“ဒါဖတ္ၿပီး မငိုပါနဲ႔။ ပိုၿပီး သိတတ္ပါ” ဖတ္ရင္းမ်က္ရည္၀ဲမိလို႔..သူငယ္ခ်င္းတို႔ကို ၿပန္မွ်ေ၀ေပးလိုက္ပါတယ္

အခ်ိန္သုံးမိနစ္ေလာက္ရင္ ဖတ္ျဖစ္ေအာင္ ဖတ္သြားပါ အရမ္းေကာင္းတဲ့စာသားပါ

“ဒါဖတ္ၿပီး မငိုပါနဲ႔။ ပိုၿပီး သိတတ္ပါ”

ဖတ္ရင္းမ်က္ရည္၀ဲမိလို႔..သူငယ္ခ်င္းတို႔ကိုလဲၿပန္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္…

“ရွင့္ အဖြားၾကီးကို ဘယ္ေန႕ပို႕မွာလဲ ? ” … နံနက္ ေစာေစာစီးစီး ဇနီးသည္ ျဖစ္သူရဲ႕ စိတ္မရွည္သံကို စိတ္မခ်မ္းေျမ႕စြာ ၾကားလိုက္ရသည္…။

“ပို႕မွာေပါ့ကြာ.. မင္းကလဲ.. ငါ့အေမေလာက္ မ်က္ေစာင္းထိုးေနတာပဲ ”

“အို…ထိုးရမွာပဲ… ရွင့္အေမက ေနရာတကာပါေနတာကိုး… ကၽြန္မ သည္းမခံႏိုင္ေတာ့ဘူး..

ရွင့္အေမကို ဒီတစ္ပတ္ထဲ ပို႔ရင္ပို႕.. မပို႕ရင္ေတာ့ ကၽြန္မ သားေလးေခၚၿပီး အေမ့အိမ္ သြားေနေတာ့ မယ္…”

“ကဲ.. ဒီတစ္ပတ္ထဲ ပို႕ရင္ ၿပီးတာပဲ မွတ္လား..”

ေျပာၿပီး ကၽြန္ေတာ္ ျပန္လွည့္ထြက္လာခဲ့သည္..။

ကၽြန္ေတာ့္ မိန္းမ ခ်ိဳ က အေမ့ကို ဘုိးဘြားရိပ္သာ ပို႕ရန္ ေျပာေနျခင္းျဖစ္သည္..။

ခ်မ္းသာေသာ မာနၾကီးေသာ ဂုဏ္ျဒပ္အရွိန္အ၀ါၾကီးမားေသာ အသိုင္းအ၀ုိင္းမွ ေပါက္ဖြားလာသည့္

သူမႏွင့္ ကၽြန္ေတာ္ လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႕က လက္ထပ္ခဲ့ျခင္းျဖစ္သည္…။

ကၽြန္ေတာ္တို႕ မိသားစုက ဆင္းရဲပါသည္..။ ငယ္စဥ္ကတည္းက အေဖဆံုးပါးသြားသျဖင့္ မိခင္ျဖစ္သူက ေစ်းေရာင္းၿပီး

ေက်ာင္းထားေပးခဲ့ကာ အေမတစ္ခုသားတစ္ခု ဘ၀ျဖင့္ ရုန္းကန္ခဲ့ရသည္..။

သူမနဲ႕ ခ်စ္သူျဖစ္ရတာ ကၽြန္ေတာ့္အတြက္ေတာ့ လံုး၀မေမွ်ာ္လင့္ခဲ့တဲ့ ဆုလာဒ္ တစ္ခုျဖစ္ခဲ့သည္..။

သူမ မိသားစု အသိုင္းအ၀ိုင္းေတြ သေဘာမတူ တားဆီးထားသည့္ၾကားမွ ကၽြန္ေတာ့္ေနာက္ကို အရဲစြန္႕ၿပီး လိုက္ခဲ့သည္..။

