ဒီ (၄) ခ်က္နဲ႔ ကိုက္ညီေနရင္ေတာ့ သင့္ခ်စ္သူဟာ သင့္အေပၚ တစ္သက္လုံး သစၥာရိွမယ့္သူပါ…!

ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနရင္ သင့္ခ်စ္သူက တစ္သက္လံုး သစၥာရွိသြားဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ

ဒီေခတ္ထဲမွာ အခ်စ္စစ္ကို ရွာေတြ႕ဖို႔ ခက္သြားပါၿပီ။ ရည္းစား ဘဝကေန လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ သူေတြကို ေတြ႕ရတာ ၾကည္ႏူးစရာပါပဲ။ စံုတြဲေတြၾကားမွာ သစၥာရွိတယ္ ဆိုတာ ရွားပါးပါတယ္။

လူတစ္ေယာက္အေပၚ သစၥာရွိတယ္ ဆိုတာ မေကာင္းတဲ့အရာ မဟုတ္ပါဘူး။ သစၥာ ရွိျခင္းဟာ ဘဝကို ပိုၿပီး လွပေစပါတယ္။ အဲဒါေၾကာင့္ သင္တကယ္ ယံုၾကည္ရၿပီး သင့္ တစ္ေယာက္တည္းသာ ခ်စ္တဲ့သူကို ေတြ႕ရင္ေတာ့ တစ္သက္တာ သစၥာရွိဖို႔ ေတြေဝမေနပါနဲ႔ေတာ့။

1. သင့္အေပၚ ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္တယ္။

သူ႔ဘဝရဲ႕ စကၠန္႔တိုင္းဟာ သင့္အတြက္ အဆင္သင့္ ျဖစ္ေနတယ္ ဆိုရင္ သင့္အေပၚ တစ္သက္လံုး သစၥာရွိမယ့္ သူပါ။ သူ႔ဘဝရဲ႕ အခ်ိန္ေတြကို သင့္ထံေပးရမွာ ေပ်ာ္ေနတာပါ။ သင္နဲ႔စကားေျပာရတာကလြဲၿပီး တျခား အရာေတြကို စိတ္မဝင္စား ေတာ့တာပါ။

2. သူ႔ဘဝနဲ႔ ရင္းၿပီး သင့္ကို ခ်စ္တယ္။

သူ႔တစ္ဘဝလံုးကို သင့္ထံ ေပးထားတဲ့သူဟာ သင့္ကို တကယ္ခ်စ္ၿပီး ကာကြယ္ေပးသြားမယ့္သူပါ။ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို သင္နဲ႔အတူ ကုန္ဆံုးဖို႔ ဘယ္အရာနဲ႔ မဆို အာမခံေပး ႏုိင္ပါတယ္။ သူ႔ဘဝရဲ႕ အနာဂတ္ အစီအစဥ္တုိင္းမွာ သင္ ပါဝင္ပါတယ္။

3. သင့္အၿပံဳးက အေရးႀကီးပါတယ္။

သင့္ကို နာက်င္ေအာင္ လုပ္မိလို႔ စိတ္မေကာင္း ျဖစ္ၿပီး မအိပ္ႏိုင္ ျဖစ္သြားတဲ့သူကို ယံုၾကည္လို႔ရပါတယ္။ အိပ္ယာ မဝင္ခင္မွာ သင့္ကို ၿပံဳးသြားေအာင္ လုပ္ႏုိင္တဲ့သူက သင့္ကို ဘယ္ေတာ့မွ စိတ္အေႏွာင့္အယွက္ ေပးမယ့္သူ မဟုတ္ပါဘူး။

4. သင့္ရည္မွန္းခ်က္ေတြ ျဖစ္ေျမာက္လာေအာင္ တိုက္တြန္းတယ္။

သင့္ဘက္က နားလည္မႈေပးတဲ့အခါ သူ႔ဘက္ကလည္း တစ္ဘဝစာ ကတိေတြေပးဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ။ သူ႔ေပ်ာ္ရႊင္မႈအတြက္ သင္ဘာမဆို လုပ္ေပးမယ္ ဆိုတာလည္း သူသိပါတယ္။အဲဒီအခါ သင့္ရည္မွန္းခ်က္နဲ႔ သူ႔ရည္မွန္းခ်က္ေတြက ထပ္တူထပ္မၽွ အေရးႀကီးတယ္ ဆိုတာ သူ သေဘာေပါက္သြားပါတယ္။ အဲဒါေၾကာင့္ သင့္ရည္မွန္းခ်က္ေတြ ျဖစ္လာေအာင္ တိုက္တြန္းအားေပးမွာပါ။

