ကမာၻကေလးစားရတဲ့ ျမန္မာျပည္ဖြား စံျပအႏုပညာရွင္အမ်ိဳးသမီးဆုကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ အိျႏၵာေက်ာ္ဇင္…!

ထပ္ဆင့္အကယ္ဒမီဆုရွင္ အိၿႏၵာေက်ာ္ဇင္က (Pride Of Myanmar Awards 2018) ဆုခ်ီးျမွင့္ပြဲႀကီးမွာ ကမၻာက ေလးစားရတဲ့ ေဖ်ာ္ေျဖေရးက႑ထဲက ျမန္မာျပည္ဖြား စံျပအမ်ဳိးသမီးဆုကုိ ဆြတ္ခူးႏုိင္ခဲ့ပါတယ္…

အိၿႏၵာေက်ာ္ဇင္ဟာ ကမၻာက ေလးစားရတဲ့ ျမန္မာျပည္ဖြား တစ္ဦးအျဖစ္ (Pride Of Myanmar Awards 2018) ဆုေပးပြဲၾကီးမွာ စံျပအမ်ဳိးသမီး ဆုကုိ ရရွိပုိင္ဆုိင္ခဲ့ပါတယ္… ဒီအတြက္ သူ႔ရဲ႕ ရင္ခုန္သံ စကားကုိလည္း အခုလုိ ေျပာျပလာပါတယ္…

‘’ ဒီဆုကုိ ရတဲ့အတြက္ အရမ္းဝမ္းသာပါတယ္။ ဂုဏ္လည္းယူမိပါတယ္။ ဒီဆုကုိ ရတဲ့အတြက္ တာဝန္လည္း ႀကီးသြားတယ္လုိ႔ ထင္မိပါတယ္။ ျမန္မာႏုိင္ငံ အတြက္ကုိလည္း ကုိယ္တတ္ႏုိင္တဲ့ဘက္က အေကာင္းဆုံးျဖစ္ေအာင္ ပ့ံပုိးႏုိင္သေလာက္ ႀကိဳးစားသြားမယ္လုိ႔လည္း ေျပာခ်င္ပါတယ္’’ ဆုိၿပီးေတာ့ စိတ္လႈပ္ရွားရင္း ေျပာျပခဲ့ပါတယ္…

အကယ္ဒမီအိၿႏၵာေက်ာ္ဇင္က ျမန္မာႏိုင္ငံရဲ႕ ကဏၭအသီးသီးက ထူးခြၽန္ထက္ျမက္သူေတြကို ေရြးခ်ယ္ဆုခ်ီးျမွင့္တ့ဲ (Pride Of Myanmar Awards 2018) ဆုေပးပြဲၾကီးရဲ႕ ေဖ်ာ္ေျဖေရး က႑မွာ ဆုရရွိခဲ့တာျဖစ္ပါတယ္…

‘’ဘက္စံုထူးခြ်န္ေသာ အကယ္ဒမီဆုမ်ားရွင္ အမ်ိဳးသမီး သရုပ္ေဆာင္၊ အလွအပႏွင္႔ ဆိုင္ေသာဆုမ်ားစြာရရွိထားသူ၊ ပရိတ္သတ္မ်ားက ေလးစားအားက် အတုယူရေသာ စံျပအမ်ိဳးသမီး – အိျႏၵာေက်ာ္ဇင္ – ကမာၻကေလးစားရတဲ႔ ျမန္မာျပည္ဖြား’’ ဆုိၿပီးေတာ့ (Pride Of Myanmar A Ward Facebook Page) မွာ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ ည (၉)နာရီ (၅၇)မိနစ္က ေရးသားခဲ့တာ ေတြ႔ရပါတယ္…

အိၿႏၵာေက်ာ္ဇင္ဟာ (၂၀၀၄)ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ဳိးသမီးဇာတ္ေဆာင္ဆု အျဖစ္ ‘’ မ်က္ႏွာမ်ားတဲ့ မုိးေကာင္းကင္’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားနဲ႔ ပထမဆုံးအႀကိမ္ အကယ္ဒမီဆုကုိ ရရွိခဲ့ပါတယ္။ (၂၀၁၇)ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ေဆာင္ဆုကုိ ‘’ရင္ဘတ္ထဲက ဓား’’ ရုပ္ရွင္ဇာတ္ကားနဲ႔ ဒုတိယေျမာက္ အကယ္ဒမီ ထူးခၽြန္ဆုကုိ ပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္…

