုၾကားက သိရွိသူ၊ ျမင္ေတြ႔သူကလည္း တိုင္ၾကားႏိုင္ပါတယ္။

ဒါကို သတင္းေပးတယ္လို႔ ဆိုပါတယ္။ ဘယ္သူတိုင္တိုင္FIR ဖြင့္ေပးရမွာ အမႈဖြင့္စစ္ေဆးေပးရမွာ ရဲအလုပ္ပါ။တိုင္တဲ႔အခါမွာလည္း ရဲစခန္းကို ကိုယ္တိုင္လာေရာက္တိုင္ၾကားရမွာ ျဖစ္ေပမဲ႔ မလာေရာက္ႏိုင္လို႔ စာေရးသားေပးပို႔တိုင္တာ၊ ေၾကးနန္းစာေပးပို႔တိုင္တာလည္းလုပ္လို႔ရပါတယ္။

ဖုန္းဆက္ၿပီးေတာ့လည္း တိုင္ႏိုင္ပါတယ္။ ဒီလိုနည္းေတြနဲ႔တိုင္ရင္လည္း အမႈဖြင့္ရမွာပါပဲ။ဘယ္လိုနည္းနဲ႔ တိုင္တိုင္ ပထမသတင္းေပးတိုင္ခ်က္ဆိုတဲ႔FIR ကို ခ်က္ခ်င္းဖြင့္ေပးရပါမယ္။ ခ်က္ခ်င္းျဖစ္ပါတယ္။အခ်ိန္ဆြဲခြင့္လည္းမရွိပါဘူး။ ျဖစ္ပြားပုံ ျဖစ္ပြားသည့္ေနရာကို သြားေရာက္စစ္ေဆးၿပီးခါမွ FIR ဖြင့္လို႔လည္း မရပါဘူး။

တိုင္ၿပီဆိုတာနဲ႔ ဖြင့္ရမွာပါ။ ဒါကိုျပည္သူေတြသိထားရင္အခုဖြင့္ေပးမွာလား မဖြင့္ေပးဘူးလားလို႔ ေျဗာင္ေျပာ ေျဗာင္ေမးလိုက္ရုံပါပဲ။အမႈျဖစ္ပြားတဲ႔ အပိုင္နယ္ေျမရဲစခန္းမွာတိုင္မွ အမႈဖြင့္ေပးရတာလည္း မဟုတ္ပါဘူး။ ျမစ္ႀကီးနားမွာျဖစ္တဲ႔အမႈ ေကာ့ေသာင္းက ရဲစခန္းမွာတိုင္ရင္ေတာင္မွ ေကာ့ေသာင္းရဲစခန္းက ဖြင့္ကိုဖြင့္ေပးရမွာျဖစ္ပါတယ္။

ျမစ္ႀကီးနားမွာ သြားတိုင္ပါလို႔ ေျပာခြင့္မရွိပါဘူး။ ဘယ္စခန္းမွာတိုင္တိုင္ ရပါတယ္။FIR ဖြင့္တယ္ဆိုတာကလည္း ဒီအမႈကို စုံစမ္းစစ္ေဆးဖို႔စတင္ေဆာင္ရြက္ျခင္းပါ။ FIR ဖြင့္ၿပီးတာနဲ႔ ဒီအမႈကိုစစ္ေဆးေဖာ္ထုတ္ဖို႔ ရဲမွာတာဝန္ရွိသြားပါၿပီ။ဒီလို FIR ဖြင့္ရမယ္ဆိုတာ က်င့္ထုံးဥပေဒနဲ႔ ရဲလက္စြဲမွာအတိအက်ပါၿပီး ျပ႒ာန္းၿပီးျဖစ္ပါတယ္။

ေရွာင္လႊဲဖယ္ေသြခြင့္ မရွိပါဘူး။ယုတ္စြအဆုံး အမႈတကယ္မျဖစ္ပါဘဲ အမႈျဖစ္ပြားပါတယ္က်ဴးလြန္ခံရပါတယ္၊ နစ္နာပါတယ္ဆိုၿပီး လိမ္လည္တိုင္တန္းတာကို (လိမ္လည္တိုင္မွန္းသိေနသည့္တိုင္ေအာင္)အမႈကိုဖြင့္ေပးရပါမယ္။

တစ္ခါအမႈျဖစ္ၿပီး အေတာ္ၾကာမွတိုင္တာေၾကာင့္လည္းဖြင့္လို႔မရဘူး ဆိုတာမ်ဳိးမရွိပါဘူး။ ရဲအေရးပိုင္မႈမွန္လွ်င္ဖြင့္ေပးရပါမယ္။အျခားရဲစခန္းအပိုင္မွာ ျဖစ္တဲ႔အမႈ ကိုယ့္စခန္းမွာလာတိုင္တာ၊ အမႈမျဖစ္ဘဲ လိမ္လည္တိုင္တန္းတာေတြအတြက္ဘယ္လိုလုပ္ရမယ္ ဆိုတာလည္း ရဲေတြမွာလုပ္ထုံးလုပ္နည္းေတြ ရွိၿပီးသားပါ။

ဒါရဲအလုပ္ပါ။ ရဲစခန္းအလုပ္ပါ။ကြ်န္ေတာ္ဆိုခဲ႔တဲ႔အတိုင္း ဥပေဒ လုပ္ထုံးလုပ္နည္းေတြရွိေနပါလ်က္၊ ရွိေနေၾကာင္းလည္း သိေနပါလ်က္ ရဲေတြကအမႈဖြင့္မေပးလို႔ဆိုတဲ႔အသံေတြ၊ ျပည္သူေတြရဲ႕ မေက်မနပ္သံေတြ၊ ဆဲဆိုသံေတြ ေန႔စဥ္နဲ႔အမ်ွ ၾကားေန၊ ဖတ္ေနရပါတယ္။

ရဲေတြကို ႏွိမ္ခ်ေျပာဆို ေရးသားေနၾကတာေတြ၊ ခ်ဳိးဖဲ႔၊ ေလွာင္ေျပာင္တာေတြ ၾကားေနရေတာ့ ႏွစ္ေပါင္းမ်ားစြာ ရဲအဖြဲ႔မွာတာဝန္ထမ္းေဆာင္ခဲ႔သူတစ္ဦးျဖစ္လို႔ ကြ်န္ေတာ္ရွက္လာမိပါတယ္။ ျပည္သူေတြဘက္ကေနၿပီးလည္း မခံမရပ္ႏိုင္ျဖစ္လာမိပါတယ္။ ဒါေၾကာင့္ပဲ ဒီေဆာင္းပါးကို ေရးမိတာပါ။ဒီလိုလုပ္ရပ္ေတြေၾကာင့္ ေနာက္ဆက္တြဲျဖစ္ရပ္ဆိုးေတြပါျဖစ္ေပၚေနေၾကာင္း ၾကားရေတာ့ ပိုၿပီးစိတ္မခ်မ္းမသာ ျဖစ္ရပါတယ္။

ဒါေၾကာင့္ အမႈဖြင့္မေပးရတဲ႔ အေၾကာင္းအရင္းကို ျပန္လည္သုံးသပ္ၾကည့္မိပါတယ္။ တကယ္ေတာ့ ဒီလိုအမႈဖြင့္မေပးတဲ႔ကိစၥေတြက ခုမွျဖစ္တာမဟုတ္ပါဘူး။ လြန္ခဲ႔တဲ႔ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ ေလာက္ကတည္းက တြင္က်ယ္လာတာျဖစ္ေၾကာင္းေလ႔လာမိပါတယ္။

