ျမန္မာ့လက္ေရြးစင္ အသင္းကို ၂၀၂၆ ကမၻာ့ဖလား၀င္ဖို႔ ပစ္မွတ္ထားၿပီ

ျမန္မာအသင္းကို ၂၀၂၆ ကမၻာ့ဖလား၀င္ဖို႔ ပစ္မွတ္ထားတယ္၊ ၂၀၂၃ အာရွဖလားကေတာ့ ၀င္ကို၀င္ရမယ္ ။ အာဆီယံေဒသတြင္းၿပိဳင္ပြဲမ်ားတြင္ ရုန္းကန္ေနရသည့္ ျမန္မာ့လက္ေရြးစင္အသင္းကို စနစ္တက်ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး ၂၀၂၆ ကမၻာ့၀င္ဖို႔ ပစ္မွတ္ထားေၾကာင္း ႏွင့္ ၂၀၂၃ အာရွဖလားကို ေသခ်ာေပါက္ ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရမည္ျဖစ္ေၾကာင္းျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ စီအီးအို ဦးဘုန္းႏိုင္ေဇာ္က ေျပာသည္ဖီဖာ ကမၻာ့ဖလားၿပိဳင္ပြဲကို ၃၂သင္းျဖင့္ က်င္းပေနရာမွ ၂၀၂၆ ခုႏွစ္ၿပိဳင္ပြဲမွစ၍ ၄၈သင္းျဖင့္တိုးျမွင့္ က်င္းပသြားမည္ျဖစ္ၿပီး အာရွႏိုင္ငံမ်ားမွကမၻာ့ဖလား၀င္ခြင့္ ေလးေနရာခြဲ ရရွိေနရာမွ ရွစ္ေနရာခြဲအထိရရွိသြားမည္ျဖစ္သည္။

” ၂၀၂၆ ကမၻာ့ဖလား၀င္ဖို႔ Targetက နည္းနည္းေ၀းတဲ့ Targetေပါ့ေနာ္။ ဒါေပမယ့္ မျဖစ္ႏိုင္ဘူးဆိုတာေတာ့မရွိဘူး။ အဲ့ဒါကဘာျဖစ္လို႔လဲဆိုေတာ့အာရွႏိုင္ငံေတြရဲ႕ေနရာကလည္း ၈ေနရာခြဲအထိ ရရွိလာမွာ ျဖစ္တယ္။ ၿပီးေတာ့ နည္းစနစ္ရိုက္တာကသူယံုၾကည္တာကေတာ့ ျမန္မာေတြမွာ Tatent ရွိတယ္ Talent ရွိတဲ့အတြက္ေၾကာင့္မိုလို႔ စနစ္က်တဲ့ ဖြံ႔ၿဖိဳးမႈေတြလုပ္ႏိုင္မယ္ဆိုရင္ျဖစ္ႏိုင္မယ္ဆိုတဲ့ အေနအထားမွာ ရွိတယ္။အနည္းဆုံးကေတာ့အာရွဖလားကို ေရာက္ကို ေရာက္ေနရမယ္။ ၂၀၂၃ အာရွဖလားကေတာ့ ေရာက္ကိုေရာက္ရမယ္။ အမွန္ကအခု( ၂၀၁၉) အာရွဖလားထဲကေရာက္ရမွာ” ဟု ဦးဘုန္းႏိုင္ေဇာ္က ေျပာသည္။

ေလးႏွစ္တစ္ႀကိမ္က်င္းပေနသည့္ အာရွဖလားၿပိဳင္ပြဲကို ယခင္၁၆သင္းျဖင့္ က်င္းပေနရာမွ ယခု ယူေအအီးႏိုင္ငံ၌ က်င္းပေနသည့္ ၂၀၁၉ ၿပိဳင္ပြဲမွစ၍ ၂၄သင္းျဖင့္ တိုးျမွင့္က်င္းပခဲ့ေသာေၾကာင့္အာဆီယံေဒသတြင္းမွ ဖိလစ္ပိုင္၊ ထိုင္း၊ ဗီယက္နမ္အသင္းတို႔၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၾကသည္။