Zombie(Loveshortnotes)

(For Unicode)

ဒီအချက်တွေနဲ့ ကိုက်ညီနေရင် သင့်ချစ်သူက တစ်သက်လုံး သစ္စာရှိသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ

ဒီခေတ်ထဲမှာ အချစ်စစ်ကို ရှာတွေ့ဖို့ ခက်သွားပါပြီ။ ရည်းစား ဘဝကနေ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေကို တွေ့ရတာ ကြည်နူးစရာပါပဲ။ စုံတွဲတွေကြားမှာ သစ္စာရှိတယ် ဆိုတာ ရှားပါးပါတယ်။

လူတစ်ယောက်အပေါ် သစ္စာရှိတယ် ဆိုတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ သစ္စာ ရှိခြင်းဟာ ဘဝကို ပိုပြီး လှပစေပါတယ်။ အဲဒါကြောင့် သင်တကယ် ယုံကြည်ရပြီး သင့် တစ်ယောက်တည်းသာ ချစ်တဲ့သူကို တွေ့ရင်တော့ တစ်သက်တာ သစ္စာရှိဖို့ တွေဝေမနေပါနဲ့တော့။

1. သင့်အပေါ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်။

သူ့ဘဝရဲ့ စက္ကန့်တိုင်းဟာ သင့်အတွက် အဆင်သင့် ဖြစ်နေတယ် ဆိုရင် သင့်အပေါ် တစ်သက်လုံး သစ္စာရှိမယ့် သူပါ။ သူ့ဘဝရဲ့ အချိန်တွေကို သင့်ထံပေးရမှာ ပျော်နေတာပါ။ သင်နဲ့စကားပြောရတာကလွဲပြီး တခြား အရာတွေကို စိတ်မဝင်စား တော့တာပါ။

2. သူ့ဘဝနဲ့ ရင်းပြီး သင့်ကို ချစ်တယ်။

သူ့တစ်ဘဝလုံးကို သင့်ထံ ပေးထားတဲ့သူဟာ သင့်ကို တကယ်ချစ်ပြီး ကာကွယ်ပေးသွားမယ့်သူပါ။ တန်ဖိုးရှိတဲ့ အချိန်တွေကို သင်နဲ့အတူ ကုန်ဆုံးဖို့ ဘယ်အရာနဲ့ မဆို အာမခံပေး နိုင်ပါတယ်။ သူ့ဘဝရဲ့ အနာဂတ် အစီအစဉ်တိုင်းမှာ သင် ပါဝင်ပါတယ်။

3. သင့်အပြုံးက အရေးကြီးပါတယ်။

သင့်ကို နာကျင်အောင် လုပ်မိလို့ စိတ်မကောင်း ဖြစ်ပြီး မအိပ်နိုင် ဖြစ်သွားတဲ့သူကို ယုံကြည်လို့ရပါတယ်။ အိပ်ယာ မဝင်ခင်မှာ သင့်ကို ပြုံးသွားအောင် လုပ်နိုင်တဲ့သူက သင့်ကို ဘယ်တော့မှ စိတ်အနှောင့်အယှက် ပေးမယ့်သူ မဟုတ်ပါဘူး။

4. သင့်ရည်မှန်းချက်တွေ ဖြစ်မြောက်လာအောင် တိုက်တွန်းတယ်။

သင့်ဘက်က နားလည်မှုပေးတဲ့အခါ သူ့ဘက်ကလည်း တစ်ဘဝစာ ကတိတွေပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူ့ပျော်ရွှင်မှုအတွက် သင်ဘာမဆို လုပ်ပေးမယ် ဆိုတာလည်း သူသိပါတယ်။အဲဒီအခါ သင့်ရည်မှန်းချက်နဲ့ သူ့ရည်မှန်းချက်တွေက ထပ်တူထပ်မျှ အရေးကြီးတယ် ဆိုတာ သူ သဘောပေါက်သွားပါတယ်။ အဲဒါကြောင့် သင့်ရည်မှန်းချက်တွေ ဖြစ်လာအောင် တိုက်တွန်းအားပေးမှာပါ။

Zombie(Loveshortnotes)