သက်ငယ် မုဒိန်းကျင့်သူတွေကို ရည်ညွှန်းထားတဲ့ ဘဝရဲ့ သေဒဏ်အမိန့်ချပေးပါ သီချင်းအသစ်






Source: Ba Wa’s fb

Unicode ဖြင့်ဖတ်ရန်

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ် သီချင်းကို Raggae ပုံစံနဲ့ ပြန်လည်သီဆိုပြရင်း ပရိသတ်တွေ ကြိုက်နှစ်သက်ခြင်း ခံခဲ့ရတဲ့ ဘဝကို ပရိသတ်ကြီး မှတ်မိကြဦးမှာပါ။ ဘဝက The Voice Myanmar ရဲ့ Winner ဆုနဲ့ လွဲချော်ခဲ့ပေမယ့် သူနှစ်သက်မြတ်နိုးရာ အနုပညာကို ဆက်လက်လုပ်ကိုင်နေဆဲပါ။

ဘဝက သူကိုယ်တိုင် သီချင်းတွေကိုလဲ ရေးသား သီဆိုခဲ့ပြီး အားပေးလက်ခံသူတွေကိုလဲ အခိုင်အမာ ရရှိနေသူပါ။ သီချင်းကောင်းလေးတွေကို နှလုံးသားနဲ့ ခံစားပြီး ရေးသားသီဆိုတတ်တဲ့ ဘဝဟာ သူ့ရဲ့ကိုယ်ပိုင် သီချင်းအချို့လဲ ထွက်ရှိထားပြီး ဖြစ်ပါတယ်။

ဘဝရဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “သေဒဏ်အမိန့်ချပေးပါ” သီချင်းကလဲ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရပါတယ်။ ဒီ “သေဒဏ်အမိန့်ချပေးပါ” သီချင်းလေးက ထွက်ရှိပြီးတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပေမယ့် သီချင်းစာသားလေးတွေက အဓိပ္ပါယ်ရှိပြီး ရင်ထဲထိတာကြောင့် မိုမိုလေး ပရိသတ်တွေ နားဆင်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်။

သက်ငယ်မုဒိန်းကျင့်သူတွေကို ရည်ညွှန်းထားတဲ့ ဘဝရဲ့ “သေဒဏ်အမိန့်ချပေးပါ” သီချင်း
မြင့်မြတ်အတွက် “​ဟျောင်​့ ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေး ရေးပေးခဲ့တဲ့ ဘဝ

ပရိသတ်ကြီးလဲ ဘဝသီဆိုထားတဲ့ “သေဒဏ်အမိန့်ချပေးပါ” သီချင်းလေး နားထောင်ပြီး ရင်ထဲမှာ တစ်ခုခု ခံစားကျန်ရစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena