လက်ဖဝါးမှာ M ဆိုတဲ့ သင်္ကေတ ပါသူတွေ အကြောင်း







UNICODE FONT
လက်ဖဝါး နှစ်ဖက်ကို ပူးကြည့်လိုက်ပါ။ အခုလိုမျိုး M ပုံစံလေး ဖြစ်နေရင်တော့ ဒီစာလေးကို ဖက်ကြည့်လိုက်ဦးနော်။ ဒီလို M ပုံစံမျိး ဖြစ်နေတာနဲ့ ပတ်သက်လို့ တခြားဆောင်းပါးတွေ၊ ဝဘ်ဆိုက်တွေမှာလည်း အများအပြားဖော်ပြကြပါတယ်။

နှလုံးလမ်းကြောင်း၊ အသက်လမ်းကြောင်း၊ Fate Line (ကံကြမ္မာ လမ်းကြောင်း)၊ Head Line ( အဓိကလမ်းကြောင်း) တွေကို ကြည့်လိုက်ပါ။ အဲဒီလမ်းကြောင်းတွေကို ဆက်ကြည့်လိုက်လို့ M ပုံစံမျိုး ဖြစ်နေရင်တော့ သင့်မှာ ကံကြမ္မာကောင်းတွေ ရှိပါတယ်။

အလွန် စည်းကမ်းရှိပြီး တက်ကြွတဲ့သူ တစ်ယောက်ဖြစ်လို့ အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်မှု ရသူတစ်ဦးဖြစ်ပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် Motivate လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး သူတပါး အပေါ်လည်း စာနာတတ်သူ ဖြစ်ပါတယ်။

M ဆိုတဲ့ စာလုံးလေးပါတဲ့ သူတွေဟာ သတင်းထောက်၊ စာရေးဆရာ (သို့) ပညာရေးပိုင် းအလုပ်တွေကို ပိုပြီး ရွေးချယ်လုပ်ကိုင် ကြသူတွေ များပါတယ်။ သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်လို အရည်အချင်းရှိတယ်၊ ချမ်းသာ ကြွယ်ဝနိုင်တယ်၊ ကံကောင်းတဲ့သူ ဖြစ်တယ်၊ အလားအလာကောင်းသူတွေ ဖြစ်ပါတယ်။

တခြားသူတွေရဲ့ စိတ်ကို အလိုလို သိနေတတ်တယ်။ အဲဒါကြောင့် သင့်ရှေ့မှာဆို မဟုတ်တာ သိပ်လုပ်လို့မရဘူး။ အရမ်းလည်း ပါးနပ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က လိမ်နေရင်လည်း သိတယ်။

သင့်အပေါ် တခြားသူတွေက သစ္စာဖောက်ရင် မရိုးသားရင်လည်း အလိုလို သိနေတတ်တယ်။ အဲဒီလို အာရုံမျိုးက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး ရှိကြတယ်။