ဒီလိုရွိခဲ႔လို႔လည္း ၁၉၉၅ ခုႏွစ္ေနာက္ပိုင္းကာလေတြမွာ ရဲတပ္ဖြဲ႔အႀကီးအကဲကိုယ္တိုင္အရပ္သားဟန္ေဆာင္ၿပီး ရဲစခန္းေတြမွာ အမႈသြားတိုင္တာမ်ဳိးလုပ္ပါတယ္။ အမႈဖြင့္မေပးရင္ အေရးယူတာေတြလည္းလုပ္ပါတယ္။ အမႈဖြင့္မေပးရင္ ေထာင္ခ်သည္အထိ အေရးယူမွာျဖစ္ေၾကာင္းလည္း ရဲစခန္းေတြမွာ အမ်ားျမင္သာေအာင္စာေရးကပ္ထားေစပါတယ္။

ဥပေဒလည္းရွိၿပီး၊ အထက္လူႀကီးေတြလည္း မလိုလားတဲ႔ဒီကိစၥႀကီးက ပေပ်ာက္မသြားဘဲ ပိုၿပီးဆိုးရြားလာတာ ဘာေၾကာင့္မ်ားပါလိမ္႔လို႔ စဥ္းစားၾကည့္မိပါတယ္။ရဲစခန္းေတြမွာ အမႈဖြင့္မေပးတဲ႔ကိစၥ အေၾကာင္းအရင္းခံေတြအမ်ားႀကီးရွိပါတယ္။ ရဲစခန္းေတြဘက္က ႀကံဳေတြ႔ေနရတဲ႔အခက္အခဲေတြ အမ်ားႀကီးရွိေနပါတယ္။

ရဲစခန္းေတြမွာအမႈစစ္အရာရွိအင္အားက ေလ်ွာ့နည္းေနတဲ႔အျပင္ အမႈစစ္လုပ္ငန္းမဟုတ္တဲ႔ ျပင္ပလုပ္ငန္းေတြကလည္း မ်ားေနေလေတာ့ ေန႔စဥ္နဲ႔အမ်ွ ျဖစ္ပြားေနတဲ႔အမႈေတြကို ႏိုင္ေအာင္မစစ္ႏိုင္ၾကဘူး။ အခ်ဳိ႕ေသာၿမိဳ႕ႀကီးေတြက ရဲစခန္းေတြမွာအမႈစစ္တစ္ေယာက္မွာ အမႈရာခ်ီၿပီးရွိတယ္လို႔ သိရပါတယ္။

ဘယ္လိုမွ ႏိုင္နင္းေအာင္စစ္ေဆးႏိုင္မွာ မဟုတ္ပါဘူး။ ျပည့္စုံခိုင္မာေအာင္လည္း စစ္ေဆးႏိုင္မွာ မဟုတ္ပါဘူး။ တရားခံအျပစ္က်ႏိုင္ေလာက္တဲ႔ သက္ေသ အေထာက္အထားေတြလည္း ဘယ္လိုမွရွာေဖြတင္ျပႏိုင္မယ္ မဟုတ္ပါဘူး။ေနာက္အခက္အခဲတစ္ခုက ၿမိဳ႕ေပၚမွာျဖစ္ပြားတဲ႔ အမႈဆိုရင္ေတာင္ ျဖစ္တဲ႔ေနရာကိုသြားဖို႔၊ သက္ေသရွိတဲ႔ေနရာကိုသြားဖို႔၊ သက္ေသခံပစၥည္းေရာက္သြားတဲ႔ ေနရာမွာသြားသိမ္းဖို႔စတာေတြအတြက္ လမ္းေလ်ွာက္သြားလို႔၊ စက္ဘီနဲ႔သြားလို႔ရတဲ႔ ေခတ္မဟုတ္ေတာ့ပါဘူး။

သက္ေသခံပစၥည္း အတြက္ထင္ျမင္ခ်က္ ေတာင္းခံဖို႔ ေနျပည္ေတာ္က ဓါတုေဗဒဝန္ရုံးကို သြားရမယ္ဆိုရင္ လမ္းစရိတ္ကလည္း မေသးလွပါ။အမႈစစ္စရိတ္ ေပးတာရွိပါတယ္။ ဒါေပမဲ႔ ေလာက္ငွႏိုင္ပါ့မလား။ ဒီေတာ့အမႈစစ္ေတြ လက္ထဲမွာအမႈေတြပုံေနၿပီေပါ့။ ဘယ္စခန္းမွဴး၊ ဘယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးက အမႈထပ္ဖြင့္ခ်င္ပါ့မလဲ။

ခုေျပာခဲ႔တာ ရဲစခန္းေတြဘက္က ႀကံဳေတြ႔ေနရတဲ႔ အခက္အခဲ အခ်ဳိ႕ပါ။ အျခားလည္းရွိပါဦးမယ္။(ေနာက္ပိုင္းမွာထပ္မံတင္ျပပါမယ္)အမႈေတြဖြင့္မေပးၾကတဲ႔ကိစၥမွာ အဓိကက်တယ္လို႔ ကြ်န္ေတာ္ထင္ျမင္တဲ႔ အခ်က္ကေတာ့ မႈခင္းက်ဆင္းေရးဆိုတာကို လြဲမွားစြာေဆာင္ရြက္ၾကတာေၾကာင့္ျဖစ္တယ္လို႔ျမင္မိပါတယ္။

ကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႔မွာ မႈခင္းက်ဆင္းေရးဆိုတဲ႔ လုပ္ငန္းစဥ္ရွိပါတယ္။ မွန္ပါတယ္၊ ရဲတပ္ဖြဲ႔အေနနဲ႔ မႈခင္းေတြက်ဆင္းေအာင္လုပ္ဖို႔ တာဝန္ရွိတာမွန္ပါတယ္။ သို႔ေသာ္လည္း လူရွိရင္ အမႈရွိတာပဲဆိုတဲ႔စကားနဲ႔အညီ လူဦးေရမ်ားလာရင္ အမႈေတြပိုမ်ားလာမယ္ဆိုတာ သဘာဝယုတ္တိရွိပါတယ္။

ႏိုင္ငံမွာစီးပြားေရးက်ဆင္းလာရင္ ဒုစရိုက္မႈက်ဴးလြန္တာေတြပိုျဖစ္မယ္၊ အလုပ္အကိုင္ အခြင့္အလမ္းေတြနည္းပါးၿပီးအလုပ္လက္မဲ႔ေတြ မ်ားလာၿပီဆိုရင္လည္း အမႈအခင္းေတြပိုျဖစ္လာမယ္ဆိုတာ ေတြးၾကည့္ရုံနဲ႔သိႏိုင္ပါတယ္။

ေနာက္ အရက္ေသစာ၊ မူးယစ္ေဆးဝါးေတြ ေသာက္သုံးၾကတာကလည္း မူခင္းျဖစ္ပြားမႈကို ပံ႔ပိုးေပးေနတဲ႔ အခ်က္ပါ။ ေလာင္းကစားသမားမ်ားကေတာ့ ေလာင္းေၾကးရႈံးရင္ေငြအစား ျပန္ရလိုမႈကိုအေၾကာင္းျပဳၿပီး အမႈေတြက်ဴးလြန္ၾကပါဦးမယ္။

ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ လူဦးေရကဘယ္ေလာက္တိုးပြားလာေနတယ္ဆိုတာ သန္းေကာင္စာရင္း မေကာက္ရင္ေတာင္ သိသာတဲ႔ အေျခအေနပါ။ ကိုယ့္ႏိုင္ငံစီးပြားေရးအေၾကာင္းလည္း ကိုယ္အသိဆုံးပါ။ အလုပ္လက္မဲ႔ဆိုတာလည္း လူဦးေရရဲ႕ ရာခိုင္ႏႈန္းမည္မ်ွလို႔ မေျပာႏိုင္ေပမဲ႔ အလုပ္လိုအပ္ေနသူေတြ ဒုႏွင့္ေဒးပါ။ ျပည္တြင္းမွာအလုပ္အကိုင္ ရွားပါးလို႔ျပည္ပကို တရားဝင္ေရာ တရားမဝင္ပါသြားလုပ္ေနၾကတာေတြေၾကာင့္ ရြာေတြမွာ လူငယ္ေတြမရွိသေလာက္ ျဖစ္ေနပါၿပီ။

အရက္ဆိုတာကလည္း ေပါမွေပါ၊ မူးယစ္ေဆးဝါးက်ေတာ့သမၼတႀကီးကိုယ္တိုင္ ပါဝင္ေနရပါသည္ မဟုတ္ပါလား။ေလာင္းကစားဆိုတာကလည္း ႏိုင္ငံတကာနဲ႔ ဆက္သြယ္ကစားႏိုင္သည္ဆိုေတာ့ ဘာေျပာေကာင္းမလဲေပါ့။

ဒီအေျခအေနက မႈခင္းေတြတိုးတက္ျဖစ္ပြားေစမယ္႔အေျခအေနေတြပါ။ ဒါကိုအမႈေတြက်ေအာင္ ခ်ရမယ္လို႔ဆင့္ကဲဆင့္ကဲ ညႊန္ၾကားေနမယ္၊ ဖိအားေပးေနမယ္ဆိုရင္ လက္ေတြ႔ျဖစ္ေပၚေနတဲ႔အတိုင္း အမႈဖြင့္မေပးဘူးဆိုတဲ႔ျပသနာ ဆက္ရွိေနဦးမွာပါ။

တပ္မေတာ္အစိုးရလက္ထက္က ေလးလပတ္ အစည္းအေဝး က်င္းပၿပီဆိုရင္ ရဲတပ္ဖြဲ႔စြမ္းေဆာင္ရည္ေကာင္းလို႔ ႏိုင္ငံတစ္ဝမ္းမွာ အမႈႀကီးေတြ ဘယ္ေလာက္ထိေအာင္က်ဆင္းသြားပါၿပီ၊ ဒုစရိုက္မႈေတြဆိုလည္း ဘယ္မ်ွအထိ ႏွိမ္ႏွင္းလိုက္ပါၿပီဆိုၿပီး တင္ျပၾကပါတယ္။ ဘယ္သူကမွအမႈေတြတိုးျဖစ္ေနပါတယ္လို႔ မတင္ျပခ်င္ပါဘူး၊ မတင္ျပရဲပါဘူး။ မင္းမလုပ္ႏိုင္ဘူးလားလို႔ ဘယ္အေမး ခံခ်င္ပါ့မလဲ။

တုိုင္းႏွင့္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးေတြရဲ႕ ေလးလပတ္ အစည္းအေဝးက်ေတာ့လည္း ထုံးစံအတိုင္းပါပဲ၊ ကြ်န္ေတာ္တို႔တိုင္းကြ်န္ေတာ္တို႔ ျပည္နယ္မွာ မႈခင္းေတြက်ပါတယ္ခင္ဗ်ေပါ့ဒီလိုမေျပာခဲ႔ႏိုင္ရင္ ကိုယ့္ေဒသ ျပန္ေရာက္တဲ႔အခါ လက္ေအာက္ကို ဖိအားေပးၾကေတာ့တာပါပဲ။ မင္းတို႔မလုပ္ႏိုင္ရင္ခရိုင္ရဲတပ္ဖြဲ႔မွဴးမလုပ္နဲ႔။။ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးမလုပ္နဲ႔လို႔ ဆုိၾကေတာ့တာေပါ့။

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဌာနခ်ဳပ္။။ ေလးလပတ္အစည္းအေဝးမွာ မႈခင္းေလ်ွာ့ခ်ႏိုင္မႈ႕ဆု ဆိုတာလည္းရွိေနေတာ့ ျပည္နယ္၊ တိုင္းတပ္ဖြဲ႔မွဴးေတြ ဆုရခ်င္ၾကတာေပါ့။ အၿပိဳင္အဆိုင္အမႈေတြက် ျပရတာေပါ့။ ဒီလိုဆုမ်ဳိးေတြရတဲ႔ ျပည္နယ္တိုင္းတပ္ဖြဲ႔မွဴးေတြ မ်က္ႏွာပြင့္တာေပါ့။

ကိုယ့္လူႀကီး မ်က္ႏွာပြင့္ႏိုင္ေစဖို႔ ေအာက္ေျခမွာ ကင္းကိုက္ၿပီေပါ့။ သီဟိုရီေတြနဲ႔ ေဖာ္ထုတ္ထားတဲ႔ မႈခင္က်ဆင္းေရးနည္းလမ္းေတြ၊ အစဥ္အလာေဆာင္ရြက္ခဲ႔တဲ႔ နည္းလမ္းေတြက်င့္သုံးေပမဲ႔ အမႈေတြက တိုးလို႔တိုးလို႔ ျဖစ္လာတဲ႔အခါေအာက္လမ္းနည္းေတြ မသုံးမျဖစ္ သုံးၾကရပါေတာ့တယ္။

နည္းလမ္းေတြကေတာ့……

(၁) ကြ်န္ေတာ္တို႔ မွတ္ထားလိုက္ပါမယ္၊ သတင္းတစ္ခုခုရရင္လာေျပာပါ အမႈဖြင့္ၿပီးဖမ္းေပးပါမယ္လို႔ေျပာၿပီးျပန္လႊတ္တဲ႔နည္း၊

(၂) FIR မဟုတ္တဲ႔စာအုပ္(FIR စာအုပ္အတု)မွာေရးမွတ္ထားလိုက္တဲ႔နည္း၊

(၃) တိုင္တဲ႔သူစိတ္ညစ္ေအာင္ အခ်ိန္ဆြဲ၊ ဟိုေမး သည္ေမးဟိုေျပာ သည္ေျပာလုပ္တဲ႔နည္း၊

(၄) အမႈတိုင္ရင္ အခ်ိန္ကုန္မယ္၊ အလုပ္ရႈပ္မယ္၊ ေငြကုန္မယ္၊ လူပင္ပန္းမယ္၊ တရားရုံးေတြဘာေတြသြားရမယ္၊ေရွ႕ေနငွားရမယ္ ဆိုတာေတြေျပာၿပီး စိတ္ပ်က္ေစတဲ႔နည္း၊

(၅) အျခားရဲစခန္းအပိုင္မွာ ျဖစ္တာေၾကာင့္ ဆိုင္ရာရဲစခန္းကိုသြားပါလို႔ ေျပာလႊတ္တဲ႔နည္း၊

(၆) ခိုးမႈကို ခိုးမႈမသကၤာဆိုတာနဲ႔ ေရးဖြင့္တဲ႔နည္း၊အမႈႀကီးကို အျခားေသးငယ္တဲ႔ပုဒ္မတပ္ၿပီး ဖြင့္တဲ႔နည္း၊

(၇) စခန္းမွဴးမရွိဘူး ေနာက္မွလာဖြင့္ပါ၊ တိုင္ခ်က္စာအုပ္ၿမိဳ႕နယ္မွဴးယူသြားလို႔ ေနာက္မွလာဖြင့္ပါလို႔ ေျပာတဲ႔နည္း၊

(၈) လုံးဝကို ဖြင့္မေပးတဲ႔နည္း၊စတဲ႔နည္းလမ္းေတြပါပဲ။ ေနာက္ထပ္ေတာင္ရွိေနဦးမလားမသိဘူး။

