ေအးေနဝင္းကေတာင္းဆိုလို႔ ပန္းခ်ီဆြဲေပးရတာပါဆိုတဲ့ ဟန္တီ…!

လတ္တေလာ Facebook ေပၚမွာေခတ္စားေနတဲ့ ဟန္တီက ေအးေနဝင္းကုိ ပံုတူပန္းခ်ီလက္ေဆာင္ေပးတယ္ဆိုတဲ့ ကိစၥနဲ႔ပတ္္သက္ျပီး ေဝဖန္ခ်က္ေတြက အမ်ားအျပားေပၚထြက္လာခဲ့ပါတယ္။ ေအးေနဝင္းကလည္း ဟန္တီဆြဲေပးတဲ့ပံုတူပန္းခ်ီကိုအျမတ္တနိုးအျမဲတမ္းသိမ္းထားမယ္လို႔ ဓာတ္ပံုနဲ႔တကြတင္ထားတာေၾကာင့္ ပရိသတ္ေတြက အခုေလာေလာဆယ္မွာ single ျဖစ္ေနတဲ့ေအးေနဝင္းနဲ႔ ဟန္တီနဲ႔ကုိ တစ္မ်ိဳးတစ္မည္ေဝဖန္တဲ့သူေတြကလည္းရွိလာပါတယ္။ အဲဒီကိစၥဟာ ေအးေနဝင္းရဲ႕ ပူပူေႏြးေႏြးရည္းစားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ေရႊအိမ္စည္ရဲ႕နားကုိေပါက္သြားခဲ့ပါတယ္။

လူေတြက ေအးေနဝင္းနဲ႔ ေရႊအိမ္စည္တို႔နွစ္ပါးၾကည္ေနခိ်န္တုန္းက ေအးေနဝင္းက ေရႊအိမ္စည္ကုိ ကိတ္မုန္႔နဲ႔ surprise လုပ္တဲ့ ဓာတ္ပံုေလးမွာ ဟန္တီက ေအးေနဝင္းနဲ႔ေရႊအိမ္စည္နားမွာရပ္ျပီးၾကည့္ေနခဲ့တဲ့ ဓာတ္ပံုနဲ႔ အခုတစ္ဖန္ေအးေနဝင္းကို ပံုတူပန္းခ်ီကားလက္ေဆာင္ေပးတဲ့ ဓာတ္ပံုကုိတြဲျပီး “မင္းမၾကည့္လို႔မသိတာပါ အခ်စ္ကမင္းအနားမွာပါ။ မင္းမၾကည့္လို႔မရိပ္မိတာပါ အခ်စ္ကမင္းအနားမွာပါ”ဆိုတဲ့ သီခ်င္းစာသားေတြနဲ႔ Facebook တစ္ခြင္အုတ္ေၾသာ္ေသာင္းတင္းျဖစ္ေအာင္ကို Troll ေနၾကတာပလူပ်ံလို႔ေနတာပါပဲ။

အဲဒီကိစၥကုိေရႊအိမ္စည္လည္းေတြ႕လိုက္ပံုေပၚပါတယ္။ အဲဒါေၾကာင့္လားမသိ.. ေရႊအိမ္စည္က 31.1.2019 ေန႔လည္ နွစ္နာရီခြဲခန္႔မွာ သူမရဲ႕လူမႈကြန္ယက္ေပၚမွာ “မင္းမၾကည့္လို႔မသိတာပါ အခ်စ္ကမင္းအနားမွာပါ စိတ္မရွိလို႔မရိပ္မိတာပါ အခ်စ္ရမင္းအနားမွာပါ ဘာရယ္ဟုတ္ပါဘူး သီခ်င္းေလးကထိရွေနသလားလို႔ ဒီမနက္ ဒီသီခ်င္းေလးကေခါင္းထဲမွာစြဲေနလို႔ #hahahhaa #morningvibes”လို႔ ေရးတင္လာခဲ့ပါတယ္။

ဒါ့အျပင္ ဟန္တီကလည္း သူမရဲ႕လူမႈကြန္ယက္ကေန ပရိသတ္ေတြရဲ႕ေဝဖန္ေျပာဆိုမႈေတြေၾကာင့္ စိတ္နွလံုးညစ္ႏြမ္းရေၾကာင္းနဲ႔ အဲဒါေၾကာင့္ ေအးေနဝင္းနဲ႔ေတာင္ Facebook ေပၚမွာ Friend မဟုတ္ေတာ့ပါေၾကာင္းနဲ႔ ပန္းခ်ီကလည္း ပံုတူဆြဲေပးဖို႔ေတာင္းဆိုလို႔ ဆြဲေပးခဲ့တာပါလို႔အဓိပၸါယ္ေရာက္တဲ့ စာကုိတင္လာခဲ့ပါတယ္။

