တစ္ႏွစ္ေက်ာ္က ေသဆုံးသြားတဲ့ခ်စ္သူကို မေမ့ႏိုင္ပဲ ခုထိ စုံတြဲပုံေလးေတြ တင္ေနေသးတဲ့ အမ်ဳိးသမီး

တရုတ္-ဖိလစ္ပိုင္ လူမ်ိဳး ေမာ္ဒယ္ Janica Nan Floresca နဲ႔ ဖိလစ္ပိုင္ အကဖြဲ႕တစ္ခုက သူမရဲ႕ ခ်စ္သူ Franco Hernandez တို႔ဟာ ငယ္ရြယ္ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ အရမ္း ခ်စ္ၾကပါတယ္။

2017 ခုႏွစ္ ႏိုဝင္ဘာလမွာ ကံဆိုးမႈႀကီးက သူတို႔ ႏွစ္ေယာက္ဆီ ေရာက္လာပါတယ္။ သူတို႔ႏွစ္ေယာက္ စီးလာတဲ့ေလွကို ျပင္းထန္တဲ့ လွိုင္းလံုးႀကီးက ရိုက္ခတ္လိုက္တဲ့အခါ ေလွေမွာက္သြားပါတယ္။ သူတို႔ႏွစ္ေယာက္လံုး ေရမကူး တတ္ၾကပါဘူး။

Janica က ေလွသမားကို ဖက္တြယ္ထားၿပီး Franco က Janica ကို ဖက္တြယ္ထားပါတယ္။ ေနာက္ထပ္ ျပင္းထန္တဲ့ လွိုင္းလံုးႀကီးေတြက Franco ကို ဆြဲေခၚသြားပါတယ္။ ကယ္ဆယ္ေရးေတြက Franco ကို ေတြ႕တဲ့အခါ Franco သတိလစ္ေနပါၿပီ။

ဝမ္းနည္းစရာ ေကာင္းတာကေတာ့ Franco တစ္ေယာက္ ေဆးရံုမွာ ကြယ္လြန္ သြားခဲ့ပါတယ္။သူကြယ္လြန္ ခ်ိန္မွာေတာ့ အသက္ 26 ႏွစ္ပဲ ရွိပါေသးတယ္။ တစ္ႏွစ္ေက်ာ္ ၾကာတဲ့အထိ Janica က Franco ကို ခ်စ္ေနတုန္းပါပဲ။

အဲဒါေၾကာင့္ Instagram မွာ သူတို႔ႏွစ္ေယာက္ရဲ႕ ပံုေလးေတြကို Janica က အျမဲ တင္ပါတယ္။သူမရဲ႕ postေတြမွာ ရင္ဖြင့္ထားတာေတြကို ၾကည့္ျခင္းျဖင့္ Franco ကို တမ္းတေနတုန္း ဆိုတာ ေပၚလြင္ပါတယ္။ Janica တင္တဲ့ postေတြမွာ Franco ကို သတိရတဲ့အေၾကာင္းေတြ၊ ဘုရားသခင္ကို တိုင္တည္ထားတာေတြနဲ႔ပဲ ျပည့္ႏွက္ေနပါတယ္။

ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ အခိုက္အတန္႔ေလးေတြမွာ ရိုက္ထားတဲဘ snapshot ေလးေတြကိုလည္း တင္ထားပါေသးတယ္။ Franco ကြယ္လြန္သြားေပမယ့္ Janica က Franco ရဲ႕ မိသားစုနဲ႔ အဆက္အသြယ္ ရွိတဲ့အေၾကာင္းေတြ၊ Franco ရဲ႕အုတ္ဂူဆီ အျမဲသြားတဲ့ အေၾကာင္းေတြကို Instagram မွာ ေတြ႕ႏိုင္ပါတယ္။

Janica က Franco ကို အျမဲ သတိရေနေစဖို႔ တက္တူးေတြလည္း အမ်ားႀကီး ထိုးထားပါေသးတယ္။ Franco ရဲ႕ေနာက္ဆံုးေမြးေန႔တုန္းက Janica က Adidas Ultraboots ဖိနပ္တစ္ရံ လက္ေဆာင္ေပးတဲ့ video ကိုလည္း တင္ထားပါေသးတယ္။ Janica ရဲ႕အခ်စ္ေတြက အခ်ိန္ေတြၾကာလည္း မေပ်ာက္ပ်က္သြားပါဘူး။