ရဲတပ္ဖြဲ႔ရဲ႕ ပင္မလုပ္ငန္းက ျပည္သူေတြအတြင္းမွာ ျဖစ္ပြားေပၚေပါက္တဲ႔ ရာဇဝတ္မႈခင္းေတြကို အမႈဖြင့္လွစ္၊ စစ္ေဆးေဖာ္ထုတ္ေပးၿပီး တရားစြဲတင္ပို႔၊ က်ဴးလြန္သူ အျပစ္က်သည္အထိ ေဆာင္ရြက္ရမယ္႔လုပ္ငန္းျဖစ္ပါတယ္။

အျခားေသာတာဝန္ေတြကိုလည္း ေဆာင္ရြက္ရမွာ ျဖစ္ေပမဲ႔ရဲစခန္းတစ္ခု အေနနဲ႔ကေတာ့ မႈခင္းလုပ္ငန္းက အဓိကပါ။ဒီလုပ္ငန္းကလည္း ျပည္သူေတြနဲ႔ တိုက္ရိုက္ဆက္ဆံေဆာင္ရြက္ရတဲ႔ လုပ္ငန္းျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ အခက္အခဲလည္းျဖစ္၊ ဥပေဒအရလည္းေဆာင္ရြက္ရမယ့္ ကိစၥျဖစ္ေနတာေၾကာင့္ မျဖစ္မေနအမႈဖြင့္စစ္ေဆး ေပးရပါမယ္။ မဖြင့္ဘူးဆိုရင္ တာဝန္ပ်က္ကြက္တာျဖစ္သလို ျပည္သူေတြအေပၚသစၥာေဖာက္ရာလည္း က်ပါတယ္။ ျပည္သူေတြရဲ႕ မုန္းတီးမႈကိုလည္း ခံရပါမယ္။ ခံလည္းခံေနရပါၿပီ။

ျပည္သူတစ္ေယာက္ကို အမႈဖြင့္မေပးလိုက္လို႔ ဒီတစ္ေယာက္က ရဲကိုမေက်နပ္ေတာ့ဘူးဆိုရင္ သူ႔မိသားစု သူ႔ေဆြမ်ဳိးေတြသူ႔မိတ္ေဆြအေပါင္းအသင္းေတြ ဆက္ၿပီးဆက္ၿပီး ရဲကိုမေက်နပ္တဲ႔သူေတြ ဘယ္ေလာက္တိုးပြားလာမလဲ။ Facebookမွာပါ တင္လိုက္ၿပီဆိုရင္ ရဲကိုမုန္းသြားမယ့္ ျပည္သူအေရအတြက္ကို တြက္ခ်က္ၾကည့္လိုက္ေစခ်င္ပါတယ္။

ဒါေၾကာင့္ အထက္လူႀကီးေတြကလည္း မႈခင္းက်ဆင္းေရးမႈခင္းေတြေလ်ွာ့ခ်ေရး မႈခင္းေတြမျဖစ္ပြားေရးဆိုတာကိုေဇာင္းေပးမေနေတာ့ဘဲ အမႈျဖစ္တယ္ဆိုတာ သဘာဝအရျဖစ္တာ လူဦးေရမ်ားလာရင္ အမႈေတြတုိးလာမယ္ ႏိုင္ငံစီးပြားေရးက်ဆင္းရင္ အမႈေတြမ်ားလာမယ္ဆိုတဲ႔ အခ်က္ေတြကို နားလည္လက္ခံေပးၿပီး မႈခင္းက်ဆင္းေရးအတြက္အလြန္အမင္း တြန္းအားေပးတာမ်ဳိး မလုပ္သင့္ေတာ့ပါဘူးလို႔ေျပာပါရေစ။

တကယ္က မႈခင္းမျဖစ္ပြားေအာင္ တြန္းအားေပးတာထက္ျဖစ္ပြားတဲ႔အမႈေတြကို ေပၚေပါက္ေအာင္ စုံစမ္းေဖာ္ထုတ္ဖို႔အတြက္သာ ဦးစားေပးေဆာင္ရြက္သင့္တဲ႔ကာလ ေရာက္ေနပါၿပီလို႔လည္း ေျပာပါရေစ။

ျပည္သူေတြကို သိေစခ်င္တာက အမႈျဖစ္လာရင္၊ ရဲအေရးပိုင္တဲ႔အမႈဆိုရင္ ရဲစခန္းကိုတိုင္ရမွာပါ။ တိုင္ရင္ရဲက ဖြင့္ကိုဖြင့္ေပးရမယ္ဆိုတာ သိေစခ်င္ပါတယ္။ ရဲအေရးမပိုင္တဲ႔အမႈျဖစ္ေနရင္ေတာင္ ရဲကကူညီေဆာင္ရြက္ေပးရမွာေတြရွိေနပါေသးတယ္။ အထက္မွာ ေဖာ္ျပတဲ႔နည္းေတြနဲ႔ေဝ့လည္ေၾကာင္ပတ္လုပ္ၿပီး အမႈဖြင့္မေပးဘူးဆိုရင္ ရဲရဲတင္းတင္းေျပာရုံပါပဲ။

ရဲကိုျပည္သူက ေၾကာက္ေနရတယ္ဆိုတဲ႔ေခတ္ မဟုတ္ပါဘူး။အမႈဖြင့္မေပးရင္ မီဒီယာကေန ဖြင့္ခ်ရုံပါပဲ။ အထက္ကို တိုင္ၾကားရုံပါပဲ။ ကြ်န္ေတာ္တို႔ျပည္သူေတြက အားနာတတ္တာေၾကာင့္ ရွိပါေစေတာ့လို႔လည္း ေလ်ွာ့မေပးသင့္ပါဘူး။ အမႈတစ္မႈ မဖြင့္လိုက္ဘူးဆိုရင္ ႏိုင္ငံရဲ႕တရားဥပေဒစိုးမိုးမႈအေျခအေနကို အကဲျဖတ္တဲ႔ေနရာမွာ အခ်က္အလက္ မျပည့္မစုံျဖစ္ေစႏိုင္ပါတယ္။

ျပည္သူေတြအေနနဲ႔ ဥပေဒကိုနားမလည္ဘူးဆိုၿပီး ရဲကေျပာသမ်ွကို လက္ခံယုံၾကည္ေပးဖို႔လည္းမလိုပါဘူး။ ဥပေဒဆိုတာကို ထိုက္သင့္သေလာက္ ေလ႔လာထားသင့္ပါတယ္။ဒီေဆာင္းပါးေရးရတာ အမႈတိုင္တန္းတာနဲ႔ ပတ္သက္လို႔ရဲမွာဘာတာဝန္ရွိတယ္ဆိုတာ ျပည္သူေတြသိေစခ်င္လို႔ပါ။အမႈဖြင့္ၿပီးရင္လည္း စစ္ေဆးေပးရပါဦးမယ္။ မစစ္ေဆးရင္ရဲကိုေျပာရပါမယ္။

ေမးရပါမယ္။ ရဲစခန္းမွာ အခက္အခဲေတြရွိေနတာမွန္ပါတယ္။ ဒါကရဲကိစၥပါ။ ရဲလူႀကီးေတြ ေျဖရွင္းေပးရမယ့္ ကိစၥပါ။ အမႈက ခ်က္ခ်င္းကို လုပ္ေဆာင္ေပးရမယ့္ကိစၥျဖစ္ေနရင္ ခ်က္ခ်င္းစစ္ေဆး ေဆာင္ရြက္ေပးရပါလိမ္႔မယ္။မစစ္ေပးရင္ ေမးရပါမယ္။

