ျပင္ဆင္မႈအားေကာင္းၿပီး Alpine ဖလား ႏြဲမယ့္ ဘာရိန္း

2018 Alpine Cup မွာပါ၀င္ဆင္ႏြဲမယ့္ အသင္းေတြနဲ႕ပတ္သက္ၿပီးေတာ့ အသင္းေတြကို မိတ္ဆက္ေပးလာခဲ့တာ အခုဆိုရင္ ဘာရိန္း ယူ-၂၃ အသင္းအထိေရာက္လာခဲ့ၿပီျဖစ္တယ္။ မၾကာခင္မွာ ဒီၿပိဳင္ပဲြကို စတင္ကစားျဖစ္ေတာ့မွာပါ၊ အသင္းေတြလည္းေရာက္လာေတာ့မယ္။  ရက္ပိုင္းသာလုိေတာ့တဲ့အခ်ိန္မွာ ၿပိဳင္ပြဲ၀င္မယ့္ဘာရိန္းအေၾကာင္းကို သိရွိထားသေလာက္ တင္ဆက္ေပးလိုက္ရျပန္ပါတယ္။ (တစ္ပါတည္းေျပာထားပါရေစ၊ ဒါေတြကို အလကားသက္သက္ ဆ.ရ.က လုပ္ၿပီးေတာ့ ေရးေနတာမဟုတ္ပါဘူး။

စိတ္ထဲမွာ ေစတနာကိုအရင္းခံထားၿပီးေရးသားေပးတာပါ၊၀ါသနာပါလို႕ျမန္မာအသင္းနဲ႕ကစားမယ့္ၿပိဳင္ဘက္ေတြအေၾကာင္းကို နည္းလမ္းေပါင္းစံုနဲ႕ေဖြ ရွာတင္ဆက္ထားတာပါ၊ အင္တာနက္၊သက္ဆုိင္ရာ ေဘာလံုးအဖြဲ႕ခ်ဳပ္အသီးသီးအျပင္ နီးစပ္ရာ စာအုပ္မ်ား၊ ဆိုရွယ္ဆိုက္မ်ား နဲ႕သတင္းမ်ားအျပင္ ေလ့လာ သိမွတ္ထားတဲ့ အႏွစ္ ၂၀ ေက်ာ္ ၀မ္းစာမ်ားကို  အခ်ိန္ေပးၿပီး ကိုးကားထုတ္ ႏႈတ္ၿပီးကာ ရင္ဘတ္တူညီတဲ့ ညီအစ္ကို ေမာင္ညီမမ်ား အတြက္ တင္ ဆက္ ေပးထား တာပါ။ ၿပီးေတာ့ ဒါေတြကို အဖြဲ႕ခ်ဳပ္နဲ႕ဒါမွမဟုတ္ရင္ ျမန္မာယူ-၂၃ မွ တာ၀န္ရွိသူမ်ား၊ ကစားသမားမ်ား ထဲမွ တစ္ေယာက္ေလာက္ပဲျဖစ္ျဖစ္ေတြ႕သြားခဲ့ၿပီးစာသြားတစ္လံုးတစ္ေလ၊ ဒါမွမဟုတ္ရင္ စာတစ္ေၾကာင္း ေလာက္ ပဲဖတ္မိရင္ ေက်နပ္မိတယ္။ (ဖတ္မယ့္ပံုလည္းမေပၚပါဘူး) ကၽြန္ေတာ္တို႕ဆီမွာ ႏုိင္ငံျခားအသင္းေတြနဲ႕ပတ္သက္လာရင္ ၿပိဳင္ပဲြတစ္ပဲြ အတြက္ကို ဘယ္ေတာ့မွ ၿပိဳင္ဘက္အေၾကာင္းကို သိေအာင္လုိ႕ကင္းေထာက္မလႊတ္ပဲယွဥ္ၿပိဳင္ေနခဲ့တာလည္းၾကာၿပီ၊ ဒါမ်ိဳးကိုလုပ္ရမယ့္လုိ႕ေလ့လာေကာင္းလည္းေလ့လာသူေတြရွိမယ္။

ဒါေပမယ့္နည္းပါးေနၾကတုန္းပါပဲ။ ျမန္မာ့ေဘာလံုးကၽြမ္းက်င္သူဂုရုေတြနဲ႕ အဲ့ဒီပတ္၀န္းက်င္ရဲ႕ အနီးစပ္ဆံုးမွာရွိသူေတြကို တီးမိေခါက္မိရွိတုိင္းလည္း ၾကားရတဲ့အခါ ဒီအတုိင္းပဲ၊ ဒီမွာ ဒါမ်ိဳး သိပ္ၿပီးေတာ့လုပ္ရိုးထံုးစံမရွိၾကဘူး။ ဒါေၾကာင့္ ရတဲ့ တစ္ေထာင့္တစ္ေနရာက အုပ္တစ္ခ်ပ္မဟုတ္ရင္ ေတာင္ သဲပြင့္ငယ္ေလးတစ္ပြင့္အျဖစ္ ျမန္မာအသင္းကိုခ်စ္တဲ့သူေတြနဲ႕ အတူ အခမဲ့ကူလီ၀င္ထမ္းၿပီး  ပရိသတ္မ်ားနဲ႕ ရင္ဘတ္ ျခင္းသံစဥ္ညွိတဲ့သေဘာ နဲ႕ဒါကိုတင္ဆက္ လိုက္တာပါ၊ အခုေရးသားမႈမွာ အားနည္းခ်က္မ်ား လိုအပ္ခ်က္မ်ားရွိ ရင္လည္း ျဖည့္စြတ္ၿပီး ေတာ့ နားလည္ေပးဖို႕ ေမတၱာရပ္ခံခ်င္မိတာ ရင္ထဲက ပကတိေစတနာသက္သက္ရယ္ ပါ။ )