ဟန္တီက “လူတိုင္းကို ႐ိုးသားပြင့္လင္းစြာ ခင္မင္တတ္ေသာ ဟန္တီႏွင့္ေမေမတို႔ေၾကာင့္ ယခုအခါတြင္ ပရိသတ္မ်ား ၾကားအထင္အျမင္လဲြမွားေနေသာ အေၾကာင္းတခုကို ေျဖရွင္းပါရေစ။ဟန္တီ ပန္းခ်ီဆဲြတတ္သည္ကို သိရွိသည့္ ပို႔စ္တင္သည့္ ကာယကံပိုင္ရွင္ ဟန္တီ့ပရိသတ္တဦးမွ ေမြးေန႔လက္ေဆာင္အျဖစ္ ပံုတူပန္းခ်ီဆဲြေပးရန္ ေတာင္းဆိုခဲ့သျဖင့္လြန္ခဲ့ေသာႏွစ္ႏွစ္က အခ်ိန္အားလပ္သျဖင့္ ဆဲြေပးထားေသာပံုေလးကို အခါအခြင့္ၾကံဳ၍ ယခု ခရီးသြားခါနီးမွ ေပးျဖစ္ခဲ့ျခင္းျဖစ္ပါသည္။

ဟန္တီႏွင့္သာမန္ခင္မင္သည့္ မိတ္ေဆြတဦးသာျဖစ္ၿပီး မည္သို႔မွ်ပတ္သက္ျခင္းမရွိပဲ ပရိသတ္မ်ားထင္ေယာင္ထင္မွားျဖစ္ျခင္းခံရသည့္အတြက္ စိတ္ပင္ပန္းႏြမ္းနယ္ရပါေသာေၾကာင့္ ဟန္တီႏွင့္ မည္သို႔မွ်ဆက္ႏြယ္ျခင္းမရွိပဲ ေဖ့ဘုတ္ေပၚတြင္ပင္ ခင္မင္ရင္းႏွီးျခင္းမရွိေတာ့ပါေၾကာင္း အသိေပးအေၾကာင္းၾကားအပ္ပါသည္”လို႔ ေရးထားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေကာလဟလေတြေၾကာင့္တစ္စံုတစ္ေယာက္နဲ႔အခင္အမင္ပ်က္ရတာနွေမ်ာစရာေကာင္းတယ္လို႔မထင္ၾကဘူးလား။ ပြင့္ပြင့္လင္းလင္းၾကီးတင္ခ်တတ္တဲ့ ေရႊအိမ္စည္ကုိေရာဘယ္လုိျမင္ၾကလဲ။ ဘယ္လုိပဲျဖစ္ျဖစ္ ပန္းခ်ီကားေလးကေတာ့ လက္ရာေျမာက္တယ္္လို႔မထင္ၾကဘူးလား။ ေျပာခဲ့ၾကပါဦး။

Credit

Unicode#

လတ်တလော Facebook ပေါ်မှာခေတ်စားနေတဲ့ ဟန်တီက အေးနေဝင်းကို ပုံတူပန်းချီလက်ဆောင်ပေးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေက အများအပြားပေါ်ထွက်လာခဲ့ပါတယ်။ အေးနေဝင်းကလည်း ဟန်တီဆွဲပေးတဲ့ပုံတူပန်းချီကိုအမြတ်တနိုးအမြဲတမ်းသိမ်းထားမယ်လို့ ဓာတ်ပုံနဲ့တကွတင်ထားတာကြောင့် ပရိသတ်တွေက အခုလောလောဆယ်မှာ single ဖြစ်နေတဲ့အေးနေဝင်းနဲ့ ဟန်တီနဲ့ကို တစ်မျိုးတစ်မည်ဝေဖန်တဲ့သူတွေကလည်းရှိလာပါတယ်။ အဲဒီကိစ္စဟာ အေးနေဝင်းရဲ့ ပူပူနွေးနွေးရည်းစားဟောင်းတစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ရဲ့နားကိုပေါက်သွားခဲ့ပါတယ်။