ဒီလိုသိထားမွ ရဲေတြရဲ႕လိမ္ညာလွည့္ပတ္ျခင္းကို မခံရမွာပါ။ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ဥပေဒပညာရပ္ကို တတ္ႏိုင္သမ်ွ ေလ့လာထားဖို႔ လိုအပ္ေၾကာင္းနဲ႔ ရဲေတြကို ေၾကာက္စရာ၊ အားနားစရာမလိုအပ္ပါေၾကာင္း အသိေပးလိုက္ပါတယ္။

အမႈတိုင္တာကို ရဲကဖြင့္မေပးရင္ ခုဖြင့္ေပးမွာလားဖြင့္မေပးဘူးလားလို႔ ေျဗာင္ေမးလိုက္ရုံပါပဲဗ်ာ…။

လူအခ်င္ခ်င္းလွည့္ပတ္ျခင္းကင္းေဝးၾကပါေစ…။

Credit:ေဆာင္းပါးရွင္ ရဲမွဴးႀကီး ျမင့္ေဝ(ၿငိမ္း)

မႈခင္းသတင္းဂ်ာနယ္အတြဲ(၂၃)၊ အမွတ္(၂)ပါေဆာင္းပါးအား ျပည္သူလူထု ဗဟုသုတရေစရန္ကူးယူေဖာ္ျပေပးျခင္း ျဖစ္ပါသည္။

ကျွန်တော်ပြောချင်(ရေးချင်)နေတာကြာပါပြီ။မီဒီယာများ (အထူးသဖြင့် Facebook)မှာ မကြာခဏတွေ့နေရသည့် ရဲစခန်းသို့ ရာဇဝတ်မှုများ သွားရောက်တိုင်တန်းသည်ကို (သတင်းပေးသည်ကို)အမှုဖွင့်ခြင်းမပြုသည့် ကိစ္စဖြစ်ပါတယ်။

တကယ်တော့ ရဲစခန်းမှာ အမှုတိုင်လျှင် အမှုဖွင့်ပေးရမည်မှာရဲများ၏မဖြစ်မနေ(မလွဲမသွေ) လုပ်ရမည့် အလုပ်ဆိုသည်ကိုရဲတိုင်းသိကြပါတယ်။ အချို့သောနားလည်နှံ့စပ်သည့် ပြည်သူများနှင့် ဥပဒေပညာရပ် တတ်ကျွမ်းသူများလည်းသိကြပါတယ်။

မသိကြသေးသော ပြည်သူများသိနိုင်အောင် ရေးပြရလျှင်ဖြင့်ရာဇဝတ်မှု (ရဲအရေးပိုင်သောအမှု)ဖြစ်ပွားကြောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားလျှင် ရဲတွေခေါ်နေကြတဲ့ FIR ဆိုတာFirst In formation Report ဖြစ်ပါတယ်။ မြန်မာလိုတော့ ပထမသတင်းပေးတိုင်ချက်ပါ။ ဒီလိုမှုခင်း ဖြစ်ပွားကြောင်း ရဲထံပထမဆုံးပေးတဲ့သတင်းလို့ ဆိုတာဖြစ်ပါတယ်။

တိုင်ချက်လို့ အတိုခေါ်ကြပါတယ်။ဒီလိုရာဇဝတ်မှု ရဲအရေးပိုင်တဲ့အမှု ဖြစ်ပွားခဲ့ရင် ကာယကံရှင်ကိုယ်တိုင်လာရောက် တိုင်ကြားမှသာအမှုဖွင့်ပေးရမှာ မဟုတ်ပါဘူး။ နစ်နာသူကာယကံရှင်ကိုယ်တိုင် တိုင်ကြားနိုင်သလိုကြားက သိရှိသူ၊ မြင်တွေ့သူကလည်း တိုင်ကြားနိုင်ပါတယ်။

ဒါကို သတင်းပေးတယ်လို့ ဆိုပါတယ်။ ဘယ်သူတိုင်တိုင်FIR ဖွင့်ပေးရမှာ အမှုဖွင့်စစ်ဆေးပေးရမှာ ရဲအလုပ်ပါ။တိုင်တဲ့အခါမှာလည်း ရဲစခန်းကို ကိုယ်တိုင်လာရောက်တိုင်ကြားရမှာ ဖြစ်ပေမဲ့ မလာရောက်နိုင်လို့ စာရေးသားပေးပို့တိုင်တာ၊ ကြေးနန်းစာပေးပို့တိုင်တာလည်းလုပ်လို့ရပါတယ်။

ဖုန်းဆက်ပြီးတော့လည်း တိုင်နိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့တိုင်ရင်လည်း အမှုဖွင့်ရမှာပါပဲ။ဘယ်လိုနည်းနဲ့ တိုင်တိုင် ပထမသတင်းပေးတိုင်ချက်ဆိုတဲ့FIR ကို ချက်ချင်းဖွင့်ပေးရပါမယ်။ ချက်ချင်းဖြစ်ပါတယ်။အချိန်ဆွဲခွင့်လည်းမရှိပါဘူး။ ဖြစ်ပွားပုံ ဖြစ်ပွားသည့်နေရာကို သွားရောက်စစ်ဆေးပြီးခါမှ FIR ဖွင့်လို့လည်း မရပါဘူး။

တိုင်ပြီဆိုတာနဲ့ ဖွင့်ရမှာပါ။ ဒါကိုပြည်သူတွေသိထားရင်အခုဖွင့်ပေးမှာလား မဖွင့်ပေးဘူးလားလို့ ဗြောင်ပြော ဗြောင်မေးလိုက်ရုံပါပဲ။အမှုဖြစ်ပွားတဲ့ အပိုင်နယ်မြေရဲစခန်းမှာတိုင်မှ အမှုဖွင့်ပေးရတာလည်း မဟုတ်ပါဘူး။ မြစ်ကြီးနားမှာဖြစ်တဲ့အမှု ကော့သောင်းက ရဲစခန်းမှာတိုင်ရင်တောင်မှ ကော့သောင်းရဲစခန်းက ဖွင့်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။

မြစ်ကြီးနားမှာ သွားတိုင်ပါလို့ ပြောခွင့်မရှိပါဘူး။ ဘယ်စခန်းမှာတိုင်တိုင် ရပါတယ်။FIR ဖွင့်တယ်ဆိုတာကလည်း ဒီအမှုကို စုံစမ်းစစ်ဆေးဖို့စတင်ဆောင်ရွက်ခြင်းပါ။ FIR ဖွင့်ပြီးတာနဲ့ ဒီအမှုကိုစစ်ဆေးဖော်ထုတ်ဖို့ ရဲမှာတာဝန်ရှိသွားပါပြီ။ဒီလို FIR ဖွင့်ရမယ်ဆိုတာ ကျင့်ထုံးဥပဒေနဲ့ ရဲလက်စွဲမှာအတိအကျပါပြီး ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။

ရှောင်လွှဲဖယ်သွေခွင့် မရှိပါဘူး။ယုတ်စွအဆုံး အမှုတကယ်မဖြစ်ပါဘဲ အမှုဖြစ်ပွားပါတယ်ကျူးလွန်ခံရပါတယ်၊ နစ်နာပါတယ်ဆိုပြီး လိမ်လည်တိုင်တန်းတာကို (လိမ်လည်တိုင်မှန်းသိနေသည့်တိုင်အောင်)အမှုကိုဖွင့်ပေးရပါမယ်။

