မာနက ဆာေလာင္ေနေသာ ဝမ္းကို မျပည့္ေစဘူး♨️♨️

မာန က လိပ္ျပာလုံေစတယ္တဲ့…

တစ္ခါတုန္းက ၿမိဳ့ေစ်းတစ္ခုရဲ့ေဘးမွာ
ထီးကို ဝါးလုံးနဲ႔ေထာက္ထားၿပီး
ထီး ေတြ ဖိနပ္ေတြ မီးျခစ္ ဂက္စ္ ထည့္တာေတြလုပ္တဲ့
လူႀကီးတစ္ဦးရွိတယ္

ဒါေပမယ့္ သူ႔မွာ ေျခေထာက္တစ္ေခ်ာင္း
ဒူးဆစ္ကေန ျဖတ္ထားရတယ္

သူကို အားလုံးက ေပါင္တို လို့ေခၚၾကတယ္
ဒါေပမယ့္ သူကိုအဲ့လိုေခၚလို့လည္းအျပဳံးမပ်က္ဘူး
သူေျပာေနၾကစကားတစ္ခြန္းရွိတယ္

မာန က ဆာေလာင္ေနေသာ ဝမ္းကို မျပည့္ေစဘူး…။
မာန က လိပ္ျပာလုံေစတယ္တဲ့…။

⬆️ အေပၚစာေၾကာင္းကို လူတိုင္းနားလည္တယ္
➡️ ဒုတိယ စာေၾကာင္းကို ေတာ့
ဘယ္သူမွမသိၾကဘူး
🤔🤔🤔

ေပါင္တိုႀကီးေမးလည္း ဒီလိုပါပဲကြာလို့သာေျဖတယ္

အဲ့ေပါင္တိုႀကီးမွာ ရွစ္တန္းအရြယ္တက္ ေနတဲ့
သားတစ္ေယာက္ရွိတယ္

သူ႔ သားက ေက်ာင္းပိတ္ရက္ေတြဆို သူ႔အေဖဆိုင္ကို
သူဖြင့္ရတယ္ ရတဲ့ ပိုက္ဆံကို လိုအပ္တာဝယ္ျဖည့္ၿပီး
ပိုတာကို တစ္ပါတ္စာ မုန္႔ဖိုးအျဖစ္သုံးရတယ္

တစ္ေန႔ ေက်ာင္းမုန္႔စားဆင္းခ်ိန္မွာ
အျမဲတမ္း ထမင္းခ်ိဳင့္ ကလြဲၿပီးမုန္႔ေတြဘာေတြ
မပါလာတတ္တဲ့ ေပါင္တိုရဲ့သားကို
ေဘးက သူငယ္ခ်င္းေတြကစတယ္

ေဟ့ေကာင္ ေပါင္တိုေလး
မင္းကြာ မုန္႔ေလး ဘာေလးဝယ္စားပါဦးတစ္ခါတေလ
မင္း မဝယ္ခ်င္လည္းေျပာ ငါ့တို့အေညာင္းခံဝယ္ေပးပါ့မယ္ကြ

ငါေက်ာင္းလာတတ္တာပါ
မုန္႔စားဖို့လာတာမွမဟုတ္တာ
မင္းတို့ စားခ်င္ရင္ေျပာေလ ငါဝယ္ေကၽြးပါ့မယ္

ဒီမွာ ပိုက္ဆံ ေရာ့
ေဟ့ေကာင္ မ်ားလွပါလားကြ
အင္း ငါစုထားတာေရာမို့ပါ

မင္းကြာ အေတာ္ကပ္စီးနည္းတာပဲကြ
မင္းမွာ ပိုက္ဆံေတြရွိရက္သားနဲ႔
တစ္ခါမွ အဲ့လိုဝယ္မစားဘူး

ငါ့ ပိုက္ဆံက သန္႔ပါတယ္ အဲ့ေၾကာင့္မသုံးရက္တာ
ဒါ မင္းတို့လို အိမ္က လက္ျဖန္႔ေထာင္းထားတာမဟုတ္ဘူးကြာ

မင္းတို့သိခ်င္ရင္ ေက်ာင္းပိတ္ရက္ ငါ့ဆိုင္လာခဲ့ေလ
ငါ မုန္႔ေကၽြးပါ့မယ္ ေစ်းထိပ္နားမွာ ေပါင္တိုဆိုင္လို့ေမးလာခဲ့

ေဟ့ေကာင္ ေပါင္တိုေလး ငါ့တို့ေရာက္ၿပီ
သားငယ္ မင္း သူငယ္ခ်င္းေတြကို တစ္ခုခုဧည့္ခံလိုက္ေလ
ဟုတ္ကဲ့ အေဖ

ဦးက်င္ႏြမ္း ကၽြန္ေတာ္ကို ဆီခ်က္ေလးပြဲ
လၻက္ရည္ေလးခြက္ေပးပါဦး
သူငယ္ခ်င္းေတြလာလို့

ေဟ့ေကာင္ေတြစားၾက
ေမာင္ေလး ဖိနပ္ခ်ဳပ္ခ်င္
ေအာ္ ဟုတ္ကဲ့

အစ္မ သဲႀကိဳးပါ လဲဦးမလား
ဘယ္ေလာက္က်မလဲ
၇ ရာပါ
လဲေပးပါေမာင္ေလး ကန္ေတာ့ေနာ္

ရပါတယ္ဗ်ာ ကန္ေတာ့လုပ္မေနနဲ႔

ေကာင္ေလး အန္တီထီး ဘာျဖစ္တယ္မသိဘူး
ဒီကအေခ်ာင္းေလးထြက္လာၿပီ ျပန္ထည့္မရလို့
၅ ရာ က်မယ္ အန္တီ ခဏေစာင့္ရမယ္

ေဟ့ေကာင္ေတြစားေလ
ဘာလို့လဲ

မင္းငါတို့ကိုေကၽြးတာ ဒီအလုပ္ လုပ္ၿပီးရတာနဲ႔လား
ဘာျဖစ္လို့လဲကြ

မဟုတ္ပါဘူးကြာ
မင္းလုပ္ေနတာၾကည့္ၿပီးမစားရက္လို့

သူမ်ားေတြ ေျခမွာနင္းတဲ့ဖိနပ္လည္းမရြံ့မရွာမင္းလက္နဲ႔
ကိုင္ၿပီးလုပ္ရ သူမ်ားေတြကို အရိပ္ေပးတဲ့အရာေတြကို
ခ်ဳပ္ရ ရိုက္ရနဲ႔ ကြာ

ဒီလိုပါပဲကြာ
ဒါေပမယ့္ ငါလိပ္ျပာသန္႔တယ္ေလ
ကိုယ့္ရဲ့လုပ္အား ကိုယ့္ရဲ့အတတ္ပညာနဲ႔
ငါ အလုပ္လုပ္တယ္ ေက်ာင္းတတ္တယ္

ငါအေဖက ေျခေထာက္တစ္ေခ်ာင္းမရွိဘူး
ငါ့ကို ဖိနပ္ခ်ဳပ္ၿပီးေက်ာင္းထားေပးတယ္

ဒီလိုနားလည္ေစဖို့ အေတြးမမွားေစဖို့
အေမဆိုတာငါမွာရွိတယ္

ငါ့အေဖ က ငါဘဝကိုအားငယ္မွာစို့လို့
အျမဲေျပာျပတာရွိတယ္

သား ေလာကႀကီးမွာ ေျခေတြလက္ေတြသန္မာဖို့ထက္
စိတ္ဓာတ္ေတြႀကံ့ခိုင္ဖို့ ပိုအေရးႀကီးတယ္
လူဆိုတာ ႏွစ္မ်ိဳးရွိတယ္

မွန္တာလုပ္တဲ့လူရယ္
အမွားကို လုပ္ေနတဲ့သူရယ္

ငါမွန္တယ္လို့ ငါ့ကိုယ္ငါခံစားရတယ္
ငါရဲ့ ရိုးသားစြာရွာေဖြရရွိမွုအတြက္
လက္မေထာင္နိုင္တဲ့ မာန ငါ့မွာရွိတယ္

မာန ဆိုတာ မေကာင္းဘူးလို့ေျပာၾကတယ္
ငါ့အေဖရဲ့ မာန က ရွင္းရွင္းေလးပဲ
ငါ ရိုးသားစြာရွာေဖြၿပီးရတဲ့ ေငြေၾကးအေပၚမွာ
လိပ္ျပာသန္႔သန္႔နဲ႔ လက္မ ရဲရဲေထာင္ၿပီး
ေပ်ာ္ေအာင္အိပ္မယ္ဆိုတာမ်ိဳးပဲ

မင္းတို့ေျပာသလို ငါကပ္စီးနည္းတယ္ေပါ့ကြာ
ငါ ကပ္စီးနည္းတာမဟုတ္ပါဘူး
သုံးစရာ မလိုေသးလို့ပါ

