ဇနီးျဖစ္သူအား အဓမၼက်င့္ရန္ ၾကံစည္သည့္ တပည့္၏လိင္တံကို ဆရာျဖစ္သူက သစ္သီးလွီးဓားျဖင့္ လွီးျဖတ္

ထိုင္းႏိုင္ငံ၊ ဘန္ေပါင္ခရိုင္တြင္ ကားေဘာ္ဒီရံုဆရာျဖစ္သူက ၎၏ ဇနီးျဖစ္သူအား အဓမၼက်င့္ရန္ ၾကံစည္သည့္ တပည့္၏ လိင္တံကို သစ္သီးလွီးဓားျဖင့္ လွီးျဖတ္ခဲ့သည့္ ျဖစ္ရပ္ျဖစ္ပြားခဲ့သည္။

ဘန္ေပါင္ခရိုင္ရွိ ကားေဘာ္ဒီရံုတစ္ခုမွ ဘတ္စ္ကားေဆးသုတ္ဌာနေခါင္းေဆာင္၊ အသက္ ၅၀ အရြယ္ရွိ ပမ္ဆက္ ပက္ပရာဆပ္က ဝန္ခံေျပာၾကားခဲ့ရာတြင္ ဇနီးျဖစ္သူအား ကာကြယ္ရန္အတြက္ တပည့္၏ လိင္တံကို ျဖတ္ေတာက္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္ဟု ဆိုသည္။

ပက္ပရာဆပ္ကို ဘန္ေပါင္ခရိုင္ရွိ ၎ငွားရမ္းေနထိုင္ေသာ ေနအိမ္တြင္ ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိခဲ့ျပီး လိင္တံျဖတ္ေတာက္ခံရသူ၏ အမည္မွာ ဆုဝပ္ သစ္ဂ်န္သာျဖစ္ကာ အသက္ ၃၉ ႏွစ္အရြယ္ျဖစ္သည္ဟု သိရသည္။

မစၥတာပက္ပရာဆပ္က ရဲတပ္ဖြဲ႔တြင္ ထြက္ဆိုရာ၌ ဆုဝပ္ကို ဘန္ေပါင္ခရိုင္ရွိ ကားေဘာ္ဒီရံုတြင္ ဘတ္စ္ကားတစ္စင္းအား ေဆးသုတ္ရန္ သူ၏ တပည့္အျဖစ္ လက္ခံထားခဲ့သည္မွာ တစ္လခန္႔ရွိျပီျဖစ္ေၾကာင္း၊ ထရန္းျပည္နယ္သားခ်င္းျဖစ္ေနေသာေၾကာင့္ မိမိ၏ေနအိမ္တြင္ ေနထိုင္ခြင့္ေပးခဲ့ေၾကာင္း ထြက္ဆိုသည္။

ျပီးခဲ့ေသာ စေနေန႔ညက ပက္ပရာဆပ္၊ ဆုဝပ္ႏွင့္ အျခားမိတ္ေဆြတစ္ဦးတို႔သည္ ပက္ပရာဆပ္၏ေနအိမ္တြင္ အရက္အတူေသာက္ခဲ့ၾက သည္။

ယင္းေနာက္တြင္ အရက္ထပ္မံဝယ္ယူရန္အတြက္ ပက္ပရာဆပ္ႏွင့္ အျခားတစ္ဦးတို႔ ေနအိမ္မွထြက္သြားၾကျပီး အိမ္တြင္ ဆုဝပ္ က်န္ေနခဲ့သည္။

ပက္ပရာဆပ္၏ ဇနီး အသက္ ၅၂ ႏွစ္အရြယ္ရွိ မစၥ တင္းမွာ အိပ္ခန္းအတြင္း အိပ္ေပ်ာ္ေနလ်က္ရွိ၏။

