ေသြးကင္ဆာျဖစ္ေနတဲ့ (၂) ႏွစ္ သမီးေလးနဲ႔ အတူတူ က်င္းတူးၿပီး ေသဖို႔ျပင္ေနတဲ့ ဖခင္ (ရုပ္သံ)

ေလာကမွာ မိဘေတြရဲ႕ အေၾကာက္ဆုံး အရာဟာ ကိုယ့္သားသမီးကို ဆုံးရႈံးရမွာ သိသိႀကီးနဲ႔ လက္ပိုက္ ၾကည့္ေနရတဲ့ အခ်ိန္ပါဘဲ။ အခုလည္း တ႐ုတ္ႏိုင္ငံ Sichuan မွာ ေနထိုင္တဲ့ Zhang Liyong ဆိုတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ (၂) ႏွစ္ သမီးေလး Zhang Xin Lei မွာ ေသြးကင္ဆာ ခံစားေနရတာကို သိၿပီးေနာက္ စိတ္ဓာတ္ေတြ က်ခဲ့ၿပီး ယူက်ဴံးမရ ျဖစ္ခဲ့ရတယ္။ ဒါ့အျပင္ ေဆးကုသစရိတ္ ကလည္း အလြန္ ေဈးႀကီး တာေၾကာင့္ Liyong ဆီမွာ အေႂကြးေတြ မ်ားစြာ တင္ခဲ့ရ ပါတယ္။

“ က်ေနာ္တို႔ ပိုက္ဆံ ေခ်းတာေတြ ေတာ္ေတာ္ မ်ားေနပါၿပီ။ ဒီထက္ ပိုၿပီး က်ေနာ္တို႔ကို ဘယ္သူမွလည္း မေခ်းေတာ့ဘူး ” လို႔ Liyong က စိတ္မေကာင္းစြာနဲ႔ ေျပာျပပါတယ္။ Liyong ဟာ ပိုက္ဆံ အရမ္းကို လိုအပ္ေနတဲ့ အတြက္ မိသားစုေတြ ဆီက ပိုက္ဆံေတြ ေခ်းခဲ့ ေပမယ့္ သူ႔ကို အားလုံးက ပိုက္ဆံေခ်းဖို႔ ျငင္းဆန္ခဲ့ ၾကတယ္လို႔ သိရပါတယ္။

ဒီလိုနဲ႔ Liyong ရဲ႕ သမီးေလး Xin Lei ဟာ တျဖည္းျဖည္း အေျခအေန ဆိုးလာၿပီး ခ်က္ခ်င္း ေဆးကုသဖို႔ လိုအပ္လာခဲ့ ပါတယ္။ ဒါေပမယ့္ Liyong တစ္ေယာက္ သူ႔သမီးေလး အတြက္ ပိုက္ဆံ မတတ္ႏိုင္ခဲ့ပါဘူး။ ဆရာဝန္ႀကီးေတြက ျဖစ္ႏိုင္ရင္ မၾကာခင္ ခြဲစိတ္ဖို႔ေျပာေပမယ့္ သူတို႔မွာ ပိုက္ဆံျပသာနာတတ္ေနတဲ့ အျပင္ သမီးေလး အတြက္လည္း အခ်ိန္ မေလာက္ေတာ့တဲ့ အတြက္ သူ႔မွာ ေမွ်ာ္လင့္ခ်က္ မဲ့ေနခဲ့ပါတယ္။

ဒီလိုနဲ႔ ေလာကႀကီးကို လက္ေျမႇာက္ အရႈံးေပးလိုက္တဲ့ Liyong ဟာ သူ႔သမီးေလး သူ႔ကို ႏႈတ္ဆက္မယ့္အခ်ိန္ကို စိတ္ဓာတ္က်စြာ ေနထိုင္ရင္း ေန႔တိုင္း သူတူးထားတဲ့ ေျမတြင္းထဲမွာ လဲေလ်ာင္းေနခဲ့ ပါတယ္။ အဲ့ေနာက္မွာ လူမႈကြန္ယက္ေပၚမွာ ဒီသားအဖရဲ႕ ေၾကကြဲစရာဇာတ္ေလး ခ်က္ခ်င္းကို ပ်ံ႕ႏွံ႔ သြားခဲ့ၿပီး ျမင္ေတြ႕သူတိုင္းကို ဝမ္းနည္းမႈေတြ ျဖစ္ေစခဲ့ပါတယ္။

အခုေတာ့ သူတို႔ သားအဖရဲ႕ အေျခအေန အစဆုံးကို သိသြားတဲ့ ပရဟိတ အဖြဲ႕ေတြေရာ၊ ရပ္ကြက္ေန ျပည္သူေတြကပါ အလႉေငြေတြ ေကာက္ခံေပး ခဲ့ၿပီး ခြဲစိတ္ ကုသစရိတ္ အတြက္ ကူညီေပးေန ၾကတယ္လို႔ သိရပါတယ္။

ရုပ္သံၾကည့္ရႈရန္

Source – we.com.mm , crd

(Unicode)

သွေးကင်ဆာဖြစ်နေတဲ့ (၂) နှစ် သမီးလေးနဲ့ အတူတူ ကျင်းတူးပြီး သေဖို့ပြင်နေတဲ့ ဖခင် (ရုပ်သံ)

လောကမှာ မိဘတွေရဲ့ အကြောက်ဆုံး အရာဟာ ကိုယ့်သားသမီးကို ဆုံးရှုံးရမှာ သိသိကြီးနဲ့ လက်ပိုက် ကြည့်နေရတဲ့ အချိန်ပါဘဲ။ အခုလည်း တရုတ်နိုင်ငံ Sichuan မှာ နေထိုင်တဲ့ Zhang Liyong ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ (၂) နှစ် သမီးလေး Zhang Xin Lei မှာ သွေးကင်ဆာ ခံစားနေရတာကို သိပြီးနောက် စိတ်ဓာတ်တွေ ကျခဲ့ပြီး ယူကျူံးမရ ဖြစ်ခဲ့ရတယ်။ ဒါ့အပြင် ဆေးကုသစရိတ် ကလည်း အလွန် ဈေးကြီး တာကြောင့် Liyong ဆီမှာ အကြွေးတွေ များစွာ တင်ခဲ့ရ ပါတယ်။

“ ကျနော်တို့ ပိုက်ဆံ ချေးတာတွေ တော်တော် များနေပါပြီ။ ဒီထက် ပိုပြီး ကျနော်တို့ကို ဘယ်သူမှလည်း မချေးတော့ဘူး ” လို့ Liyong က စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ Liyong ဟာ ပိုက်ဆံ အရမ်းကို လိုအပ်နေတဲ့ အတွက် မိသားစုတွေ ဆီက ပိုက်ဆံတွေ ချေးခဲ့ ပေမယ့် သူ့ကို အားလုံးက ပိုက်ဆံချေးဖို့ ငြင်းဆန်ခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ Liyong ရဲ့ သမီးလေး Xin Lei ဟာ တဖြည်းဖြည်း အခြေအနေ ဆိုးလာပြီး ချက်ချင်း ဆေးကုသဖို့ လိုအပ်လာခဲ့ ပါတယ်။ ဒါပေမယ့် Liyong တစ်ယောက် သူ့သမီးလေး အတွက် ပိုက်ဆံ မတတ်နိုင်ခဲ့ပါဘူး။ ဆရာဝန်ကြီးတွေက ဖြစ်နိုင်ရင် မကြာခင် ခွဲစိတ်ဖို့ပြောပေမယ့် သူတို့မှာ ပိုက်ဆံပြသာနာတတ်နေတဲ့ အပြင် သမီးလေး အတွက်လည်း အချိန် မလောက်တော့တဲ့ အတွက် သူ့မှာ မျှော်လင့်ချက် မဲ့နေခဲ့ပါတယ်။

ဒီလိုနဲ့ လောကကြီးကို လက်မြှောက် အရှုံးပေးလိုက်တဲ့ Liyong ဟာ သူ့သမီးလေး သူ့ကို နှုတ်ဆက်မယ့်အချိန်ကို စိတ်ဓာတ်ကျစွာ နေထိုင်ရင်း နေ့တိုင်း သူတူးထားတဲ့ မြေတွင်းထဲမှာ လဲလျောင်းနေခဲ့ ပါတယ်။ အဲ့နောက်မှာ လူမှုကွန်ယက်ပေါ်မှာ ဒီသားအဖရဲ့ ကြေကွဲစရာဇာတ်လေး ချက်ချင်းကို ပျံ့နှံ့ သွားခဲ့ပြီး မြင်တွေ့သူတိုင်းကို ဝမ်းနည်းမှုတွေ ဖြစ်စေခဲ့ပါတယ်။

အခုတော့ သူတို့ သားအဖရဲ့ အခြေအနေ အစဆုံးကို သိသွားတဲ့ ပရဟိတ အဖွဲ့တွေရော၊ ရပ်ကွက်နေ ပြည်သူတွေကပါ အလှူငွေတွေ ကောက်ခံပေး ခဲ့ပြီး ခွဲစိတ် ကုသစရိတ် အတွက် ကူညီပေးနေ ကြတယ်လို့ သိရပါတယ်။