ျမန္မာ့လက္ေရြးစင္အသင္းက ေျခစစ္ပြဲအဆင့္တြင္ အုပ္စုဒုတိယ ရရရွိလွ်င္ အာရွဖလား၀င့္ခြင့္ရမည္ျဖစ္ေသာ္လည္း ကာဂ်စၥတန္၊ အိႏၵိယအသင္းတို႔ေနာက္အုပ္စုတတိယေနရာသာ ရရွိခဲ့၍ အခြင့္အေရးႏွင့္လြဲေခ်ာ္ခဲ့ရျခင္းျဖစ္သည္။မိုင္းေစာလြင္ဓာတ္ပုံ-MFF

Unicode ျဖင့္ဖတ္ရန္

မြန်မာ့လက်ရွေးစင်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားဝင်ဖို့ ပစ်မှတ်ထား

မြန်မာအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားဝင်ဖို့ ပစ်မှတ်ထားတယ်၊ ၂၀၂၃ အာရှဖလားကတော့ ဝင်ကိုဝင်ရမယ် ။ အာဆီယံဒေသတွင်းပြိုင်ပွဲများတွင် ရုန်းကန်နေရသည့် မြန်မာ့လက်ရွေးစင်အသင်းကို စနစ်တကျပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဝင်ဖို့ ပစ်မှတ်ထားကြောင်း နှင့် ၂၀၂၃ အာရှဖလားကို သေချာပေါက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂သင်းဖြင့် ကျင်းပနေရာမှ ၂၀၂၆ ခုနှစ်ပြိုင်ပွဲမှစ၍ ၄၈သင်းဖြင့်တိုးမြှင့် ကျင်းပသွားမည်ဖြစ်ပြီး အာရှနိုင်ငံများမှကမ္ဘာ့ဖလားဝင်ခွင့် လေးနေရာခွဲ ရရှိနေရာမှ ရှစ်နေရာခွဲအထိရရှိသွားမည်ဖြစ်သည်။

” ၂၀၂၆ ကမ္ဘာ့ဖလားဝင်ဖို့ Targetက နည်းနည်းဝေးတဲ့ Targetပေါ့နော်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူး။ အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အာရှနိုင်ငံတွေရဲ့နေရာကလည်း ၈နေရာခွဲအထိ ရရှိလာမှာ ဖြစ်တယ်။ ပြီးတော့ နည်းစနစ်ရိုက်တာကသူယုံကြည်တာကတော့ မြန်မာတွေမှာ Tatent ရှိတယ်။

Talent ရှိတဲ့အတွက်ကြောင့်မိုလို့ စနစ်ကျတဲ့ ဖွံ့ဖြိုးမှုတွေလုပ်နိုင်မယ်ဆိုရင်ဖြစ်နိုင်မယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။အနည်းဆုံးကတော့အာရှဖလားကို ရောက်ကို ရောက်နေရမယ်။ ၂၀၂၃ အာရှဖလားကတော့ ရောက်ကိုရောက်ရမယ်။ အမှန်ကအခု( ၂၀၁၉) အာရှဖလားထဲကရောက်ရမှာ” ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

လေးနှစ်တစ်ကြိမ်ကျင်းပနေသည့် အာရှဖလားပြိုင်ပွဲကို ယခင်၁၆သင်းဖြင့် ကျင်းပနေရာမှ ယခု ယူအေအီးနိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ပြိုင်ပွဲမှစ၍ ၂၄သင်းဖြင့် တိုးမြှင့်ကျင်းပခဲ့သောကြောင့်အာဆီယံဒေသတွင်းမှ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အသင်းက ခြေစစ်ပွဲအဆင့်တွင် အုပ်စုဒုတိယ ရရရှိလျှင် အာရှဖလားဝင့်ခွင့်ရမည်ဖြစ်သော်လည်း ကာဂျစ္စတန်၊ အိန္ဒိယအသင်းတို့နောက်အုပ်စုတတိယနေရာသာ ရရှိခဲ့၍ အခွင့်အရေးနှင့်လွဲချော်ခဲ့ရခြင်းဖြစ်သည်။မိုင်းစောလွင်ဓာတ်ပုံ-MFF