ဖိုတိုရှော့စကေး လွဲချော်မှုကြောင့် ရုပ်ပေါက်သွားခဲ့ရတဲ့ ပုံရိပ်တချို့

မော်ဒယ်လ်တွေရဲ့ပုံအများစုဟာ ဖိုတိုရှော့နဲ့ အဆင့်ဆင့်ပြင်ထားမယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် ကြော်ငြာရိုက်ကူးမှုအတွက် ဓာတ်ပုံတွေကိုဆိုရင် ဖိုတိုရှော့နဲ့ အမျိုးမျိုး ပြင်ဆင်ပြီးမှ ပရိသတ်တွေဆီကို ချပြကြတာပါ။

အသားဖြူအောင်ပြင်ခြင်း၊ ခန္ဓာကိုယ်သွယ်လျ လှပ အောင် ပြုလုပ်ခြင်း၊ ခြေတံလက်တံရှည်အောင် ဖိုတိုရှော့နဲ့ ပြင်ဆင်ခြင်း စတာတွေကို အမျိုးမျိုး ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်ဖို့ကလည်း ဖိုတိုရှော့စကေးမြင့်တဲ့ သူမှ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင် ယုတ္တိမရှိတော့ဘဲ ဖိုတိုရှော့လုပ်ထားတာ အရမ်းသိသာသွားတတ်ပါတယ်။

ဒီလို သိသိသာသာကြီး ဖြစ်သွားမယ်ဆိုရင် ပရိသတ်တွေအတွက် ပြောစရာဖြစ်သွားပြီး ကြည့်ရတာလည်း အဆင်မပြေ တော့ပါဘူး။ ဒီတော့.. ဖိုတိုရှော့ကြောင့် ယုတ္တိမရှိတော့တဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

ကြည့်လုပ်ပါအုံး.. အသားအရောင်က ဟိုတစ်ကွက်ဖြူ၊ ဒီတစ်ကွက်မည်းနဲ့…

6packs ကနေ 10 packs ဖြစ်သွားရလောက်တဲ့ထိကို ဖိုတိုရှော့စကေးက ကြမ်းသွားသလား…

အို…. လက်တစ်ဖက်က ဘယ်ပျောက်သွားတာလဲ…

 ပြင်းပြင်းထန်ထန် work out တွေလုပ်နေစရာမလိုတော့ပါ။ ဖိုတိုရှော့နဲ့ ဗလတောင့်အောင် လုပ်လို့ ရနေပါပြီ…

 လှေကားက စောင်းနေသလိုပဲ….

လက်လေးက တိုတိုလေး…

မသေမသပ် ဖိုတိုရှော့ကြောင့် ခန္ဓာကိုယ်အချိုးအစား ပုံမကျပန်းမကျဖြစ်သွားခဲ့ရတဲ့ ဗစ်တိုးရီးယား စီးကရက်မော်ဒယ်လ်မလေး…

ဂျီဂျီဟဒစ်ရဲ့ ခြေတံကို သွယ်လျလှပပြီး ရှည်ရှည်လေးဖြစ်နေအောင် ပြုလုပ်လိုက်ပေမယ့် ခြေပြားကြီးသွားခဲ့ရတဲ့ မသေမသပ်ဖိုတိုရှော့စကေး…

ရွှေရောင် (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*