ငယ္ငယ္က အရမ္းဆင္းရဲခဲ့တဲ့ ကမၻာေက်ာ္မင္းသမီး Shu Qi

ခၽြတ္ခဲ့ဖူးတဲ့ အဝတ္အစားေတြကို တစ္ထည္ခ်င္းစီ ကၽြန္မျပန္ဝတ္မယ္

ဒီစကားကို ထိုင္ဝမ္မင္းသမီးShu Qiက ေျပာခဲ့တယ္။

သူငယ္ငယ္တုန္းက အရမ္းဆင္းရဲခဲ့တယ္။ အတန္းပညာလည္း ေကာင္းေကာင္းမသင္ခဲ့ဖူးဘူး။ အသက္ေမြးဝမ္းေက်ာင္းဖို႔ ႀကံဳရာအလုပ္ေတြလုပ္ရင္း ေဟာင္ေကာင္ကလာတဲ့လူတစ္ေယာက္နဲ႔ သူရင္းႏွီးခဲ့တယ္။ အဲဒီလူက သူ႔ကို အႏုပညာေလာကထဲဝင္ဖို႔ ကူညီခဲ့တယ္။ အႏုပညာေလာကသာဆိုတယ္ တကယ္တမ္းမွာ ႐ုပ္႐ွင္႐ိုက္တာမ်ဳိးမဟုတ္ဘဲ မေပၚတေပၚေတြဝတ္ၿပီး မဂၢဇင္းအတြက္ ဓာတ္ပံု႐ိုက္တာပဲျဖစ္တယ္။

နာမည္မထင္မ႐ွားနဲ႔ေနရတဲ့ကာလမွာ အေဖာ္အခၽြတ္ကားျဖစ္တဲ့ Viva Eroticaဆိုတဲ့႐ုပ္႐ွင္ဇာတ္ကားကို သူ႐ိုက္ခဲ့တယ္။ ကံေကာင္းေတာ့ အဲဒီကားနဲ႔ပဲ သူဆုရခဲ့တယ္။ အႏုပညာေလာကမွာ ေနရာေလးတစ္ခုရလာခဲ့ၿပီဆိုေပမယ့္ အေဖာ္အခၽြတ္ကားေၾကာင့္ရတဲ့ဆုကို အႏုပညာအသိုင္းအဝိုင္းက ႏွာေခါင္း႐ႈံ႕ခ်င္ခဲ့ၾကတယ္။

ဒါကို သူလည္းသိတယ္။ ဒါေၾကာင့္ အေဖာ္အခၽြတ္မဟုတ္တဲ့ကားေတြ၊ အႏုပညာဆန္တဲ့ကားေတြကို သူ႐ိုက္ကူးခဲ့တယ္။ တျဖည္းျဖည္းနဲ႔ လူေတြလက္ခံတဲ့ တကယ့္အႏုပညာ႐ွင္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေအာင္ သူႀကိဳးစားခဲ့တယ္။ အျမင့္ဆံုးဆုေတြကိုလည္း သူပိုင္ဆိုင္ႏိုင္ခဲ့တယ္။

အတိတ္ကအရိပ္မည္းႀကီးထဲမွာ သူနစ္ဝင္မေနခဲ့ဘူး၊ ဒီအတိတ္မည္းႀကီးကိုလည္း သူမကြယ္ဝွက္ခဲ့ဘူး။ မွားခဲ့တာကို မွားမွန္းသိၿပီး သူ႔ကိုယ္ပိုင္ႀကိဳးပမ္းမႈေတြနဲ႔ ခၽြတ္ခဲ့ဖူးတဲ့အဝတ္အစားေတြကို တစ္ထည္ခ်င္း သူျပန္ဝတ္ႏိုင္ခဲ့ပါတယ္။

Credit:NineNineSaNay

=========

ချွတ်ခဲ့ဖူးတဲ့ အဝတ်အစားတွေကို တစ်ထည်ချင်းစီ ကျွန်မပြန်ဝတ်မယ်

ဒီစကားကို ထိုင်ဝမ်မင်းသမီးShu Qiက ပြောခဲ့တယ်။

သူငယ်ငယ်တုန်းက အရမ်းဆင်းရဲခဲ့တယ်။ အတန်းပညာလည်း ကောင်းကောင်းမသင်ခဲ့ဖူးဘူး။ အသက်မွေးဝမ်းကျောင်းဖို့ ကြုံရာအလုပ်တွေလုပ်ရင်း ဟောင်ကောင်ကလာတဲ့လူတစ်ယောက်နဲ့ သူရင်းနှီးခဲ့တယ်။ အဲဒီလူက သူ့ကို အနုပညာလောကထဲဝင်ဖို့ ကူညီခဲ့တယ်။ အနုပညာလောကသာဆိုတယ် တကယ်တမ်းမှာ ရုပ်ရှင်ရိုက်တာမျိုးမဟုတ်ဘဲ မပေါ်တပေါ်တွေဝတ်ပြီး မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်တာပဲဖြစ်တယ်။

နာမည်မထင်မရှားနဲ့နေရတဲ့ကာလမှာ အဖော်အချွတ်ကားဖြစ်တဲ့ Viva Eroticaဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို သူရိုက်ခဲ့တယ်။ ကံကောင်းတော့ အဲဒီကားနဲ့ပဲ သူဆုရခဲ့တယ်။ အနုပညာလောကမှာ နေရာလေးတစ်ခုရလာခဲ့ပြီဆိုပေမယ့် အဖော်အချွတ်ကားကြောင့်ရတဲ့ဆုကို အနုပညာအသိုင်းအဝိုင်းက နှာခေါင်းရှုံ့ချင်ခဲ့ကြတယ်။

ဒါကို သူလည်းသိတယ်။ ဒါကြောင့် အဖော်အချွတ်မဟုတ်တဲ့ကားတွေ၊ အနုပညာဆန်တဲ့ကားတွေကို သူရိုက်ကူးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လူတွေလက်ခံတဲ့ တကယ့်အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်အောင် သူကြိုးစားခဲ့တယ်။ အမြင့်ဆုံးဆုတွေကိုလည်း သူပိုင်ဆိုင်နိုင်ခဲ့တယ်။

အတိတ်ကအရိပ်မည်းကြီးထဲမှာ သူနစ်ဝင်မနေခဲ့ဘူး၊ ဒီအတိတ်မည်းကြီးကိုလည်း သူမကွယ်ဝှက်ခဲ့ဘူး။ မှားခဲ့တာကို မှားမှန်းသိပြီး သူ့ကိုယ်ပိုင်ကြိုးပမ်းမှုတွေနဲ့ ချွတ်ခဲ့ဖူးတဲ့အဝတ်အစားတွေကို တစ်ထည်ချင်း သူပြန်ဝတ်နိုင်ခဲ့ပါတယ်။

Credit:NineNineSaNay

Be the first to comment

Leave a Reply

Your email address will not be published.


*