အယ္လ္ပိုင္းဖလားပဲြႏြဲမယ့္ ဘာရိန္းလူငယ္အသင္းကိုေတာ့ တူနီးရွားလူမ်ိဳး၊ ဆာမန္ခ်ာမန္ ဆိုတဲ့နည္းျပကတာ၀န္ယူကိုင္တြယ္မွာပဲျဖစ္တယ္။ သူဟာ ဘာရိန္းအသင္း ကိုင္တြယ္လာတာၾကာၿပီျဖစ္တယ္၊ ၿပီးေတာ့ ေျပာရမယ္ဆုိရင္  မႏွစ္ တုန္းကလည္း လူငယ္ၿပိဳင္ပဲြျဖစ္တဲ့ Toulon Tournament မွာ လူငယ္အသင္းဘာရိန္းကို ကိုင္တြယ္နည္းျပခဲ့ သူလည္းျဖစ္တယ္။ ၿပီးေတာ့ သူဟာ တူနီးရွား အုိလံပစ္အသင္းကိုလည္း 2015 မွာတုန္းက ကိုင္တြယ္ေပးခဲ့တဲ့သူတစ္ေယာက္ဆုိရင္မမွားဘူး။

ဒါေၾကာင့္လည္း 2017 မွာ ယံုယံုၾကည္ၾကည္နဲ႕တာ၀န္ေပးခဲ့လို႕ အခုလိုမ်ိဳး ဘာရိန္း ယူ-၂၃ အသင္းနည္းျပအျဖစ္တာ၀န္ယူေပးေနတာ အခုအခ်ိန္အထိျဖစ္ပါ တယ္။ 2017 Toulon Tournament မွာတုန္းကလည္း အုပ္စုတြင္းမွေနၿပီးေတာ့ျပဳတ္ထြက္ခဲ့ ရတယ္၊ အုပ္စုတြင္းမွာေတာ့ ျပင္သစ္၊ အုိင္ဗရီကို႕စ္၊ ေ၀းလ္စ္စတဲ့အသင္းေတြနဲ႕တစ္ဖြဲ႕တည္း က်ခဲ့တာေၾကာင့္ အမွတ္ဗလာနဲ႕ အိမ္ျပန္ခဲ့ရတဲ့အသင္းျဖစ္တယ္။ ျပင္သစ္နဲ႕အုပ္စုတြင္း ေနာက္ဆံုးပဲြမ်ာ ခါလစ္ကတစ္ဂိုးပဲသြင္းႏုိုင္ခဲ့တာ အမွတ္တရျဖစ္ခဲ့တယ္။ အခု 2018 မွာဆုိရင္ လည္း သူ႕လက္ထဲက အသင္းဟာ လူငယ္ ၿပိဳင္ပဲြေတြကို ေတာက္ေလွ်ာက္ဆင္ႏြဲထား တဲ့အသင္း ျဖစ္တယ္။ ဘာရိန္းလူငယ္ အသင္းေတြဟာ သူ႕လက္ထဲမွာခ်ည္းျဖစ္တယ္။

ဘာရိန္း ယူ-၂၃၊ ဘာရိန္း ယူ-၁၉ ၊ ဘာရိန္း ယူ-၂၀ စတဲ့အသင္းအသီးသီးကို သူကိုင္တြယ္ခဲ့ တာျဖစ္တယ္။ အခု အယ္လ္ပိုင္းဖလားႏြဲမယ့္အသင္းကလည္း သူနဲ႕အတူအတူ ႀကီးျပင္းလာ တဲ့ေဘာလံုးသမားေလးေတြ အမ်ားစုကိုေခၚယူလာခဲ့တဲ့ ဘာရိန္း ယူ-၂၃ အသင္းျဖစ္တယ္။ ၿပီးေတာ့ 2018 မွာ ျပန္ၾကည့္ရင္ ဒီအသင္းဟာ 2018 PSSI Anniversary Cup မွာလည္းခ်န္ပီ ယံျဖစ္ထားတဲ့အသင္းျဖစ္တယ္။

အုပ္စုပတ္လည္း အမွတ္ေပးစနစ္နဲ႕ကစားရတဲ့ပဲြမွာ ဘာရိန္း ဟာ ေျမာက္ကိုရီးယား၊ အင္ဒိုနီးရွား၊ ဥဇဘက္စၥတန္စတဲ့အသင္းေတြအားလံုးကို အရံႈးမရွိေအာင္လို႕ကစားခဲ့ၿပီး ခ်န္ပီယံျဖစ္ထားတဲ့အသင္းျဖစ္တယ္။ ၿပီးေတာ့ ျမန္မာအသင္း လုိပဲ 2018 Asian Games အတြက္ ျပင္ဆင္ေနတဲ့အသင္းလည္းျဖစ္တယ္။ သူတို႕ေတြကလည္း အုပ္စုက်ပ္ထဲမွာေရာက္ေနတယ္။ ေတာင္ကိုရီးယား၊ မေလးရွား၊ ယူေအ အီး၊ ကာဂ်စၥတန္စတဲ့အသင္းေတြပါတဲ့အုပ္စုက်ပ္ထဲမွာပါေနတယ္။ ဒီေတာ့ အခုျမန္မာျပည္က ဖိတ္ေခၚဖလားပဲြဟာဆုိရင္ ေျခေသြးရမယ့္ပဲြလုိမ်ိဳးျဖစ္ေနတယ္ဆိုတာ မွားမယ္မထင္မိဘူး။ အခုျမန္မာျပည္လာႏြဲမယ့္အသင္းဟာဆုိရင္လည္း   မွာ အသား တက်ရွိၿပီးသား အသင္းနဲ႕လာႏြဲတာျဖစ္တယ္။ အမ်ားစုကိုအေျခခံၿပီးေတာ့ေခၚလာတာျဖစ္ပါ တယ္။

အသင္းမွာေတာ့ ဂိုးသမားျဖစ္တဲ့ ဟာဆန္အယ္လ္ရွာဘန္းကေတာ့ ဦးေဆာင္သူအျဖစ္ပါလာ ဖို႕ရွိေနတယ္။ ဘယ္လုိမ်ိဳးမဆို အေကာင္းဆံုးျဖစ္လာေစဖို႕ကိုလည္း ဒီဂိုးသမားဟာ နည္းျပ အႀကိဳက္လုပ္ေဆာင္ေပးႏုိင္ဖို႕၊ ဦးေဆာင္ေပးဖို႕ရွိတယ္ဆိုတာေတြ႕ရမွာျဖစ္တယ္။ သူဟာဆိုရင္ AFC Cup နဲ႕ AFC CL-Qualification ၿပိဳင္ပဲြေတြမွာ ကစားခဲ့ဖူးသူျဖစ္တယ္။ Malkiya ကလပ္အသင္းရဲ႕ ဂိုးသမားေကာင္းလည္းျဖစ္တယ္။ အခုမွ အသက္ 20 ပဲရွိေန ေသးတယ္။ ၿပီးေတာ့ အခုအသင္းမွာ အေတြ႕အႀကဳံရွိတဲ့ လူငယ္ေတြပါလာတာေတြ႕ရမယ္။  စု စည္းမႈအပိုင္းမွာေကာင္းတယ္ဆိုေပမယ့္လည္း ခံစစ္တန္းမွာေတာ့ အမွားနည္းနည္းမ်ားတတ္ တာေတြေတာ့ေတြ႕ရမယ္၊ သူတုိ႕ေတြထက္သန္မာတဲ့အသင္းေတြကို မယွဥ္ႏုိင္တာမ်ားတယ္၊ ကစားဟန္ကေတာ့ 3-4-3 နဲ႕ 4-3-3 ကို ဆာမန္ခ်ာမန္က အသံုးျပဳတာမ်ားတယ္၊ တုိက္စစ္ဦးစားေပး တဲ့ အက်င့္ရွိတယ္။

မိနစ္ 20 အေလာက္အထိ ၿပိဳင္ဘက္အားနည္းခ်က္ကို မရမကရွာေဖြတတ္ၿပီး သိတာနဲ႕ခ်က္ခ်င္း ဖိအားေပးေလ့ရွိတယ္။ အထူးသျဖင့္တုိက္စစ္ဖြင့္တာမ်ားလို႕ ခံစစ္ေပါက္ၿပီး ဂိုးေတြျပန္ေပးရတာလည္းပဲြေတြမွာမနည္းမေနာရွိခဲ့တယ္။ သူတုိ႕ေတြရဲ႕ျမန္ႏႈန္းကေတာ့ ၿပိဳင္ ဘက္ေတြထက္ သာတယ္၊ ၿပီးေတာ့ တုိက္ရိုက္ကန္တင္ေပးၿပီး တုိက္စစ္သမားေတြဆီတိတိ က်က်ပို႕ေပးႏုိင္တဲ့ စနစ္မ်ိဳးကိုလည္း သံုးေလ့ရွိတယ္။ အေ၀းကန္ခ်က္ေတြအျပင္ တြန္းတြန္း တုိက္တုိက္နဲ႕လည္း ထုိးေဖာက္ေလ့ရွိတယ္။ အခုေခၚလာတဲ့အထဲမွာ အေတြ႕အႀကဳံမ်ားသူ ေတြပါေနတာေၾကာင့္ PSSI Anniversary Cup ကလုိမ်ိဳးပဲ ခြန္အားသံုးကစားမယ့္ ဟန္ကို သံုး ဖို႕ရွိေနလိမ့္မယ္။ တစ္ခုေတာ့ရွိမယ္။

ကြင္းနဲ႕အသားက်ဖို႕အတြက္ေတာ့ ဒီအသင္းအခ်ိန္ယူရ လိမ့္မယ္။ ျမန္မာအသင္းအတြက္ေတာ့ သတိထားရမွာက  ဘာရိန္းတုိက္စစ္သမားေတြပါပဲ၊ ျမန္ဆန္ၿပီးေတာ့ ကစားေဖာ္ေတြ အျမင့္ေဘာေတြနဲ႕ခင္းေပးသမွ်၊ ေျမလွိမ့္ေဘာေတြနဲ႕ခင္း ေပးသမွ် အရာမ်ားကို ျမန္ျမန္ဆန္ဆန္နဲ႕အဆံုးသတ္ႏုိင္တာေၾကာင့္ပါပဲ၊ ဒီအသင္းဟာ ကြင္း လယ္နဲ႕တုိက္စစ္ခ်ိတ္ဆက္မႈကို အသားေပးတာထက္၊ ေတာင္ပံေတြကေနၿပီးေတာ့ဂိုးေရွ႕တုိက္ ရိုက္ ခုတ္တင္ေပးတာေတြကို အားထားကစားေလ့ရွိ ၿပီး ေနာက္တန္းအမွားကို ေကာင္းေကာင္းအခြင့္အေရးယူတတ္တဲ့အသင္းမ်ိဳးလည္းျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ ၿပိဳင္ပဲြေတာ္ေတာ္မ်ားမ်ားမွာ သူတုိ႕ေတြကစားေလ့ရွိတာဟာ ပဲြခ်ိန္ၿပီးဆံုး ခါနီးၿပီဆုိရင္ ေမာပန္းေနတဲ့ ၿပိဳင္ဘက္ေနာက္ခံလူေတြကို ျမန္ျမန္ဆန္ဆန္ေလး ထုိးေဖာက္ၿပိး တိုးႏုိင္တဲ့အျပင္ကစားအားေကာင္းေလ့ရွိတဲ့သူေတြကို  ထုတ္သံုးရင္း ဂိုးထပ္သြင္း တာမ်ိဳးကိုလုပ္ေလ့ရွိတယ္။