ယခုဆိုရင္ ကၽြန္ေတာ္တို႕တြင္ ခ်စ္စရာေကာင္းေသာ ၃ ႏွစ္အရြယ္ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ေနၿပီျဖစ္သည္..။ ခက္တာက ခ်ိဳသည္ အေမ့အေပၚ ဆက္ဆံေရးေျပာင္းလဲလာျခင္းျဖစ္သည္..။

လက္ထပ္ၿပီးခါစကဲ့သုိ႕ ဆက္ဆံမႈမ်ိဳးမေတြ႕ရေတာ့..။

မိသားစု စီးပြားေရးလည္း က်ပ္တည္းလာေတာ့ အလုပ္မလုပ္ႏိုင္ေတာ့ပဲ လူပို တစ္ေယာက္လိုျဖစ္ေနေသာ အေမ့အား ခ်ိဳ အျပစ္ျမင္ေနျခင္းျဖစ္သည္..။

ကၽြန္ေတာ္ကလည္း ေန႕စဥ္ အလုပ္ကိစၥမ်ားႏွင့္ လံုးပန္းေနရသျဖင့္ အေမ့ကို သိပ္ဂရုမစိုက္အားပဲ အိမ္မွာ အျမဲတမ္းရွိေသာ ခ်ိဳကသာ တာ၀န္ယူ ျပဳစုေပးခဲ့သည္..။

ယခုလည္း က်န္းမာေရးမေကာင္းပဲ ခ်ဳခ်ာလာခဲ့ေသာ အေမ့ကို ဘိုးဘြားရိပ္သာပို႕ရန္ေျပာေနျခင္း ျဖစ္သည္..။

အစက အၾကံျပဳၿပီး ေကာင္းေစခ်င္တဲ့ သေဘာမ်ိဳးသာ ေျပာခဲ့ေပမယ့္ အခုေတာ့ မပို႕လွ်င္

ခ်ိဳႏွင့္သာေလး အိမ္ကဆင္းသြားေတာ့မည့္ အၾကပ္ကိုင္သည့္ ပံုစံမ်ိဳးျဖစ္ေနသည္..။

အေတြးေကာင္းေကာင္းႏွင့္ လွည့္ထြက္လာေသာ ကၽြန္ေတာ္ တံခါးေပါက္ထိပ္တြင္ နားေထာင္ေန ေသာ အေမ့ကို ေတြ႕လိုက္ရသည္..။

အေမ့မ်က္၀န္းတြင္ မ်က္ရည္မ်ားတြဲခိုေနသည္..။

အေမ ကၽြန္ေတာ့္ကို ၾကည့္ေနေသာ အၾကည့္သည္ အသနားခံေသာ အၾကည့္..၊

တုန္ရီေနေသာ ႏႈတ္ခမ္းမ်ားမွလည္း ကၽြန္ေတာ့္ကို ေျပာခ်င္ေနေသာ စကားမ်ား ရွိေနသည္ကို ကၽြန္ေတာ္ သိသည္..။

ဒါေပမယ့္ အေမ့ဆီက ဘာစကားမွထြက္မလာခဲ့ပါ..။

က်လုစဲ မ်က္ရည္ကို လက္ျဖင့္သုတ္ၿပီး အေမ သူ႕အခန္းထဲ သို႕ ျပန္၀င္သြားခဲ့သည္…။

ကၽြန္ေတာ္ သက္ျပင္းရွည္ၾကီးကို ပင့္ရႈိက္ မိလိုက္သည္…………။

ဒီေန႕ အေမ့ကို ဘိုးဘြားရိပ္သာ ပို႕ရမည့္ေန႕ျဖစ္သည္..။

ယခင္ေန႕ေတြက သူ႕ေျမးေလးႏွင့္ ေဆာ့ေန တတ္ေသာ အေမ ဒီေန႕ သူမ အခန္းထဲကကို ထြက္မလာ..။

အိမ္ေရွ႕ကို ကားေရာက္လာေတာ့ ကၽြန္ေတာ္ အေမ့ကို ေခၚရန္ အေမ့အခန္းထဲသို႕ ၀င္ခဲ့သည္..။

ကုတင္ေလးေပၚမွာ မၾကီးမားလွတဲ့ အ၀တ္ထုတ္ေလး တစ္ထုပ္ ေတြ႕ရၿပီး အ၀တ္ထုတ္ေလးေဘးမွာ ထိုင္ၿပီး ဓါတ္ပံုတစ္ပံုကို ေသခ်ာစြာ ၾကည့္ေနေသာ အေမ့ကိုေတြ႕လိုက္ရသည္..။

