ရန္ကုန္ ေအာင္​မဂၤလာ ကားဝင္း​က စိုးရိမ္​စရာျဖစ္​လာျပီ

မင္းမဲ့ တိုင္းျပည္ကဲ့ သို႔ ျဖစ္ေနေသာ ရန္ကုန္ ေအာင္မဂၤလာ ကားဝင္း အဝင္ေပါက္က ၃ ခ်ပ္ လိမ္

သို႔
ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ႏွင့္တကြ
ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕မွ အရာရိွမ်ား ခမ်ာ

ေအာင္မဂၤလာကားဝင္း အဝင္ေပါက္ YBS ၁၇ YBS ၃၅ ကားဂိတ္တြင္ မနက္ ၂ နာရီမွ မနက္ ၅ နာရီ အခ်ိန္တိုင္း အမ်ားျပည္သူအား လိမ္လည္ လွည့္ဖ်ားျပီး အုပ္စုလိုက္ အဖြဲ႕လိုက္ ညစ္ပတ္ကာ ေတာနယ္မွ ရန္ကုန္ျမိဳ႕ေပၚသို႕ ေစ်းဝယ္ တက္လာေသာ မိန္းကေလးငယ္မ်ား အေဒၚ အရြယ္ မ်ားအား..

မထိုးခ်င္ပါဘူး မသိပါဘူး မထိုးပါဘူး ေျပာလဲမရ အတင္း ထိုးခိုင္းၿပီး အတင္း စားတယ္ စားတယ္ ဆိုကာ ေတာနယ္က ေစ်းဝယ္ဖို႔ ေခၽြးနဲစာေလးေတြ စုေဆာင္းလာ သမ်ွကို ေပၚတင္ ဓားျပတိုက္ သလို ေန႔စဥ္ တိုက္ယူေန သည္မွာ အခ်ိန္ကာလ အေတာ္ ၾကာေနပါျပီ ။

ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ အေနနဲ႔ ထိုမ်ွ မင္းမဲ့တိုင္းျပည္ ကဲ့သို႔ ျပဳမူေနၾကေသာ အဖြဲ႕ အုပ္စု မ်ားကို မ်က္စိ ရွမ္း၍ပဲ မျမင္ေလ သလား တမင္ မျမင္ခ်င္ေယာင္ပဲ ေဆာင္ေပးေန သလား ေမးခြန္း ထုတ္စရာ ျဖစ္လာ ပါတယ္

ဓာတ္ပံုလဲ သူတို႕ကို မရိုက္ရဲပါဘူး ။ ဓားထိုးခံရမွာ သိေနလို႕ပါ ။ အနားက တကၠစီ ေစ်းဆိုင္ အကုန္လံုး သူတို႕ လူႀကီး ပါပဲ ။ အနည္းဆံုး သူတို႕အဖြဲ႕ဟာ လူ ၂၀ အထက္မွ ာရိွပါတယ္ ။

မယံုရင္ ရန္ကုန္တိုင္ းရဲတပ္ဖြဲ႕ အေနနဲ႕ အသြင္ယူျပီး ေစာင့္ၾကည့္ ၾကည့္ပါ ။ ည ၁၂ နာရီ ကေန မနက္ ၅ နာရီ ဝန္းက်င္ လာသမ်ွ လူေတြကို အတင္း အနုၾကမ္း စီးသလို မထိုးလဲ ထိုးတယ္ မျငင္းနဲ႕ဆိုျပီး အတင္း အႏိုင္က်င့္ လုယူေန ၾကတာပါ ။

14.1.2018 မနက္ ၄ နာရီခြဲ ခန္႔ က ေတာကေန ေစ်းဝယ္ရေအာင္ ရန္ကုန္ တက္လာတဲ႕ ေကာင္မေလးကို မထိုးပဲနဲ႕ နင္ထိုးတယ္ ေျပာျပီးကာမွ မျငင္းနဲ႕ ဆိုျပီး ဆြဲႀကိဳး ၈ သိန္းတန္ ခန္႔ကို အတင္း လုယူ ဝိုင္း အႏိုင္က်င့္ ၾကပါတယ္ ။

ေကာင္မေလးမွာ မလုပ္ၾကပါနဲ႕ ဦးႀကီးတို႕ရယ္ သမီး ဆြဲႀကိဳး ျပန္ေပးၾကပါ တက္ခမန္း ငိုယိုျပီးေတာင္း ေပမဲ႕ သူတို႔ အဖြဲ႕ထဲက ေကာင္ေတြက နင္ ဘာလူပါး ဝတာလဲ ဆိုျပီး ဆံပင္ ေစာင့္ဆြဲ ပါးေတာင္ ရိုက္ပစ္ ပါေသးတယ္

အားလံုးက ျမင္ေပမဲ႕ ဝင္မေျပာရဲ ပါဘူး သူတို႕အဖြဲ႕က အနည္းဆံုး ၂၀ အထက္မွာ ရိွတယ္

အနားက ေစ်းဆိုင္ တကၠစီသမားေတြက စ သူတို႕လူေတြ ပါပဲ ေနာက္ဆံုး ေကာင္မေလးကို ကန္ၿပီး ဆြဲၾကိဳး လိမ္ယူေျပးတဲ႕ေကာင္ႀကီးဟာ သူတို႕ကို အသင့္ေစာင့္ ေနတဲ႕ taxi CC 8853 ေပၚ တက္ျပီးလစ္ေျပး ပါေတာ့တယ္ ။

