ရင့္က်က္တဲ့ အမ်ိဳးသားေတြမွာသာ ရွိၾကတဲ့ အရည္အခ်င္း ၁၀ရပ္

Relationship တစ္ခု မၾကာခဏအဆင္မေျပျဖစ္ေနတာဟာ အေျခခံအားျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ မရွိၾကလို႔ပါ။ ဒီလိုအတြဲေတြဟာ အမ်ားအားျဖင့္ ရန္ျဖစ္ေနတတ္ျပီး စိတ္ညစ္ေနရတာက ပိုျပီး မ်ားေနပါတယ္။ အကယ္၍ သင္ဟာ ရင့္က်က္တဲ့ အမ်ိဳးသားတစ္ဦးကို ပိုင္ဆိုင္ခြင့္ရထားမယ္ဆိုလွ်င္ေတာ့ သင့္မွာ စိတ္ခ်မ္းေျမ့စရာေတြ မ်ားျပားေနမွာပါ။ ဒါေတြကေတာ့ ရင့္က်က္တဲ့ အမ်ိဳးသားေတြမွာသာ ရွိတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

၁။ေပါင္းသင္းဆက္ဆံေရး

ရင့္က်က္တဲ့အမ်ိဳးသားေတြဟာ ေပါင္းသင္ဆက္ဆံေရးေကာင္းမြန္ျပီး သူတို႔ရဲ႕ RSမွာ ဘာမွမဟုတ္တဲ့ အေသးအမႊား ကိစၥေလးေတြအတြက္ ပံုၾကီးခ်ဲ႕ကာ အိုဗာတင္းေတြ မလုပ္တတ္ၾကပါဘူး။ သူတို႔ရဲ႕ ေနထိုင္မႈ ဘဝပံုစံကိုက ရင့္က်က္တည္ျငိမ္တာေၾကာင့္ အေသးအဖြဲကိစၥအတြက္နဲ႔ ဆက္ဆံေရးကို အထိခိုက္ခံမယ့္လူစားမ်ိဳးေတြ မဟုတ္ၾကပါဘူး။

၂။နားလည္မႈ

ဒါကေတာ့ အေရးၾကီးဆံုးေပါ့။ ရင့္က်က္တဲ့အမ်ိဳးသားဟာ အမွန္တကယ္ကို နားလည္မႈရွိျပီး လြန္ကဲတဲ့ ခ်ဳပ္ခ်ယ္မႈ၊ သဝန္ေၾကာင္မႈ၊ အေတြးေခ်ာ္မႈေတြနဲ႕ ကုိယ့္ရဲ႕ ခ်စ္သူကိုေရာ ကိုုယ္ကိုတိုင္ကိုပါ စိတ္မညစ္ေစပါဘူး။

၃။အခ်ိန္

ကိုယ့္ရဲ႕ လက္တြဲေဖာ္၊ခ်စ္သူကို ဘယ္လိုအေျခအေနမွာ ဘယ္လိုအခ်ိန္ေပးရမယ္ဆိုတာကို ရင့္က်က္ပါးနပ္တဲ့ အမ်ိဳးသားေတြဟာ နားလည္သေဘာေပါက္ၾကပါတယ္။ သူတို႔ဟာ အဓိကနဲ႔သာမညကို အေျခအေန အခ်ိန္အခါအလုိက္ စဥ္းစားေတြးေခၚတတ္တာေၾကာင့္ သူတို႔ရဲ႕ဘဝဟာ ေက်နပ္မႈေတြနဲ႕ ျပည့္နွက္ေနပါတယ္။

၄။ေနရာ

အမ်ိဳးသမီး အမ်ားစုဟာ သူတို႔ေကာင္ေလးရဲ႕ ဦးစားေပးမႈ၊ ေနရာေပးမႈေတြကို သိပ္ကိုမက္ေမာျပီး ခ်စ္သူကို အနားမွာ အၿမဲရွိေစလိုၾကပါတယ္။ သူတို႔လိုအပ္တဲ့အခ်ိန္တို္င္းမွာ ခ်စ္သူအမ်ိဳးသားကို အနားမွာရွိေစခ်င္ေသာ္လည္း သူတို႔ကို လြတ္လပ္ခြင့္မေပးတာကိုေတာ့ မလိုခ်င္ၾကပါဘူး။ ရင့္က်က္တဲ့ အမ်ိဳးသားေတြကေတာ့ ကိုယ့္ရဲ႕ပါတနာကို လံုေလာက္တဲ့ လြတ္လပ္ခြင့္ ဘယ္လိုေပးရမလဲဆိုတာ ေကာင္းေကာင္းၾကီး သိထားၾကပါတယ္။ အေလွ်ာ့အတင္းေလးနဲ႔ ခ်စ္တဲ့ပံုစံမ်ိဳးေပါ့။