တစ်ခါအမှုဖြစ်ပြီး အတော်ကြာမှတိုင်တာကြောင့်လည်းဖွင့်လို့မရဘူး ဆိုတာမျိုးမရှိပါဘူး။ ရဲအရေးပိုင်မှုမှန်လျှင်ဖွင့်ပေးရပါမယ်။အခြားရဲစခန်းအပိုင်မှာ ဖြစ်တဲ့အမှု ကိုယ့်စခန်းမှာလာတိုင်တာ၊ အမှုမဖြစ်ဘဲ လိမ်လည်တိုင်တန်းတာတွေအတွက်ဘယ်လိုလုပ်ရမယ် ဆိုတာလည်း ရဲတွေမှာလုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားပါ။

ဒါရဲအလုပ်ပါ။ ရဲစခန်းအလုပ်ပါ။ကျွန်တော်ဆိုခဲ့တဲ့အတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေရှိနေပါလျက်၊ ရှိနေကြောင်းလည်း သိနေပါလျက် ရဲတွေကအမှုဖွင့်မပေးလို့ဆိုတဲ့အသံတွေ၊ ပြည်သူတွေရဲ့ မကျေမနပ်သံတွေ၊ ဆဲဆိုသံတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။

ရဲတွေကို နှိမ်ချပြောဆို ရေးသားနေကြတာတွေ၊ ချိုးဖဲ့၊ လှောင်ပြောင်တာတွေ ကြားနေရတော့ နှစ်ပေါင်းများစွာ ရဲအဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်လို့ ကျွန်တော်ရှက်လာမိပါတယ်။ ပြည်သူတွေဘက်ကနေပြီးလည်း မခံမရပ်နိုင်ဖြစ်လာမိပါတယ်။ ဒါကြောင့်ပဲ ဒီဆောင်းပါးကို ရေးမိတာပါ။ဒီလိုလုပ်ရပ်တွေကြောင့် နောက်ဆက်တွဲဖြစ်ရပ်ဆိုးတွေပါဖြစ်ပေါ်နေကြောင်း ကြားရတော့ ပိုပြီးစိတ်မချမ်းမသာ ဖြစ်ရပါတယ်။

ဒါကြောင့် အမှုဖွင့်မပေးရတဲ့ အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ တကယ်တော့ ဒီလိုအမှုဖွင့်မပေးတဲ့ကိစ္စတွေက ခုမှဖြစ်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော် လောက်ကတည်းက တွင်ကျယ်လာတာဖြစ်ကြောင်းလေ့လာမိပါတယ်။

ဒီလိုရှိခဲ့လို့လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရဲတပ်ဖွဲ့အကြီးအကဲကိုယ်တိုင်အရပ်သားဟန်ဆောင်ပြီး ရဲစခန်းတွေမှာ အမှုသွားတိုင်တာမျိုးလုပ်ပါတယ်။ အမှုဖွင့်မပေးရင် အရေးယူတာတွေလည်းလုပ်ပါတယ်။ အမှုဖွင့်မပေးရင် ထောင်ချသည်အထိ အရေးယူမှာဖြစ်ကြောင်းလည်း ရဲစခန်းတွေမှာ အများမြင်သာအောင်စာရေးကပ်ထားစေပါတယ်။

ဥပဒေလည်းရှိပြီး၊ အထက်လူကြီးတွေလည်း မလိုလားတဲ့ဒီကိစ္စကြီးက ပပျောက်မသွားဘဲ ပိုပြီးဆိုးရွားလာတာ ဘာကြောင့်များပါလိမ့်လို့ စဉ်းစားကြည့်မိပါတယ်။ရဲစခန်းတွေမှာ အမှုဖွင့်မပေးတဲ့ကိစ္စ အကြောင်းအရင်းခံတွေအများကြီးရှိပါတယ်။ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့အခက်အခဲတွေ အများကြီးရှိနေပါတယ်။

ရဲစခန်းတွေမှာအမှုစစ်အရာရှိအင်အားက လျှော့နည်းနေတဲ့အပြင် အမှုစစ်လုပ်ငန်းမဟုတ်တဲ့ ပြင်ပလုပ်ငန်းတွေကလည်း များနေလေတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့အမှုတွေကို နိုင်အောင်မစစ်နိုင်ကြဘူး။ အချို့သောမြို့ကြီးတွေက ရဲစခန်းတွေမှာအမှုစစ်တစ်ယောက်မှာ အမှုရာချီပြီးရှိတယ်လို့ သိရပါတယ်။

ဘယ်လိုမှ နိုင်နင်းအောင်စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ပြည့်စုံခိုင်မာအောင်လည်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ တရားခံအပြစ်ကျနိုင်လောက်တဲ့ သက်သေ အထောက်အထားတွေလည်း ဘယ်လိုမှရှာဖွေတင်ပြနိုင်မယ် မဟုတ်ပါဘူး။နောက်အခက်အခဲတစ်ခုက မြို့ပေါ်မှာဖြစ်ပွားတဲ့ အမှုဆိုရင်တောင် ဖြစ်တဲ့နေရာကိုသွားဖို့၊ သက်သေရှိတဲ့နေရာကိုသွားဖို့၊ သက်သေခံပစ္စည်းရောက်သွားတဲ့ နေရာမှာသွားသိမ်းဖို့စတာတွေအတွက် လမ်းလျှောက်သွားလို့၊ စက်ဘီနဲ့သွားလို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။

သက်သေခံပစ္စည်း အတွက်ထင်မြင်ချက် တောင်းခံဖို့ နေပြည်တော်က ဓါတုဗေဒဝန်ရုံးကို သွားရမယ်ဆိုရင် လမ်းစရိတ်ကလည်း မသေးလှပါ။အမှုစစ်စရိတ် ပေးတာရှိပါတယ်။ ဒါပေမဲ့ လောက်ငှနိုင်ပါ့မလား။ ဒီတော့အမှုစစ်တွေ လက်ထဲမှာအမှုတွေပုံနေပြီပေါ့။ ဘယ်စခန်းမှူး၊ ဘယ်မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုထပ်ဖွင့်ချင်ပါ့မလဲ။

ခုပြောခဲ့တာ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ပါ။ အခြားလည်းရှိပါဦးမယ်။(နောက်ပိုင်းမှာထပ်မံတင်ပြပါမယ်)အမှုတွေဖွင့်မပေးကြတဲ့ကိစ္စမှာ အဓိကကျတယ်လို့ ကျွန်တော်ထင်မြင်တဲ့ အချက်ကတော့ မှုခင်းကျဆင်းရေးဆိုတာကို လွဲမှားစွာဆောင်ရွက်ကြတာကြောင့်ဖြစ်တယ်လို့မြင်မိပါတယ်။

ကျွန်တော်တို့ရဲတပ်ဖွဲ့မှာ မှုခင်းကျဆင်းရေးဆိုတဲ့ လုပ်ငန်းစဉ်ရှိပါတယ်။ မှန်ပါတယ်၊ ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတွေကျဆင်းအောင်လုပ်ဖို့ တာဝန်ရှိတာမှန်ပါတယ်။ သို့သော်လည်း လူရှိရင် အမှုရှိတာပဲဆိုတဲ့စကားနဲ့အညီ လူဦးရေများလာရင် အမှုတွေပိုများလာမယ်ဆိုတာ သဘာဝယုတ်တိရှိပါတယ်။

နိုင်ငံမှာစီးပွားရေးကျဆင်းလာရင် ဒုစရိုက်မှုကျူးလွန်တာတွေပိုဖြစ်မယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါးပြီးအလုပ်လက်မဲ့တွေ များလာပြီဆိုရင်လည်း အမှုအခင်းတွေပိုဖြစ်လာမယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။