ဒါမဲ႕ ေနာက္ေန႔ ထပ္ျပီး နယ္က တက္လာတဲ႕ ေတာသူ ေတာင္သားေတြရဲ႕ ေခၽြးနဲစာကို ထပ္လိမ္စားဖို႕ အခုေလာက္ဆို ေရာက္ေန ပါျပီ

Crd တာဝန္သိ ျပည္သူတဦး

မင်းမဲ့ တိုင်းပြည်ကဲ့ သို့ ဖြစ်နေသော ရန်ကုန် အောင်မင်္ဂလာ ကားဝင်း အဝင်ပေါက်က ၃ ချပ် လိမ်

သို့
ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့်တကွ
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာရှိများ ခမျာ

အောင်မင်္ဂလာကားဝင်း အဝင်ပေါက် YBS ၁၇ YBS ၃၅ ကားဂိတ်တွင် မနက် ၂ နာရီမှ မနက် ၅ နာရီ အချိန်တိုင်း အများပြည်သူအား လိမ်လည် လှည့်ဖျားပြီး အုပ်စုလိုက် အဖွဲ့လိုက် ညစ်ပတ်ကာ တောနယ်မှ ရန်ကုန်မြို့ပေါ်သို့ ဈေးဝယ် တက်လာသော မိန်းကလေးငယ်များ အဒေါ် အရွယ် များအား..

မထိုးချင်ပါဘူး မသိပါဘူး မထိုးပါဘူး ပြောလဲမရ အတင်း ထိုးခိုင်းပြီး အတင်း စားတယ် စားတယ် ဆိုကာ တောနယ်က ဈေးဝယ်ဖို့ ချွေးနဲစာလေးတွေ စုဆောင်းလာ သမျှကို ပေါ်တင် ဓားပြတိုက် သလို နေ့စဉ် တိုက်ယူနေ သည်မှာ အချိန်ကာလ အတော် ကြာနေပါပြီ ။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အနေနဲ့ ထိုမျှ မင်းမဲ့တိုင်းပြည် ကဲ့သို့ ပြုမူနေကြသော အဖွဲ့ အုပ်စု များကို မျက်စိ ရှမ်း၍ပဲ မမြင်လေ သလား တမင် မမြင်ချင်ယောင်ပဲ ဆောင်ပေးနေ သလား မေးခွန်း ထုတ်စရာ ဖြစ်လာ ပါတယ်

ဓာတ်ပုံလဲ သူတို့ကို မရိုက်ရဲပါဘူး ။ ဓားထိုးခံရမှာ သိနေလို့ပါ ။ အနားက တက္ကစီ ဈေးဆိုင် အကုန်လုံး သူတို့ လူကြီး ပါပဲ ။ အနည်းဆုံး သူတို့အဖွဲ့ဟာ လူ ၂၀ အထက်မှ ာရှိပါတယ် ။

မယုံရင် ရန်ကုန်တိုင် းရဲတပ်ဖွဲ့ အနေနဲ့ အသွင်ယူပြီး စောင့်ကြည့် ကြည့်ပါ ။ ည ၁၂ နာရီ ကနေ မနက် ၅ နာရီ ဝန်းကျင် လာသမျှ လူတွေကို အတင်း အနုကြမ်း စီးသလို မထိုးလဲ ထိုးတယ် မငြင်းနဲ့ဆိုပြီး အတင်း အနိုင်ကျင့် လုယူနေ ကြတာပါ ။

14.1.2018 မနက် ၄ နာရီခွဲ ခန့် က တောကနေ ဈေးဝယ်ရအောင် ရန်ကုန် တက်လာတဲ့ ကောင်မလေးကို မထိုးပဲနဲ့ နင်ထိုးတယ် ပြောပြီးကာမှ မငြင်းနဲ့ ဆိုပြီး ဆွဲကြိုး ၈ သိန်းတန် ခန့်ကို အတင်း လုယူ ဝိုင်း အနိုင်ကျင့် ကြပါတယ် ။

ကောင်မလေးမှာ မလုပ်ကြပါနဲ့ ဦးကြီးတို့ရယ် သမီး ဆွဲကြိုး ပြန်ပေးကြပါ တက်ခမန်း ငိုယိုပြီးတောင်း ပေမဲ့ သူတို့ အဖွဲ့ထဲက ကောင်တွေက နင် ဘာလူပါး ဝတာလဲ ဆိုပြီး ဆံပင် စောင့်ဆွဲ ပါးတောင် ရိုက်ပစ် ပါသေးတယ်

အားလုံးက မြင်ပေမဲ့ ဝင်မပြောရဲ ပါဘူး သူတို့အဖွဲ့က အနည်းဆုံး ၂၀ အထက်မှာ ရှိတယ်

အနားက ဈေးဆိုင် တက္ကစီသမားတွေက စ သူတို့လူတွေ ပါပဲ နောက်ဆုံး ကောင်မလေးကို ကန်ပြီး ဆွဲကြိုး လိမ်ယူပြေးတဲ့ကောင်ကြီးဟာ သူတို့ကို အသင့်စောင့် နေတဲ့ taxi CC 8853 ပေါ် တက်ပြီးလစ်ပြေး ပါတော့တယ် ။

ဒါမဲ့ နောက်နေ့ ထပ်ပြီး နယ်က တက်လာတဲ့ တောသူ တောင်သားတွေရဲ့ ချွေးနဲစာကို ထပ်လိမ်စားဖို့ အခုလောက်ဆို ရောက်နေ ပါပြီ

Crd တာဝန်သိ ပြည်သူတဦး