၅။ျပႆနာကိုရင္ဆိုင္ေျဖရွင္းျခင္း

ရင့္က်က္တဲ့ အမ်ိဳးသားနွင့္ ခ်စ္သူျဖစ္ရတဲ့အခါ ရရွိမယ့္ ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုကေတာ့ သူတို႔ဟာ ဘယ္ေတာ့မွ ျပႆနာတစ္ခုကို မေရွာင္ေျပးတာပါပဲ။ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားဟာ ျပႆနာတစ္ခု ျဖစ္လာျပီဆို ပထမဆံုး ေရွာင္ေျပးတတ္ၾကပါတယ္။ ဒါေပမယ့္ ရင့္က်က္တဲ့ အမ်ိဳးသားေတြကေတာ့ ထုိကဲ့သို႔ ဘယ္ေတာ့မွ မလုပ္တတ္ပါ။

၆။ အခ်ိတ္အဆက္

ရင့္က်က္တဲ့အမ်ိဳးသားဟာ ကိုယ့္ရဲ႕မိန္းကေလးနဲ႔ ဘယ္လိုအခ်ိတ္အဆက္ ၊အဆက္အသြယ္ လုပ္ရမလဲဆိုတာကို အၿမဲသိပါတယ္။ ပြဲတစ္ခုခုသြားမယ္ဆိုတိုင္း ခ်စ္သူမိန္းကေလးကို အသိေပးပါတယ္။ လိုအပ္လွ်င္ အတူတူပြဲတက္ၾကတယ္။ ဒီလိုေတြလုပ္ျပီး နွစ္ဦးၾကားက ဆက္ဆံေရးနဲ႕ ယံုၾကည္မႈကို တေျဖးေျဖး ခိုင္မာလာေအာင္ လုပ္ေဆာင္တတ္ၾကသူေတြပါပဲ။

၇။ဟာသဥာဏ္

ကေလးဆန္တဲ့ ေယာက္်ားေတြဟာ ဘာမဟုတ္တဲ့အေၾကာင္းအရာေတြကိုသာ ဂရုတစ္ိုက္ရွိေနျပီး စိတ္အေနွာင့္အယွက္ အလြန္ျဖစ္ရပါတယ္။ ရင့္က်က္တဲ့အမ်ိဳးသားေတြကေတာ့ ပိုျပီး တည္ျငိမ္ခန္႔ညားကာ ဟာသဥာဏ္လည္း ရွိတတ္ပါတယ္။ ဘယ္လိုျပဳမူလိုက္ရင္ ကုိယ့္ရဲ႔မိန္းကေလး ေပ်ာ္ရႊင္ရယ္ေမာမလဲဆိုတာကို သိေနတဲ့ ဥာဏ္ေကာင္းသူၾကီးေတြပါ။

၈။ေပ်ာ္ရႊင္မႈ

ရင့္က်က္တယ္ဆိုတိုင္း ခပ္တည္တည္ၾကီးေတြနဲ႕ မတုန္မလႈပ္လို႔ မယူဆလိုက္ပါနွင့္။ ရင့္က်က္တယ္ဆိုတာ စိတ္ဓါတ္၊ အေတြးအေခၚ ၊ အျပဳအမူေတြက ရင့္က်က္တာကို ေျပာတာပါ။ ဒီလိုရင့္က်က္တဲ့ အမ်ိဳးသားေတြဟာ သူတို႔ အမွန္တကယ္ ေရရွည္လက္တြဲခ်င္တဲ့ ခ်စ္သူနဲ႔ဆုိ ခ်စ္သက္တမ္းမွာ ေပ်ာ္စရာေတြ ၊ စိတ္လႈပ္ရွားစရာေတြကိုလည္း ဖန္တီးေပးတတ္တဲ့ သူေတြပါ။

၉။ရိုးသားမႈ

ရင့္က်က္သူေတြက သူတို႔ရဲ႕ relationship မွာ အၿမဲတမ္း ရိုးသားၾကတယ္။ တစ္ဖက္ခ်စ္သူအေပၚ ေလးစားတန္ဖိုးထားျပီး ကိုယ္တိုင္လည္း မဟုတ္တာမလုပ္ၾကဘူး။

