ရာႏႈန္းျပည့္အႏိုင္ကေန ဘယ္သူအရင္ေျခေခ်ာ္မလဲ

ယခုႏွစ္ ပရီးမီးယားလိဂ္ ရာသီအစပြဲစဥ္ေတြကေတာ့ ထူးျခားမႈေတြနဲ႔ ျပည့္ႏွက္ေနခဲ့ၿပီး ရာသီအစပြဲစဥ္ (၄) ပြဲမွာ ရာႏႈန္းျပည့္အႏိုင္ရလဒ္ ရရွိထားခဲ့တဲ့ အသင္း(၃) သင္းရွိေနခဲ့ပါတယ္။ဒီအသင္းေတြထဲမွာ ထူးထူးျခားျခားပဲ ၀တ္ဖို႔ဒ္အသင္း ပါ၀င္ေနခဲ့တာက ပရီးမီးယားလိဂ္ကို ပိုၿပီးစိတ္၀င္စားေစတဲ့ အရာတစ္ခုလို႔ ဆိုရပါမယ္။

ဒီေတာ့ ဒီအသင္းေတြထဲမွာ ဘယ္အသင္းအရင္ဆံုး ေျခေခ်ာ္ႏိုင္လည္း ၾကည့္ၾကည့္ရေအာင္ပါ။

လီဗာပူးလ္အသင္းနဲ႔ ပတ္သက္ၿပီးေျပာရရင္ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ (၄) ေနရာကို ရပ္တည္ႏိုင္ခဲ့တယ္ဆိုေပမယ့္ သူတို႔အသင္း သြင္းယူခဲ့တဲ့ သြင္းဂိုးအေရအတြက္က အဆင့္ (၂) နဲ႔ (၃) ေနရာမွာ ရွိခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ ၊ စပါးအစရွိတဲ့ အသင္းေတြထက္ကို သာလြန္ေနပါတယ္။ဒါေပမယ့္ ေနာက္တန္းပိုင္းဆိုင္ရာ ျပႆနာေတြေၾကာင့္သာ ဒီလိုအဆင့္ရပ္တည္မႈမွာ ရွိခဲ့ရတာပါ။မန္စီးတီးအသင္း ၿပီးခဲ့တဲ့ရာသီ ရံႈးပြဲမရွိရလဒ္ ရယူထားႏိုင္ခဲ့စဥ္မွာ ပထမဆံုး အရံႈးရလဒ္နဲ႔ ရင္ဆိုင္ေစခဲ့တဲ့ အသငး္က လီဗာပူးလ္အသင္းပါ။

မွတ္မွတ္ရရေျပာရရင္ မန္စီးတီးအသင္းကို အႀကိမ္ႀကိမ္အလဲထိုးခဲ့တဲ့အသင္းက လီဗာပူးလ္အသင္း တစ္သင္းသာရွိခဲ့ပါတယ္။မန္စီးတီးကို (၅) ဂိုးျပတ္သြင္းယူခဲ့တဲ့ ပြဲစဥ္ နဲ႔ စပါးအသင္းကို (၄) ဂိုး (၂) ဂိုးရလဒ္ေတြနဲ႔ အႏိုင္ယူခဲ့တဲ့ရလဒ္ေတြက အသင္းအတြက္ အေကာင္းဆံုး ရလဒ္ေတြအျဖစ္ရွိခဲ့ပါတယ္။ရာသီအစ (၁၀)ပြဲမွာ (၄) ပြဲႏိုင္ (၄) ပြဲသေရ (၂) ပြဲရံႈးရလဒ္ထြက္ေပၚခဲ့တဲ့နည္းျပ ကေလာ့ရဲ႕လီဗာပူးလ္အသင္းကေတာ့ ဒီရာသီမွာ မတူညီတဲ့ ကႀကိဳးေတြနဲ႔ ကျပေနခဲ့ပါၿပီ။ဒီရာသီမွာေတာ့ ပြဲစဥ္အစ (၄) ပြဲမွာ သြင္းဂိုး (၉) ဂိုးထိသြင္းယူထားခဲ့ၿပီး ရာႏႈန္းျပည့္အႏိုင္ရလဒ္ကို ဖန္တီးထားခ့ဲပါတယ္။