Janica တင္ထားခဲ့တဲ့ ေနာက္ဆံုး post မွာ Franco ကို သတိရေနေသးေၾကာင္းကို ေတြ႕ရမွာပါ။ တခ်ိဳ႕ေတြကေတာ့ commentေတြမွာ Franco အသက္ရွင္ေနေသးသလိုေတာင္ ခံစားရေၾကာင္း မွတ္ခ်က္ေပးထား ၾကပါေသးတယ္။

Zombie(Loveshortnotes)
Source – World of Buzz

တရုတ်-ဖိလစ်ပိုင် လူမျိုး မော်ဒယ် Janica Nan Floresca နဲ့ ဖိလစ်ပိုင် အကဖွဲ့တစ်ခုက သူမရဲ့ ချစ်သူ Franco Hernandez တို့ဟာ ငယ်ရွယ်ကြပြီး တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြပါတယ်။

2017 ခုနှစ် နိုဝင်ဘာလမှာ ကံဆိုးမှုကြီးက သူတို့ နှစ်ယောက်ဆီ ရောက်လာပါတယ်။ သူတို့နှစ်ယောက် စီးလာတဲ့လှေကို ပြင်းထန်တဲ့ လှိုင်းလုံးကြီးက ရိုက်ခတ်လိုက်တဲ့အခါ လှေမှောက်သွားပါတယ်။ သူတို့နှစ်ယောက်လုံး ရေမကူး တတ်ကြပါဘူး။

Janica က လှေသမားကို ဖက်တွယ်ထားပြီး Franco က Janica ကို ဖက်တွယ်ထားပါတယ်။ နောက်ထပ် ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေက Franco ကို ဆွဲခေါ်သွားပါတယ်။ ကယ်ဆယ်ရေးတွေက Franco ကို တွေ့တဲ့အခါ Franco သတိလစ်နေပါပြီ။

ဝမ်းနည်းစရာ ကောင်းတာကတော့ Franco တစ်ယောက် ဆေးရုံမှာ ကွယ်လွန် သွားခဲ့ပါတယ်။သူကွယ်လွန် ချိန်မှာတော့ အသက် 26 နှစ်ပဲ ရှိပါသေးတယ်။ တစ်နှစ်ကျော် ကြာတဲ့အထိ Janica က Franco ကို ချစ်နေတုန်းပါပဲ။

အဲဒါကြောင့် Instagram မှာ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို Janica က အမြဲ တင်ပါတယ်။သူမရဲ့ postတွေမှာ ရင်ဖွင့်ထားတာတွေကို ကြည့်ခြင်းဖြင့် Franco ကို တမ်းတနေတုန်း ဆိုတာ ပေါ်လွင်ပါတယ်။ Janica တင်တဲ့ postတွေမှာ Franco ကို သတိရတဲ့အကြောင်းတွေ၊ ဘုရားသခင်ကို တိုင်တည်ထားတာတွေနဲ့ပဲ ပြည့်နှက်နေပါတယ်။

ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အခိုက်အတန့်လေးတွေမှာ ရိုက်ထားတဲဘ snapshot လေးတွေကိုလည်း တင်ထားပါသေးတယ်။ Franco ကွယ်လွန်သွားပေမယ့် Janica က Franco ရဲ့ မိသားစုနဲ့ အဆက်အသွယ် ရှိတဲ့အကြောင်းတွေ၊ Franco ရဲ့အုတ်ဂူဆီ အမြဲသွားတဲ့ အကြောင်းတွေကို Instagram မှာ တွေ့နိုင်ပါတယ်။

Janica က Franco ကို အမြဲ သတိရနေစေဖို့ တက်တူးတွေလည်း အများကြီး ထိုးထားပါသေးတယ်။ Franco ရဲ့နောက်ဆုံးမွေးနေ့တုန်းက Janica က Adidas Ultraboots ဖိနပ်တစ်ရံ လက်ဆောင်ပေးတဲ့ video ကိုလည်း တင်ထားပါသေးတယ်။ Janica ရဲ့အချစ်တွေက အချိန်တွေကြာလည်း မပျောက်ပျက်သွားပါဘူး။

Janica တင်ထားခဲ့တဲ့ နောက်ဆုံး post မှာ Franco ကို သတိရနေသေးကြောင်းကို တွေ့ရမှာပါ။ တချို့တွေကတော့ commentတွေမှာ Franco အသက်ရှင်နေသေးသလိုတောင် ခံစားရကြောင်း မှတ်ချက်ပေးထား ကြပါသေးတယ်။

Zombie(Loveshortnotes)
Source – World of Buzz