ကားအလံုးစံု အာမခံကုမၸဏီေတြ အေျပာေလးေတြ သိပ္ေကာင္းၾကတယ္ အခုေတာ့ မ်က္ႏွာငယ္စြာျဖင့္ ငုတ္တုတ္ေမ့ခဲ့ရၿပီ

အလံုးစံုကားအာမခံကုမၸဏီေတြ အေျပာေလးေတြသိပ္ေကာင္းၾကတယ္ အာမခံကို မထားထားခ်င္ေအာင္ အမ်ိဳးမ်ိဳးစကားလံုးေတြေရြးၿပီးေျပာၾကတယ္ ကားတစီးလံုး ဘယ္လိုအေျခအေန ဘယ္ေလာက္အတိုင္းအတာထိပ်က္စီးပ်က္စီး customer ဘက္မွ ဘာမွအာရံုမေနာက္ရ ဘာမွမနစ္နာရေအာင္ စီစဥ္ေပးသတဲ့ အပ်က္အစီးတအားဆိုးသြားရင္ တစီးလံုးတန္ဖိုးေပါက္ေစ်းအတိုင္း ျပန္ေလ်ာ္ေပးမည္တဲ့ ၾကားရတဲ့စကားေလးေတြအား႐ွိစရာပဲ ဒီလိုစကားေလးေတြေၾကာင့္လဲ customer ဘက္က တႏွစ္ကို အာမခံေၾကး ၃၈၅၀၀၀ ေပးေနရလဲ ေပ်ာ္ေပ်ာ္ပဲ ၁ႏွစ္ကို ၁၃၆၀၀၀ ေပးေနရျခင္းအတြက္လဲေက်ေက်နပ္နပ္ပဲ ေပးတယ္ေလ accident ဆိုတာအခ်ိန္မေရြးျဖစ္ႏိုင္တယ္ ျဖစ္ရင္ကိုယ့္ဘက္က နစ္နာမႈမ႐ွိေအာင္ သူတို႔အားလံုးလုပ္ေပးမွာေလ ယံုတယ္ေလ အေျပာေလးေတြကလဲေကာင္းၾကတာကို

IKBZ မွာ အလံုးစံုကားအာမခံေၾကးသြင္းထားေသာ ကားတစီးကို က်မဝယ္ၿပီး ၁ လအၾကာမွာ ကားaccident ျဖစ္ၿပီး ကားက သံုးစားမရေအာင္စုတ္ျပတ္သတ္သြားပါတယ္ အာမခံသက္တမ္းကက်န္ေသးတဲ့အတြက္ အာမခံကုမၸဏီကို အေၾကာင္းၾကားတဲ့အခါမွာေတာ့ သူတို္႔ဘက္က မေလ်ာ္ရဖို႔အေရး ေ႐ွာင္လင္ကြန္ဖူးထက္ပင္အေ႐ွာင္အတိမ္းေကာင္းလွေသာ သိုင္းကြက္မ်ားကျပၾကပါတယ္ ၁ ပတ္အတြင္းအေၾကာင္းၾကားတာမဟုတ္လို႔ အက်ံဳးမဝင္ပါလို႔ေျပာပါတယ္။

က်မတို႔မွာ accident ျဖစ္ခ်ိန္ လင္မယား ၂ေယာက္လံုး ေဆးရံုေရာက္သြားတယ္ နံ႐ိုးက်ိဳးေတာ့ ခရီးမထြက္ႏိုင္ဘူး အာမခံစာရြက္ေတြက ရန္ကုန္မွာက်န္ခဲ့တယ္ ဒါ့ေၾကာင့္ အခ်ိန္မွီအေၾကာင္းၾကားရန္ပ်က္ကြက္ခဲ့မိေၾကာင္း႐ွင္းျပခဲ့ပါတယ္ ဒါဆို အသနားခံစာတင္ပါတဲ့ ဒါေပမယ့္ ေပးမယ္လို႔ေတာ့အာမမခံပါတဲ့။