ငါ့အေဖက ငါ့ ေက်ာင္းပိတ္ရက္ေတြဆိုင္မွာ
အလုပ္ လုပ္ခိုင္းၿပီး ရသမၽွကို တစ္ပါတ္စာမုန္႔ဖိုးအျဖစ္ေပးတာကြ

ငါအိမ္ကိုပိုက္ဆံျပန္ေပးတိုင္းအေဖကေျပာတယ္

ငါ့သား မာန က ဆာေလာင္ေနေသာ ဝမ္းကိုမျပည့္ေစဘူး
မာန က လိပ္ျပာလုံေစတယ္တဲ့

ငါ အလုပ္မွာ မာနဆိုတာမရွိဘူး
အတတ္ပညာနဲ႔ ေျပာဆိုဆက္ဆံမွုပဲလိုတယ္

မာနက လိပ္ျပာလုံေစတယ္
ရိုးသားစြာ လုပ္ကိုင္ၿပီးရတဲ့အရာမွန္သမၽွ
ကိုယ့္ဘာသာ ျဖန္းသည္ျဖစ္ေစ သုံးသည္ျဖစ္ေစ
လိပ္ျပာလုံစြာ သုံးပစ္နိုင္တယ္ စြန္႔ၾကဲနိုင္တယ္ဆိုတာ..။

အေတြးတစ္ခုခုရၾကပါေစ။

ခ်စ္ျခင္းအားျဖင့္ ❤️ ❤️ ❤️

KMT

ရဲရင့္ ထြန္း

မာန က လိပ်ပြာလုံစေတယ်တဲ့…

တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့
လူကြီးတစ်ဦးရှိတယ်

ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်

သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်

မာန က ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး…။
မာန က လိပ်ပြာလုံစေတယ်တဲ့…။

⬆️ အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်
➡️ ဒုတိယ စာကြောင်းကို တော့
ဘယ်သူမှမသိကြဘူး
🤔🤔🤔

ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်

အဲ့ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်

သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ်

တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်

ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦးတစ်ခါတလေ
မင်း မဝယ်ချင်လည်းပြော ငါ့တို့အညောင်းခံဝယ်ပေးပါ့မယ်ကွ

ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှမဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်

ဒီမှာ ပိုက်ဆံ ရော့
ဟေ့ကောင် များလှပါလားကွ
အင်း ငါစုထားတာရောမို့ပါ

မင်းကွာ အတော်ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး

ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာမဟုတ်ဘူးကွာ

မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ် ဈေးထိပ်နားမှာ ပေါင်တိုဆိုင်လို့မေးလာခဲ့

ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခုဧည့်ခံလိုက်လေ
ဟုတ်ကဲ့ အဖေ

ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လ္ဘက်ရည်လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့

ဟေ့ကောင်တွေစားကြ
မောင်လေး ဖိနပ်ချုပ်ချင်
အော် ဟုတ်ကဲ့

အစ်မ သဲကြိုးပါ လဲဦးမလား
ဘယ်လောက်ကျမလဲ
၇ ရာပါ
လဲပေးပါမောင်လေး ကန်တော့နော်

ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့

ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့
၅ ရာ ကျမယ် အန်တီ ခဏစောင့်ရမယ်

ဟေ့ကောင်တွေစားလေ
ဘာလို့လဲ

မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား
ဘာဖြစ်လို့လဲကွ

မဟုတ်ပါဘူးကွာ
မင်းလုပ်နေတာကြည့်ပြီးမစားရက်လို့

သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ

ဒီလိုပါပဲကွာ
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်

ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်

ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာငါမှာရှိတယ်

ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်

သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်
လူဆိုတာ နှစ်မျိုးရှိတယ်

မှန်တာလုပ်တဲ့လူရယ်
အမှားကို လုပ်နေတဲ့သူရယ်

ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှုအတွက်
လက်မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်

မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ
ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက်မ ရဲရဲထောင်ပြီး
ပျော်အောင်အိပ်မယ်ဆိုတာမျိုးပဲ

မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလိုသေးလို့ပါ

ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖိုးအဖြစ်ပေးတာကွ

ငါအိမ်ကိုပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်

ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့

ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှုပဲလိုတယ်

မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။

အတွေးတစ်ခုခုရကြပါစေ။

ချစ်ခြင်းအားဖြင့် ❤️ ❤️ ❤️

KMT

ရဲရင့် ထွန်း