ဇိမ္ခံကားအစီး(၂၀)ကိုသုံးၿပီး ပ႐ုိပုိ႔စ္လုပ္ခဲ့ေပမယ့္ မထင္မွတ္တဲ့တုန္႔ျပန္မႈ ရရွိခဲ့တဲ့အမ်ိဳးသား(ရုပ္သံ)

အမ်ိဳးသားတစ္ေယာက္ဟာ သူ တိတ္တိတ္ေလး ႀကိတ္ၿပီးခ်စ္ရတဲ့ ငယ္ခ်စ္ အမ်ိဳးသမီးတစ္ေယာက္ကို Surprise လည္းလုပ္ရင္း၊ ပ႐ုိပုိ႔စ္လည္း လုပ္ဖုိ႔ ႀကံစည္ခဲ့ပါတယ္။ သူဟာ တကယ္ဇိမ္ခံကား အစီး(၂၀)ကို အကုန္အက်ခံ ငွားရမ္းၿပီး ခ်စ္သူအမ်ိဳးသမီး အလုပ္လုပ္တဲ့ဆီကို ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္သြားခဲ့တာပါ…

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံ၊ Shenzen မွာ ျဖစ္ခဲ့တာပါ။ သူ တိတ္တခုိး ခ်စ္ခဲ့ရတဲ့ အမ်ိဳးသမီးကေတာ့ Peng Yang ျဖစ္ၿပီး အသက္(၂၇)ႏွစ္ ျဖစ္ပါတယ္။ သူမဟာ တ႐ုတ္ႏုိင္ငံက ႐ုပ္သံ ခ်န္နယ္တစ္ခုမွာ အစီအစဥ္ တင္ဆက္သူအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ တစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕ ငယ္သူငယ္ခ်င္း အမ်ိဳးသားက ဒီလုိ ပ႐ုိပုိ႔စ္ လုပ္လိမ့္မယ္လုိ႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ပါဘူး…

ဒါေၾကာင့္ တကယ့္တန္ဖုိးႀကီးကား အစီး(၂၀)ၿခံရံၿပီး ပ႐ုိပုိ႔စ္ လုပ္ခံရတာမုိ႔ မိန္းကေလးပီပီ ဂုဏ္ယူ ဝင့္ၾကြားခဲ့ေပမယ့္၊ ေနာက္ပိုင္းမွာ ငုိေကၽြးၿပီး အမ်ိဳးသားရဲ႕အခ်စ္ကို ျငင္းပယ္ခဲဲ့ပါတယ္။ အေၾကာင္းကေတာ့ ပ႐ုိပုိ႔စ္လုပ္တဲ့ အမ်ိဳးသားကို သူမက အစ္ကို တစ္ေယာက္လုုိ သူငယ္ခ်င္း တစ္ေယာက္လုိသာ ခင္မင္တာပါတဲ့။ အမ်ိဳးသားခမ်ာ Peng ရဲ႕ ႐ုံးခန္း အျပင္ဘက္မွာ ဒူးေထာက္ရင္းသာ က်န္ရစ္ခဲ့ပါေတာ့တယ္…

တကယ္လုိ႔ သင့္အေနနဲ႔လည္း တစ္စုံတစ္ေယာက္ကုိ ခ်စ္ခင္ ႏွစ္သက္လုိ႔ အခုလုိ ႐ုပ္ရွင္ဆန္ဆန္ လက္ထပ္ခြင့္ ေတာင္းမယ္ဆုိရင္ သင့္ဘက္က သတိထားသင့္တဲ့ အခ်က္ကေလး တစ္ခုေတာ့ ရွိပါတယ္။ အဲဒါကေတာ့ သင္ လက္ထပ္ခြင့္ေတာင္းမယ့္၊ သုိ႔မဟုတ္ ခ်စ္ခြင့္ပန္မယ့္သူက သင့္ကိုလညး္ တကယ္ႏွစ္ႏွစ္ကာကာ ျပန္ ခ်စ္ႏုိင္ မခ်စ္ႏုိင္ ဆုိတာကိုလည္း ကုိယ့္ အသိစိတ္နဲ႔ ေသခ်ာေနဖုိ႔ လုိပါတယ္…