ဒီတစ္ပတ္ ႏိုင္ငံတကာ ပြဲစဥ္ေတြၿပီးရင္ေတာ့ လီဗာပူးလ္အသင္း (၃) ပတ္အတြင္းမွာ လန္ဒန္ၿမိဳ႕ကို (၂) ႀကိမ္ခရီးဆန္႔ရဖို႔ရွိေနပါတယ္။ခ်ဲလ္ဆီး ၊ စပါးအသင္းေတြနဲ႔ ကစားရဖို႔ရွိေနၿပီး ဒီပြဲစဥ္ေတြဟာ လီဗာပူးလ္အသင္းရဲ႕ ေျခစြမ္းကို စမ္းသပ္ခံရမယ့္ ပြဲစဥ္ေတြပါပဲ။ၾကားတစ္ပတ္မွာေတာ့ ေဆာက္သမ္တန္လိုအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ သတိထားကစားရမယ့္ အေျခအေနမွာလည္း ရွိေနပါတယ္။ဒီေတာ့ ဒီပြဲစဥ္ (၃) ပြဲမွာ လီဗာပူးလ္အသင္း ရလဒ္ယိုင္းယိုင္သြားႏိုင္ဆံုး ပြဲစဥ္က ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္ျဖစ္လို႔ ဒီကာလကို ဘယ္လိုျဖတ္ေက်ာ္မလည္းဆိုတာ စိတ္၀င္စားစရာပါ။

နည္းျပ ဆာရီရဲ႕ ခ်ဲလ္ဆီးအသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီေတြကနဲ႔ ကြဲျပားျခားနားတဲ့ တိုက္စစ္ကစားဟန္ကို တည္ေဆာက္ထားႏိုင္ခဲ့ၿပီး ရာသီအစ ပြဲစဥ္ (၄) ပြဲလံုးကို ရာႏႈန္းျပည့္အႏိုင္ရလဒ္ထြက္ေပၚေအာင္ကစားထားႏိုင္ခဲ့ပါတယ္။အေစာပိုင္းမွာ ဆာရီေခၚယူခဲ့တဲ့ ကစားသမားေတြနဲ႔ လက္ရွိအသင္းမွာရွိေနတဲ့သူေတြ ေပါင္းၿပီးအသင္းအတြက္ အဆင္ေျပမွ ေျပပါ့မလား ဆိုၿပီးေစာင့္ၾကည့္ေနခဲ့တဲ့ ပရိသတ္ေတြရဲ႕ အသံေတြလည္း ဆာရီရဲ႕ ပဲ့ကိုင္မႈေတြေအာက္မွာတည္ၿငိမ္ေနခဲ့ပါၿပီ။

ခ်ဲလ္ဆီးအသင္း ႏိုင္ငံတာပြဲစဥ္ေတြၿပီးရင္ ယွဥ္ၿပိဳင္ရမယ့္အသင္းေတြက ကာဒစ္၊ ၀က္စ္ဟမ္း နဲ႔ လီဗာပူးလ္အသင္းတို႔ ပြဲစဥ္ေတြျဖစ္ေနခဲ့လို႔ လီဗာပူးလ္အသင္းနဲ႔ ပြဲစဥ္က (၂) သင္းလံုးအတြက္ေတာ့ စိန္ေခၚစရာတစ္ခုအျဖစ္ ရွိေနခဲ့တာအေသအခ်ာပါ။ေနာက္တန္း ေတာင္ပံကစားသမားေတြရဲ႕ တိုက္စစ္လိုက္ပါတဲ့ အခင္းအက်င္းကို ပံုေဖာ္ထားခဲ့တဲ့ ဆာရီရဲ႕ကစားကြက္ တိုက္စစ္ပိုင္းကေတာ့ တကယ္ကို ၿမိဳင္ဆိုင္ၿပီး လက္ရွိအခ်ိန္ထိကို အေကာင္းဆံုး ကြင္းလယ္အားကို ပိုင္ဆိုင္ထားပါတယ္။

ဒီေတာ့ခ်ဲလ္ဆီးအသင္းအတြက္ ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္ကလည္း သတိထားစရာျဖစ္ေနသလို လီဗာပူးလ္နဲ႔ ပြဲစဥ္ကေတာ့ ဒီရာသီအတြက္ အာဆင္နယ္ၿပီးရင္ ခ်ဲလ္ဆီးအသင္းအတြက္ ဒုတိယေျမာက္စိန္ေခၚမႈျဖစ္လာမွာပါ။

ေနာက္ဆံုးအသင္းကေတာ့ ၀တ္ဖို႔ဒ္အသင္းပါ။ၿပီးခဲ့တဲ့ရာသီမွာ ရာသီ၀က္ေလာက္မွ တန္းဆင္းဇံုကေန ရုန္းထြက္ႏိုင္ခဲ့ဲတဲ့ ၀တ္ဖို႔ဒ္အသငး္ရဲ႕ ဒီရာသီေျခစြမ္းကေတာ့ ကံတရားေၾကာင့္ေကာ စိတ္ဓါတ္ပိုင္းေၾကာင့္ ပါဒီလိုရလဒ္ကို ထြက္ေပၚလာခဲ့တယ္လို႔ ဆိုရမွာပါ။အသင္းကေန နည္းျပမာကိုေဆးလ္ဗား ထြက္ခြာသြားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ဂ်ာဗီဂရာစီယာကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တဲ့ ၀တ္ဖို႔ဒ္အသင္းအတြက္ကေတာ့ ဒီနည္းျပနဲ႔ အသားက်တယ္ဆိုရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ၀က္မွာတည္းက ေျခစြမ္းျပသခဲ့သလို ဒီရာသီမွာလည္း ရာသီအစ အထြက္ေကာင္းခဲ့ပါတယ္။

ဘရိုက္တန္ ၊ ခရစၥတယ္ပဲေလ့စ္ နဲ႔ ဘန္ေလအသင္းေတြကို အႏိုင္ရရွိခဲ့တာက ေျပာစရာသိပ္မျဖစ္ႏိုင္ေပမယ့္ စပါးအသင္းကို ေနာက္ကေန လိုက္ကစားၿပီး အႏုိင္ယူႏိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္ပိုင္းကေတာ့ တကယ္ကုိ အသိအမွတ္ျပဳရမွာပါ။စပါးအသင္းနဲပြဲစဥ္မွာဆိုရင္ စပါးအသင္းတိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး သူတို႔ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့လို႔သာ စပါးအတြက္ သြင္းဂိုးတစ္ဂိုး ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။

လာမယ့္ပြဲစဥ္ေတြမွာ မန္ခ်က္စတာ ယူႏိုက္တက္ ၊ ဖူလ္ဟမ္ ၊ အာဆင္နယ္အသငး္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ၀တ္ဖို႔ဒ္အသငး္အတြက္ကေတာ့ ခက္ခဲတဲ့ ကာလေတြေရာက္ရွိလာေနပါၿပီ။အသငး္အတြက္ ရွိေနတဲ့ ကစားသမားစုဖြဲ႔မႈနဲ႔ ဒီအဆင့္ေလာက္မွာ ရပ္တည္ေနႏိုင္တာက အေတာ္ကိုခရီးေရာက္ေနခဲ့ၿပီလို႔ ဆိုရမွာျဖစ္လို႔ လာမယ့္ပြဲစဥ္ေတြမွာ သေရရလဒ္ ရယူႏိုင္ရင္ကို သူတို႔အတြက္ ေအာင္ျမင္တဲ့ ရာသီအဖြင့္တစ္ခုျဖစ္ေနပါၿပီ။

မန္စီးတီးအသင္းကေတာ့ သေရရလဒ္တစ္ပြဲထြက္ေပၚခဲ့လို႔ စတင္ေျခေခ်ာ္ခဲ့ၿပီျဖစ္လို႔ ဒီတစ္ပတ္နားၿပီး ျပန္စခ်ိန္မွာ ဘယ္အသင္းက စတင္ေျခေခ်ာ္မလည္း ဒါမွမဟုတ္ ရလဒ္ေကာင္းေတြ ဆက္ထိန္းထားႏိုင္မလားဆိုတာ မိနစ္တိုင္းက ရင္ခုန္စရာျဖစ္လာမွာပါ။

credit

ယခုနှစ် ပရီးမီးယားလိဂ် ရာသီအစပွဲစဉ်တွေကတော့ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ရာသီအစပွဲစဉ် (၄) ပွဲမှာ ရာနှုန်းပြည့်အနိုင်ရလဒ် ရရှိထားခဲ့တဲ့ အသင်း(၃) သင်းရှိနေခဲ့ပါတယ်။ဒီအသင်းတွေထဲမှာ ထူးထူးခြားခြားပဲ ဝတ်ဖို့ဒ်အသင်း ပါဝင်နေခဲ့တာက ပရီးမီးယားလိဂ်ကို ပိုပြီးစိတ်ဝင်စားစေတဲ့ အရာတစ်ခုလို့ ဆိုရပါမယ်။

ဒီတော့ ဒီအသင်းတွေထဲမှာ ဘယ်အသင်းအရင်ဆုံး ခြေချော်နိုင်လည်း ကြည့်ကြည့်ရအောင်ပါ။

လီဗာပူးလ်အသင်းနဲ့ ပတ်သက်ပြီးပြောရရင် ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၄) နေရာကို ရပ်တည်နိုင်ခဲ့တယ်ဆိုပေမယ့် သူတို့အသင်း သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်က အဆင့် (၂) နဲ့ (၃) နေရာမှာ ရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ စပါးအစရှိတဲ့ အသင်းတွေထက်ကို သာလွန်နေပါတယ်။ဒါပေမယ့် နောက်တန်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်သာ ဒီလိုအဆင့်ရပ်တည်မှုမှာ ရှိခဲ့ရတာပါ။မန်စီးတီးအသင်း ပြီးခဲ့တဲ့ရာသီ ရှုံးပွဲမရှိရလဒ် ရယူထားနိုင်ခဲ့စဉ်မှာ ပထမဆုံး အရှုံးရလဒ်နဲ့ ရင်ဆိုင်စေခဲ့တဲ့ အသင်းက လီဗာပူးလ်အသင်းပါ။

မှတ်မှတ်ရရပြောရရင် မန်စီးတီးအသင်းကို အကြိမ်ကြိမ်အလဲထိုးခဲ့တဲ့အသင်းက လီဗာပူးလ်အသင်း တစ်သင်းသာရှိခဲ့ပါတယ်။မန်စီးတီးကို (၅) ဂိုးပြတ်သွင်းယူခဲ့တဲ့ ပွဲစဉ် နဲ့ စပါးအသင်းကို (၄) ဂိုး (၂) ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့တဲ့ရလဒ်တွေက အသင်းအတွက် အကောင်းဆုံး ရလဒ်တွေအဖြစ်ရှိခဲ့ပါတယ်။ရာသီအစ (၁၀)ပွဲမှာ (၄) ပွဲနိုင် (၄) ပွဲသရေ (၂) ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တဲ့နည်းပြ ကလော့ရဲ့လီဗာပူးလ်အသင်းကတော့ ဒီရာသီမှာ မတူညီတဲ့ ကကြိုးတွေနဲ့ ကပြနေခဲ့ပါပြီ။ဒီရာသီမှာတော့ ပွဲစဉ်အစ (၄) ပွဲမှာ သွင်းဂိုး (၉) ဂိုးထိသွင်းယူထားခဲ့ပြီး ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဖန်တီးထားခဲ့ပါတယ်။

ဒီတစ်ပတ် နိုင်ငံတကာ ပွဲစဉ်တွေပြီးရင်တော့ လီဗာပူးလ်အသင်း (၃) ပတ်အတွင်းမှာ လန်ဒန်မြို့ကို (၂) ကြိမ်ခရီးဆန့်ရဖို့ရှိနေပါတယ်။ချဲလ်ဆီး ၊ စပါးအသင်းတွေနဲ့ ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်တွေဟာ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းကို စမ်းသပ်ခံရမယ့် ပွဲစဉ်တွေပါပဲ။ကြားတစ်ပတ်မှာတော့ ဆောက်သမ်တန်လိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သတိထားကစားရမယ့် အခြေအနေမှာလည်း ရှိနေပါတယ်။ဒီတော့ ဒီပွဲစဉ် (၃) ပွဲမှာ လီဗာပူးလ်အသင်း ရလဒ်ယိုင်းယိုင်သွားနိုင်ဆုံး ပွဲစဉ်က ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်ဖြစ်လို့ ဒီကာလကို ဘယ်လိုဖြတ်ကျော်မလည်းဆိုတာ စိတ်ဝင်စားစရာပါ။

နည်းပြ ဆာရီရဲ့ ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ရာသီတွေကနဲ့ ကွဲပြားခြားနားတဲ့ တိုက်စစ်ကစားဟန်ကို တည်ဆောက်ထားနိုင်ခဲ့ပြီး ရာသီအစ ပွဲစဉ် (၄) ပွဲလုံးကို ရာနှုန်းပြည့်အနိုင်ရလဒ်ထွက်ပေါ်အောင်ကစားထားနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ ဆာရီခေါ်ယူခဲ့တဲ့ ကစားသမားတွေနဲ့ လက်ရှိအသင်းမှာရှိနေတဲ့သူတွေ ပေါင်းပြီးအသင်းအတွက် အဆင်ပြေမှ ပြေပါ့မလား ဆိုပြီးစောင့်ကြည့်နေခဲ့တဲ့ ပရိသတ်တွေရဲ့ အသံတွေလည်း ဆာရီရဲ့ ပဲ့ကိုင်မှုတွေအောက်မှာတည်ငြိမ်နေခဲ့ပါပြီ။