လူတွေက အေးနေဝင်းနဲ့ ရွှေအိမ်စည်တို့နှစ်ပါးကြည်နေချိန်တုန်းက အေးနေဝင်းက ရွှေအိမ်စည်ကို ကိတ်မုန့်နဲ့ surprise လုပ်တဲ့ ဓာတ်ပုံလေးမှာ ဟန်တီက အေးနေဝင်းနဲ့ရွှေအိမ်စည်နားမှာရပ်ပြီးကြည့်နေခဲ့တဲ့ ဓာတ်ပုံနဲ့ အခုတစ်ဖန်အေးနေဝင်းကို ပုံတူပန်းချီကားလက်ဆောင်ပေးတဲ့ ဓာတ်ပုံကိုတွဲပြီး “မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ။

မင်းမကြည့်လို့မရိပ်မိတာပါ အချစ်ကမင်းအနားမှာပါ”ဆိုတဲ့ သီချင်းစာသားတွေနဲ့ Facebook တစ်ခွင်အုတ်သြော်သောင်းတင်းဖြစ်အောင်ကို Troll နေကြတာပလူပျံလို့နေတာပါပဲ။အဲဒီကိစ္စကိုရွှေအိမ်စည်လည်းတွေ့လိုက်ပုံပေါ်ပါတယ်။ အဲဒါကြောင့်လားမသိ.. ရွှေအိမ်စည်က 31.1.2019 နေ့လည် နှစ်နာရီခွဲခန့်မှာ သူမရဲ့လူမှုကွန်ယက်ပေါ်မှာ “မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ စိတ်မရှိလို့မရိပ်မိတာပါ အချစ်ရမင်းအနားမှာပါ ဘာရယ်ဟုတ်ပါဘူး သီချင်းလေးကထိရှနေသလားလို့ ဒီမနက် ဒီသီချင်းလေးကခေါင်းထဲမှာစွဲနေလို့ #hahahhaa #morningvibes”လို့ ရေးတင်လာခဲ့ပါတယ်။

ဒါ့အပြင် ဟန်တီကလည်း သူမရဲ့လူမှုကွန်ယက်ကနေ ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုမှုတွေကြောင့် စိတ်နှလုံးညစ်နွမ်းရကြောင်းနဲ့ အဲဒါကြောင့် အေးနေဝင်းနဲ့တောင် Facebook ပေါ်မှာ Friend မဟုတ်တော့ပါကြောင်းနဲ့ ပန်းချီကလည်း ပုံတူဆွဲပေးဖို့တောင်းဆိုလို့ ဆွဲပေးခဲ့တာပါလို့အဓိပ္ပါယ်ရောက်တဲ့ စာကိုတင်လာခဲ့ပါတယ်။

ဟန်တီက “လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များ ကြားအထင်အမြင်လွဲမှားနေသော အကြောင်းတခုကို ဖြေရှင်းပါရစေ။ဟန်တီ ပန်းချီဆွဲတတ်သည်ကို သိရှိသည့် ပို့စ်တင်သည့် ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့်လွန်ခဲ့သောနှစ်နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခု ခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။

ဟန်တီနှင့်သာမန်ခင်မင်သည့် မိတ်ဆွေတဦးသာဖြစ်ပြီး မည်သို့မျှပတ်သက်ခြင်းမရှိပဲ ပရိသတ်များထင်ယောင်ထင်မှားဖြစ်ခြင်းခံရသည့်အတွက် စိတ်ပင်ပန်းနွမ်းနယ်ရပါသောကြောင့် ဟန်တီနှင့် မည်သို့မျှဆက်နွယ်ခြင်းမရှိပဲ ဖေ့ဘုတ်ပေါ်တွင်ပင် ခင်မင်ရင်းနှီးခြင်းမရှိတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်”လို့ ရေးထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကောလဟလတွေကြောင့်တစ်စုံတစ်ယောက်နဲ့အခင်အမင်ပျက်ရတာနှမျောစရာကောင်းတယ်လို့မထင်ကြဘူးလား။ ပွင့်ပွင့်လင်းလင်းကြီးတင်ချတတ်တဲ့ ရွှေအိမ်စည်ကိုရောဘယ်လိုမြင်ကြလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပန်းချီကားလေးကတော့ လက်ရာမြောက်တယ်လို့မထင်ကြဘူးလား။ ပြောခဲ့ကြပါဦး။