လူေကာင္ေတြကလည္းႀကီးၿပီး မာမာထန္ထန္နဲ႕တံု႕ ျပန္ႏုိင္သူေတြဆိုေတာ့ သူတုိ႕ေတြနဲ႕အေတြ႕မွာ ၿပိဳင္ဘက္ေတြကစားရတာခက္သြားတတ္တာ ေတြ႕ရမယ္။ အထက္မွာေျပာခဲ့သလုိပဲ၊ တုိက္စစ္လုိက္တာလြန္လို႕ ခံစစ္ကၽြံၿပီးဂိုးေပးရတာက ေတာ့ အားနည္းခ်က္ပါပဲ။ အသင္းတုိက္စစ္ဟာ ပဲြေတြမွာ တုိက္စစ္ဆင္ၿပီးေတာ့ဂိုးေစာေစာရ ေအာင္၊ အဖြင့္ဂိုးရေအာင္လုိ႕ စြမ္းေဆာင္ႏိုုင္တတ္ၾကတယ္၊ ၿပီးေတာ့ ၁၈ ကိုက္ထိပ္ကေနၿပီး ေတာ့ အေ၀းကန္ခ်က္ေတြနဲ႕ကန္သြင္းတာေတြအျပင္ဖရီးကစ္ေတြနဲ႕ ဂိုးသြင္းတာေကာင္းမြန္ တဲ့အသင္းပါ၊ ဒါေပမယ့္ အဲ့ဒီတည္ကန္ေဘာေတြနဲ႕ဂိုးျပန္ေပးရတာမ်ားတယ္။ လူေကာင္းႀကီး ၿပီးေတာ့ အားပါတဲ့ကန္ခ်က္ေတြေၾကာင့္ပဲ ၿပိဳင္ဘက္ဂိုးသမားေတြအတြက္အလစ္အငိုက္မိၿပီး ဂိုးေတြအသြင္းခံရတာမနည္းဘူး။ အခုဒီၿပိဳင္ပဲြမွာ ဒါမ်ိဳးပဲလာမယ္ထင္မိေနတယ္။

အငယ္ေတြမ်ားတယ္။ အရြယ္ေတြအားလံုးက အသက္ 20 ေလာက္၀န္းက်င္မွာပဲရွိေနတယ္၊ ေအာက္အသင္းမွာရွိေနတဲ့ အငယ္ေတြကိုေခၚလာတာလည္းရွိတယ္။ ပဲြအေတြ႕အႀကံဳမ်ားက  ဒီအသင္းသားေတြမွာအျပည့္ရွိတယ္။ အယ္လ္ဂ်ဴဗန္( 18 ႏွစ္ )၊ အာမက္ဒီအဒူလာဟမ္ ( အသက္ 20)၊ ဆာရက္ရွက္ဘာလိုမ်ိဳး  အသက္ 19 ႏွစ္သာရွိေနေသးၿပီး ကြင္းလယ္ကစားအားေကာင္းၿပီး ပဲြအေတြ႕အႀကဳံမ်ားတဲ့ ကစားသမားေတြလည္းပါေနတယ္။  အထူးသျဖင့္ ကြင္းလယ္လုပ္အားႏႈန္းေကာင္းတဲ့သူေတြကို ဦးစားေပးေခၚလာတဲ့ဒီအသင္းမွာ ေတာ့ ၿပိဳင္ဘက္ကစားဟန္ကို စီးစီးပိုးပိုးနဲ႕ကစားမယ့္ပံုစံမ်ိဳးရွိေနတယ္ဆိုတာပါပဲ။

ဒီအသင္းမွာ ေတာ့   ဆာရက္ဟာဆင္းအီဆာကေတာ့ နာမည္ေက်ာ္ ကစားသမားပါပဲ၊ ဘာေၾကာင့္လည္းဆိုေတာ့ သူဟာ ဘာရိန္း စီနီယာအသင္းႀကီးမွာေတာင္ ၀င္ကစားခြင့္ရတဲ့အထိ ေျခစြမ္းျပႏုိင္တဲ့သူျဖစ္လုိ႕ပါ၊ အသက္ 20 ပဲရွိေသးတယ္။ လူငယ္အသင္း မွာေတာ့ ဂိုးေတြသြင္းေပးေနတဲ့တုိက္စစ္သမားျဖစ္တယ္။ ေနာက္ၿပီး ဆလက္ဆန္နက္ဒ္တို႕လိုကစားသမားေတြလည္းရွိေနေသးတယ္။ ဒီနည္းျပႀကီးနဲ႕အတူ လက္တဲြလာခဲ့တဲ့သူေတြထဲမွာသူလည္းပါတယ္။ ဟာဘစ္တုိ႕၊ အမ္မာဟာဘစ္တုိ႕အျပင္ ခံစစ္ မွာဆိုရင္လည္း လက္ေရြးစင္အသင္းအထိပါေနတဲ့ ဟူစိန္ဂ်မဲလ္တို႕လည္းရွိေနေသးတယ္။ အထူးသျဖင့္တုိက္စစ္မွာ အားထားရမယ့္ အသက္ 20 အရြယ္ လန္ဘား ဘတ္ဟာမန္းရွိေန ေသးတယ္။

ဒီကစားသမားက ကလန္ကလားနဲ႕ေျပးတာျမန္သလို ဂိုးသြင္းတာလည္းေကာင္း မြန္တယ္။ ဒီေတာ့ အခုပဲြမွာ ျမန္မာအသင္းအတြက္ သတိထားရမယ့္ ကစားသမားအျဖစ္ရွိေန လိမ့္မယ္ဆိုတာပါပဲ။ ဘာရိန္းကစားသမားအမ်ားစုဟာဆုိရင္လည္း လက္ေရြးစင္အသင္းအထိ ပါ၀င္ေနတဲ့သူေတြအခ်ိဳ႕ပါေနတာေၾကာင့္ လူငယ္ေတြနဲ႕စုဖြဲ႕ထားတဲ့အသင္းမဟုတ္ဘူး။ လုပ္ အားႏႈန္းလည္းျမင့္တယ္။ ရုန္းႏိုင္ကန္ႏုိင္တာေၾကာင့္ ျမန္မာႏိုင္ငံမွာ ပထမဆံုးအႀကိမ္က်င္းပ ျပဳလုပ္မယ့္ Alpine Cup မွာ ဗုိလ္စဲြဖို႕အတြက္ ေရပန္းစားေနတဲ့အသင္းျဖစ္ေနတယ္။