ဒီအခ်က္ကိုအဆင္ေျပေအာင္ညိွႏိႈင္းရင္ရၿပီလားလို႔ေမးေတာ့ မရေသးပါတဲ့ အာမခံထားတဲ့လူနာမည္က အရင္လူနာမည္ျဖစ္ေနလို႔ ေနာက္ဝယ္တဲ့လူက နာမည္မေျပာင္းရေသးလို႔ အက်ံဳးမဝင္ပါတဲ့ ဟာ မဟုတ္ေသးဘူးေလ အာမခံသက္တမ္းက်န္ေနေသးလို႔က်မမေျပာင္းေသးတာေလ ဒီလိုေပၚလစီ႐ွိတာက်မတို႔မသိလို႔မေျပာင္းခဲ့တာ ေကာင္းၿပီ ဒါဆို မူရင္းပိုင္႐ွင္ကိုေဆာင္ရြက္ခိုင္းလိုက္မယ္ ျဖစ္မလားဆိုေတာ့ အဲ့လိုလဲမရပါတဲ့

ေရာင္းလိုက္ၿပီးသားပစၥည္းအတြက္ မူရင္းပိုင္႐ွင္မွာလဲ အက်ံဳးမဝင္ေတာ့ပါတဲ့ ဟုတ္ၿပီ ဒီအခ်က္၂ခ်က္ကို က်မအဆင္ေျပေအာင္ညိွႏိႈင္းလို႔မရေတာ့ဘူးလား ဆိုေတာ့ ေ႐ွ႕ေနငွါးၿပီးေဆာင္ရြက္ၾကည့္ပါတဲ့ ဒီကိစၥေျပလည္ရင္ရၿပီလားဆိုေတာ့ driver က အာမခံစာရြက္ထဲမွာ ေရးထားတဲ့နာမည္မဟုတ္ရင္ အက်ံဳးမဝင္ပါတဲ့

အလံုးစံုအာမခံထားထားတဲ့ ကားတစ္စီး အာမခံသက္တမ္းလဲက်န္႐ွိေသးရက္နဲ႔ အာမခံကုမပၼဏီဘက္မွ တခ်က္မဟုတ္တခ်က္ ျပစ္ခ်က္ေတြ အားနည္းခ်က္ေတြ႐ွာၿပီး အက်ိဳးခံစားခြင့္ တစြန္းတစမ်ွပင္ မရခဲ့ပါဘူး customer ရဲ႕အက်ိဳးကိုေ႐ွး႐ႈၿပီးလုပ္ေဆာင္ေနပါတဲ့ဆိုတဲ့စကားလံုးေတြ ဘာ့ေၾကာင့္သံုးခဲ့ၾကတာလဲ ၁ သိန္း ၂ သိန္း ဆံုးရံႈးမႈေလာက္ပဲဆိုရင္ေတာ့ customer ကိုေက်နပ္ေအာင္ ေလ်ာ္ေပးၾကေပမယ့္ အခုလို သိန္း ရာခ်ီဆံုးရံႈးမႈမ်ိဳးမွာေတာ့ အာမခံကုမၸဏီ၏ အေ႐ွာင္အတိမ္းအကြက္မ်ားၾကား customer မွာ မ်က္ႏွာငယ္စြာျဖင့္ ငုတ္တုတ္ေမ့ခဲ့ရပါၿပီ

ဟုတ္ကဲ့ က်မ လက္ေလ်ာ့လိုက္ပါၿပီ က်မကို အခုလိုသင္ခန္းစာေပးတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္ ဘာ့ေၾကာင့္လဲဆိုေတာ့ လိုင္းထဲ့ထားတဲ့ အံစာတံုးေတြကို IKBZ မွာထားဖို႔ က်မတို႔plan ထားတာပါ အခုလို အခ်ိန္မွီသိလိုက္ရတဲ့အတြက္ေက်းဇူးပါ မဟုတ္ရင္ ၁စီးကို ၃၈၅၀၀၀ နဲ႔ အာမခံေၾကးသြင္းမိေတာ့မွာပါ ခုေတာ့ သက္သာသြားတာေပါ့

