






momolay

(Unicode)

လက်တလော လူကြိုက်များနေတဲ့ အသစ်ထွက်ရှိလာတဲ့ ဟိန်းမင်းသူနဲ့ အမေရိကန်အဆိုတော် Wendell Ray တို့ရဲ့ သီချင်းဗီဒီယို

မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာ လို့တောင် ပရိသတ်တွေက ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ဟိန်းမင်းသူ ကတော့ အနောက်တိုင်း ဆန်တဲ့ ရုပ်ရည်မျိုး ရှိသူ တစ်ဦးပါ။

လတ်တလော မှာတော့ ဟိန်းမင်းသူက မြန်မာနိုင်ငံမှာ အနုပညာ အလုပ်တွေ လုပ်နေတဲ့ အမေရိကန် အဆိုတော် Wendell Ray နဲ့ အတူ လက်တွဲပြီး ဖန်တီး ထားတဲ့ “BE WITH YOU” ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေ အတွက် ဝေမျှပေး ထားတာ တွေ့ရ ပါတယ်။ အမြင် ဆန်းတဲ့ ဖန်တီးမှု တွေနဲ့ မြူးကြွတဲ့ သီချင်းလေးမို့ ပရိသတ်တွေကို ပျော်ရွှင် စေမှာ အမှန် ပါပဲ ။

ပရိသတ်တွေအတွက် ဟိန်းမင်းသူနဲ့ အမေရိကန် အဆိုတော် Wendell Ray တို့ရဲ့ “BE WITH YOU ” ဆိုတဲ့ သီချင်း ဗီဒီယို အသစ်လေး ကို ဝေမျှ ပေးလိုက် ပါတယ် နော် ။

အမေရိကန် အဆိုတော် Wendell Ray ကတော့ “ BE WITH YOU ” – Hein Min Thu and Wendell Ray w / Hein Min Thu Music Video , Wendell Ray , Lancifer ” ဆိုပြီး သူတို့ရဲ့ သီချင်းလေးကို လူမှုကွန်ယက်မှာ တင်ထားခဲ့ တာပါ။

ဟိန်းမင်းသူနဲ့ အမေရိကန်အဆိုတော် Wendell Ray တို့ရဲ့ “ BE WITH YOU ” ဆိုတဲ့ သီချင်းဗီဒီယိုအသစ်

အဆိုတော် Wendell Ray ကတော့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာပဲ အနုပညာအလုပ်တွေ ဇောက်ချ လုပ်ကိုင်နေ တာပါ။ ဟိန်းမင်းသူနဲ့ အမေရိကန် အဆိုတော် Wendell Ray တို့ရဲ့ သီချင်းလေး ဖြစ်တဲ့ ” BE WITH YOU ” ဆိုတဲ့ သီချင်းလေးက အရမ်းကို နားထောင်လို့ ကောင်းပါတယ်။ ပရိသတ်တွေလည်း ဟိန်းမင်းသူနဲ့ အမေရိကန် အဆိုတော် Wendell Ray တို့ရဲ့ သီချင်းဗီဒီယို အသစ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

momolay