ကၽြန္ေတာ္ ၀င္လာတာျမင္ေတာ့ အေမက ဓါတ္ပံုကို ကၽြန္ေတာ္မျမင္ေအာင္ လ်င္ျမန္စြာ သိမ္းဆည္းလိုက္သည္..။

ဓါတ္ပံုက ကၽြန္ေတာ္ ငယ္ငယ္ ရွင္ျပဳတုန္းက အေမနဲ႕ ရိုက္ထားတုန္းက ပံုျဖစ္သည္..။

ၿပီးေတာ့ ကၽြန္ေတာ္ကို “သြားေတာ့မွာလား…သား” ဆိုၿပီး အေလာတၾကီး ေမးလာသည္..။

“ဟုတ္ အေမ… ကားေရာက္ၿပီ..”

“အေမ့ ေျမးေလးကို ေခၚေပးပါအံုး… ႏႈတ္ဆက္ခ်င္လို႕…”

အေမ့အသံမွာ ၀မ္းနည္းသံေတြ ပါေနသည္..။ ကၽြန္ေတာ္ အေမ့ကို မ်က္လံုးခ်င္း မဆိုင္၀ံ့ပဲ သားေလးကို ေခၚေပးလိုက္သည္..။

အေမ က သူ႕ေျမးေလးကို ခ်ီၿပီး ႏွစ္ႏွစ္ျခိဳက္ျခိဳက္ နမ္းလိုက္သည္..။

ထို႕ေနာက္ အေမ့မ်က္၀န္းမွ မ်က္ရည္ မ်ားက်ဆင္းလာခဲ့ၿပီး သားေလးကိုခ်ကာ အ၀တ္ထုပ္ေလးကို ဆြဲကိုင္လိုက္ၿပီး

“သြားၾကရေအာင္ သား…” ဆိုၿပီး ေရွ႕ကေန ဦးေဆာင္ကာ ကားဆီကုိ ထြက္ခြာသြားခဲ့ပါတယ္..။

ဘိုးဘြားရိပ္သာ သြားတဲ့ လမ္းတစ္ေလွ်ာက္လံုး ကားေပၚမွာ သားအမိႏွစ္ေယာက္စလံုး စကား မေျပာျဖစ္ခဲ့ၾက..။

အေမက ကားျပတင္းေပါက္ကေန အျပင္ကို ေငးေမာၾကည့္ရင္း ႏႈတ္ဆိတ္စြာ လိုက္ ပါလာသည္..။ ကၽြန္ေတာ္ အေမ့ကို ေငးၾကည့္ေနမိသည္..။

ဘ၀ကို တစ္ေယာက္တည္း ရုန္းကန္ၿပီး သားကို ပညာတတ္ျဖစ္ေအာင္ ေက်ာင္းထားေပးခဲ့တဲ့အေမ…၊ ေက်ာင္းမွာ သား မ်က္ႏွာမငယ္ေအာင္. အျမဲတမ္း အေကာင္းဆံုးေတြကိုပဲ ျဖည့္ဆည္းေပးခဲ့တဲ့အေမ..၊

သားေက်ာင္းျပန္လာလွ်င္ ေက်ာင္းေပါက္၀ကေန အျပံဳးေတြနဲ႕ ေစာင့္ၾကိဳေနတတ္ေသာအေမ..၊ အေမ…၊ အေမ…၊ အစရွိတဲ့ အေမ့အေၾကာင္းေတြက ရုပ္ရွင္ကားခ်ပ္ေတြလို အစီအရီ ေပၚလာသည္..။

ငါ့လုပ္ရပ္ဟာ အေမ့အတြက္ မွ်တမႈ ရွိရဲ႕လား…။ အေမေပးဆပ္ခဲ့တာနဲ႕ ျပန္ရတာဟာ တန္ရဲ႕လား…? ငါ မွားသြားၿပီလား?

