မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ် မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ ဘဝဖြစ်အောင် ကြိုးစားရမယ်

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )

” တာဝန်နှစ်ခု ”

မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ၊်မင်းတို့ရဲ့သားသမီးတွေကိုမင်းတို့ဘဝတွေထက်ပိုပြီးကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်။

“အချိန်ဆိုတာ ဘဝ”

မင်းအသက် ၃၀ ငါ့အသက် ၈၆ဒါအချိန်ပဲအချိန်ကဘဝပဲအချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူးမင်းဘဝကိုတန်ဖိုးထားရင်မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်။

” နှလုံးသားလှဖို့လိုတယ် ”

ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်ငါအချစ်ဆုံးပဲသူတို့ကနှလုံးသားရှိလို့ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံးသူတို့ကနှလုံးသားမရှိလို့

” အားခဲထားနိုင်ရမယ် ”

စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့ဆိုလိုတာကလေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

” အကျင့် ”

လူတွေကမကောင်းတာလုပ်ဖြစ်ရင်မကောင်းအကျင့်ပါသွားမှာကျသိကြတယ်ငါပြောမယ်မကောင်းတာအကျင့်လုပ်ရင်မကောင်းကျင့်ပါသွားမှာပဲအဲ့ဒီလိုပဲကောင်းတာကိုလည်းအကျင့်လုပ်ရင်ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

” ရခဲမှရတနာ”

အောက်တန်းကျဖို့ဆိုတာကြိုးစားနေဖို့မလိုဘူးတစ်နေ့ငါအောက်တန်းကျရမယ်လို့အဓိဋ္ဌာန်ပြုနေဖို့မလိုဘူးအောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျခဲယဉ်းသွားပြီ။

” သတိမမူရင် ဂူမမြင်ဘူး ”

လူတွေကသူများထီပေါက်ရင်သာငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာသူများကားတိုက်ရင်ငါလည်း ကားတိုက်ခံရနိုင်တယ်လို့မတွေးကြဘူးသူများအောင်မြင်ရင်သာငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာသူများကျရှုံးရင်ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူးသတိထား အစစအရာရာသတိဆိုတာ ပိုတယ်မရှိဘူး။

” အခိုက်အတန့် ”

လူတွေကချမ်းသာခြင်းသာသင်္ခါရလို့ထင်တယ်တစ်ကယ်တော့ဆင်းရဲခြင်းလည်း သင်္ခါရပဲမင်းကြိုးစားနေသမျှကာလပတ်လုံးအဆင်မပြေခြင်းက သင်္ခါရမင်း မကြိုးစားပဲရေသာခို အချောင်နေနေသရွေ့မင်းအတွက်ဆင်းရဲခြင်းကထာဝရပဲ။

” တောင်းမှာအကွပ် ”

အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်ဝတ္တရားရှိသောသူတွေကိုကပစ်ပယ်လိုက်ပြီဆိုရင်တော့အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

“စာနာမှု”

“ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်းကြည့်ပေးနိုင်တာကလည်းယဉ်ကျေးမှုပဲ”

“ရိုးသားပါ ”

ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..ကိုယ်မရသင့်တာကို ယူလိုက်မိရင်ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်။

” လူမိုက်နှင့် လူလိမ္မာ ”

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့

“ရင်ဆိုင်ပါယှဉ်ပြိုင်ပါ ”

တညည်းညည်း တညူညူနဲ့”ငါတော့ ကံဆိုးတာပဲလို့ အောက်မေ့နေရင်အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာအောက်မေ့ပေတော့..လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့..

အောင်မြင်မှု ဘယ်တော့မှ မရဘူး..ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာဆရာကြီးအားလေးစားလျက်ပါ။

Credit
=============






” နှလုံးသားလှဖို့လိုတယျ ”

ကဗြာရူးရယျ စာရူးရယျ အခစြျရူးရယျငါအခစြျဆုံးပဲသူတို့ကနှလုံးသားရှိလို့ဥစ်စာရူးရယျ အာဏာရူးရယျ ငါအမုနျးဆုံးသူတို့ကနှလုံးသားမရှိလို့

















” လူမိုကျနှငျ့ လူလိမ်မာ ”





Credit