Vote တစ္သိန္းဖိုး ေပးဝယ္ခဲ့သူေတြက အေခြဝယ္ဖို႕က် စိတ္မဝင္စားဘူးဆိုတဲ့ ရဲေနာင္

Myanmar Idol မွာ ပါဝင္ယွဥ္ျပိဳင္ရင္း လူသိမ်ားသြားခဲ့သူက ရဲေနာင္ ျဖစ္ပါတယ္။ Bottom မထိုင္ရေရး safe ျဖစ္ေရးအတြက္ ရဲေနာင္ကို Voting ေတြ အျပတ္အသတ္ ေပးခဲ့ၾကတဲ့ ပရိသတ္ေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳးေတြနဲ႕ အားေပးခဲ့ၾကေပမဲ့ တကယ္တမ္း ရဲေနာင္ရဲ႕ အေခြလည္း ထြက္ေရာ ဝယ္နားေထာင္တဲ့သူ ရွားသြားပါတယ္။ ဒီလိုမ်ိဳး ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကုိေတာ့့ ရဲေနာင္က မခံခ်ိ မခံသာ ခုလို ေျပာျပပါတယ္။

“နာမည္တစ္လံုးရဖို႕ အတြက္က ခက္ခဲတယ္ဗ်။ ကၽြန္ေတာ္တို႕ နာမည္ရတယ္ ဆိုတာက်ေတာ့ Idol ကေန တီဗြီပရိုဂရမ္ကေန ျမင္ျပီးေတာ့ ဒါက ရဲေနာင္ ဒါက ကိုလားလား အဲ့လိုသိသြားတဲ့အတြက္ ျမန္တယ္။ သိဖို႕လည္း လြယ္တယ္ က်ဖို႕လည္း လြယ္တယ္။ ပရိသတ္က သူ႕ fans ကိုယ့္ fans အားေပးၾကတယ္။ အေခြထြက္တဲ့အခ်ိန္မ်ိဳးမွာ vote သံုးေသာင္းဖိုး တစ္သိန္းဖိုး ေပးခဲ့တဲ့သူက အေခြတစ္ေခြ ၂၅၀၀ ဝယ္ဖို႕ စိတ္မဝင္စားေတာ့ဘူး။ အဲ့လိုမ်ိဳးေတာ့ ေတြ႕ရတာေပါ့။ နာမည္တစ္လံုးရဖို႕ ခက္ခဲတယ္။ အဲ့ထက္ ပိုခက္ခဲတာက နာမည္တစ္လံုးကို ထိန္းဖို႕ ပိုခက္ခဲတယ္။

နာမည္ကေတာ့ က်မွာပဲေလ။ ကိုယ္ထြက္လာတဲ့ သီခ်င္းေတြကို ပရိသတ္ ပါးစပ္ဖ်ားမွာ မေရာက္ေသးတဲ့အတြက္ ကိုယ္က အဆိုေတာ္လို႕ မသတ္မွတ္ဘူး။ ကၽြန္ေတာ္ ကိုယ္တိုင္ ဝါသနာရွင္ အဆင့္လို႕ပဲ သတ္မွတ္ထားတယ္။ အဲ့အတြက္ ကၽြန္ေတာ္က ပရိသတ္ေတြဆီကို သီခ်င္းေတြေရာက္ေအာင္ ထပ္ၾကိဳးစားေနတယ္။ သီခ်င္းထပ္လုပ္မွ နာမည္မက်မွာလို႕ ခံယူထားတယ္။ အဲ့အတြက္ သီခ်င္းဆက္လုပ္မယ္။” လို႕ ဆုိပါတယ္။

ျပိဳင္ပြဲမွာ ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ၾကီးေတြရဲ႕ သီခ်င္းကို သံုးၾကတဲ့အေပၚ ရဲေနာင္က ခုလို ေျပာသြားပါတယ္။