ချဲလ်ဆီးအသင်း နိုင်ငံတာပွဲစဉ်တွေပြီးရင် ယှဉ်ပြိုင်ရမယ့်အသင်းတွေက ကာဒစ်၊ ဝက်စ်ဟမ်း နဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်တွေဖြစ်နေခဲ့လို့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်က (၂) သင်းလုံးအတွက်တော့ စိန်ခေါ်စရာတစ်ခုအဖြစ် ရှိနေခဲ့တာအသေအချာပါ။နောက်တန်း တောင်ပံကစားသမားတွေရဲ့ တိုက်စစ်လိုက်ပါတဲ့ အခင်းအကျင်းကို ပုံဖော်ထားခဲ့တဲ့ ဆာရီရဲ့ကစားကွက် တိုက်စစ်ပိုင်းကတော့ တကယ်ကို မြိုင်ဆိုင်ပြီး လက်ရှိအချိန်ထိကို အကောင်းဆုံး ကွင်းလယ်အားကို ပိုင်ဆိုင်ထားပါတယ်။

ဒီတော့ချဲလ်ဆီးအသင်းအတွက် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ကလည်း သတိထားစရာဖြစ်နေသလို လီဗာပူးလ်နဲ့ ပွဲစဉ်ကတော့ ဒီရာသီအတွက် အာဆင်နယ်ပြီးရင် ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်စိန်ခေါ်မှုဖြစ်လာမှာပါ။

နောက်ဆုံးအသင်းကတော့ ဝတ်ဖို့ဒ်အသင်းပါ။ပြီးခဲ့တဲ့ရာသီမှာ ရာသီဝက်လောက်မှ တန်းဆင်းဇုံကနေ ရုန်းထွက်နိုင်ခဲ့ဲတဲ့ ဝတ်ဖို့ဒ်အသင်းရဲ့ ဒီရာသီခြေစွမ်းကတော့ ကံတရားကြောင့်ကော စိတ်ဓါတ်ပိုင်းကြောင့် ပါဒီလိုရလဒ်ကို ထွက်ပေါ်လာခဲ့တယ်လို့ ဆိုရမှာပါ။အသင်းကနေ နည်းပြမာကိုဆေးလ်ဗား ထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့ ဂျာဗီဂရာစီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဝတ်ဖို့ဒ်အသင်းအတွက်ကတော့ ဒီနည်းပြနဲ့ အသားကျတယ်ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီဝက်မှာတည်းက ခြေစွမ်းပြသခဲ့သလို ဒီရာသီမှာလည်း ရာသီအစ အထွက်ကောင်းခဲ့ပါတယ်။

ဘရိုက်တန် ၊ ခရစ္စတယ်ပဲလေ့စ် နဲ့ ဘန်လေအသင်းတွေကို အနိုင်ရရှိခဲ့တာက ပြောစရာသိပ်မဖြစ်နိုင်ပေမယ့် စပါးအသင်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ တကယ်ကို အသိအမှတ်ပြုရမှာပါ။စပါးအသင်းနဲပွဲစဉ်မှာဆိုရင် စပါးအသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး သူတို့ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့သာ စပါးအတွက် သွင်းဂိုးတစ်ဂိုး ပိုင်ဆိုင်နိုင်ခဲ့တာပါ။

လာမယ့်ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် ၊ ဖူလ်ဟမ် ၊ အာဆင်နယ်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဝတ်ဖို့ဒ်အသင်းအတွက်ကတော့ ခက်ခဲတဲ့ ကာလတွေရောက်ရှိလာနေပါပြီ။အသင်းအတွက် ရှိနေတဲ့ ကစားသမားစုဖွဲ့မှုနဲ့ ဒီအဆင့်လောက်မှာ ရပ်တည်နေနိုင်တာက အတော်ကိုခရီးရောက်နေခဲ့ပြီလို့ ဆိုရမှာဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ သရေရလဒ် ရယူနိုင်ရင်ကို သူတို့အတွက် အောင်မြင်တဲ့ ရာသီအဖွင့်တစ်ခုဖြစ်နေပါပြီ။

မန်စီးတီးအသင်းကတော့ သရေရလဒ်တစ်ပွဲထွက်ပေါ်ခဲ့လို့ စတင်ခြေချော်ခဲ့ပြီဖြစ်လို့ ဒီတစ်ပတ်နားပြီး ပြန်စချိန်မှာ ဘယ်အသင်းက စတင်ခြေချော်မလည်း ဒါမှမဟုတ် ရလဒ်ကောင်းတွေ ဆက်ထိန်းထားနိုင်မလားဆိုတာ မိနစ်တိုင်းက ရင်ခုန်စရာဖြစ်လာမှာပါ။

credit