ပိုင္ရွင္မဲ႔ ေခြးေတြကို ေစာင္႔ေရွာက္ေနသူအတြက္ ေျမဧက ၅ ဧကနဲ႔ အေဆာက္အဦ ေရမီးအစုံအလင္နဲ႔ လႊဲေပးမည္

ႀကိဳဆုိပါတယ္၊ ႀကိဳဆုိရတဲ့အေၾကာင္းက ေနရာအတည္မက်မရွိတဲ့ ပုိင္ရွင္မဲ့ေခြးေလးမ်ားကုိ ေကၽြးေမြးေစာင့္ေရွာက္ထားသူတစ္ဦးအားမႏၲေလးၿမိဳ႕ေတာ္ စည္ပင္မွေျမေနရာတင္မကပဲ လုိအပ္တဲ့အေဆာက္အဦး၊ ေရ မီးအစုံအလင္ႏွင့္လမ္းေတြပါခင္းၿပီး လႊဲေျပာင္းေပးမယ့္ဆုိသည့္သတင္းပါ။

ကၽြန္ေတာ္တုိ႔ႏုိင္ငံမွာ ႏွစ္စဥ္ ႏွစ္တုိင္း လမ္းေဘးမွာေနထုိင္သည့္ေခြးမ်ားရဲ႕အကုိက္ခံရမႈတုိ႔ေၾကာင့္ ေခြးရႈးျပန္ ေရာဂါ ရရွိၿပီး ေသဆုံးသြားခဲ့ရတာေတြ ရွိသလုိ ေခြးကုိက္ခံရျခင္းေၾကာင့္ ေဆးရုံမ်ားသုိ႔ ေခြးရႈးျပန္ကာကြယ္ေဆး လာေရာက္ထုိးႏွံလာသည့္အတြက္ ေဆးထုိးေပးရတဲ့ ကုန္က်ေငြမ်ား ရွိပါတယ္။ဒီလုိေတြရွိေနသည့္အတြက္ သက္ဆုိင္ရာၿမိဳ႕ႀကီးမ်ား၏ စည္ပင္သာယာမွတာဝန္ယူကာ လမ္းေဘးေခြးမ်ားအား အဆိပ္တုံးပစ္ သတ္သည့္အစီအစဥ္မ်ား ေရးဆြဲၿပီး ေဆာင္ရြက္ၾကပါတယ္။

သုိ႔ေသာ္လည္းပဲ လူအမ်ားစုကေတာ့ ဒီအစီအစဥ္အားႀကိဳက္ႏွစ္သက္ျခင္း မရွိပါဘူး၊ ထုိ႔အတူ ကၽြန္ေတာ္လည္း အဆိပ္တုံးပစ္ၿပီး သတ္တဲ့လုပ္ငန္းေဆာင္တာကုိေတာ့ နည္းနည္းမွ အလုိမရွိပါဘူး၊ အသက္တစ္ေခ်ာင္းျခင္းရွိသူမ်ားအၾကားမွာ ဒီအရာက မလုပ္အပ္တဲ့အရာလုိ႔ ျမင္ပါတယ္။ကၽြန္ေတာ္တုိ႔ ဗုဒၶဘာသာဝင္မ်ားဟာ နိဗၺာန္မေရာက္မွီစပ္ၾကား ၃၁ ဘုံမွာက်င္လည္ေနၾကပါတယ္၊ ကုိယ္လည္း တစ္ေန႔ ဘယ္ဘဝကုိ ေရာက္မည္ဆုိတာ ကုိယ္ကုိယ္တုိင္လည္း မသိသလုိ ဘယ္သူမွလဲ မသိႏုိင္ပါဘူး၊ ကုိယ္လည္း အဲဒီဘဝကုိေရာက္မသြားႏုိင္ဘူးလုိ႔ မေျပာ ႏိုင္ပါဘူး။

အဲဒီအတြက္ ကုိယ္ လူ႔ဘဝေရာက္စဥ္မွာ ဗီဇစိတ္နဲ႔အသက္ရွင္ေနထုိင္ရတဲ့တိရစၦန္ေလးမ်ားအေပၚမွာ ကုိယ္ခ်င္းစာတရား ထားႏုိင္ရပါမယ္၊ ၾကင္နာမႈတရား ထားႏုိင္ရပါမယ္၊ သုိ႔ပါ၍ယခုလုိလူတုိင္းမလုပ္ႏုိင္သည့္အရာကုိ လုပ္ကုိင္ေဆာင္ရြက္ေနသည့္ ေခြးေပါင္း ၁၀၀၀ ေက်ာ္ကုိ ေကၽြးေမြး ေစာင့္ေရွာက္ေနသူတစ္ဦးအား သာဓုေခၚဆုိအပ္သလုိ ဒီအေပၚမွာ ေျမေနရာမ်ားသတ္မွတ္ကာ ေခြးေဂဟာတစ္ခု တည္ေဆာက္ေပးဖုိ႔အတြက္ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္နဲ႔ ေဆာင္ရြက္ေပးေနသည့္ မန္း ၿမိဳ႕ေတာ္ဝန္ႏွင့္သက္ဆုိင္ရာမ်ားအား ေက်းဇူးတင္ရပါေၾကာင္း သိေစအပ္ပါတယ္။

