






အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကှို ကျေးဇူးအထူးတင်ရှိပါတယ်။ ။

From-momolay


Source;Ba wa’s fb

Unicode >>>

မြင့်မြတ်အတွက် “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေး ရေးပေးခဲ့တဲ့ ဘဝ

The Voice Myanmar Season 1 မှာ သီဆိုယှဉ်ပြိုင်ရင်း ပရိသတ်တွေ သတိထားမိလာခဲ့တဲ့ ဘဝက အခုလက်ရှိမှာလဲ သူကိုယ်တိုင် သီချင်းတွေရေးပြီး သီဆိုနေပြီ ဖြစ်ပါတယ်။

The Voice Myanmar မှာ ဘဝသီဆိုခဲ့တဲ့ ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ် သီချင်းကို Raggae ပုံစံနဲ့ သီဆိုခဲ့တာကလဲ ပရိသတ်တွေကြားမှာ တော်တော်ကြီး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာ ဘဝက သူအရမ်းကြိုက်တဲ့ Idol ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မြင့်မြတ်အတွက် သူကိုယ်တိုင် သီချင်းလေးတစ်ပုဒ်ရေးပြီး သီဆိုပေးခဲ့ပါတယ်။ သီချင်းလေး နာမည်က “ဟျောင့် ဒုက္ခပါပဲကွာ” လို့ အမည်ရပါတယ်။

ဘဝက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျွန်တော်က ကိုမြင့်မြတ်ရဲ့ FAN အစစ် ဆိုလည်း လုံး၀ နောင်ဘဝထိဆိုလည်း မမှားဘူးဗျာ ။သူ သရုပ်ဆောင်တာလေးကြည့်ပြီး ကြွေပြီး သီချင်းရေးမိခဲ့တယ် ကိုမြင့်မြတ်နေရာကနေ ဝင်ပြီး နားသာဆင်ကြည့်ပေတော့ဗျာ” ဆိုပြာပြောထားပါတယ်။

ဘဝရေးဆိုတီးထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ခံစားနားဆင်ပေးကြပါဦးနော။

ပရိသတ်တွေလဲ ဘဝ သီဆိုထားတဲ့ “ဟျောင့် ဒုက္ခပါပဲကွာ” ဆိုတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကိုကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော။

အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုှ ကျေးဇူးအထူးတင်ရှိပါတယ်။ ။

From-momolay

ရုပ်သံကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်

Source;Ba wa’s fb