ဘာရိန္း ဟာ အုပ္စုအဖြင့္ပဲြမွာဆိုရင္ ထိုင္းနဲ႕ေတြ႕ဆံုမွာျဖစ္တယ္။ ၿပီးရင္ေတာ့ ျမန္မာနဲ႕ကစားမွာျဖစ္ေန ၿပီး ေနာက္ဆံုးပဲြမွာေတာ့ ေတာင္ကိုရီးယားနဲ႕ယွဥ္ၿပိဳင္ကစားရမွာျဖစ္ ပါတယ္။ ဘာပဲျဖစ္ျဖစ္ ျမန္မာနဲ႕ ဒုတိယပဲြ ျဖစ္တဲ့ 3-8-2018 ျမန္မာစံေတာ္ခ်ိန္ ညေန 6 နာရီမွာ ကစားမယ့္ပဲြမွာ ဘာရိန္းအေနနဲ႕ အိမ္ရွင္ျမန္မာအသင္းကို ဘယ္လုိမ်ိဳးရင္ဆုိင္မလဲဆို သိခ်င္ေနမိတာ အမွန္ပဲ။

credit

2018 Alpine Cup မှာပါဝင်ဆင်နွဲမယ့် အသင်းတွေနဲ့ပတ်သက်ပြီးတော့ အသင်းတွေကို မိတ်ဆက်ပေးလာခဲ့တာ အခုဆိုရင် ဘာရိန်း ယူ-၂၃ အသင်းအထိရောက်လာခဲ့ပြီဖြစ်တယ်။ မကြာခင်မှာ ဒီပြိုင်ပွဲကို စတင်ကစားဖြစ်တော့မှာပါ၊ အသင်းတွေလည်းရောက်လာတော့မယ်။  ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ ပြိုင်ပွဲဝင်မယ့်ဘာရိန်းအကြောင်းကို သိရှိထားသလောက် တင်ဆက်ပေးလိုက်ရပြန်ပါတယ်။ (တစ်ပါတည်းပြောထားပါရစေ၊ ဒါတွေကို အလကားသက်သက် ဆ.ရ.က လုပ်ပြီးတော့ ရေးနေတာမဟုတ်ပါဘူး။

စိတ်ထဲမှာ စေတနာကိုအရင်းခံထားပြီးရေးသားပေးတာပါ၊ဝါသနာပါလို့မြန်မာအသင်းနဲ့ကစားမယ့်ပြိုင်ဘက်တွေအကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ဖွေ ရှာတင်ဆက်ထားတာပါ၊ အင်တာနက်၊သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်အသီးသီးအပြင် နီးစပ်ရာ စာအုပ်များ၊ ဆိုရှယ်ဆိုက်များ နဲ့သတင်းများအပြင် လေ့လာ သိမှတ်ထားတဲ့ အနှစ် ၂၀ ကျော် ဝမ်းစာများကို  အချိန်ပေးပြီး ကိုးကားထုတ် နှုတ်ပြီးကာ ရင်ဘတ်တူညီတဲ့ ညီအစ်ကို မောင်ညီမများ အတွက် တင် ဆက် ပေးထား တာပါ။ ပြီးတော့ ဒါတွေကို အဖွဲ့ချုပ်နဲ့ဒါမှမဟုတ်ရင် မြန်မာယူ-၂၃ မှ တာဝန်ရှိသူများ၊ ကစားသမားများ ထဲမှ တစ်ယောက်လောက်ပဲဖြစ်ဖြစ်တွေ့သွားခဲ့ပြီးစာသွားတစ်လုံးတစ်လေ၊ ဒါမှမဟုတ်ရင် စာတစ်ကြောင်း လောက် ပဲဖတ်မိရင် ကျေနပ်မိတယ်။ (ဖတ်မယ့်ပုံလည်းမပေါ်ပါဘူး) ကျွန်တော်တို့ဆီမှာ နိုင်ငံခြားအသင်းတွေနဲ့ပတ်သက်လာရင် ပြိုင်ပွဲတစ်ပွဲ အတွက်ကို ဘယ်တော့မှ ပြိုင်ဘက်အကြောင်းကို သိအောင်လို့ကင်းထောက်မလွှတ်ပဲယှဉ်ပြိုင်နေခဲ့တာလည်းကြာပြီ၊ ဒါမျိုးကိုလုပ်ရမယ့်လို့လေ့လာကောင်းလည်းလေ့လာသူတွေရှိမယ်။

ဒါပေမယ့်နည်းပါးနေကြတုန်းပါပဲ။ မြန်မာ့ဘောလုံးကျွမ်းကျင်သူဂုရုတွေနဲ့ အဲ့ဒီပတ်ဝန်းကျင်ရဲ့ အနီးစပ်ဆုံးမှာရှိသူတွေကို တီးမိခေါက်မိရှိတိုင်းလည်း ကြားရတဲ့အခါ ဒီအတိုင်းပဲ၊ ဒီမှာ ဒါမျိုး သိပ်ပြီးတော့လုပ်ရိုးထုံးစံမရှိကြဘူး။ ဒါကြောင့် ရတဲ့ တစ်ထောင့်တစ်နေရာက အုပ်တစ်ချပ်မဟုတ်ရင် တောင် သဲပွင့်ငယ်လေးတစ်ပွင့်အဖြစ် မြန်မာအသင်းကိုချစ်တဲ့သူတွေနဲ့ အတူ အခမဲ့ကူလီဝင်ထမ်းပြီး  ပရိသတ်များနဲ့ ရင်ဘတ် ခြင်းသံစဉ်ညှိတဲ့သဘော နဲ့ဒါကိုတင်ဆက် လိုက်တာပါ၊ အခုရေးသားမှုမှာ အားနည်းချက်များ လိုအပ်ချက်များရှိ ရင်လည်း ဖြည့်စွတ်ပြီး တော့ နားလည်ပေးဖို့ မေတ္တာရပ်ခံချင်မိတာ ရင်ထဲက ပကတိစေတနာသက်သက်ရယ် ပါ။ )