က်မကုိ မန္းေလးစည္ပင္ရဲ႕ အေထာက္အကူနဲ႔ ဝသုႏၶရ(မန္းေလးေတာင္ေျခမွနာရီဝက္ခန္႔) ရြာမွာ ေခြးေတြအတြက္ ေျမ ၅ ဧကကုိ ဝင္းခတ္ၿပီး၊ လိုအပ္တဲ့အေဆာက္အဦး၊ ေရမီး အစံုနဲ႔ လိုအပ္တဲ့ လမ္းေတြပါခင္းၿပီး လႊဲအပ္ေပးမွာျဖစ္ပါတယ္႐ွင္။လြန္ခဲ့တဲ့ 12 ရက္ေန႔က စည္ပင္က ဦးစိုးတင့္ေအာင္နဲ႔အတူ ေကာ္မတီမႉး ေဒါက္တာသစ္ဆင္းႏွင့္ေတြ႔ဆံုၿပီး ဒီသတင္းကုိၾကားသိခဲ့ရတာပါ။ 13 ရက္ေန႔မွာ ဒီေျမေနရာကုိ သြားေရာက္ၾကည့္႐ႈခဲ့ၿပီး၊ 15 ရက္ေန႔ မွာ ေခြးအေကာင္ ၁၀၀၀ အတြက္ လိုအပ္တဲ့ အေဆာက္အဦး၊ က်မလိုခ်င္တဲ့ပံုစံ ပံုၾကမ္းကုိေပးပါဆုိလိုိ႔ ေပးခဲ့ပါတယ္။

ယေန႔မွာ ေတာ့ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာဦးရဲလြင္ႏွင့္အတူ ထပ္မံၿပီး ေတြ႔ဆံု၊ ေျမေနရာနဲ႔ လိုအပ္သည္မ်ားကုိ ေတြ႔ဆံုေျပာဆုိခဲ့ပါတယ္႐ွင္။ ၿမိဳ႕ေတာ္ဝန္မွ က်မရဲ႕ RH ေလးအား Register လုပ္ေပးမည္ဟုသိရ တဲ့အတြက္လဲ အလြန္အမင္းကုိ ဝမ္းသာမိပါတယ္႐ွင္။ ဒီထက္ပုိ ၿပီးလဲ တိေလးေတြအတြက္ ၾကဳိးစားသြားမည္ျဖစ္ပါေၾကာင္းနဲ႔ ၿမိဳ႕ ေတာ္ဝန္ႏွင့္တကြ ဒီကိစၥႀကီး ျဖစ္ေျမာက္ေအာင္ အဘက္ဘက္မွ ဝိုင္းဝန္းၾကဳိးပမ္းကူညီခဲ့ၾကသူမ်ားကုိ ေက်းဇူးတင္႐ွိပါေၾကာင္း

saw thae Photo credit
Myintthan Tun

ကြိုဆိုပါတယ်၊ ကြိုဆိုရတဲ့အကြောင်းက နေရာအတည်မကျမရှိတဲ့ ပိုင်ရှင်မဲ့ခွေးလေးများကို ကျွေးမွေးစောင့်ရှောက်ထားသူတစ်ဦးအားမန္တလေးမြို့တော် စည်ပင်မှမြေနေရာတင်မကပဲ လိုအပ်တဲ့အဆောက်အဦး၊ ရေ မီးအစုံအလင်နှင့်လမ်းတွေပါခင်းပြီး လွှဲပြောင်းပေးမယ့်ဆိုသည့်သတင်းပါ။

ကျွန်တော်တို့နိုင်ငံမှာ နှစ်စဉ် နှစ်တိုင်း လမ်းဘေးမှာနေထိုင်သည့်ခွေးများရဲ့အကိုက်ခံရမှုတို့ကြောင့် ခွေးရှုးပြန် ရောဂါ ရရှိပြီး သေဆုံးသွားခဲ့ရတာတွေ ရှိသလို ခွေးကိုက်ခံရခြင်းကြောင့် ဆေးရုံများသို့ ခွေးရှုးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံလာသည့်အတွက် ဆေးထိုးပေးရတဲ့ ကုန်ကျငွေများ ရှိပါတယ်။ဒီလိုတွေရှိနေသည့်အတွက် သက်ဆိုင်ရာမြို့ကြီးများ၏ စည်ပင်သာယာမှတာဝန်ယူကာ လမ်းဘေးခွေးများအား အဆိပ်တုံးပစ် သတ်သည့်အစီအစဉ်များ ရေးဆွဲပြီး ဆောင်ရွက်ကြပါတယ်။