ပက္ပရာဆပ္က ထြက္ဆိုရာတြင္ အရက္ဝယ္ရာမွ ျပန္လာခ်ိန္တြင္ ဇနီးျဖစ္သူမွာ ေနအိမ္အျပင္ဘက္တြင္ ေၾကာက္ရြံ ႔တုန္လႈပ္စြာ ေျပးလႊားေနသည္ကို ေတြ႔ရျပီး တပည့္ျဖစ္သူ ဆုဝပ္မွာလည္း ဇနီးျဖစ္သူ၏ အိပ္ခန္းအတြင္းမွ ေဘာင္းဘီတိုျဖင့္ ထြက္လာသည္ကို ေတြ႔ရသည္ဟု ဆိုသည္။

ထို႔ေနာက္ ပက္ပရာဆပ္သည္ တပည့္ျဖစ္သူကို ကားျပင္ကိရိယာတစ္ခုျဖင့္ ရိုက္ျခင္း၊ ထိုးႏွက္ျခင္းမ်ား ျပဳလုပ္ခဲ့၏။

ဆုဝပ္ေမ့လဲေနခ်ိန္တြင္ လိင္တံကို သစ္သီးလွီးဓားျဖင့္ လွွီးျဖတ္ကာ အနီးတြင္ရွိေသာ ျခံဳပုတ္တစ္ခုအတြင္း လႊင့္ပစ္ခဲ့သည္ဟု ဆိုသည္။

ထို႔ေနာက္တြင္ ဆုဝပ္အား ေဆးရံုသို႔ပို႔ေပးရန္ ပက္ပရာဆပ္က အိမ္နီးခ်င္းမ်ားကို အကူအညီေတာင္းခဲ့သည္။

မစၥ တင္းက ရဲတပ္ဖြဲ႔တြင္ ထြက္ဆိုရာ၌ ဆုဝပ္သည္ အရက္မူးေနျပီး မိမိအိပ္ခန္းထဲသို႔ ဝင္လာကာ လက္ေမာင္းကို လာေရာက္ကိုင္တြယ္ေသာေၾကာင့္ အိမ္ျပင္သို႔ ထြက္ေျပးလာခ်ိန္တြင္ အိမ္ျပန္လာေသာ ခင္ပြန္းျဖစ္သူႏွင့္ ေတြ႔ဆံုခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္။

ရဲတပ္ဖြဲ႔က ဆုဝပ္၏ လိင္တံကို ျခံဳပုတ္အတြင္း သြားေရာက္ရွာေဖြေသာ္လည္း မေတြ႔ရွိေတာ့ေခ်။

ဆုဝပ္၏ လိင္တံကို ေခြးတစ္ေကာင္ေကာင္ စားလိုက္ျခင္း (သို႔မဟုတ္) အေဝးသို႔ ကိုက္ခ်ီသြားျခင္း ျဖစ္တန္ရာေခ်ရွိေၾကာင္း ရဲတပ္ဖြဲ႔က ခန္႔မွန္းထားသည္။

Cherie (Shweinnlay)

ထိုင်းနိုင်ငံ၊ ဘန်ပေါင်ခရိုင်တွင် ကားဘော်ဒီရုံဆရာဖြစ်သူက ၎င်း၏ ဇနီးဖြစ်သူအား အဓမ္မကျင့်ရန် ကြံစည်သည့် တပည့်၏ လိင်တံကို သစ်သီးလှီးဓားဖြင့် လှီးဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

ဘန်ပေါင်ခရိုင်ရှိ ကားဘော်ဒီရုံတစ်ခုမှ ဘတ်စ်ကားဆေးသုတ်ဌာနခေါင်းဆောင်၊ အသက် ၅၀ အရွယ်ရှိ ပမ်ဆက် ပက်ပရာဆပ်က ဝန်ခံပြောကြားခဲ့ရာတွင် ဇနီးဖြစ်သူအား ကာကွယ်ရန်အတွက် တပည့်၏ လိင်တံကို ဖြတ်တောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ပက်ပရာဆပ်ကို ဘန်ပေါင်ခရိုင်ရှိ ၎င်းငှားရမ်းနေထိုင်သော နေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လိင်တံဖြတ်တောက်ခံရသူ၏ အမည်မှာ ဆုဝပ် သစ်ဂျန်သာဖြစ်ကာ အသက် ၃၉ နှစ်အရွယ်ဖြစ်သည်ဟု သိရသည်။