နောက် အရက်သေစာ၊ မူးယစ်ဆေးဝါးတွေ သောက်သုံးကြတာကလည်း မူခင်းဖြစ်ပွားမှုကို ပံ့ပိုးပေးနေတဲ့ အချက်ပါ။ လောင်းကစားသမားများကတော့ လောင်းကြေးရှုံးရင်ငွေအစား ပြန်ရလိုမှုကိုအကြောင်းပြုပြီး အမှုတွေကျူးလွန်ကြပါဦးမယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေကဘယ်လောက်တိုးပွားလာနေတယ်ဆိုတာ သန်းကောင်စာရင်း မကောက်ရင်တောင် သိသာတဲ့ အခြေအနေပါ။ ကိုယ့်နိုင်ငံစီးပွားရေးအကြောင်းလည်း ကိုယ်အသိဆုံးပါ။ အလုပ်လက်မဲ့ဆိုတာလည်း လူဦးရေရဲ့ ရာခိုင်နှုန်းမည်မျှလို့ မပြောနိုင်ပေမဲ့ အလုပ်လိုအပ်နေသူတွေ ဒုနှင့်ဒေးပါ။ ပြည်တွင်းမှာအလုပ်အကိုင် ရှားပါးလို့ပြည်ပကို တရားဝင်ရော တရားမဝင်ပါသွားလုပ်နေကြတာတွေကြောင့် ရွာတွေမှာ လူငယ်တွေမရှိသလောက် ဖြစ်နေပါပြီ။

အရက်ဆိုတာကလည်း ပေါမှပေါ၊ မူးယစ်ဆေးဝါးကျတော့သမ္မတကြီးကိုယ်တိုင် ပါဝင်နေရပါသည် မဟုတ်ပါလား။လောင်းကစားဆိုတာကလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ကစားနိုင်သည်ဆိုတော့ ဘာပြောကောင်းမလဲပေါ့။

ဒီအခြေအနေက မှုခင်းတွေတိုးတက်ဖြစ်ပွားစေမယ့်အခြေအနေတွေပါ။ ဒါကိုအမှုတွေကျအောင် ချရမယ်လို့ဆင့်ကဲဆင့်ကဲ ညွှန်ကြားနေမယ်၊ ဖိအားပေးနေမယ်ဆိုရင် လက်တွေ့ဖြစ်ပေါ်နေတဲ့အတိုင်း အမှုဖွင့်မပေးဘူးဆိုတဲ့ပြသနာ ဆက်ရှိနေဦးမှာပါ။

တပ်မတော်အစိုးရလက်ထက်က လေးလပတ် အစည်းအဝေး ကျင်းပပြီဆိုရင် ရဲတပ်ဖွဲ့စွမ်းဆောင်ရည်ကောင်းလို့ နိုင်ငံတစ်ဝမ်းမှာ အမှုကြီးတွေ ဘယ်လောက်ထိအောင်ကျဆင်းသွားပါပြီ၊ ဒုစရိုက်မှုတွေဆိုလည်း ဘယ်မျှအထိ နှိမ်နှင်းလိုက်ပါပြီဆိုပြီး တင်ပြကြပါတယ်။ ဘယ်သူကမှအမှုတွေတိုးဖြစ်နေပါတယ်လို့ မတင်ပြချင်ပါဘူး၊ မတင်ပြရဲပါဘူး။ မင်းမလုပ်နိုင်ဘူးလားလို့ ဘယ်အမေး ခံချင်ပါ့မလဲ။

တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ လေးလပတ် အစည်းအဝေးကျတော့လည်း ထုံးစံအတိုင်းပါပဲ၊ ကျွန်တော်တို့တိုင်းကျွန်တော်တို့ ပြည်နယ်မှာ မှုခင်းတွေကျပါတယ်ခင်ဗျပေါ့ဒီလိုမပြောခဲ့နိုင်ရင် ကိုယ့်ဒေသ ပြန်ရောက်တဲ့အခါ လက်အောက်ကို ဖိအားပေးကြတော့တာပါပဲ။ မင်းတို့မလုပ်နိုင်ရင်ခရိုင်ရဲတပ်ဖွဲ့မှူးမလုပ်နဲ့။။ မြို့နယ်ရဲတပ်ဖွဲ့မှူးမလုပ်နဲ့လို့ ဆိုကြတော့တာပေါ့။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်။။ လေးလပတ်အစည်းအဝေးမှာ မှုခင်းလျှော့ချနိုင်မှု့ဆု ဆိုတာလည်းရှိနေတော့ ပြည်နယ်၊ တိုင်းတပ်ဖွဲ့မှူးတွေ ဆုရချင်ကြတာပေါ့။ အပြိုင်အဆိုင်အမှုတွေကျ ပြရတာပေါ့။ ဒီလိုဆုမျိုးတွေရတဲ့ ပြည်နယ်တိုင်းတပ်ဖွဲ့မှူးတွေ မျက်နှာပွင့်တာပေါ့။

ကိုယ့်လူကြီး မျက်နှာပွင့်နိုင်စေဖို့ အောက်ခြေမှာ ကင်းကိုက်ပြီပေါ့။ သီဟိုရီတွေနဲ့ ဖော်ထုတ်ထားတဲ့ မှုခင်ကျဆင်းရေးနည်းလမ်းတွေ၊ အစဉ်အလာဆောင်ရွက်ခဲ့တဲ့ နည်းလမ်းတွေကျင့်သုံးပေမဲ့ အမှုတွေက တိုးလို့တိုးလို့ ဖြစ်လာတဲ့အခါအောက်လမ်းနည်းတွေ မသုံးမဖြစ် သုံးကြရပါတော့တယ်။

နည်းလမ်းတွေကတော့……

(၁) ကျွန်တော်တို့ မှတ်ထားလိုက်ပါမယ်၊ သတင်းတစ်ခုခုရရင်လာပြောပါ အမှုဖွင့်ပြီးဖမ်းပေးပါမယ်လို့ပြောပြီးပြန်လွှတ်တဲ့နည်း၊

(၂) FIR မဟုတ်တဲ့စာအုပ်(FIR စာအုပ်အတု)မှာရေးမှတ်ထားလိုက်တဲ့နည်း၊

(၃) တိုင်တဲ့သူစိတ်ညစ်အောင် အချိန်ဆွဲ၊ ဟိုမေး သည်မေးဟိုပြော သည်ပြောလုပ်တဲ့နည်း၊

(၄) အမှုတိုင်ရင် အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ငွေကုန်မယ်၊ လူပင်ပန်းမယ်၊ တရားရုံးတွေဘာတွေသွားရမယ်၊ရှေ့နေငှားရမယ် ဆိုတာတွေပြောပြီး စိတ်ပျက်စေတဲ့နည်း၊

(၅) အခြားရဲစခန်းအပိုင်မှာ ဖြစ်တာကြောင့် ဆိုင်ရာရဲစခန်းကိုသွားပါလို့ ပြောလွှတ်တဲ့နည်း၊

(၆) ခိုးမှုကို ခိုးမှုမသင်္ကာဆိုတာနဲ့ ရေးဖွင့်တဲ့နည်း၊အမှုကြီးကို အခြားသေးငယ်တဲ့ပုဒ်မတပ်ပြီး ဖွင့်တဲ့နည်း၊

(၇) စခန်းမှူးမရှိဘူး နောက်မှလာဖွင့်ပါ၊ တိုင်ချက်စာအုပ်မြို့နယ်မှူးယူသွားလို့ နောက်မှလာဖွင့်ပါလို့ ပြောတဲ့နည်း၊