သို့သော်လည်းပဲ လူအများစုကတော့ ဒီအစီအစဉ်အားကြိုက်နှစ်သက်ခြင်း မရှိပါဘူး၊ ထို့အတူ ကျွန်တော်လည်း အဆိပ်တုံးပစ်ပြီး သတ်တဲ့လုပ်ငန်းဆောင်တာကိုတော့ နည်းနည်းမှ အလိုမရှိပါဘူး၊ အသက်တစ်ချောင်းခြင်းရှိသူများအကြားမှာ ဒီအရာက မလုပ်အပ်တဲ့အရာလို့ မြင်ပါတယ်။ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ နိဗ္ဗာန်မရောက်မှီစပ်ကြား ၃၁ ဘုံမှာကျင်လည်နေကြပါတယ်၊ ကိုယ်လည်း တစ်နေ့ ဘယ်ဘဝကို ရောက်မည်ဆိုတာ ကိုယ်ကိုယ်တိုင်လည်း မသိသလို ဘယ်သူမှလဲ မသိနိုင်ပါဘူး၊ ကိုယ်လည်း အဲဒီဘဝကိုရောက်မသွားနိုင်ဘူးလို့ မပြော နိုင်ပါဘူး။

အဲဒီအတွက် ကိုယ် လူ့ဘဝရောက်စဉ်မှာ ဗီဇစိတ်နဲ့အသက်ရှင်နေထိုင်ရတဲ့တိရစ္ဆန်လေးများအပေါ်မှာ ကိုယ်ချင်းစာတရား ထားနိုင်ရပါမယ်၊ ကြင်နာမှုတရား ထားနိုင်ရပါမယ်၊ သို့ပါ၍ယခုလိုလူတိုင်းမလုပ်နိုင်သည့်အရာကို လုပ်ကိုင်ဆောင်ရွက်နေသည့် ခွေးပေါင်း ၁၀၀၀ ကျော်ကို ကျွေးမွေး စောင့်ရှောက်နေသူတစ်ဦးအား သာဓုခေါ်ဆိုအပ်သလို ဒီအပေါ်မှာ မြေနေရာများသတ်မှတ်ကာ ခွေးဂေဟာတစ်ခု တည်ဆောက်ပေးဖို့အတွက် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ပေးနေသည့် မန်း မြို့တော်ဝန်နှင့်သက်ဆိုင်ရာများအား ကျေးဇူးတင်ရပါကြောင်း သိစေအပ်ပါတယ်။

ကျမကို မန်းလေးစည်ပင်ရဲ့ အထောက်အကူနဲ့ ဝသုန္ဓရ(မန်းလေးတောင်ခြေမှနာရီဝက်ခန့်) ရွာမှာ ခွေးတွေအတွက် မြေ ၅ ဧကကို ဝင်းခတ်ပြီး၊ လိုအပ်တဲ့အဆောက်အဦး၊ ရေမီး အစုံနဲ့ လိုအပ်တဲ့ လမ်းတွေပါခင်းပြီး လွှဲအပ်ပေးမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့တဲ့ 12 ရက်နေ့က စည်ပင်က ဦးစိုးတင့်အောင်နဲ့အတူ ကော်မတီမှူး ဒေါက်တာသစ်ဆင်းနှင့်တွေ့ဆုံပြီး ဒီသတင်းကိုကြားသိခဲ့ရတာပါ။ 13 ရက်နေ့မှာ ဒီမြေနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ 15 ရက်နေ့ မှာ ခွေးအကောင် ၁၀၀၀ အတွက် လိုအပ်တဲ့ အဆောက်အဦး၊ ကျမလိုချင်တဲ့ပုံစံ ပုံကြမ်းကိုပေးပါဆိုလို့ ပေးခဲ့ပါတယ်။

ယနေ့မှာ တော့ မြို့တော်ဝန် ဒေါက်တာဦးရဲလွင်နှင့်အတူ ထပ်မံပြီး တွေ့ဆုံ၊ မြေနေရာနဲ့ လိုအပ်သည်များကို တွေ့ဆုံပြောဆိုခဲ့ပါတယ်ရှင်။ မြို့တော်ဝန်မှ ကျမရဲ့ RH လေးအား Register လုပ်ပေးမည်ဟုသိရ တဲ့အတွက်လဲ အလွန်အမင်းကို ဝမ်းသာမိပါတယ်ရှင်။ ဒီထက်ပို ပြီးလဲ တိလေးတွေအတွက် ကြိုးစားသွားမည်ဖြစ်ပါကြောင်းနဲ့ မြို့ တော်ဝန်နှင့်တကွ ဒီကိစ္စကြီး ဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကူညီခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း

saw thae Photo credit
Myintthan Tun