တကယ့္တကယ္ျဖစ္လာရင္ ကိုယ္ျဖစ္ကိုယ္ခံပဲဆိုတဲ့ အသိကေလးသြင္းေပးတဲ့အတြက္ေက်းဇူးပါ။ Accident ကျပင္းထန္လြန္းခဲ့ေသာ္လည္း Air bag ၂ လံုးပြင့္ခဲ့လို႔ က်မတို႔ မေသခဲ့တာပါ။ အခုေတာ့ ဒီကားေလးကို ဝဋ္ေႂကြးတခုေက်ေအာင္ ေပးဆပ္လိုက္ရတယ္လို႔ပဲ ခံယူလိုက္ပါၿပီ။

Cherry

အလုံးစုံကားအာမခံကုမ္ပဏီတွေ အပြောလေးတွေသိပ်ကောင်းကြတယ် အာမခံကို မထားထားချင်အောင် အမျိုးမျိုးစကားလုံးတွေရွေးပြီးပြောကြတယ် ကားတစီးလုံး ဘယ်လိုအခြေအနေ ဘယ်လောက်အတိုင်းအတာထိပျက်စီးပျက်စီး customer ဘက်မှ ဘာမှအာရုံမနောက်ရ ဘာမှမနစ်နာရအောင် စီစဉ်ပေးသတဲ့ အပျက်အစီးတအားဆိုးသွားရင် တစီးလုံးတန်ဖိုးပေါက်ဈေးအတိုင်း ပြန်လျော်ပေးမည်တဲ့ ကြားရတဲ့စကားလေးတွေအားရှိစရာပဲ ဒီလိုစကားလေးတွေကြောင့်လဲ customer ဘက်က တနှစ်ကို အာမခံကြေး ၃၈၅၀၀၀ ပေးနေရလဲ ပျော်ပျော်ပဲ ၁နှစ်ကို ၁၃၆၀၀၀ ပေးနေရခြင်းအတွက်လဲကျေကျေနပ်နပ်ပဲ ပေးတယ်လေ accident ဆိုတာအချိန်မရွေးဖြစ်နိုင်တယ် ဖြစ်ရင်ကိုယ့်ဘက်က နစ်နာမှုမရှိအောင် သူတို့အားလုံးလုပ်ပေးမှာလေ ယုံတယ်လေ အပြောလေးတွေကလဲကောင်းကြတာကို

IKBZ မှာ အလုံးစုံကားအာမခံကြေးသွင်းထားသော ကားတစီးကို ကျမဝယ်ပြီး ၁ လအကြာမှာ ကားaccident ဖြစ်ပြီး ကားက သုံးစားမရအောင်စုတ်ပြတ်သတ်သွားပါတယ် အာမခံသက်တမ်းကကျန်သေးတဲ့အတွက် အာမခံကုမ္ပဏီကို အကြောင်းကြားတဲ့အခါမှာတော့ သူတို့်ဘက်က မလျော်ရဖို့အရေး ရှောင်လင်ကွန်ဖူးထက်ပင်အရှောင်အတိမ်းကောင်းလှသော သိုင်းကွက်များကပြကြပါတယ် ၁ ပတ်အတွင်းအကြောင်းကြားတာမဟုတ်လို့ အကျုံးမဝင်ပါလို့ပြောပါတယ်။

ကျမတို့မှာ accident ဖြစ်ချိန် လင်မယား ၂ယောက်လုံး ဆေးရုံရောက်သွားတယ် နံရိုးကျိုးတော့ ခရီးမထွက်နိုင်ဘူး အာမခံစာရွက်တွေက ရန်ကုန်မှာကျန်ခဲ့တယ် ဒါ့ကြောင့် အချိန်မှီအကြောင်းကြားရန်ပျက်ကွက်ခဲ့မိကြောင်းရှင်းပြခဲ့ပါတယ် ဒါဆို အသနားခံစာတင်ပါတဲ့ ဒါပေမယ့် ပေးမယ်လို့တော့အာမမခံပါတဲ့။