“ျပိဳင္ပြဲမွာ ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ၾကီးေတြရဲ႕ သီခ်င္းကို သံုးၾကတယ္။ သို႕ေပမဲ့ ထိုက္သင့္တဲ့ အႏုပညာေၾကးကို ေပးရင္ေတာ့ ေတးေရးဆရာေတြအတြက္ အဆင္ေျပတာေပါ့ေလ။ မေပးခဲ့ဘူးဆိုရင္ ေတးေရးဆရာေတြအတြက္ နစ္နာတယ္။ အျပင္မွာဆိုလည္း ကၽြန္ေတာ္တို႕လို လူသိပ္မသိေသးတဲ့ အဆိုေတာ္ ေပါက္စေလးေတြက မသိတဲ့ သီခ်င္းဆိုလို႕ ေအာက္က ခဲနဲ႕ထုမွာေလ။ အဲ့ေတာ့ နာမည္ၾကီးျပီးသား လူေတြရဲ႕ သီခ်င္းေတြကိုေတာ့ ယူသံုးရတယ္။ ဒါေပမဲ့ သူတို႕ ခြင့္ျပဳမႈကိုေတာ့ ေလးစားသမႈေတာ့ ေတာင္းရမွာေပါ့” ဆိုျပီး ေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများသွားခဲ့သူက ရဲနောင် ဖြစ်ပါတယ်။ Bottom မထိုင်ရရေး safe ဖြစ်ရေးအတွက် ရဲနောင်ကို Voting တွေ အပြတ်အသတ် ပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒီလိုမျိုးတွေနဲ့ အားပေးခဲ့ကြပေမဲ့ တကယ်တမ်း ရဲနောင်ရဲ့ အခွေလည်း ထွက်ရော ဝယ်နားထောင်တဲ့သူ ရှားသွားပါတယ်။ ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေကိုတော့ ရဲနောင်က မခံချိ မခံသာ ခုလို ပြောပြပါတယ်။

“နာမည်တစ်လုံးရဖို့ အတွက်က ခက်ခဲတယ်ဗျ။ ကျွန်တော်တို့ နာမည်ရတယ် ဆိုတာကျတော့ Idol ကနေ တီဗွီပရိုဂရမ်ကနေ မြင်ပြီးတော့ ဒါက ရဲနောင် ဒါက ကိုလားလား အဲ့လိုသိသွားတဲ့အတွက် မြန်တယ်။ သိဖို့လည်း လွယ်တယ် ကျဖို့လည်း လွယ်တယ်။ ပရိသတ်က သူ့ fans ကိုယ့် fans အားပေးကြတယ်။ အခွေထွက်တဲ့အချိန်မျိုးမှာ vote သုံးသောင်းဖိုး တစ်သိန်းဖိုး ပေးခဲ့တဲ့သူက အခွေတစ်ခွေ ၂၅၀၀ ဝယ်ဖို့ စိတ်မဝင်စားတော့ဘူး။ အဲ့လိုမျိုးတော့ တွေ့ရတာပေါ့။ နာမည်တစ်လုံးရဖို့ ခက်ခဲတယ်။ အဲ့ထက် ပိုခက်ခဲတာက နာမည်တစ်လုံးကို ထိန်းဖို့ ပိုခက်ခဲတယ်။

နာမည်ကတော့ ကျမှာပဲလေ။ ကိုယ်ထွက်လာတဲ့ သီချင်းတွေကို ပရိသတ် ပါးစပ်ဖျားမှာ မရောက်သေးတဲ့အတွက် ကိုယ်က အဆိုတော်လို့ မသတ်မှတ်ဘူး။ ကျွန်တော် ကိုယ်တိုင် ဝါသနာရှင် အဆင့်လို့ပဲ သတ်မှတ်ထားတယ်။ အဲ့အတွက် ကျွန်တော်က ပရိသတ်တွေဆီကို သီချင်းတွေရောက်အောင် ထပ်ကြိုးစားနေတယ်။ သီချင်းထပ်လုပ်မှ နာမည်မကျမှာလို့ ခံယူထားတယ်။ အဲ့အတွက် သီချင်းဆက်လုပ်မယ်။” လို့ ဆိုပါတယ်။

ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတွေရဲ့ သီချင်းကို သုံးကြတဲ့အပေါ် ရဲနောင်က ခုလို ပြောသွားပါတယ်။

“ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတွေရဲ့ သီချင်းကို သုံးကြတယ်။ သို့ပေမဲ့ ထိုက်သင့်တဲ့ အနုပညာကြေးကို ပေးရင်တော့ တေးရေးဆရာတွေအတွက် အဆင်ပြေတာပေါ့လေ။ မပေးခဲ့ဘူးဆိုရင် တေးရေးဆရာတွေအတွက် နစ်နာတယ်။ အပြင်မှာဆိုလည်း ကျွန်တော်တို့လို လူသိပ်မသိသေးတဲ့ အဆိုတော် ပေါက်စလေးတွေက မသိတဲ့ သီချင်းဆိုလို့ အောက်က ခဲနဲ့ထုမှာလေ။ အဲ့တော့ နာမည်ကြီးပြီးသား လူတွေရဲ့ သီချင်းတွေကိုတော့ ယူသုံးရတယ်။ ဒါပေမဲ့ သူတို့ ခွင့်ပြုမှုကိုတော့ လေးစားသမှုတော့ တောင်းရမှာပေါ့” ဆိုပြီး ပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi