ဘုရားသမိုင္း ႐ွင္းျပရင္း ရွဳိုက္ႀကီးတငင္ငိုေၾကြးေနခဲ႔ရတဲ႔ သနားစရာကေလးငယ္ တစ္ေယာက္ရဲ႕ဘ၀

ရွဳိုက္ႀကီးတငင္ငိုၿပီး ဘုရားသမိုင္းကို ႐ွင္းျပေနေလရဲ႕။ ဘာျဖစ္လို႔လဲ သားလို႔ ေမးလည္း ေခါင္းခါျပီး ႐ွွဳိက္ကာ ရိွဳက္ကာနဲ႔ပဲ ဘုရားသမိုင္းေၾကာင္းေတြ႐ွင္းျပေနတယ္။

သူ႔နားမွာ သူ႔အကိုလည္းသူ႔လိုပဲ စတစ္ေကာ္လာအက်ႌနဲ႔ ပုဆိုးေလးေတြနဲ႔။ အကိုကိုေမးေတာ့လည္း ဘာေၾကာင့္ငိုမွန္းမသိ။

ဘုရားဖူးဧည့္သည္ေတြက နားေထာင္လိုက္ သူေျပာျပတဲ့အတြက္ ၁၀၀၀-စီထုတ္ေပးလိုက္နဲ႔ အဲဒီနားမွာပဲ သူ ၄၀၀၀ေလာက္ရတယ္။

လြယ္အိတ္ေလးထဲ ထည့္တယ္။အဲဒါနဲ႔ သူ႔ကို လူ႐ွင္းရာေခၚလာၿပီး ေအးေအးေဆးေဆးထိုင္ခိုင္းၿပီး သားဘာျဖစ္လဲေမးလည္း ငိုၿပီး ဘုရားသမိုင္းေတြ ဆက္ရြတ္ေနတယ္။

မ်က္ရည္သုတ္ေပးၿပီး သားမငိုနဲ႔ေတာ့၊ အသက္ဝဝ႐ႈၾကည့္၊ စိတ္ကိုၿငိမ္ၿငိမ္ထား၊ မငိုပဲနဲ႔႐ွင္းျပပါဆိုေတာ့ လြယ္အိတ္နဲ့ မ်က္ရည္သုတ္ၿပီး ပထမမငိုဘူး။

ေျပာရင္းနဲ႔ ငိုတယ္။ ၿပီးေတာ့ သူတျခားတေနရာသြားဖို႔လုပ္တယ္။ ခဏေနဦးသား။အန္တီ သားေျပာခမေပးရေသးဘူးေလဆိုေတာ့ ျပန္ထိုင္တယ္။

သားမငိုဘူးလို့ အန္တီ့ကိုဂတိေပးဆိုၿပီး လက္သန္းေလးနဲ႔ ဂတိျပဳတယ္။

ေမေမနဲ႔ ေဖေဖေရာ ဆိုေတာ့ အေမနဲ့ အေဖက အဲဒီဘုရားထဲမွာပဲ သဲပန္းခ်ီကားေရာင္းတယ္တဲ့။

အဲဒီလိုနဲ႔ အနားကေန ရိွဳက္ၿပီးထြက္သြားတယ္။ ဘုရားကေနျပန္ထြက္မယ္လုပ္ေတာ့ သူ႔အေမဆိုသူ(ကိုယ္ဝန္နဲ႔)နဲ႔အတူထိုင္ၿပီး ငိုေနျပန္တယ္။ အေမကိုေမးေတာ့ အိပ္ေရးမဝလို႔ပါတဲ့။

ျပန္စဥ္းစားမိေတာ့ ၄ႏွစ္အရြယ္ကေလးတေယာက္ဟာ လြတ္လပ္ေပါ့ပါးစြာ ကစားေပ်ာ္ရႊင္ေနခ်င္တာေပါ့။

