ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ သင္ၾကားေပးေနတဲ့ ခ်င္း လူမ်ိဳး MMA ဖိုက္တာ ထိရယ္ထန္၏ ပြဲဦးထြက္ၿပိဳင္ပြဲ ရန္ကုန္တြင္ က်င္းပမည္

One Championship ၏ ၀ိတ္ တန္းႏွစ္ခု ခ်န္ပီယံ ျမန္မာျပည္ဖြား MMA ဖိုက္တာ ေအာင္လအန္ဆန္ ကိုယ္ တိုင္ေလ့က်င့္ ေပးေန သည့္ ခ်င္းလူမ်ိဳး MMA ဖိုက္တာ ထိရယ္ထန္၏ ပထမဆံုးၿပိဳင္ပြဲ ပါ၀င္မည့္ One Championship ၿပိဳင္ပြဲကို လာမည့္ မတ္လ (၈) ရက္တြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ၿပိဳင္ပြဲတြင္ ျမန္မာျပည္ MMA ခ်န္ပီယံ ဖိုးေသာ္က အင္ဒိုနီးရွား ဖိုက္တာ Yohan Mulia Legowo ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ သြားရမည္ျဖစ္ၿပီး ခ်င္းတိုင္းရင္းသား MMA ဖိုက္တာ ထိရယ္ထန္က ကေမၻာဒီးယား ဖိုက္တာ Rin Saroth ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ သြားရမည္ျဖစ္သည္။

ဖိုးေသာ္နွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ Legowo သည္ အင္ဒိုနီးရွား ကိုယ္ခံပညာ သိုင္းေပါင္းစံုေလာကတြင္ ေက်ာ္ၾကားသူ တစ္ဦး ျဖစ္ၿပီး ONE Championship ၏ ကမာၻ႔အဆင့္ၿပိဳင္ပြဲမ်ားတြင္ ၿပိဳင္ပြဲမဝင္မီ ႏိုင္ငံတြင္းၿပိဳင္ပြဲမ်ား၌ ယွဥ္ၿပိဳင္ထားေၾကာင္း သိရသည္။ လာမည့္မတ္လ ၈ ရက္တြင္ ရန္ကုန္ၿမိဳ႕၊ သု၀ဏၰမိုးလုံေလလုံ အားကစားရုံ၌ က်င္းပသြားမည့္ MMA ၿပိဳင္ပြဲႀကီးတြင္ ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္၏ ပြဲပါ၀င္ျခင္းမရွိေသာ္လည္း အဓိက ပြဲစဥ္အခ်ဳိ႕ကို ထုတ္ျပန္ခဲ့ရာတြင္ ဖိုးေသာ္၊ ထိရယ္ထန္၊ ျမန္မာျပည္၏ ပထမဆုံး MMA အမ်ဳိးသမီးဖိုက္တာ အန္တိုနီယာတို႔၏ ပြဲစဥ္မ်ားကို ထည့္သြင္းေပးထားေၾကာင္း သိရသည္။

အဓိကပြဲစဥ္အျဖစ္ ONE ဝယ္သာဝိတ္ ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲအျဖစ္ ဆြီဒင္ႏိုင္ငံသား Zebaztian “The Bandit” Kadestam နွင့္ ကာဇစၥတန္ႏုိင္ငံသား Georgiy “Knight” Kichigin တို႔ယွဥ္ၿပိဳင္ ထိုးသတ္သြားၾကမည္ျဖစ္သည္။ ONE ဝယ္သာဝိတ္ ကမာၻ႔ခ်န္ပီယံ ဆြီဒင္ႏိုင္ငံသား Zebaztian Kadestam သည္ ၎၏ ခါးပတ္ကို ပထမဆံုးအႀကိမ္အျဖစ္ ကာ ကြယ္ထိုးသတ္သြားမည္ျဖစ္ၿပီး ျမန္မာျပည္၏ ပထမဆုံး MMA အမ်ဳိးသမီးဖိုက္တာ အန္တိုနီယာက မေလးရွားႏုိင္ငံမွ Audreylaura “Ice Comet” Boniface ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္သြားရမည္ျဖစ္သည္။

