ဖူးစာကံရဲ႕ အလြန္ထူးဆန္းအံ့ၾသဖြယ္ရာ ေကာင္းပုံအေၾကာင္း ျပန္ၿပီးဖြင့္ဟခဲ့တဲ့စုံတြဲ

ဖူးစာကံဆုိတာ အလြန္ဆန္းက်ယ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ပဲ ခ်စ္ၾကသည္ျဖစ္ေစ ဖူးစာဆုိတဲ့ ကံပါမလာရင္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ကြဲၾကေတာ့တာပါဘဲ။ ဘယ္ေလာက္ပဲ မုန္းတီးေနပါေစ ဖူးစာပါလာရင္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ခ်စ္သူေတြျဖစ္၊ အိမ္ေထာင္ေတြ ၾကရတတ္ပါတယ္။

သင္ဟာ ေရျခားေျမျခားမွာ ေနထုိင္ေနေပမယ့္ သင့္ဇာတိမွာ အိမ္ေထာင္ျပန္ၿပီး က်တတ္သလုိ၊ ကုိယ့္ေမြးရပ္ေျမမွာ အိုးမကြာ အိမ္မကြာ ေနခဲ့သူျဖစ္ရင္ေတာင္မွ နယ္ျခားက အိမ္ေထာင္ဘက္နဲ႔ ဆုံးစည္းတတ္တာဟာ ဖူးစာရဲ႕ ထူးဆန္းတဲ့ အံ့ၾသဖြယ္ရာျဖစ္ပါတယ္။ အခုလည္း မၾကာေသးခင္က လက္ထပ္ခဲ့တဲ့ စုံတြဲတစ္တြဲဟာ သူတုိ႔တစ္ေတြရဲ႕ ဖူးစာကံဆန္းက်ယ္မႈကို မွ်ေဝခဲ့ပါတယ္။

ကုိဆုိဗုိႏုိင္ငံသူ Verona Koliqi ဟာ လက္ရွိမွာေတာ့ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမိဳ႕မွာ ေနထုိင္ပါတယ္။ Verona တုိ႔ မိသားစုဟာ မြန္တီနီဂ႐ုိးႏုိင္ငံက ထင္ရွားတဲ့ကမ္းေျခတစ္ခုကို လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကတုန္းက သြားေရာက္လည္ပတ္ခဲ့ဖူးပါတယ္။ တစ္ျခား မိတ္ေဆြမိသားစုေတြလည္း ပါဝင္ခဲ့လုိ႔ ေပ်ာ္စရာေကာင္းတဲ့ ကမ္းေျခခရီးစဥ္ေလးပါ။

ၿပီးခဲ့တဲ့ႏွစ္က Verona ဟာ ခ်စ္သူ Mirand ရဲ႕ လက္ထပ္ခြင့္ေတာင္းတာကို ခံခဲ့ရၿပီး၊ ရက္အနည္းငယ္အၾကာမွာ Mirand နဲ႔ Verona တုိ႔ဟာ ငယ္ဘဝက မိသားစုဓာတ္ပုံေတြကုိ ျပန္လည္ၾကည့္ခဲ့ၾကပါတယ္။ အဲဒီဓာတ္ပုံေတြထဲမွာ Verona နဲ႔ ကေလးတစ္စု ပင္လယ္ျပင္ႀကီးကို ေနာက္ခံထားၿပီး ႐ုိက္ထားတဲ့ ဓာတ္ပုံလည္း ပါဝင္ပါတယ္။

အဲဒီဓာတ္ပုံကို ၾကည့္လုိက္တဲ့အခါမွာေတာ့ Mirand ဟာ အလြန္အံ့ၾသသြားခဲ့ၿပီး၊ ေနာက္ခံျမင္ကြင္းထဲမွာ ေရလႈိင္းစီးေနတာဟာ သူျဖစ္တယ္လုိ႔ ခ်က္က်လက္က် ေျပာခဲ့ပါတယ္။ ေသခ်ာေအာင္ Mirand က လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္တုန္းက အဲဒီကို သူတုိ႔မိသားစု သြားေရာက္ခဲ့တဲ့ ခရီးစဥ္ဓာတ္ပုံေတြကုိ ျပန္လည္စစ္ေဆးတဲ့အခါမွာေတာ့ တကယ့္ကို ကြက္တိျဖစ္ေနခဲ့တာပါ။ သူတုိ႔ႏွစ္ေယာက္စလုံး အလြန္အံ့ၾသသြားၾကပါတယ္။ ဖူးစာတရားဆုိတာ အလြန္ အံ့ၾသစရာေကာင္းတဲ့ အခ်က္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။

