ခရိုင္ရဲတပ္ဖြဲ႕မႉးမွ ရဲတပ္သားကုိ ရိုက္ႏွက္သျဖင့္ ​ေဆးရုံတက္ေရာက္ကု​ေနရ(႐ုပ္​သံ)

မည္းသင္းခရိုင္၊ခရိုင္ရဲတပ္ဖြဲ႕မႉးရံုးတြင္ကြန္ပ်ဴတာစာေရးအျဖစ္တာဝန္ထမ္းေဆာင္ေနေသာရဲတပ္သားေက်ာ္ရဲေအာင္မွာခရိုင္ရဲတပ္ဖြဲ႕မႉးမွရိုက္ႏွက္သျဖင့္ရမည္းသင္းခရိုင္ျပည္သူ႔ေဆးရုံႀကီးတြင္အတြင္းလူနာအျဖစ္တက္​ေရာက္ကုသေနရေၾကာင္းသိရသည္။

ရုံးပိတ္ရက္တနဂၤေႏြေန႔(၇)နာရီ(၄၀)ဘဲရွိေသးတယ္မ်က္ႏွာေတာင္မသစ္ရေသးဘူးခရိုင္မႉးကေခၚလို႔ဆိုလို႔က်ေနာ္သြားသတင္းပို႔တယ္။အလံတိုင္ေရွ႕မွာပါ။အဘက်ေနာ္ေရာက္ပါၿပီလို႔သတင္းပို႔တယ္။ဘာမွမေျပာမဆိုနဲ႔ပါးကိုဘယ္ျပန္ညာျပန္ရိုက္ၿပီးေတာ့ဗိုက္ကိုထိုးတယ္ဟုရဲတပ္ သားေက်ာ္ရဲေအာင္မွေျပာသည္။

၎ရဲတပ္သားေက်ာ္ရဲေအာင္မွာစံျပရဲတပ္သားဆုရၿပီးသင္တန္းဆင္းခဲ့သူတေယာက္ျဖစ္ေၾကာင္းသိရသည္။ရမည္းသင္းခရိုင္ရဲတပ္ဖြဲမႉးအားဖုန္းဆက္ေမးျမန္းရာကြန္ပ်ဴတာသမားဆိုေပမယ့္ရိုးရိုးကြန္ပ်ဴတာသမားမဟုတ္ဘူးကိုယ္အခန္းထဲကကိုယ့္သားသမီးလိုထားတဲ့ကြန္ပ်ဴတာသမား၊

ကိုယ့္တပ္ဖြဲ႕ဝင္ေတြကိုကိုယ့္သားသမီးလိုထားၿပီးႏိုင့္ထက္စီးနင္းဘယ္ေတာ့မွမရွိဘူး။အခုလည္းေဆးရုံမွကိုယ့္သားသမီးလိုေစာင့္ေရွာက္ထားပါတယ္ဟုေျပာသည္။၎ခရိုင္ရဲတပ္ဖြဲ႕မႉးမွာရမည္းသင္းခရိုင္သို႔ေျပာင္းေရႊ႕လာသည္မွာ(၁၅)ရက္ေက်ာ္ခန္႔သာရွိေသးေၾကာင္းလည္းသိရသည္။

Eleven Media

ရမည်းသင်းခရိုင်၊ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင်ကွန်ပျူတာစာရေးအဖြစ်တာဝန်ထမ်းဆောင်နေသောရဲတပ်သားကျော်ရဲအောင်မှာခရိုင်ရဲတပ်ဖွဲ့မှူးမှရိုက်နှက်သဖြင့်ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်တက်​ရောက်ကုသနေရကြောင်းသိရသည်။

ရုံးပိတ်ရက်တနင်္ဂနွေနေ့(၇)နာရီ(၄၀)ဘဲရှိသေးတယ်မျက်နှာတောင်မသစ်ရသေးဘူးခရိုင်မှူးကခေါ်လို့ဆိုလို့ကျနော်သွားသတင်းပို့တယ်။အလံတိုင်ရှေ့မှာပါ။အဘကျနော်ရောက်ပါပြီလို့သတင်းပို့တယ်။ဘာမှမပြောမဆိုနဲ့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပြီးတော့ဗိုက်ကိုထိုးတယ်ဟုရဲတပ် သားကျော်ရဲအောင်မှပြောသည်။

၎င်းရဲတပ်သားကျော်ရဲအောင်မှာစံပြရဲတပ်သားဆုရပြီးသင်တန်းဆင်းခဲ့သူတယောက်ဖြစ်ကြောင်းသိရသည်။ရမည်းသင်းခရိုင်ရဲတပ်ဖွဲမှူးအားဖုန်းဆက်မေးမြန်းရာကွန်ပျူတာသမားဆိုပေမယ့်ရိုးရိုးကွန်ပျူတာသမားမဟုတ်ဘူးကိုယ်အခန်းထဲကကိုယ့်သားသမီးလိုထားတဲ့ကွန်ပျူတာသမား၊

ကိုယ့်တပ်ဖွဲ့ဝင်တွေကိုကိုယ့်သားသမီးလိုထားပြီးနိုင့်ထက်စီးနင်းဘယ်တော့မှမရှိဘူး။အခုလည်းဆေးရုံမှကိုယ့်သားသမီးလိုစောင့်ရှောက်ထားပါတယ်ဟုပြောသည်။၎င်းခရိုင်ရဲတပ်ဖွဲ့မှူးမှာရမည်းသင်းခရိုင်သို့ပြောင်းရွှေ့လာသည်မှာ(၁၅)ရက်ကျော်ခန့်သာရှိသေးကြောင်းလည်းသိရသည်။

Eleven Media