ေက်ာင္းဆက္တက္ႏုိင္ဖုိ႔ သန္႔ရွင္းေရး အလုပ္လာေလွ်ာက္တဲ့ ငါးတန္းေက်ာင္းသားေလး

တစ္ခ်ိဳ႕ေသာမိသားစုေတြေဟာ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ ထုိင္စားလုိ႔ မကုန္ႏုိင္တဲ့ စည္းစိမ္ေတြကို ပိုင္ဆုိင္ထားၾကေပမယ့္၊ တစ္ခ်ိဳ႕တစ္ေတြက်ျပန္ေတာ့ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ ဘ၀ေတြ၊ ဒီထက္ ပုိဆုိးတာက တစ္ခ်ိဳ႕ေသာ မိသားစုေတြဟာ တစ္ေန႔ လုပ္တာေတာင္ တစ္ေန႔စာ မစားေလာက္တဲ့ အေျခအေနေတြလည္း ရွိပါတယ္။

ငယ္ငယ္ရြယ္ရြယ္မွာ ပညာသင္ၾကားရမယ္ဆုိတဲ့ အသိ လူတုိင္းမွာ ရွိေပမယ့္၊ မိသားစုရဲ႕ အရပ္ရပ္အေျခအေနေၾကာင့္ ေက်ာင္းေနခ်င္ေပမယ့္၊ အလုပ္ထြက္လုပ္ေနရတဲ့ ကေလးေတြ၊ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ ေက်ာင္းတက္ေနရတဲ့ ကေလးေတြ ရွိေနပါေသးတယ္။ ဒီအထဲမွာ 5 တန္းေက်ာင္းသားေလး Kervy James Villarejo ပါ၀င္ပါတယ္။

Kervy ဟာ ဖိလစ္ပိုင္ႏုိင္ငံေတာင္ပုိင္း၊ General Santos ၿမိဳ႕က Jose Catolico Sr. Elementary School ေက်ာင္းမွာ တက္ေရာက္ေနတဲ့ ေက်ာင္းသားေလးပါ။ သူ ေရရွည္ေက်ာင္းဆက္တက္ႏုိင္ဖုိ႔အတြက္ အပတ္စဥ္ ေက်ာင္းပိတ္ရက္တုိင္း အလုပ္တစ္ခုခု လုပ္ၿပီး ပုိက္ဆံရွာမယ္လုိ႔ သူ ေတြးခဲ့ပါတယ္။

Kervy ဟာ Charter Ping An Insurance Corporation ကုမၼဏီကို ရဲရဲ၀င့္၀င့္သြားေရာက္ခဲ့ၿပီး၊ ႐ုံးမွာ သန္႔ရွင္းေရးအလုပ္ လုိအပ္တယ္ဆုိရင္ လုပ္ခ်င္တဲ့အေၾကာင္း၊ ပုိက္ဆံလည္း ေပးသေလာက္သာ ယူပါ့မယ္ဆုိတဲ့အေၾကာင္း၊ ဆုိပါတယ္။ ကုမၼဏီ၀န္ထမ္းေတြဟာ Kervy ရဲ႕ သတၱိကို အေတာ္အံ့ၾသေနၾကပါတယ္။

မန္ေနဂ်ာက ကေလးလုပ္သားဥပေဒအရ ကေလးတစ္ေယာက္ကို အလုပ္ခန္႔ဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူးဆုိတာ သိပါတယ္။ ဒါေပမယ့္ ကေလးရဲ႕ဆႏၵကုိ ျဖည့္ဆည္းဖုိ႔အတြက္ အင္တာဗ်ဴးေတြဘာေတြေတာင္ ေလးေလးစားစားလုပ္ၿပီး၊ သူလုပ္ေပးမယ့္ သန္႔ရွင္းေရးအလုပ္ကို လက္ခံေပးခဲ့ပါတယ္။

CRD-Shwemom

UNICODE

တစ်ချို့သောမိသားစုတွေဟော ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ထိုင်စားလို့ မကုန်နိုင်တဲ့ စည်းစိမ်တွေကို ပိုင်ဆိုင်ထားကြပေမယ့်၊ တစ်ချို့တစ်တွေကျပြန်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေ၊ ဒီထက် ပိုဆိုးတာက တစ်ချို့သော မိသားစုတွေဟာ တစ်နေ့ လုပ်တာတောင် တစ်နေ့စာ မစားလောက်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

ငယ်ငယ်ရွယ်ရွယ်မှာ ပညာသင်ကြားရမယ်ဆိုတဲ့ အသိ လူတိုင်းမှာ ရှိပေမယ့်၊ မိသားစုရဲ့ အရပ်ရပ်အခြေအနေကြောင့် ကျောင်းနေချင်ပေမယ့်၊ အလုပ်ထွက်လုပ်နေရတဲ့ ကလေးတွေ၊ ချို့ချို့တဲ့တဲ့နဲ့ ကျောင်းတက်နေရတဲ့ ကလေးတွေ ရှိနေပါသေးတယ်။ ဒီအထဲမှာ 5 တန်းကျောင်းသားလေး Kervy James Villarejo ပါဝင်ပါတယ်။

Kervy ဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ General Santos မြို့က Jose Catolico Sr. Elementary School ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားလေးပါ။ သူ ရေရှည်ကျောင်းဆက်တက်နိုင်ဖို့အတွက် အပတ်စဉ် ကျောင်းပိတ်ရက်တိုင်း အလုပ်တစ်ခုခု လုပ်ပြီး ပိုက်ဆံရှာမယ်လို့ သူ တွေးခဲ့ပါတယ်။

Kervy ဟာ Charter Ping An Insurance Corporation ကုမ္မဏီကို ရဲရဲဝင့်ဝင့်သွားရောက်ခဲ့ပြီး၊ ရုံးမှာ သန့်ရှင်းရေးအလုပ် လိုအပ်တယ်ဆိုရင် လုပ်ချင်တဲ့အကြောင်း၊ ပိုက်ဆံလည်း ပေးသလောက်သာ ယူပါ့မယ်ဆိုတဲ့အကြောင်း၊ ဆိုပါတယ်။ ကုမ္မဏီဝန်ထမ်းတွေဟာ Kervy ရဲ့ သတ္တိကို အတော်အံ့သြနေကြပါတယ်။

မန်နေဂျာက ကလေးလုပ်သားဥပဒေအရ ကလေးတစ်ယောက်ကို အလုပ်ခန့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကလေးရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အင်တာဗျူးတွေဘာတွေတောင် လေးလေးစားစားလုပ်ပြီး၊ သူလုပ်ပေးမယ့် သန့်ရှင်းရေးအလုပ်ကို လက်ခံပေးခဲ့ပါတယ်။