အိၿႏၵာေက်ာ္ဇင္က အႏုပညာေလာကထဲကုိ (၁၉၉၆) ခုႏွစ္ကစၿပီး ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ ဝင္ေရာက္လာခဲ့ တာျဖစ္ပါတယ္။ Miss Contest ျပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ ယွဥ္ျပိဳင္ခဲ႔ျပီး Miss Kokkine ႏွင္႔ Miss Christmas ဆုမ်ားကို တစ္ႏွစ္တည္းမွာပင္ ရရွိခဲ႔သည္ ။ တီဗီ ေၾကာ္ျငာေပါင္းမ်ားစြာ၊ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ၊ ဗီဒီယုုိ ဇာတ္ကားေပါင္းမ်ားစြာ တုိ႔ကုိ ရုိက္ကူးခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးေနရတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးလဲ ျဖစ္ပါတယ္….

Photo Source : Win Ni

( For Unicode )

ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား စံပြအနုပညာရှင်အမျိုးသမီးဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ထပ်ဆင့်အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်က (Pride Of Myanmar Awards 2018) ဆုချီးမြှင့်ပွဲကြီးမှာ ကမ္ဘာက လေးစားရတဲ့ ဖျော်ဖြေရေးကဏ္ဍထဲက မြန်မာပြည်ဖွား စံပြအမျိုးသမီးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်…

အိန္ဒြာကျော်ဇင်ဟာ ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွား တစ်ဦးအဖြစ် (Pride Of Myanmar Awards 2018) ဆုပေးပွဲကြီးမှာ စံပြအမျိုးသမီး ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်… ဒီအတွက် သူ့ရဲ့ ရင်ခုန်သံ စကားကိုလည်း အခုလို ပြောပြလာပါတယ်…

‘’ ဒီဆုကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဒီဆုကို ရတဲ့အတွက် တာဝန်လည်း ကြီးသွားတယ်လို့ ထင်မိပါတယ်။ မြန်မာနိုင်ငံ အတွက်ကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် ပံ့ပိုးနိုင်သလောက် ကြိုးစားသွားမယ်လို့လည်း ပြောချင်ပါတယ်’’ ဆိုပြီးတော့ စိတ်လှုပ်ရှားရင်း ပြောပြခဲ့ပါတယ်…

အကယ်ဒမီအိန္ဒြာကျော်ဇင်က မြန်မာနိုင်ငံရဲ့ ကဏ္ဌအသီးသီးက ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ (Pride Of Myanmar Awards 2018) ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေး ကဏ္ဍမှာ ဆုရရှိခဲ့တာဖြစ်ပါတယ်…

‘’ဘက်စုံထူးချွန်သော အကယ်ဒမီဆုများရှင် အမျိုးသမီး သရုပ်ဆောင်၊ အလှအပနှင့် ဆိုင်သောဆုများစွာရရှိထားသူ၊ ပရိတ်သတ်များက လေးစားအားကျ အတုယူရသော စံပြအမျိုးသမီး – အိန္ဒြာကျော်ဇင် – ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား’’ ဆိုပြီးတော့ (Pride Of Myanmar A Ward Facebook Page) မှာ ဖေဖော်ဝါရီလ (၁) ရက်နေ့ ည (၉)နာရီ (၅၇)မိနစ်က ရေးသားခဲ့တာ တွေ့ရပါတယ်…

အိန္ဒြာကျော်ဇင်ဟာ (၂၀၀၄)ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ် ‘’ မျက်နှာများတဲ့ မိုးကောင်းကင်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီ ထူးချွန်ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်…

အိန္ဒြာကျော်ဇင်က အနုပညာလောကထဲကို (၁၉၉၆) ခုနှစ်ကစပြီး မော်ဒယ်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ တာဖြစ်ပါတယ်။ Miss Contest ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Kokkine နှင့် Miss Christmas ဆုများကို တစ်နှစ်တည်းမှာပင် ရရှိခဲ့သည် ။ တီဗီ ကြော်ငြာပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာ တို့ကို ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်….

Photo Source : Win Ni