ဒီအချက်ကိုအဆင်ပြေအောင်ညှိနှိုင်းရင်ရပြီလားလို့မေးတော့ မရသေးပါတဲ့ အာမခံထားတဲ့လူနာမည်က အရင်လူနာမည်ဖြစ်နေလို့ နောက်ဝယ်တဲ့လူက နာမည်မပြောင်းရသေးလို့ အကျုံးမဝင်ပါတဲ့ ဟာ မဟုတ်သေးဘူးလေ အာမခံသက်တမ်းကျန်နေသေးလို့ကျမမပြောင်းသေးတာလေ ဒီလိုပေါ်လစီရှိတာကျမတို့မသိလို့မပြောင်းခဲ့တာ ကောင်းပြီ ဒါဆို မူရင်းပိုင်ရှင်ကိုဆောင်ရွက်ခိုင်းလိုက်မယ် ဖြစ်မလားဆိုတော့ အဲ့လိုလဲမရပါတဲ့

ရောင်းလိုက်ပြီးသားပစ္စည်းအတွက် မူရင်းပိုင်ရှင်မှာလဲ အကျုံးမဝင်တော့ပါတဲ့ ဟုတ်ပြီ ဒီအချက်၂ချက်ကို ကျမအဆင်ပြေအောင်ညှိနှိုင်းလို့မရတော့ဘူးလား ဆိုတော့ ရှေ့နေငှါးပြီးဆောင်ရွက်ကြည့်ပါတဲ့ ဒီကိစ္စပြေလည်ရင်ရပြီလားဆိုတော့ driver က အာမခံစာရွက်ထဲမှာ ရေးထားတဲ့နာမည်မဟုတ်ရင် အကျုံးမဝင်ပါတဲ့

အလုံးစုံအာမခံထားထားတဲ့ ကားတစ်စီး အာမခံသက်တမ်းလဲကျန်ရှိသေးရက်နဲ့ အာမခံကုမပ္မဏီဘက်မှ တချက်မဟုတ်တချက် ပြစ်ချက်တွေ အားနည်းချက်တွေရှာပြီး အကျိုးခံစားခွင့် တစွန်းတစမျှပင် မရခဲ့ပါဘူး customer ရဲ့အကျိုးကိုရှေးရှုပြီးလုပ်ဆောင်နေပါတဲ့ဆိုတဲ့စကားလုံးတွေ ဘာ့ကြောင့်သုံးခဲ့ကြတာလဲ ၁ သိန်း ၂ သိန်း ဆုံးရှုံးမှုလောက်ပဲဆိုရင်တော့ customer ကိုကျေနပ်အောင် လျော်ပေးကြပေမယ့် အခုလို သိန်း ရာချီဆုံးရှုံးမှုမျိုးမှာတော့ အာမခံကုမ္ပဏီ၏ အရှောင်အတိမ်းအကွက်များကြား customer မှာ မျက်နှာငယ်စွာဖြင့် ငုတ်တုတ်မေ့ခဲ့ရပါပြီ

ဟုတ်ကဲ့ ကျမ လက်လျော့လိုက်ပါပြီ ကျမကို အခုလိုသင်ခန်းစာပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ လိုင်းထဲ့ထားတဲ့ အံစာတုံးတွေကို IKBZ မှာထားဖို့ ကျမတို့plan ထားတာပါ အခုလို အချိန်မှီသိလိုက်ရတဲ့အတွက်ကျေးဇူးပါ မဟုတ်ရင် ၁စီးကို ၃၈၅၀၀၀ နဲ့ အာမခံကြေးသွင်းမိတော့မှာပါ ခုတော့ သက်သာသွားတာပေါ့

တကယ့်တကယ်ဖြစ်လာရင် ကိုယ်ဖြစ်ကိုယ်ခံပဲဆိုတဲ့ အသိကလေးသွင်းပေးတဲ့အတွက်ကျေးဇူးပါ။ Accident ကပြင်းထန်လွန်းခဲ့သော်လည်း Air bag ၂ လုံးပွင့်ခဲ့လို့ ကျမတို့ မသေခဲ့တာပါ။ အခုတော့ ဒီကားလေးကို ဝဋ်ကြွေးတခုကျေအောင် ပေးဆပ်လိုက်ရတယ်လို့ပဲ ခံယူလိုက်ပါပြီ။ Cherry