ကၽြန္ေတာ္ စဥ္းစားေနတုန္းမွာ ကားက ဘိုးဘြားရိပ္သာထဲကို ေရာက္ရွိေနခဲ့ၿပီျဖစ္သည္..။

တာ၀န္က် ၀န္ထမ္းမ်ားမွ အေမေနထိုင္ရမယ့္ အခန္းကို လိုက္လံျပသၿပီး အေမက သူ႕အခန္းေလးထဲက ကုတင္ေပၚမွာ အ၀တ္ထုပ္ေလးကို တင္လိုက္ၿပီး…

“သား … ျပန္ေတာ့ေလ… ေနာက္က်ေနရင္ သားမိန္းမ စိတ္ပူလိမ့္မယ္…၊ ညဖက္ အျပင္ထြက္ရင္ အေႏြးထည္ေလးဘာေလး ၀တ္အံုး..၊ သားက အေအးဒဏ္ မခံႏိုင္ဘူး..”

ကၽြန္ေတာ့္ မ်က္၀န္းမွ မ်က္ရည္တို႕ကို ကၽြန္ေတာ္ မတားဆီးႏိုင္ခဲ့ပါဘူး..၊ အေမ့ကို ေျပးဖက္လိုက္ၿပီး ကၽြန္ေတာ္ ကေလးတစ္ေယာက္လို ရႈိက္ၾကီးတငင္ ငိုမိပါေတာ့တယ္..။

ကၽြန္ေတာ့္ရင္ထဲမွာ အေမ့ကို ေျပာစရာစကားေတြ အမ်ားၾကီးရွိေပမယ့္ ဘာစကားမွ ထြက္မလာခဲ့ပါ…။

“သား…ကို ..ခြင့္လႊတ္ပါ..အေမရယ္…” ကၽြန္ေတာ္ ငိုရႈိက္ရင္း အေမ့ကို ေတာင္းပန္မိ္သည္..။

“အေမ..နားလည္ပါတယ္ကြယ္..” အေမလည္း ငိုေနတာပါလား..၊ အေမ့မ်က္၀န္းတြင္လည္း မ်က္ရည္ေတြ တြဲခိုေနသည္…”အေမတို႕ ျဖစ္ခ်င္တာထက္..၊ ျဖစ္သင့္တာကို ဦးစားေပး ၾကတာေပါ့..” တဲ့ေလ….။

ကၽြန္ေတာ္ အျပန္လမ္း တစ္ေလွ်ာက္လံုး ကားေပၚမွာ ငိုရႈိက္လာမိသည္..။ အေမ့ကို ဒီလိုထားခဲ့ရတာ ကၽြန္ေတာ္ လံုး၀စိတ္မေကာင္း..၊

ရင္ဘတ္တစ္ခုလံုးလည္း တင္းၾကပ္ေနၿပီး အသက္ရႈရတာေတာင္ မြန္းၾကပ္ေနသည္..။

ဒီလိုနဲ႕ အိမ္ျပန္ေရာက္လာေတာ့… ခ်ိဳက သားေလးကို ေခ်ာ့သိပ္ ေနၿပီျဖစ္သည္..။

ခ်ိဳက…” လူကေလးရဲ႕ အိပ္ခ်ိန္တန္…ဗိ်ဳင္းေရွ႕ကပ်ံ…” အစခ်ီတဲ့ သားေခ်ာ့ေတးကို တိုးတိုးေလးဆိုၿပီး ေခ်ာ့သိပ္ေနတာပါ..။