၁၀။ တည္ျငိမ္ျခင္း

ရိုလာကိုစတာစီးတာဟာ ေပ်ာ္စရာေကာင္းသလို တစ္ဖက္ကၾကည့္ရင္လည္း ေၾကာက္စရာေကာင္းပါတယ္။ ဒီလိုပဲ ဂဏာမျငိ္မ္တတ္တဲ့သူနဲ႔ လက္တြဲရလွ်င္ ဘယ္ေတာ့မ်ား တစ္ခုခုျဖစ္ေလမလဲဆိုတဲ့ စိတ္နဲ႔ ရတက္မေအး ျဖစ္ေနရတတ္ျပီး တည္ျငိမ္တဲ့သူကေတာ့ သင့္ဘဝအတြက္ လံုၿခံဳစိတ္ခ်မႈကို ေပးစြမ္းနိုင္မွာပါ။

CHAN (ေရႊအင္းေလး)

Relationship တစ်ခု မကြာခဏအဆင်မပြေဖြစ်နေတာဟာ အခြေခံအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရှိကြလို့ပါ။ ဒီလိုအတွဲတွေဟာ အများအားဖြင့် ရန်ဖြစ်နေတတ်ပြီး စိတ်ညစ်နေရတာက ပိုပြီး များနေပါတယ်။ အကယ်၍ သင်ဟာ ရင့်ကျက်တဲ့ အမျိုးသားတစ်ဦးကို ပိုင်ဆိုင်ခွင့်ရထားမယ်ဆိုလျှင်တော့ သင့်မှာ စိတ်ချမ်းမြေ့စရာတွေ များပြားနေမှာပါ။ ဒါတွေကတော့ ရင့်ကျက်တဲ့ အမျိုးသားတွေမှာသာ ရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ပေါင်းသင်းဆက်ဆံရေး

ရင့်ကျက်တဲ့အမျိုးသားတွေဟာ ပေါင်းသင်ဆက်ဆံရေးကောင်းမွန်ပြီး သူတို့ရဲ့ RSမှာ ဘာမှမဟုတ်တဲ့ အသေးအမွှား ကိစ္စလေးတွေအတွက် ပုံကြီးချဲ့ကာ အိုဗာတင်းတွေ မလုပ်တတ်ကြပါဘူး။ သူတို့ရဲ့ နေထိုင်မှု ဘဝပုံစံကိုက ရင့်ကျက်တည်ငြိမ်တာကြောင့် အသေးအဖွဲကိစ္စအတွက်နဲ့ ဆက်ဆံရေးကို အထိခိုက်ခံမယ့်လူစားမျိုးတွေ မဟုတ်ကြပါဘူး။

၂။နားလည်မှု

ဒါကတော့ အရေးကြီးဆုံးပေါ့။ ရင့်ကျက်တဲ့အမျိုးသားဟာ အမှန်တကယ်ကို နားလည်မှုရှိပြီး လွန်ကဲတဲ့ ချုပ်ချယ်မှု၊ သဝန်ကြောင်မှု၊ အတွေးချော်မှုတွေနဲ့ ကိုယ့်ရဲ့ ချစ်သူကိုရော ကိုယ်ကိုတိုင်ကိုပါ စိတ်မညစ်စေပါဘူး။

၃။အချိန်

ကိုယ့်ရဲ့ လက်တွဲဖော်၊ချစ်သူကို ဘယ်လိုအခြေအနေမှာ ဘယ်လိုအချိန်ပေးရမယ်ဆိုတာကို ရင့်ကျက်ပါးနပ်တဲ့ အမျိုးသားတွေဟာ နားလည်သဘောပေါက်ကြပါတယ်။ သူတို့ဟာ အဓိကနဲ့သာမညကို အခြေအနေ အချိန်အခါအလိုက် စဉ်းစားတွေးခေါ်တတ်တာကြောင့် သူတို့ရဲ့ဘဝဟာ ကျေနပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

၄။နေရာ

အမျိုးသမီး အများစုဟာ သူတို့ကောင်လေးရဲ့ ဦးစားပေးမှု၊ နေရာပေးမှုတွေကို သိပ်ကိုမက်မောပြီး ချစ်သူကို အနားမှာ အမြဲရှိစေလိုကြပါတယ်။ သူတို့လိုအပ်တဲ့အချိန်တိုင်းမှာ ချစ်သူအမျိုးသားကို အနားမှာရှိစေချင်သော်လည်း သူတို့ကို လွတ်လပ်ခွင့်မပေးတာကိုတော့ မလိုချင်ကြပါဘူး။ ရင့်ကျက်တဲ့ အမျိုးသားတွေကတော့ ကိုယ့်ရဲ့ပါတနာကို လုံလောက်တဲ့ လွတ်လပ်ခွင့် ဘယ်လိုပေးရမလဲဆိုတာ ကောင်းကောင်းကြီး သိထားကြပါတယ်။ အလျှော့အတင်းလေးနဲ့ ချစ်တဲ့ပုံစံမျိုးပေါ့။

