အင်္ဂါသားသမီးများ အတွက်(၂၀၁၉) ခုနှစ် တစ်နှစ်စာ TAROT ဟောစာတမ်း
အရောင်းအဝယ်ညံ့တတ်၏။
☯ဆရာသာထက်ဆန်း ✡
အချစ်ရေးမှာ ကံခေ တတ်ပါတယ်။
လုပ်ငန်းမှာ အမှားများတတ်၏။
ပစ်စာတိုင်စာ အပို့ခံရတတ်၏။
လုပ်ငန်းမှာ ဖိအားပေးခံရတတ်။
မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲတတ်၏။
ငွေကြေးဆုံးရှုံးတတ်၏။
အရောင်းမှား အဝယ်မှားဖြစ်တတ်၏။
အရောင်းအဝယ်ညံ့တတ်၏။
မိတ်ဆွေအပေါင်းအသင်းရဲ့ မကောင်းပြောခြင်းခံရတတ်၏။ ညီအကို မောင်နှမ အတွက်စိတ်ညစ်ရတတ်သည်။
အိုးပိုင် အိမ်ပိုင် မရှိသေးရင် အိုးပိုင် အိမ်ပိုင် ရတတ်သည်။ မြေဝင်ကိန်းရှိသည်။ မြေအရောင်းအဝယ် အိမ်အရောင်းအဝယ်အဆင်ပြေမည်။
စီးစရာ ယဉ်ရထား ကား ဝင်ကိန်းရှိသည်။
အချစ်ရေးကံ ညံ့နေသည်။ ပညာရေးတွင် အခက်တွေ့တတ်သည်။
မကောင်းသော အတတ်ပညာ နှင့် ပြုစားခံရသလို ဖြစ်တတ်သည်။
အာရုံကြော အားနည်းမည်။ လျှို့ဝှက် ရန်သူပေါ်တတ်သည်။
ဆရာတု၊ဆရာယောင်နှင့် တွေ့တတ်သည်။
အဆိပ်ရှိတဲ့သတ္တဝါ ကိုက်ခံရတတ်သည်။
အိမ်ထောင်ရေး ကံကောင်းမည်။ အိမ်ထောင်ရေးအဆင်ပြေမည်။
အိမ်ထောင်ရှိသူများ သားသမီး ထွန်းကားမည်။
အပျော်အပါး အသောက်အစားများခြင်း နှင့်
ကာမဂုဏ် အာရုံများရင် ကျန်းမာရေးညံ့တတ်သည်။ သတိပြု ဆင်ခြင်ပါ။
ဘာသာရေး လုပ်ငန်များတွင် အနှောက်အယှက် ပေါ်တတ်သည်။ ပညာရေး ကိစ္စများတွင် အခက်အခဲ တွေ့တတ်သည်။
လုပ်ငန်းတွင် အခက်အခဲတွေ့တတ်သည်။ ပြဿနာ ပေါ်တတ်သည်။ အမှုဖြစ်တတ်သည်။ လုပ်ငန်းပြောင်းရတတ်သည်။ အနှောက်အယှက် များမည်။ ကုန်ပစ္စည်းများ အရှုံးပေါ်တတ်သည်။
ထီဆုကြီးပေါက်တတ်သည်။ မထင်မှတ်ထားတဲ့ နေရာမှ ငွေ အထုပ်အထည်နှင့်ဝင်ကိန်းရှိသည်။
နိုင်ငံခြားခရီးပေါ်မည်။
ထွက်ထားသော ငွေများ ပြန်ဝင်ကိန်းရှိသည်။ ဆုံးပြီလို့ ထင်တဲ့ အကြွေး ပြန်ရတတ်သည်။ လုပ်ငန်းအသစ် လုပ်ရတတ်သည်။
တစ်နှစ်တာ အကျိုးပေးတဲ့ အရောင် (အပြာရောင်၊ပန်းရောင်)
တစ်နှစ်တာ အကျိုးပေးတဲ့ ဂဏန်း (၆)
ယတြာ။ မိမိမွေးနေ့မှာ ဘုရားတစ်ဆူဆူ ကိုသွားပြီး မွေးနံထောင့် ဂြိုဟ်တိုင်မှာ နှင်းဆီပန်း အနီ(၆) ပွင့်လှူပါ။ ရေသက်စေ့ ရေသပ္ပယ်ပါ။
☯ဆရာသာထက်ဆန်း ✡
ကျိုက်ဝိုင်းဘုရား ၊၀၉၇၆၂၉၉၂၃၃၅