ထိရယ္ထန္မွာ ခ်င္းလူမ်ိဳးမ်ား၏ ကိုယ္ခံပညာတစ္ခု ျဖစ္ေသာ ခ်င္းနပန္းသမားဘ၀မွ ကိုယ္ခံပညာေပါင္းစံုဘက္ကို ေအာင္လ အန္ဆန္၏ အကူအညီျဖင့္ ကူးေျပာင္းလာျခင္းလည္းျဖစ္ၿပီး ျမန္မာျပည္ ပရိတ္သတ္အတြက္ အဆင့္သင့္ ျဖစ္ေနၿပီ ျဖစ္ေၾကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

Credit-Akonthi

Unicode ျဖင့္ဖတ္ရန္

One Championship ၏ ၀ိတ် တန်းနှစ်ခု ချန်ပီယံ မြန်မာပြည်ဖွား MMA ဖိုက်တာ အောင်လအန်ဆန် ကိုယ် တိုင်လေ့ကျင့် ပေးနေ သည့် ချင်းလူမျိုး MMA ဖိုက်တာ ထိရယ်ထန်၏ ပထမဆုံးပြိုင်ပွဲ ပါ၀င်မည့် One Championship ပြိုင်ပွဲကို လာမည့် မတ်လ (၈) ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာပြည် MMA ချန်ပီယံ ဖိုးသော်က အင်ဒိုနီးရှား ဖိုက်တာ Yohan Mulia Legowo နှင့် ယှဉ်ပြိုင်ထိုးသတ် သွားရမည်ဖြစ်ပြီး ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထိရယ်ထန်က ကမေ်ဘာဒီးယား ဖိုက်တာ Rin Saroth နှင့် ယှဉ်ပြိုင်ထိုးသတ် သွားရမည်ဖြစ်သည်။

ဖိုးသော်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် Legowo သည် အင်ဒိုနီးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံလောကတွင် ကျော်ကြားသူ တစ်ဦး ဖြစ်ပြီး ONE Championship ၏ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲမဝင်မီ နိုင်ငံတွင်းပြိုင်ပွဲများ၌ ယှဉ်ပြိုင်ထားကြောင်း သိရသည်။ လာမည့်မတ်လ ၈ ရက်တွင် ရန်ကုန်မြို့၊ သု၀ဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသွားမည့် MMA ပြိုင်ပွဲကြီးတွင် ကမ်ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ ပွဲပါ၀င်ခြင်းမရှိသော်လည်း အဓိက ပွဲစဉ်အချို့ကို ထုတ်ပြန်ခဲ့ရာတွင် ဖိုးသော်၊ ထိရယ်ထန်၊ မြန်မာပြည်၏ ပထမဆုံး MMA အမျိုးသမီးဖိုက်တာ အန်တိုနီယာတို့၏ ပွဲစဉ်များကို ထည့်သွင်းပေးထားကြောင်း သိရသည်။

အဓိကပွဲစဉ်အဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam နှင့် ကာဇစ္စတန်နိုင်ငံသား Georgiy “Knight” Kichigin တို့ယှဉ်ပြိုင် ထိုးသတ်သွားကြမည်ဖြစ်သည်။ ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည် ၎င်း၏ ခါးပတ်ကို ပထမဆုံးအကြိမ်အဖြစ် ကာ ကွယ်ထိုးသတ်သွားမည်ဖြစ်ပြီး မြန်မာပြည်၏ ပထမဆုံး MMA အမျိုးသမီးဖိုက်တာ အန်တိုနီယာက မလေးရှားနိုင်ငံမှ Audreylaura “Ice Comet” Boniface နှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။

ထိရယ်ထန်မှာ ချင်းလူမျိုးများ၏ ကိုယ်ခံပညာတစ်ခု ဖြစ်သော ချင်းနပန်းသမားဘ၀မှ ကိုယ်ခံပညာပေါင်းစုံဘက်ကို အောင်လ အန်ဆန်၏ အကူအညီဖြင့် ကူးပြောင်းလာခြင်းလည်းဖြစ်ပြီး မြန်မာပြည် ပရိတ်သတ်အတွက် အဆင့်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

Credit-Akonthi