တံခါး၀ကေန ကၽြန္ေတာ္ ျမင္ရတဲ့ ခ်ိဳ သားေလးကို ေခ်ာ့သိပ္ေနတဲ့ ပံုစံဟာ ကၽြန္ေတာ့္ကို အေမက အဆိုပါ သားေခ်ာ့ေတးကို ဆိုၿပီး ေခ်ာ့သိပ္ခဲ့တာကို ျပန္အမွတ္ရေစ ၿပီး

ကၽြန္ေတာ့္ မ်က္လံုးထဲမွာ ခ်ိဳနဲ႕ သာေလးကို မျမင္ပဲ အေမနဲ႕ ကၽြန္ေတာ္ငယ္ငယ္က ပံုရိပ္ေတြကို အစားထိုး ျပန္ျမင္ေယာင္ေစမိပါတယ္..။

ကၽြန္ေတာ္ မ်က္၀န္းမွ မ်က္ရည္မ်ား ထပ္မံစီးက်လာခဲ့ၿပီး ကၽြန္ေတာ္ ခ်က္ခ်င္းျပန္လွည့္ထြက္ခဲ့ၿပီး လမ္းမေပၚ ေျပးထြက္ကာ ျပတ္သားတဲ့ဆံုးျဖတ္ခ်က္ တစ္ခုကို ခ်ခဲ့ၿပီး တကၠစီ တစ္စီးကို တားလိုက္ပါတယ္..။

ကၽြန္ေတာ့္အတြက္ ကားေမာင္းတာ အရမ္းေႏွးေနသလိုပါပဲ…။ အေမ့ကို ပို႕တုန္းက ျမန္သေလာက္ အခုက်ေတာ့ ေတာ္ေတာ္ကို ေႏွးေနသလိုပါပဲ.ကၽြန္ေတာ္ အေမ့ကို အရမ္းေတြ႕ခ်င္ေနပါၿပီ..။

ဘိုးဘြား ရိပ္သာကို ေရာက္ေရာက္ခ်င္းပဲ ကားေပၚက ခ်က္ခ်င္းဆင္းၿပီး ကၽြန္ေတာ္ အေျပး၀င္ခဲ့ပါတယ္..။ တာ၀န္က် ၀န္ထမ္းေတြကေတာ့ ကၽြန္ေတာ့္ကို နားမလည္ဘဲ အံ့ၾသစြာ ၾကည့္ေနၾကပါတယ္..။

ကၽြန္ေတာ္ အေမ့အခန္းထဲကို အေျပးတစ္ပိုင္း ေျပး၀င္ခဲ့ပါတယ္..။

အခန္းထဲမွာ ကၽြန္ေတာ္ ငယ္ငယ္ ရွင္ျပဳတုန္းက အေမနဲ႕ရိုက္ထားတဲ့ပံုကိုၾကည့္ၿပီး အေမငိုေနပါတယ္..။

ကၽြန္ေတာ္ အေမ့ကို ေျပးဖက္လိုက္ၿပီး ရႈိက္ၾကီးတငင္ ထပ္မံ ငိုမိလိုက္ပါတယ္..။ အေမကေတာ့ ကၽြန္ေတာ့္ကုိ နားမလည္တဲ့ ပံုစံရွိေနၿပီး ကၽြန္ေတာ့္ ေခါင္းကို ပြတ္သပ္ကာ ကၽြန္ေတာ့္ကို ႏွစ္သိမ့္ေနပါတယ္….။

ကၽြန္ေတာ္ ဘာမွ မေျပာပဲ အေမ့ရဲ႕ ေျခဖမိုးေလးကို ကိုင္ကာ ျမတ္ႏိုး ႏွစ္ျခိဳက္စြာ နမ္းရႈံ႕လိုက္ၿပီး………….

“သားတို႕ အိမ္ျပန္ၾကရေအာင္…အေမ….”

ဘယ္ေတာ့မွ အေမ့ကို မစြန္႕လႊတ္မိပါေစနဲ႕…။

အဲ့ဒီဆံုးရႈံးမႈကို သင္ယခု မခံစားရရင္ေတာင္မွ တစ္ခ်ိန္ၾကရင္ ခံစားရၿပီး ၾကီးမားတဲ့ ေနာင္တ တရား ရပါလိမ့္မယ္…။

အေမ့ကို ျမတ္ျမတ္ႏိုးႏိုး ခ်စ္တတ္ၾကပါေစဗ်ာ…။

ပန္​းခ်ယ္​ရီ (ခတၱာအေဝးတစ္​ေန ာသို႔)

ေရႊမရွိေပမယ့္ အေမရွိလွ်င္ ေနေပ်ာ္ျပီ

အေမမရွိလွ်င္လ

ေရႊအတိဆင္ေစဦးေတာ့

အျမင္သာ အသြင္ဆန္းေပလိမ့္

နန္းေတာ္ႀကီး အရုပ္အိမ္။

အေမရွိလွ်င္ေပါ့

ေရႊမရွိရင္ ေနေစဦးေတာ့

အဆင္းဗလာ မြဲႏုံ႔ေသးေသာ္လည္း

တဲကုပ္ကေလး ေအးရိပ္ၿငိမ္။

{ေမတၱာေစနာျဖင့္ Phyoe Lay}

အချိန်သုံးမိနစ်လောက်ရင် ဖတ်ဖြစ်အောင် ဖတ်သွားပါ အရမ်းကောင်းတဲ့စာသားပါ

“ဒါဖတ်ပြီး မငိုပါနဲ့။ ပိုပြီး သိတတ်ပါ”

ဖတ်ရင်းမျက်ရည်ဝဲမိလို့..သူငယ်ချင်းတို့ကိုလဲပြန်မျှဝေပေးလိုက်ပါတယ်နော်…

“ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? ” … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။

“ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ ”

“အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး..

ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…”

“ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား..”

ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။

ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။

ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အဝါကြီးမားသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသည့်

သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။

ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး

ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘဝဖြင့် ရုန်းကန်ခဲ့ရသည်..။

သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။

သူမ မိသားစု အသိုင်းအဝိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။

လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။

မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။

ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။

ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။

အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင်

ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။

အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။

အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။

အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊

တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။

ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။

ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။

ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။

ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။

ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။

အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ဝင်ခဲ့သည်..။

ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အဝတ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အဝတ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။

ကျွန်တော် ဝင်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။

ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။

ပြီးတော့ ကျွန်တော်ကို “သွားတော့မှာလား…သား” ဆိုပြီး အလောတကြီး မေးလာသည်..။

“ဟုတ် အမေ… ကားရောက်ပြီ..”

“အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…”

အမေ့အသံမှာ ဝမ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။

အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။

ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အဝတ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး

“သွားကြရအောင် သား…” ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။

ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။

အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။

ဘဝကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊

သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။

ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား?

ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။

တာဝန်ကျ ဝန်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အဝတ်ထုပ်လေးကို တင်လိုက်ပြီး…

“သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ဝတ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး..”

ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။

ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။

“သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…” ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။

“အမေ..နားလည်ပါတယ်ကွယ်..” အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…”အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့..” တဲ့လေ….။

ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊

ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။

ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။

ချိုက…” လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…” အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။

တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး

ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။

ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။

ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။

ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ဝန်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။

ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။

အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။

ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်….။

ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး………….

“သားတို့ အိမ်ပြန်ကြရအောင်…အမေ….”

ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။

အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။

အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။

ပန်းချယ်ရီ (ခတ္တာအဝေးတစ်နေ ာသို့)

ရွှေမရှိပေမယ့် အမေရှိလျှင် နေပျော်ပြီ

အမေမရှိလျှင်လ

ရွှေအတိဆင်စေဦးတော့

အမြင်သာ အသွင်ဆန်းပေလိမ့်

နန်းတော်ကြီး အရုပ်အိမ်။

အမေရှိလျှင်ပေါ့

ရွှေမရှိရင် နေစေဦးတော့

အဆင်းဗလာ မွဲနုံ့သေးသော်လည်း

တဲကုပ်ကလေး အေးရိပ်ငြိမ်။

{မေတ္တာစေနာဖြင့် Phyoe Lay}