အယ်လ်ပိုင်းဖလားပွဲနွဲမယ့် ဘာရိန်းလူငယ်အသင်းကိုတော့ တူနီးရှားလူမျိုး၊ ဆာမန်ချာမန် ဆိုတဲ့နည်းပြကတာဝန်ယူကိုင်တွယ်မှာပဲဖြစ်တယ်။ သူဟာ ဘာရိန်းအသင်း ကိုင်တွယ်လာတာကြာပြီဖြစ်တယ်၊ ပြီးတော့ ပြောရမယ်ဆိုရင်  မနှစ် တုန်းကလည်း လူငယ်ပြိုင်ပွဲဖြစ်တဲ့ Toulon Tournament မှာ လူငယ်အသင်းဘာရိန်းကို ကိုင်တွယ်နည်းပြခဲ့ သူလည်းဖြစ်တယ်။ ပြီးတော့ သူဟာ တူနီးရှား အိုလံပစ်အသင်းကိုလည်း 2015 မှာတုန်းက ကိုင်တွယ်ပေးခဲ့တဲ့သူတစ်ယောက်ဆိုရင်မမှားဘူး။  

ဒါကြောင့်လည်း 2017 မှာ ယုံယုံကြည်ကြည်နဲ့တာဝန်ပေးခဲ့လို့ အခုလိုမျိုး ဘာရိန်း ယူ-၂၃ အသင်းနည်းပြအဖြစ်တာဝန်ယူပေးနေတာ အခုအချိန်အထိဖြစ်ပါ တယ်။ 2017 Toulon Tournament မှာတုန်းကလည်း အုပ်စုတွင်းမှနေပြီးတော့ပြုတ်ထွက်ခဲ့ ရတယ်၊ အုပ်စုတွင်းမှာတော့ ပြင်သစ်၊ အိုင်ဗရီကို့စ်၊ ဝေးလ်စ်စတဲ့အသင်းတွေနဲ့တစ်ဖွဲ့တည်း ကျခဲ့တာကြောင့် အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့အသင်းဖြစ်တယ်။ ပြင်သစ်နဲ့အုပ်စုတွင်း နောက်ဆုံးပွဲမျာ ခါလစ်ကတစ်ဂိုးပဲသွင်းနိုင်ခဲ့တာ အမှတ်တရဖြစ်ခဲ့တယ်။ အခု 2018 မှာဆိုရင် လည်း သူ့လက်ထဲက အသင်းဟာ လူငယ် ပြိုင်ပွဲတွေကို တောက်လျှောက်ဆင်နွဲထား တဲ့အသင်း ဖြစ်တယ်။ ဘာရိန်းလူငယ် အသင်းတွေဟာ သူ့လက်ထဲမှာချည်းဖြစ်တယ်။

ဘာရိန်း ယူ-၂၃၊ ဘာရိန်း ယူ-၁၉ ၊ ဘာရိန်း ယူ-၂၀ စတဲ့အသင်းအသီးသီးကို သူကိုင်တွယ်ခဲ့ တာဖြစ်တယ်။ အခု အယ်လ်ပိုင်းဖလားနွဲမယ့်အသင်းကလည်း သူနဲ့အတူအတူ ကြီးပြင်းလာ တဲ့ဘောလုံးသမားလေးတွေ အများစုကိုခေါ်ယူလာခဲ့တဲ့ ဘာရိန်း ယူ-၂၃ အသင်းဖြစ်တယ်။ ပြီးတော့ 2018 မှာ ပြန်ကြည့်ရင် ဒီအသင်းဟာ 2018 PSSI Anniversary Cup မှာလည်းချန်ပီ ယံဖြစ်ထားတဲ့အသင်းဖြစ်တယ်။

အုပ်စုပတ်လည်း အမှတ်ပေးစနစ်နဲ့ကစားရတဲ့ပွဲမှာ ဘာရိန်း ဟာ မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဥဇဘက်စ္စတန်စတဲ့အသင်းတွေအားလုံးကို အရှုံးမရှိအောင်လို့ကစားခဲ့ပြီး ချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်တယ်။ ပြီးတော့ မြန်မာအသင်း လိုပဲ 2018 Asian Games အတွက် ပြင်ဆင်နေတဲ့အသင်းလည်းဖြစ်တယ်။ သူတို့တွေကလည်း အုပ်စုကျပ်ထဲမှာရောက်နေတယ်။ တောင်ကိုရီးယား၊ မလေးရှား၊ ယူအေ အီး၊ ကာဂျစ္စတန်စတဲ့အသင်းတွေပါတဲ့အုပ်စုကျပ်ထဲမှာပါနေတယ်။ ဒီတော့ အခုမြန်မာပြည်က ဖိတ်ခေါ်ဖလားပွဲဟာဆိုရင် ခြေသွေးရမယ့်ပွဲလိုမျိုးဖြစ်နေတယ်ဆိုတာ မှားမယ်မထင်မိဘူး။ အခုမြန်မာပြည်လာနွဲမယ့်အသင်းဟာဆိုရင်လည်း   မှာ အသား တကျရှိပြီးသား အသင်းနဲ့လာနွဲတာဖြစ်တယ်။ အများစုကိုအခြေခံပြီးတော့ခေါ်လာတာဖြစ်ပါ တယ်။

အသင်းမှာတော့ ဂိုးသမားဖြစ်တဲ့ ဟာဆန်အယ်လ်ရှာဘန်းကတော့ ဦးဆောင်သူအဖြစ်ပါလာ ဖို့ရှိနေတယ်။ ဘယ်လိုမျိုးမဆို အကောင်းဆုံးဖြစ်လာစေဖို့ကိုလည်း ဒီဂိုးသမားဟာ နည်းပြ အကြိုက်လုပ်ဆောင်ပေးနိုင်ဖို့၊ ဦးဆောင်ပေးဖို့ရှိတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ သူဟာဆိုရင် AFC Cup နဲ့ AFC CL-Qualification ပြိုင်ပွဲတွေမှာ ကစားခဲ့ဖူးသူဖြစ်တယ်။ Malkiya ကလပ်အသင်းရဲ့ ဂိုးသမားကောင်းလည်းဖြစ်တယ်။ အခုမှ အသက် 20 ပဲရှိနေ သေးတယ်။ ပြီးတော့ အခုအသင်းမှာ အတွေ့အကြုံရှိတဲ့ လူငယ်တွေပါလာတာတွေ့ရမယ်။  စု စည်းမှုအပိုင်းမှာကောင်းတယ်ဆိုပေမယ့်လည်း ခံစစ်တန်းမှာတော့ အမှားနည်းနည်းများတတ် တာတွေတော့တွေ့ရမယ်၊ သူတို့တွေထက်သန်မာတဲ့အသင်းတွေကို မယှဉ်နိုင်တာများတယ်၊ ကစားဟန်ကတော့ 3-4-3 နဲ့ 4-3-3 ကို ဆာမန်ချာမန်က အသုံးပြုတာများတယ်၊ တိုက်စစ်ဦးစားပေး တဲ့ အကျင့်ရှိတယ်။

မိနစ် 20 အလောက်အထိ ပြိုင်ဘက်အားနည်းချက်ကို မရမကရှာဖွေတတ်ပြီး သိတာနဲ့ချက်ချင်း ဖိအားပေးလေ့ရှိတယ်။ အထူးသဖြင့်တိုက်စစ်ဖွင့်တာများလို့ ခံစစ်ပေါက်ပြီး ဂိုးတွေပြန်ပေးရတာလည်းပွဲတွေမှာမနည်းမနောရှိခဲ့တယ်။ သူတို့တွေရဲ့မြန်နှုန်းကတော့ ပြိုင် ဘက်တွေထက် သာတယ်၊ ပြီးတော့ တိုက်ရိုက်ကန်တင်ပေးပြီး တိုက်စစ်သမားတွေဆီတိတိ ကျကျပို့ပေးနိုင်တဲ့ စနစ်မျိုးကိုလည်း သုံးလေ့ရှိတယ်။ အဝေးကန်ချက်တွေအပြင် တွန်းတွန်း တိုက်တိုက်နဲ့လည်း ထိုးဖောက်လေ့ရှိတယ်။ အခုခေါ်လာတဲ့အထဲမှာ အတွေ့အကြုံများသူ တွေပါနေတာကြောင့် PSSI Anniversary Cup ကလိုမျိုးပဲ ခွန်အားသုံးကစားမယ့် ဟန်ကို သုံး ဖို့ရှိနေလိမ့်မယ်။ တစ်ခုတော့ရှိမယ်။

ကွင်းနဲ့အသားကျဖို့အတွက်တော့ ဒီအသင်းအချိန်ယူရ လိမ့်မယ်။ မြန်မာအသင်းအတွက်တော့ သတိထားရမှာက  ဘာရိန်းတိုက်စစ်သမားတွေပါပဲ၊ မြန်ဆန်ပြီးတော့ ကစားဖော်တွေ အမြင့်ဘောတွေနဲ့ခင်းပေးသမျှ၊ မြေလှိမ့်ဘောတွေနဲ့ခင်း ပေးသမျှ အရာများကို မြန်မြန်ဆန်ဆန်နဲ့အဆုံးသတ်နိုင်တာကြောင့်ပါပဲ၊ ဒီအသင်းဟာ ကွင်း လယ်နဲ့တိုက်စစ်ချိတ်ဆက်မှုကို အသားပေးတာထက်၊ တောင်ပံတွေကနေပြီးတော့ဂိုးရှေ့တိုက် ရိုက် ခုတ်တင်ပေးတာတွေကို အားထားကစားလေ့ရှိ ပြီး နောက်တန်းအမှားကို ကောင်းကောင်းအခွင့်အရေးယူတတ်တဲ့အသင်းမျိုးလည်းဖြစ်တယ်။ နောက်တစ်ခုကတော့ ပြိုင်ပွဲတော်တော်များများမှာ သူတို့တွေကစားလေ့ရှိတာဟာ ပွဲချိန်ပြီးဆုံး ခါနီးပြီဆိုရင် မောပန်းနေတဲ့ ပြိုင်ဘက်နောက်ခံလူတွေကို မြန်မြန်ဆန်ဆန်လေး ထိုးဖောက်ပြိး တိုးနိုင်တဲ့အပြင်ကစားအားကောင်းလေ့ရှိတဲ့သူတွေကို  ထုတ်သုံးရင်း ဂိုးထပ်သွင်း တာမျိုးကိုလုပ်လေ့ရှိတယ်။