နတ္စည္ေတာ္ (MyanmarNote)

source : metro.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ဖူးစာကံဆိုတာ အလွန်ဆန်းကျယ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ကြသည်ဖြစ်စေ ဖူးစာဆိုတဲ့ ကံပါမလာရင်တော့ အကြောင်းအမျိုးမျိုးပြပြီး ကွဲကြတော့တာပါဘဲ။ ဘယ်လောက်ပဲ မုန်းတီးနေပါစေ ဖူးစာပါလာရင်တော့ အကြောင်းအမျိုးမျိုးနဲ့ ချစ်သူတွေဖြစ်၊ အိမ်ထောင်တွေ ကြရတတ်ပါတယ်။

သင်ဟာ ရေခြားမြေခြားမှာ နေထိုင်နေပေမယ့် သင့်ဇာတိမှာ အိမ်ထောင်ပြန်ပြီး ကျတတ်သလို၊ ကိုယ့်မွေးရပ်မြေမှာ အိုးမကွာ အိမ်မကွာ နေခဲ့သူဖြစ်ရင်တောင်မှ နယ်ခြားက အိမ်ထောင်ဘက်နဲ့ ဆုံးစည်းတတ်တာဟာ ဖူးစာရဲ့ ထူးဆန်းတဲ့ အံ့သြဖွယ်ရာဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်က လက်ထပ်ခဲ့တဲ့ စုံတွဲတစ်တွဲဟာ သူတို့တစ်တွေရဲ့ ဖူးစာကံဆန်းကျယ်မှုကို မျှဝေခဲ့ပါတယ်။

ကိုဆိုဗိုနိုင်ငံသူ Verona Koliqi ဟာ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ နေထိုင်ပါတယ်။ Verona တို့ မိသားစုဟာ မွန်တီနီဂရိုးနိုင်ငံက ထင်ရှားတဲ့ကမ်းခြေတစ်ခုကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတုန်းက သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ တစ်ခြား မိတ်ဆွေမိသားစုတွေလည်း ပါဝင်ခဲ့လို့ ပျော်စရာကောင်းတဲ့ ကမ်းခြေခရီးစဉ်လေးပါ။

ပြီးခဲ့တဲ့နှစ်က Verona ဟာ ချစ်သူ Mirand ရဲ့ လက်ထပ်ခွင့်တောင်းတာကို ခံခဲ့ရပြီး၊ ရက်အနည်းငယ်အကြာမှာ Mirand နဲ့ Verona တို့ဟာ ငယ်ဘဝက မိသားစုဓာတ်ပုံတွေကို ပြန်လည်ကြည့်ခဲ့ကြပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ Verona နဲ့ ကလေးတစ်စု ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံလည်း ပါဝင်ပါတယ်။

အဲဒီဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာတော့ Mirand ဟာ အလွန်အံ့သြသွားခဲ့ပြီး၊ နောက်ခံမြင်ကွင်းထဲမှာ ရေလှိုင်းစီးနေတာဟာ သူဖြစ်တယ်လို့ ချက်ကျလက်ကျ ပြောခဲ့ပါတယ်။ သေချာအောင် Mirand က လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက အဲဒီကို သူတို့မိသားစု သွားရောက်ခဲ့တဲ့ ခရီးစဉ်ဓာတ်ပုံတွေကို ပြန်လည်စစ်ဆေးတဲ့အခါမှာတော့ တကယ့်ကို ကွက်တိဖြစ်နေခဲ့တာပါ။ သူတို့နှစ်ယောက်စလုံး အလွန်အံ့သြသွားကြပါတယ်။ ဖူးစာတရားဆိုတာ အလွန် အံ့သြစရာကောင်းတဲ့ အချက်တွေနဲ့ ပြည့်နှက်နေပါတယ်။

နတ်စည်တော် (MyanmarNote)

source : metro.co.uk