“ငါတို့ အားတင်းထားကြစို့်”


ဖြစ်​နိုင်​တယ်​ထင်​လို့ လုပ်​ခဲ့ကြပြီးမှ
ဖြစ်​မလာ​သေးရင်​လည်း



ဘာ​တွေပဲဖြစ်​​နေပါ​စေ

တစ်​ခါတ​လေကျ​တော့


လေးစားစွာဖြင့်
ဇင်းနစ်​ မ​ကွေး

ဖြစ်သင့်တာတွေ လုပ်နေချိန်မှာ
ဖြစ်ချင်တာတွေ ဖြစ်မလာသေးရင်
ငါတို့ အားတင်းကြစို့နော်

ဖြစ်နိူင်တယ်ထင်လို့ လုပ်ခဲ့ကြပြီးမှ
ဖြစ်မလာသေးရင်လည်း
ငါ တို့အားတင်းကြစို့နော်

ဖြစ်လာပြီးဖြစ်တဲ့ အကျိုးရလဒ်တစ်ချို့က
ကိုယ်ဖြစ်ချင်တာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင်လည်း
အားမလျော့ဘဲ ငါ တို့အားတင်းကြစို့နော်

ဖြစ်နေတာတွေက ကိုယ်အကောင်းဆုံးပြင်ဆင်ထားရဲ့သားနဲ့ လုပ်သမျှလွဲနေခဲ့ရင်လည်း
စိတ်ဓာတ်မကျလိုက်ပါနဲ့ ငါတို့ အားတင်းကြစို့နော်

ဘာတွေပဲဖြစ်နေပါစေ
ငါ တို့လိုချင်တာတွေ မရသေးသရွေ့
လက်မလျော့ဘဲ ဆက်လျှောက်နေရမှာက
လူသားတိုင်းရဲ့ ဘဝပါပဲ။

တစ်ခါတလေကျတော့
ကိုယ်ဖြစ်ချင်တာတွေနဲ့ လုပ်သင့်တာနဲ့ယှဉ်ရင်

လုပ်သင့်တာတွေလုပ်ရင်း ကိုယ်ဖြစ်ချင်တာတွေကို
လက်မလျော့ဘဲ ပန်းတိုင်ရောက်အောင်သွားမှ
လူဖြစ်ရကျိုးနပ်စေမှာပါ။

လေးစားစွာဖြင့်
ဇင်းနစ် မကွေး