မနက္ဘယ္အခ်ိန္က ထလာရသည္မသိ ကေလးပီပီ အိပ္ေရးမဝေတာ့ ဂ်ီက်ခ်င္တာေတာင္ အေမ့နားမေနရ။

ဝင္ေငြဝင္ဖို႔ ဘုရားသမိုင္းေတြလိုက္ရြတ္ျပၿပီး မိသားစုကို တဖက္တလမ္းကေန ႐ွာေပးေနရတယ္။

မူႀကိဳေတာင္မတက္ရေသးတဲ့ကေလး။စကားေျပာတတ္ကတည္းက ဘုရားသမိုင္းအလြတ္ရြတ္ခိုင္းၿပီး ဘုရားထဲမွာ အလုပ္လုပ္ခဲ့ရပံုေပၚတယ္။

သူတေယာက္ဝင္ေငြက သူ႔မိသားစုမွာ အမ်ားဆံုးျဖစ္မလားမသိဘူး။ ခ်စ္စရာေကာင္းလို႔ သူ႔ဘုရားသမိုင္းဆံုးဆံုး မဆံုးဆံုး ေထာင္တန္ေလာက္ေတာ့ေပးသြားၾကတာပါ။

ဘယ္လိုေျပာရမလဲမသိတဲ့ ခံစားမႈနဲ႔ ဘုရားကေန ျပန္လာခဲ့ရတယ္။

eveerytimestory

Unicode >>>

ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်းကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာနဲ့ပဲ ဘုရားသမိုင်းကြောင်းတွေရှင်းပြနေတယ်။

သူ့နားမှာ သူ့အကိုလည်းသူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကိုမေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။

ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့အတွက် ၁၀၀၀-စီထုတ်ပေးလိုက်နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀လောက်ရတယ်။

လွယ်အိတ်လေးထဲ ထည့်တယ်။အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေးထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရားသမိုင်းတွေ ဆက်ရွတ်နေတယ်။

မျက်ရည်သုတ်ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။

ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ ခဏနေဦးသား။အန်တီ သားပြောခမပေးရသေးဘူးလေဆိုတော့ ပြန်ထိုင်တယ်။

သားမငိုဘူးလို့ အန်တီ့ကိုဂတိပေးဆိုပြီး လက်သန်းလေးနဲ့ ဂတိပြုတယ်။

မေမေနဲ့ ဖေဖေရော ဆိုတော့ အမေနဲ့ အဖေက အဲဒီဘုရားထဲမှာပဲ သဲပန်းချီကားရောင်းတယ်တဲ့။

အဲဒီလိုနဲ့ အနားကနေ ရှိုက်ပြီးထွက်သွားတယ်။ ဘုရားကနေပြန်ထွက်မယ်လုပ်တော့ သူ့အမေဆိုသူ(ကိုယ်ဝန်နဲ့)နဲ့အတူထိုင်ပြီး ငိုနေပြန်တယ်။ အမေကိုမေးတော့ အိပ်ရေးမဝလို့ပါတဲ့။

ပြန်စဉ်းစားမိတော့ ၄နှစ်အရွယ်ကလေးတယောက်ဟာ လွတ်လပ်ပေါ့ပါးစွာ ကစားပျော်ရွှင်နေချင်တာပေါ့။

မနက်ဘယ်အချိန်က ထလာရသည်မသိ ကလေးပီပီ အိပ်ရေးမဝတော့ ဂျီကျချင်တာတောင် အမေ့နားမနေရ။

ဝင်ငွေဝင်ဖို့ ဘုရားသမိုင်းတွေလိုက်ရွတ်ပြပြီး မိသားစုကို တဖက်တလမ်းကနေ ရှာပေးနေရတယ်။

မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရပုံပေါ်တယ်။

သူတယောက်ဝင်ငွေက သူ့မိသားစုမှာ အများဆုံးဖြစ်မလားမသိဘူး။ ချစ်စရာကောင်းလို့ သူ့ဘုရားသမိုင်းဆုံးဆုံး မဆုံးဆုံး ထောင်တန်လောက်တော့ပေးသွားကြတာပါ။

ဘယ်လိုပြောရမလဲမသိတဲ့ ခံစားမှုနဲ့ ဘုရားကနေ ပြန်လာခဲ့ရတယ်။

eveerytimestory