၅။ပြဿနာကိုရင်ဆိုင်ဖြေရှင်းခြင်း

ရင့်ကျက်တဲ့ အမျိုးသားနှင့် ချစ်သူဖြစ်ရတဲ့အခါ ရရှိမယ့် နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ သူတို့ဟာ ဘယ်တော့မှ ပြဿနာတစ်ခုကို မရှောင်ပြေးတာပါပဲ။ အမျိုးသားတော်တော်များများဟာ ပြဿနာတစ်ခု ဖြစ်လာပြီဆို ပထမဆုံး ရှောင်ပြေးတတ်ကြပါတယ်။ ဒါပေမယ့် ရင့်ကျက်တဲ့ အမျိုးသားတွေကတော့ ထိုကဲ့သို့ ဘယ်တော့မှ မလုပ်တတ်ပါ။

၆။ အချိတ်အဆက်

ရင့်ကျက်တဲ့အမျိုးသားဟာ ကိုယ့်ရဲ့မိန်းကလေးနဲ့ ဘယ်လိုအချိတ်အဆက် ၊အဆက်အသွယ် လုပ်ရမလဲဆိုတာကို အမြဲသိပါတယ်။ ပွဲတစ်ခုခုသွားမယ်ဆိုတိုင်း ချစ်သူမိန်းကလေးကို အသိပေးပါတယ်။ လိုအပ်လျှင် အတူတူပွဲတက်ကြတယ်။ ဒီလိုတွေလုပ်ပြီး နှစ်ဦးကြားက ဆက်ဆံရေးနဲ့ ယုံကြည်မှုကို တဖြေးဖြေး ခိုင်မာလာအောင် လုပ်ဆောင်တတ်ကြသူတွေပါပဲ။

၇။ဟာသဉာဏ်

ကလေးဆန်တဲ့ ယောက်ျားတွေဟာ ဘာမဟုတ်တဲ့အကြောင်းအရာတွေကိုသာ ဂရုတစိုက်ရှိနေပြီး စိတ်အနှောင့်အယှက် အလွန်ဖြစ်ရပါတယ်။ ရင့်ကျက်တဲ့အမျိုးသားတွေကတော့ ပိုပြီး တည်ငြိမ်ခန့်ညားကာ ဟာသဉာဏ်လည်း ရှိတတ်ပါတယ်။ ဘယ်လိုပြုမူလိုက်ရင် ကိုယ့်ရဲ့မိန်းကလေး ပျော်ရွှင်ရယ်မောမလဲဆိုတာကို သိနေတဲ့ ဉာဏ်ကောင်းသူကြီးတွေပါ။

၈။ပျော်ရွှင်မှု

ရင့်ကျက်တယ်ဆိုတိုင်း ခပ်တည်တည်ကြီးတွေနဲ့ မတုန်မလှုပ်လို့ မယူဆလိုက်ပါနှင့်။ ရင့်ကျက်တယ်ဆိုတာ စိတ်ဓါတ်၊ အတွေးအခေါ် ၊ အပြုအမူတွေက ရင့်ကျက်တာကို ပြောတာပါ။ ဒီလိုရင့်ကျက်တဲ့ အမျိုးသားတွေဟာ သူတို့ အမှန်တကယ် ရေရှည်လက်တွဲချင်တဲ့ ချစ်သူနဲ့ဆို ချစ်သက်တမ်းမှာ ပျော်စရာတွေ ၊ စိတ်လှုပ်ရှားစရာတွေကိုလည်း ဖန်တီးပေးတတ်တဲ့ သူတွေပါ။

၉။ရိုးသားမှု

ရင့်ကျက်သူတွေက သူတို့ရဲ့ relationship မှာ အမြဲတမ်း ရိုးသားကြတယ်။ တစ်ဖက်ချစ်သူအပေါ် လေးစားတန်ဖိုးထားပြီး ကိုယ်တိုင်လည်း မဟုတ်တာမလုပ်ကြဘူး။

၁၀။ တည်ငြိမ်ခြင်း

ရိုလာကိုစတာစီးတာဟာ ပျော်စရာကောင်းသလို တစ်ဖက်ကကြည့်ရင်လည်း ကြောက်စရာကောင်းပါတယ်။ ဒီလိုပဲ ဂဏာမငြိမ်တတ်တဲ့သူနဲ့ လက်တွဲရလျှင် ဘယ်တော့များ တစ်ခုခုဖြစ်လေမလဲဆိုတဲ့ စိတ်နဲ့ ရတက်မအေး ဖြစ်နေရတတ်ပြီး တည်ငြိမ်တဲ့သူကတော့ သင့်ဘဝအတွက် လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်မှာပါ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*