(၈) လုံးဝကို ဖွင့်မပေးတဲ့နည်း၊စတဲ့နည်းလမ်းတွေပါပဲ။ နောက်ထပ်တောင်ရှိနေဦးမလားမသိဘူး။

ရဲတပ်ဖွဲ့ရဲ့ ပင်မလုပ်ငန်းက ပြည်သူတွေအတွင်းမှာ ဖြစ်ပွားပေါ်ပေါက်တဲ့ ရာဇဝတ်မှုခင်းတွေကို အမှုဖွင့်လှစ်၊ စစ်ဆေးဖော်ထုတ်ပေးပြီး တရားစွဲတင်ပို့၊ ကျူးလွန်သူ အပြစ်ကျသည်အထိ ဆောင်ရွက်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။

အခြားသောတာဝန်တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ရဲစခန်းတစ်ခု အနေနဲ့ကတော့ မှုခင်းလုပ်ငန်းက အဓိကပါ။ဒီလုပ်ငန်းကလည်း ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲလည်းဖြစ်၊ ဥပဒေအရလည်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်နေတာကြောင့် မဖြစ်မနေအမှုဖွင့်စစ်ဆေး ပေးရပါမယ်။ မဖွင့်ဘူးဆိုရင် တာဝန်ပျက်ကွက်တာဖြစ်သလို ပြည်သူတွေအပေါ်သစ္စာဖောက်ရာလည်း ကျပါတယ်။ ပြည်သူတွေရဲ့ မုန်းတီးမှုကိုလည်း ခံရပါမယ်။ ခံလည်းခံနေရပါပြီ။

ပြည်သူတစ်ယောက်ကို အမှုဖွင့်မပေးလိုက်လို့ ဒီတစ်ယောက်က ရဲကိုမကျေနပ်တော့ဘူးဆိုရင် သူ့မိသားစု သူ့ဆွေမျိုးတွေသူ့မိတ်ဆွေအပေါင်းအသင်းတွေ ဆက်ပြီးဆက်ပြီး ရဲကိုမကျေနပ်တဲ့သူတွေ ဘယ်လောက်တိုးပွားလာမလဲ။ Facebookမှာပါ တင်လိုက်ပြီဆိုရင် ရဲကိုမုန်းသွားမယ့် ပြည်သူအရေအတွက်ကို တွက်ချက်ကြည့်လိုက်စေချင်ပါတယ်။

ဒါကြောင့် အထက်လူကြီးတွေကလည်း မှုခင်းကျဆင်းရေးမှုခင်းတွေလျှော့ချရေး မှုခင်းတွေမဖြစ်ပွားရေးဆိုတာကိုဇောင်းပေးမနေတော့ဘဲ အမှုဖြစ်တယ်ဆိုတာ သဘာဝအရဖြစ်တာ လူဦးရေများလာရင် အမှုတွေတိုးလာမယ် နိုင်ငံစီးပွားရေးကျဆင်းရင် အမှုတွေများလာမယ်ဆိုတဲ့ အချက်တွေကို နားလည်လက်ခံပေးပြီး မှုခင်းကျဆင်းရေးအတွက်အလွန်အမင်း တွန်းအားပေးတာမျိုး မလုပ်သင့်တော့ပါဘူးလို့ပြောပါရစေ။

တကယ်က မှုခင်းမဖြစ်ပွားအောင် တွန်းအားပေးတာထက်ဖြစ်ပွားတဲ့အမှုတွေကို ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ဖို့အတွက်သာ ဦးစားပေးဆောင်ရွက်သင့်တဲ့ကာလ ရောက်နေပါပြီလို့လည်း ပြောပါရစေ။

ပြည်သူတွေကို သိစေချင်တာက အမှုဖြစ်လာရင်၊ ရဲအရေးပိုင်တဲ့အမှုဆိုရင် ရဲစခန်းကိုတိုင်ရမှာပါ။ တိုင်ရင်ရဲက ဖွင့်ကိုဖွင့်ပေးရမယ်ဆိုတာ သိစေချင်ပါတယ်။ ရဲအရေးမပိုင်တဲ့အမှုဖြစ်နေရင်တောင် ရဲကကူညီဆောင်ရွက်ပေးရမှာတွေရှိနေပါသေးတယ်။ အထက်မှာ ဖော်ပြတဲ့နည်းတွေနဲ့ဝေ့လည်ကြောင်ပတ်လုပ်ပြီး အမှုဖွင့်မပေးဘူးဆိုရင် ရဲရဲတင်းတင်းပြောရုံပါပဲ။

ရဲကိုပြည်သူက ကြောက်နေရတယ်ဆိုတဲ့ခေတ် မဟုတ်ပါဘူး။အမှုဖွင့်မပေးရင် မီဒီယာကနေ ဖွင့်ချရုံပါပဲ။ အထက်ကို တိုင်ကြားရုံပါပဲ။ ကျွန်တော်တို့ပြည်သူတွေက အားနာတတ်တာကြောင့် ရှိပါစေတော့လို့လည်း လျှော့မပေးသင့်ပါဘူး။ အမှုတစ်မှု မဖွင့်လိုက်ဘူးဆိုရင် နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုအခြေအနေကို အကဲဖြတ်တဲ့နေရာမှာ အချက်အလက် မပြည့်မစုံဖြစ်စေနိုင်ပါတယ်။

ပြည်သူတွေအနေနဲ့ ဥပဒေကိုနားမလည်ဘူးဆိုပြီး ရဲကပြောသမျှကို လက်ခံယုံကြည်ပေးဖို့လည်းမလိုပါဘူး။ ဥပဒေဆိုတာကို ထိုက်သင့်သလောက် လေ့လာထားသင့်ပါတယ်။ဒီဆောင်းပါးရေးရတာ အမှုတိုင်တန်းတာနဲ့ ပတ်သက်လို့ရဲမှာဘာတာဝန်ရှိတယ်ဆိုတာ ပြည်သူတွေသိစေချင်လို့ပါ။အမှုဖွင့်ပြီးရင်လည်း စစ်ဆေးပေးရပါဦးမယ်။ မစစ်ဆေးရင်ရဲကိုပြောရပါမယ်။

မေးရပါမယ်။ ရဲစခန်းမှာ အခက်အခဲတွေရှိနေတာမှန်ပါတယ်။ ဒါကရဲကိစ္စပါ။ ရဲလူကြီးတွေ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ အမှုက ချက်ချင်းကို လုပ်ဆောင်ပေးရမယ့်ကိစ္စဖြစ်နေရင် ချက်ချင်းစစ်ဆေး ဆောင်ရွက်ပေးရပါလိမ့်မယ်။မစစ်ပေးရင် မေးရပါမယ်။

ဒီလိုသိထားမှ ရဲတွေရဲ့လိမ်ညာလှည့်ပတ်ခြင်းကို မခံရမှာပါ။ဒါကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေပညာရပ်ကို တတ်နိုင်သမျှ လေ့လာထားဖို့ လိုအပ်ကြောင်းနဲ့ ရဲတွေကို ကြောက်စရာ၊ အားနားစရာမလိုအပ်ပါကြောင်း အသိပေးလိုက်ပါတယ်။

အမှုတိုင်တာကို ရဲကဖွင့်မပေးရင် ခုဖွင့်ပေးမှာလားဖွင့်မပေးဘူးလားလို့ ဗြောင်မေးလိုက်ရုံပါပဲဗျာ…။

လူအချင်ချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ…။

Credit:ဆောင်းပါးရှင် ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)

မှုခင်းသတင်းဂျာနယ်အတွဲ(၂၃)၊ အမှတ်(၂)ပါဆောင်းပါးအား ပြည်သူလူထု ဗဟုသုတရစေရန်ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။