ရုပ္သံၾကည့္ရႈရန္

CRD-နတ္စည္ေတာ္ (MyanmarNote),source : elitereaders.com

( For Unicode )

ဇိမ်ခံကားအစီး(၂၀)ကိုသုံးပြီး ပရိုပို့စ်လုပ်ခဲ့ပေမယ့် မထင်မှတ်တဲ့တုန့်ပြန်မှု ရရှိခဲ့တဲ့အမျိုးသား(ရုပ်သံ)

အမျိုးသားတစ်ယောက်ဟာ သူ တိတ်တိတ်လေး ကြိတ်ပြီးချစ်ရတဲ့ ငယ်ချစ် အမျိုးသမီးတစ်ယောက်ကို Surprise လည်းလုပ်ရင်း၊ ပရိုပို့စ်လည်း လုပ်ဖို့ ကြံစည်ခဲ့ပါတယ်။ သူဟာ တကယ်ဇိမ်ခံကား အစီး(၂၀)ကို အကုန်အကျခံ ငှားရမ်းပြီး ချစ်သူအမျိုးသမီး အလုပ်လုပ်တဲ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်သွားခဲ့တာပါ…

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Shenzen မှာ ဖြစ်ခဲ့တာပါ။ သူ တိတ်တခိုး ချစ်ခဲ့ရတဲ့ အမျိုးသမီးကတော့ Peng Yang ဖြစ်ပြီး အသက်(၂၇)နှစ် ဖြစ်ပါတယ်။ သူမဟာ တရုတ်နိုင်ငံက ရုပ်သံ ချန်နယ်တစ်ခုမှာ အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ငယ်သူငယ်ချင်း အမျိုးသားက ဒီလို ပရိုပို့စ် လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး…

ဒါကြောင့် တကယ့်တန်ဖိုးကြီးကား အစီး(၂၀)ခြံရံပြီး ပရိုပို့စ် လုပ်ခံရတာမို့ မိန်းကလေးပီပီ ဂုဏ်ယူ ဝင့်ကြွားခဲ့ပေမယ့်၊ နောက်ပိုင်းမှာ ငိုကျွေးပြီး အမျိုးသားရဲ့အချစ်ကို ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းကတော့ ပရိုပို့စ်လုပ်တဲ့ အမျိုးသားကို သူမက အစ်ကို တစ်ယောက်လို သူငယ်ချင်း တစ်ယောက်လိုသာ ခင်မင်တာပါတဲ့။ အမျိုးသားခမျာ Peng ရဲ့ ရုံးခန်း အပြင်ဘက်မှာ ဒူးထောက်ရင်းသာ ကျန်ရစ်ခဲ့ပါတော့တယ်…

တကယ်လို့ သင့်အနေနဲ့လည်း တစ်စုံတစ်ယောက်ကို ချစ်ခင် နှစ်သက်လို့ အခုလို ရုပ်ရှင်ဆန်ဆန် လက်ထပ်ခွင့် တောင်းမယ်ဆိုရင် သင့်ဘက်က သတိထားသင့်တဲ့ အချက်ကလေး တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သင် လက်ထပ်ခွင့်တောင်းမယ့်၊ သို့မဟုတ် ချစ်ခွင့်ပန်မယ့်သူက သင့်ကိုလည်း တကယ်နှစ်နှစ်ကာကာ ပြန် ချစ်နိုင် မချစ်နိုင် ဆိုတာကိုလည်း ကိုယ့် အသိစိတ်နဲ့ သေချာနေဖို့ လိုပါတယ်…

ရုပ်သံကြည့်ရှုရန်

CRD-နတ်စည်တော် (MyanmarNote),source : elitereaders.com