မစ္စတာပက်ပရာဆပ်က ရဲတပ်ဖွဲ့တွင် ထွက်ဆိုရာ၌ ဆုဝပ်ကို ဘန်ပေါင်ခရိုင်ရှိ ကားဘော်ဒီရုံတွင် ဘတ်စ်ကားတစ်စင်းအား ဆေးသုတ်ရန် သူ၏ တပည့်အဖြစ် လက်ခံထားခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ ထရန်းပြည်နယ်သားချင်းဖြစ်နေသောကြောင့် မိမိ၏နေအိမ်တွင် နေထိုင်ခွင့်ပေးခဲ့ကြောင်း ထွက်ဆိုသည်။

ပြီးခဲ့သော စနေနေ့ညက ပက်ပရာဆပ်၊ ဆုဝပ်နှင့် အခြားမိတ်ဆွေတစ်ဦးတို့သည် ပက်ပရာဆပ်၏နေအိမ်တွင် အရက်အတူသောက်ခဲ့ကြ သည်။

ယင်းနောက်တွင် အရက်ထပ်မံဝယ်ယူရန်အတွက် ပက်ပရာဆပ်နှင့် အခြားတစ်ဦးတို့ နေအိမ်မှထွက်သွားကြပြီး အိမ်တွင် ဆုဝပ် ကျန်နေခဲ့သည်။

ပက်ပရာဆပ်၏ ဇနီး အသက် ၅၂ နှစ်အရွယ်ရှိ မစ္စ တင်းမှာ အိပ်ခန်းအတွင်း အိပ်ပျော်နေလျက်ရှိ၏။

ပက်ပရာဆပ်က ထွက်ဆိုရာတွင် အရက်ဝယ်ရာမှ ပြန်လာချိန်တွင် ဇနီးဖြစ်သူမှာ နေအိမ်အပြင်ဘက်တွင် ကြောက်ရွံ့တုန်လှုပ်စွာ ပြေးလွှားနေသည်ကို တွေ့ရပြီး တပည့်ဖြစ်သူ ဆုဝပ်မှာလည်း ဇနီးဖြစ်သူ၏ အိပ်ခန်းအတွင်းမှ ဘောင်းဘီတိုဖြင့် ထွက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထို့နောက် ပက်ပရာဆပ်သည် တပည့်ဖြစ်သူကို ကားပြင်ကိရိယာတစ်ခုဖြင့် ရိုက်ခြင်း၊ ထိုးနှက်ခြင်းများ ပြုလုပ်ခဲ့၏။

ဆုဝပ်မေ့လဲနေချိန်တွင် လိင်တံကို သစ်သီးလှီးဓားဖြင့် လှီးဖြတ်ကာ အနီးတွင်ရှိသော ခြုံပုတ်တစ်ခုအတွင်း လွှင့်ပစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက်တွင် ဆုဝပ်အား ဆေးရုံသို့ပို့ပေးရန် ပက်ပရာဆပ်က အိမ်နီးချင်းများကို အကူအညီတောင်းခဲ့သည်။

မစ္စ တင်းက ရဲတပ်ဖွဲ့တွင် ထွက်ဆိုရာ၌ ဆုဝပ်သည် အရက်မူးနေပြီး မိမိအိပ်ခန်းထဲသို့ ဝင်လာကာ လက်မောင်းကို လာရောက်ကိုင်တွယ်သောကြောင့် အိမ်ပြင်သို့ ထွက်ပြေးလာချိန်တွင် အိမ်ပြန်လာသော ခင်ပွန်းဖြစ်သူနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ရဲတပ်ဖွဲ့က ဆုဝပ်၏ လိင်တံကို ခြုံပုတ်အတွင်း သွားရောက်ရှာဖွေသော်လည်း မတွေ့ရှိတော့ချေ။

ဆုဝပ်၏ လိင်တံကို ခွေးတစ်ကောင်ကောင် စားလိုက်ခြင်း (သို့မဟုတ်) အဝေးသို့ ကိုက်ချီသွားခြင်း ဖြစ်တန်ရာချေရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

Cherie (Shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*