လူကောင်တွေကလည်းကြီးပြီး မာမာထန်ထန်နဲ့တုံ့ ပြန်နိုင်သူတွေဆိုတော့ သူတို့တွေနဲ့အတွေ့မှာ ပြိုင်ဘက်တွေကစားရတာခက်သွားတတ်တာ တွေ့ရမယ်။ အထက်မှာပြောခဲ့သလိုပဲ၊ တိုက်စစ်လိုက်တာလွန်လို့ ခံစစ်ကျွံပြီးဂိုးပေးရတာက တော့ အားနည်းချက်ပါပဲ။ အသင်းတိုက်စစ်ဟာ ပွဲတွေမှာ တိုက်စစ်ဆင်ပြီးတော့ဂိုးစောစောရ အောင်၊ အဖွင့်ဂိုးရအောင်လို့ စွမ်းဆောင်နိုင်တတ်ကြတယ်၊ ပြီးတော့ ၁၈ ကိုက်ထိပ်ကနေပြီး တော့ အဝေးကန်ချက်တွေနဲ့ကန်သွင်းတာတွေအပြင်ဖရီးကစ်တွေနဲ့ ဂိုးသွင်းတာကောင်းမွန် တဲ့အသင်းပါ၊ ဒါပေမယ့် အဲ့ဒီတည်ကန်ဘောတွေနဲ့ဂိုးပြန်ပေးရတာများတယ်။ လူကောင်းကြီး ပြီးတော့ အားပါတဲ့ကန်ချက်တွေကြောင့်ပဲ ပြိုင်ဘက်ဂိုးသမားတွေအတွက်အလစ်အငိုက်မိပြီး ဂိုးတွေအသွင်းခံရတာမနည်းဘူး။ အခုဒီပြိုင်ပွဲမှာ ဒါမျိုးပဲလာမယ်ထင်မိနေတယ်။

အငယ်တွေများတယ်။ အရွယ်တွေအားလုံးက အသက် 20 လောက်ဝန်းကျင်မှာပဲရှိနေတယ်၊ အောက်အသင်းမှာရှိနေတဲ့ အငယ်တွေကိုခေါ်လာတာလည်းရှိတယ်။ ပွဲအတွေ့အကြုံများက  ဒီအသင်းသားတွေမှာအပြည့်ရှိတယ်။ အယ်လ်ဂျူဗန်( 18 နှစ် )၊ အာမက်ဒီအဒူလာဟမ် ( အသက် 20)၊ ဆာရက်ရှက်ဘာလိုမျိုး  အသက် 19 နှစ်သာရှိနေသေးပြီး ကွင်းလယ်ကစားအားကောင်းပြီး ပွဲအတွေ့အကြုံများတဲ့ ကစားသမားတွေလည်းပါနေတယ်။  အထူးသဖြင့် ကွင်းလယ်လုပ်အားနှုန်းကောင်းတဲ့သူတွေကို ဦးစားပေးခေါ်လာတဲ့ဒီအသင်းမှာ တော့ ပြိုင်ဘက်ကစားဟန်ကို စီးစီးပိုးပိုးနဲ့ကစားမယ့်ပုံစံမျိုးရှိနေတယ်ဆိုတာပါပဲ။

ဒီအသင်းမှာ တော့   ဆာရက်ဟာဆင်းအီဆာကတော့ နာမည်ကျော် ကစားသမားပါပဲ၊ ဘာကြောင့်လည်းဆိုတော့ သူဟာ ဘာရိန်း စီနီယာအသင်းကြီးမှာတောင် ဝင်ကစားခွင့်ရတဲ့အထိ ခြေစွမ်းပြနိုင်တဲ့သူဖြစ်လို့ပါ၊ အသက် 20 ပဲရှိသေးတယ်။ လူငယ်အသင်း မှာတော့ ဂိုးတွေသွင်းပေးနေတဲ့တိုက်စစ်သမားဖြစ်တယ်။ နောက်ပြီး ဆလက်ဆန်နက်ဒ်တို့လိုကစားသမားတွေလည်းရှိနေသေးတယ်။ ဒီနည်းပြကြီးနဲ့အတူ လက်တွဲလာခဲ့တဲ့သူတွေထဲမှာသူလည်းပါတယ်။ ဟာဘစ်တို့၊ အမ်မာဟာဘစ်တို့အပြင် ခံစစ် မှာဆိုရင်လည်း လက်ရွေးစင်အသင်းအထိပါနေတဲ့ ဟူစိန်ဂျမဲလ်တို့လည်းရှိနေသေးတယ်။ အထူးသဖြင့်တိုက်စစ်မှာ အားထားရမယ့် အသက် 20 အရွယ် လန်ဘား ဘတ်ဟာမန်းရှိနေ သေးတယ်။

ဒီကစားသမားက ကလန်ကလားနဲ့ပြေးတာမြန်သလို ဂိုးသွင်းတာလည်းကောင်း မွန်တယ်။ ဒီတော့ အခုပွဲမှာ မြန်မာအသင်းအတွက် သတိထားရမယ့် ကစားသမားအဖြစ်ရှိနေ လိမ့်မယ်ဆိုတာပါပဲ။ ဘာရိန်းကစားသမားအများစုဟာဆိုရင်လည်း လက်ရွေးစင်အသင်းအထိ ပါဝင်နေတဲ့သူတွေအချို့ပါနေတာကြောင့် လူငယ်တွေနဲ့စုဖွဲ့ထားတဲ့အသင်းမဟုတ်ဘူး။ လုပ် အားနှုန်းလည်းမြင့်တယ်။ ရုန်းနိုင်ကန်နိုင်တာကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်မယ့် Alpine Cup မှာ ဗိုလ်စွဲဖို့အတွက် ရေပန်းစားနေတဲ့အသင်းဖြစ်နေတယ်။

ဘာရိန်း ဟာ အုပ်စုအဖွင့်ပွဲမှာဆိုရင် ထိုင်းနဲ့တွေ့ဆုံမှာဖြစ်တယ်။ ပြီးရင်တော့ မြန်မာနဲ့ကစားမှာဖြစ်နေ ပြီး နောက်ဆုံးပွဲမှာတော့ တောင်ကိုရီးယားနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ် ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနဲ့ ဒုတိယပွဲ ဖြစ်တဲ့ 3-8-2018 မြန်မာစံတော်ချိန် ညနေ 6 နာရီမှာ ကစားမယ့်ပွဲမှာ ဘာရိန်းအနေနဲ့ အိမ်ရှင်မြန်မာအသင်းကို ဘယ်လိုမျိုးရင်ဆိုင်မလဲဆို သိချင်နေမိတာ အမှန်ပဲ။

credit